Floral essence Dishwash Soap

Floral essence  Dishwash Soap Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Floral essence Dishwash Soap, Advertising/Marketing, No. 709 Anormar st' South Okkalapa Township, Yangon.

04/05/2024
06/11/2023

သိထားဖို့လိုမယ်

ီ_ဘာ_ဘာ_တ_က္က_သိုလ်
ီ_ဘာ_ဘာ_စာ_ကြည့်_တိုက်
ီ_ဘာ_ဘာ

13/04/2023
15/12/2022

ကောက်ဖီခွက် မှောက်တာ၊
ပိုက်ဆံကျပျောက်တာလေးလောက်နဲ့
စိတ်ဆင်းရဲနေရင် တကယ့်လောကဓံဆိုတာ . . . .ဘာလဲလို့
မိသားစုတစ်ခုလုံး ပြိုကွဲပျက်စီးသွားချိန် ၊
တစ်လဝင်ငွေဟာ လုံးလုံး . . . .
ကိုယ်ထမ်းပိုးထားရတဲ့ တာဝန်တွေအတွက်
မလောက်မငှဖြစ်လာချိန်တွေမှာ ပိုသိလိမ့်မယ်တဲ့။

ကိုယ်ကတော့ အခုနောက်ပိုင်း . . . .
စကားတစ်ခွန်းကိုတော်တော်လေးပြောဖြစ်တယ်။

" လက်ခံလိုက်. . . ."
" ဟုတ်တယ်၊ လက်ခံလိုက် " လို့ ။

ကိုယ့်မှာ အရှက်ရစရာမိသားစုရှိနေလား
" ဟုတ်ပြီ. . . .လက်ခံလိုက် "
ကိုယ့်မှာ ဆိုးသွမ်းတဲ့သားသမီးတစ်ယောက်ရှိနေလား
" ဟုတ်တယ်၊ လက်ခံလိုက် "

တစ်ခြား ကိုယ်ပြုပြင်ပြောင်းလဲလို့မရတဲ့အရာတွေရှိနေသေးရင်လည်း ရှင်းရှင်းလေး၊
" အဲ့အရာကို ဒီအတိုင်းပဲလက်ခံလိုက် "

တကယ်တော့ လူတွေပင်ပန်းတယ်ဆိုတာ. . ပြတ်ပြတ်သားသား ဘဝကိုလက်မခံနိုင်ကြလို့တဲ့။

ငါဒီလိုဖြစ်နေတာ၊ ဒီလိုကြုံနေတာကြောင့်
ငါ့မှာ ဒီပြဿနာတွေရှိနေတာကြောင့် ၊ ပတ်ဝန်းကျင်ကဘယ်လိုပြောမလဲ၊ဘယ်လိုမြင်မလဲဆိုတာတွေနဲ့ အလုပ်ရှုပ်နေကြလို့
အဲ့အရာတွေကိုလက်ခံဖို့ခက်ခဲပြီး လိုက်ပြောင်းလဲဖို့ကြိုးစားနေမိကြတာပဲ။

နောက်ဆုံးကျတော့. . . . .အဲ့အရာတွေက
ကိုယ့်ဘဝထဲမှာ တကယ်လည်း ပြောင်းလဲသွားတာမဟုတ်ဘူးလေ။

ဒါကြောင့် ကိုယ်မကျူးလွန်ထားတဲ့ ဘဝပေးကိစ္စတွေအတွက် ဖြေရှင်းလို့မရတော့ရင်၊ လူတွေဝိုင်းလက်ညိုးထိုးတာခံလာရရင်

" ဒီအတိုင်းပဲ လက်ခံလိုက် "

" ဟုတ်တယ်. . . .ငါ့ဘဝကအဲ့အတိုင်းပဲ ၊
နင်တို့မြင်တဲ့အတိုင်းပဲ ၊
ဘာဖြစ်လဲ. . . .ငါကျော်ဖြတ်နေတယ်၊ ငါ့မှာအဲ့လိုပြဿနာတွေရှိတယ် "

