UP Advertising Agency

UP Advertising Agency UP Agency is a Facebook Ads Agency that specializes in growing businesses.

AI for yours kids  လို့ ဆိုပြီးသင်တန်းကို ကလေးတွေ အတွက်လုပ်ပေးတော့ တချို့က မေးကြတယ်။ ကလေးတွေမှာ Math for Kids , Eng for ...
29/08/2025

AI for yours kids လို့ ဆိုပြီးသင်တန်းကို ကလေးတွေ အတွက်လုပ်ပေးတော့ တချို့က မေးကြတယ်။
ကလေးတွေမှာ Math for Kids , Eng for Kid, Code for Kid တွေနဲ့ တင်အလုပ်ရှုပ်နေတဲ့ ကလေးတွေကို ဘာလို့ AI အကြောင်း ထပ်ပြောချင်တာလဲပေါ့။
ဟုတ်ပါတယ် ဒီနေ့ခေတ် ကလေးတွေအတွက် သင်ယူစရာ လေ့လာစရာတွေများလွန်းလှပါတယ်။
အဲ့