ဒါပဲ. . . . .
ကျန်တာလူတွေ သူတို့ပြောချင်ရာပြောပါစေ

#နေမီကျော်

15/12/2022

ဘာမှားသွားလဲ
----------------
အိန္ဒိယနိုင်ငံမှ လူငယ်လေးတစ်ယောက်၏ အဖြစ်အပျက်လေးတစ်ခုကို ဖတ်မိပါသည်။

လူငယ်လေးတစ်ယောက်သည် သိပ္ပံပညာတွင် ထူးချွန်သည်။ IIT (India Institute of Technology, Madras) နည်းပညာတက္ကသိုလ်တွင်တက်ရောက်ခွင့်ရသည်။ ထိုကျောင်းမှ ထူးချွန်စွာ အောင်မြင်ပြီးသော အခါတွင် အမေရိကန်ပြည်ထောင်စုရှိ ကာလီဖိုးနီးယားတက္ကသိုလ်တွင် MBA ဘွဲ့အတွက် သွားတက်သည်။ ထိုကျောင်း မှလည်း ထူးချွန်စွာ အောင်မြင်ပြီး အမေရိကရှိ နာမည်ကျော် ကုမ္ပဏီကြီးတစ်ခုတွင် အလုပ်ရသည်။ ထိုလူငယ်သည် အမေရိကတွင် အခြေချနေထိုင်ပြီး လှပသည့် တမီးလ်မိန်းမချောလေးနှင့် လက်ထပ်လိုက် သည်။ အခန်း ၅ ခန်းပါ အိမ်ကြီးတစ်လုံးကို ဝယ်နိုင်ခဲ့သည်။ ကားအကောင်းစားကြီးကိုလည်း စီးနိုင်ခဲ့သည်။ အလွန် အောင်မြင်သော အနေအထားတစ်ခုကို ရောက်နေချိန်တွင် သူသည် သူ့ကိုယ်သူ သတ်သေသွားသည်။

ဘာမှားသွားလဲ

ထိုအဖြစ်အပျက်မျိုးကို 3 Idiots ဆိုသည့် အိန္ဒိယရုပ်ရှင်ကားတွင် အဖြေထုတ်ပြထားသည်ကို တွေ့ရသည်။ အိန္ဒိယရှိ မိဘများသည် သူတို့သားသမီးတွေ အောင်မြင်ရန်အတွက် သိပ္ပံနှင့် အင်ဂျင်နီယာပညာများ ထူးချွန်ရန် ကျောင်း ကောင်းကောင်းကို ကြိုးစားပို့ကြသည်။ သို့သော် သူတို့ သားသမီးတွေ ဝါသနာက တခြားဖြစ်နေသည်။

ထိုဇာတ်ကားတွင် ကျောင်းအုပ်ကြီးကိုယ်တိုင်၏ သားဖြစ်သူက ဖြစ်ချင်တာ စာရေးဆရာ၊ ဖခင်၏ အင်ဂျင်နီယာ ဖြစ်ရန် တွန်းအားပေးမှုကို မခံနိုင်သည့် အဆုံးတွင် သူ့ကိုယ်သူ သတ်သေသွားသည်။

ဘာမှားသွားလဲ

ကာလီဖိုးနီးယားတက္ကသိုလ် စိတ်ပညာဌာနမှ အမေရိကကို ရောက်လာပြီးမှ အောင်မြင်နေပါလျက် သတ်သေသွားသည့် လူငယ်အကြောင်းကို ဆန်းစစ်လေ့လာကြသည်။

ဘာမှားသွားလဲ

သုတေသီတွေက သတ်သေသွားသူ၏ မိသားစု၊ သူငယ်ချင်း မိတ်ဆွေများကို သွားရောက်တွေ့ဆုံပြီး မေးမြန်း စုံစမ်းကြသည်။

ထိုအချိန်က အမေရိကတွင် စီးပွားရေးအကျပ်အတည်းကို ရင်ဆိုင်နေရသည့် ကာလတစ်ခုဖြစ်ခဲ့သည်။ ထိုကာလတွင် ထိုအိန္ဒိယသား လူငယ်လေးမှာ အလုပ်ပြုတ်သွားသည်။ ဝင်ငွေမရှိဘဲ အချိန်ကာလတစ်ခုအထိ ငုတ်တုတ်ထိုင်နေရသည်။ သူဝယ်ထားသည့် အိမ်ကအကြွေးဖြစ်ပြီး ထိုအိမ်ဖိုးကို သွင်းရန် ငွေလိုနေသည်။ ငွေမသွင်းနိုင်သောကြောင့် အိမ်က ဖယ်ပေးရတော့မည့် အနေအထားကို ကြုံနေရသည်။ နောက်ဆုံးတွင် ဖိစီးမှုတွေကို မခံနိုင်သည့်အဆုံး သူ့ကိုယ်သူ သတ်သေရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

ဘာမှားသွားလဲ

ထိုလူငယ်လေးသည် အောင်မြင်မှုတွေ တစ်ဆင့်ပြီးတစ်ဆင့်ရကာ အိန္ဒိယမှ အမေရိကကို ရောက်လာပြီး နောက်ထပ် အောင်မြင်မှုတွေ ဆင့်ကဲရလာသော်လည်း သူ့ကို ငယ်စဉ်ကတည်းက မိဘတွေကရော ဆရာ တွေကပါ သင်ပေးရန် မေ့သွားသည့်အချက်မှာ

“အကယ်၍ ဆုံးရှုံးမှုကို ရင်ဆိုင်ရခဲ့လျှင် မည်သို့ရင်ဆိုင်မည်နည်း”

အောင်မြင်မှုတွေ ဆင့်ကဲရနေသဖြင့် ဆုံးရှုံးမှုဒဏ်ကို သူမသိ။ ဆုံးရှုံးမှုအတွက် ကြိုတင်ပြီးတော့လည်း ပြင်ဆင်ထားခြင်းမရှိ။ တကယ်တမ်း ဆုံးရှုံးမှုနှင့် နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်လိုက်ရချိန်တွင် ကျော်ဖြတ်ကာ အနိုင်ယူရန် ကြိုးစားမည်ဆိုသည့် စိတ်ဓာတ်ထက်၊ အရှုံးပေးလိုက်တော့မည်ဆိုသည့် ပျော့ညံ့ညံ့စိတ်ကူးက သူ့ကို အနိုင်ယူသွားသည်။
3 Idiots ဇာတ်ကားထဲတွင်လည်း ကျောင်းအုပ်ကြီး၏ ဖိအားကို မခံနိုင်တော့သဖြင့် ကိုယ့်ကိုယ်ကိုယ် သတ်သေရန် ကြိုးစားသော ကျောင်းသားနှစ်ယောက်၏ အဖြစ်ကို ထင်ဟပ်ပြသည်။ ကျောင်းအုပ်ကြီး ကိုယ်တိုင်က လူသတ်သမား ဖြစ်နေမှန်း သူ့ကိုယ်သူ မသိသည့် အနေအထားကိုလည်း ပုံဖော်ထားသည်။
ဆုံးရှုံးမှုများ ကြုံတွေ့ရပြီဆိုလျှင် ထိုအရှုံးသည် ငါ့အတွက် ကျော်ဖြတ်ရန် တံတိုင်းတစ်ခုဟု မှတ်ယူကာ ကြိုးစားပြီး တက်နိုင်၊ ကျော်ဖြတ်နိုင်အောင် ကြိုးစားသူသည်သာ ပန်းတိုင်ကိုရောက်တတ်ပါသည်။ အရှုံးသည် ရပ်တန့်လိုက်ရန်မဟုတ်။ ကိုယ့်ကို စိန်ခေါ်မှုတစ်ခုသာဖြစ်သည်ဆိုသော လေ့ကျင့်ပျိုးထောင်မှုမျိုး လိုအပ်သည်။
မိဘတွေက မိမိတို့သားသမီးများကို ချစ်သောစိတ်ဖြင့် အရာရာတွင် အသင့်ဖြစ်နေအောင် ကြိုးစား ဖန်တီးပေး နေမှုများကို ပြန်ပြီး သုံးသပ်သင့်ပါသည်။ ၁၀ တန်းကျောင်းသားဖြစ်နေပြီ ကျောင်းကို လိုက်ပြီး ထမင်းကို ခွံ့ပေးနေခြင်းမှာ မိဘများ ချစ်ခြင်းလော။ ကျွန်တော်တို့ အာရှကမိဘအများစုမှာ အရွယ်လွန်သည်အထိ သားသမီးတွေကို ရင်အုပ်မကွာ ထိန်းသိမ်းစောင့်ရှောက်လိုစိတ်တွေက အကျင့်ပါနေသည်။
ကိုယ့်ဒူးကိုယ်ချွန်၊ ကိုယ့်အားကိုယ်ကိုး၊ ကိုယ့်အလုပ်ကိုတန်ဖိုးထား၊ ကိုယ့်ငွေကိုကြိုးစားရှာရမည်ဆိုသည့် စိတ်ဓာတ်တွေ ငယ်စဉ်ကတည်းက ပျောက်နေသည့် လူ့ဘောင်အသိုင်းအဝိုင်းတွင် အခက်အခဲကို ရင်မဆိုင် ရဲသည့်၊ ရင်မဆိုင်နိုင်သည့် လူပျော့ လူညံ့တွေကို မွေးထုတ်ပေးနေသလို ဖြစ်နေပေလိမ့်မည်။
သားသမီးကို ဆရာဝန်ကြီး ဖြစ်ရမည်၊ အင်ဂျင်နီယာကြီးဖြစ်ရမည်ဟု ကိုယ့်တစ်သက် ကိုယ်ပင်ဖြစ်အောင် မလုပ်နိုင်ခဲ့သော စိတ်ကူးတွေကို အဓမ္မ အကောင်အထည်ဖော်ခိုင်းကာ တွန်းအားပေးနေခြင်းထက်

“သားဘာဖြစ်ချင်သလဲ”

“သမီးဘာလုပ်ချင်သလဲ”

သူတို့ထံက အသံလေးတွေကို နားထောင်သင့်သည်ဟု ထင်ပါသည်။

မိဘတွေက ကိုယ်ဖြစ်ချင်သည့်အတိုင်း မဖြစ်ဖြစ်အောင် နောက်ကလိုက်ပြီး အသင့်အနေအထား ဖန်တီး ပေးနေခြင်းထက် ကိုယ့်အားကိုယ်ကိုးပြီး ကိုယ်လုပ်အားတန်ဖိုးဖြင့် ကြိုးစားရလာသည့် ရလဒ်တစ်ခုကို တန်ဖိုး ထားတတ်သူများဖြစ်အောင် ပြုစုပျိုးထောင်မှသာလျှင် လောကဓံကို ကြံ့ကြံ့ခံကာ ရင်ဆိုင်လာနိုင်သူများ ဖြစ်လာပါလိမ့်မည်။
ကျွန်တော်တို့ တိုင်းပြည်တွင်လည်း အကျပ်အတည်းကြီးတစ်ခုကို ရင်ဆိုင်လိုက်ရချိန်တွင် တံတားပေါ်က ခုန်ချသည့် သတင်းတွေကိုလည်း မကြာခဏ ကြားနေရပါသည်။

ဘာမှားသွားလဲ

ကိုဗစ်ဆိုသည့် မမျှော်လင့်သော ရောဂါဝေဒနာဆိုးကြီးကို ကျွန်တော်တို့ လူသားအားလုံး ရင်မဆိုင်ချင်ပါဘဲ ရင်ဆိုင်လိုက်ရသည်။

စိတ်တူကိုယ်တူ အေးအတူ ပူအမျှ ကျော်ဖြတ်ကြရအောင်ဆိုသည့် ခေါင်းဆောင်အောက်တွင် ကူသူတွေ၊ လှူသူတွေနှင့် ပျော်ရွှင်စွာ ကြံ့ကြံ့ခံကာ ကျွန်တော်တို့ ရင်ဆိုင်ကျော်လွှားနိုင်အောင် ကြိုးစားခဲ့ကြသည်။
ပထမအခက်အခဲ အမြစ်မပြတ်ချိန်တွင် နောက်ထပ် အခက်အခဲ အကျပ်အတည်းတစ်ခုကို ပြည်သူတွေ ထပ်မံ ရင်ဆိုင်လိုက်ကြရပြန်သည်။
နောင်လည်း အခက်အခဲတွေ မည်မျှကို ကျွန်တော်တို့ ရင်ဆိုင်ကျော်ဖြတ်ရည်မှန်းမသိသေး။

မည်သို့ဆိုစေ ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ်ရော၊ ကိုယ့်မိသားစုကိုရော၊ ကိုယ့်ပတ်ဝန်းကျင်ကိုရော ရင်ဆိုင် နေရသည့် ဒုက္ခ အခက်အခဲ အကျပ်အတည်း ပြဿနာများကို ရင်ဆိုင်နိုင်ရန်အတွက် အားပေးရမည်၊ ရှင်းပြရမည်၊ စာနာရမည်၊ ကူညီရမည်၊ ဖေးမနိုင်ရမည်။ ကိုယ့်အချင်းချင်း လက်တွဲကာ ရင်ဆိုင်ရုံမှတစ်ပါး အခြားမရှိ။
ပြဿနာဟူသည် အချိန်မရွေး ရောက်လာနိုင်သည်
အခက်အခဲဟူသည် မမျှော်လင့်ဘဲ ရောက်လာနိုင်သည်

ကျွန်တော်တို့ ကြိုတင်ပြင်ဆင်ထားရမည်

သားသမီးတွေကို ကြိုတင်သင်ထားရမည်။
ပညာဖြင့် ဘဝကို မြှင့်တင်နိုင်အောင် ကြိုးစားအားပေးသလို
အတွေ့အကြုံ ဘဝဖြင့်လည်း သူတို့ကို စိတ်ဓာတ်ပိုင်းဆိုင်ရာ မြှင့်တင်နိုင်အောင် ကျွန်တော်တို့ လုပ်ပေးရမည်။
ကျောင်းဆိုသည်မှာ စာချည်းသက်သက် သင်သည့်နေရာတစ်နေရာ၊ မိဘဆိုသည်မှာ သားသမီးကို ကောင်းစားစေချင်သောကြောင့် ငါတို့ဖြစ်စေချင်သည့်အတိုင်း ဖြစ်ကို ဖြစ်ရမည်ဟု မှတ်ယူနေလျှင် ကျွန်တော်တို့ ရင်ဆိုင်ရမည်မှာ

“ဘာမှားသွားလဲ”

(Ref: What Went Wrong?)

တင်ညွန့်

၁၂.၁၂.၂၀၂၂

လူချင်သူများ Orderပေးလို့ရ ပါ တယ်
14/04/2018

လူချင်သူများ Orderပေးလို့ရ ပါ တယ်

လူချင်တာကပထမ
30/01/2018

လူချင်တာကပထမ

အဆင်ပြေလားရှင်
11/10/2017

အဆင်ပြေလားရှင်

Address

No. 709 Anormar St' South Okkalapa Township
Yangon

Telephone

+9595032487

Website

Alerts

Be the first to know and let us send you an email when Floral essence Dishwash Soap posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share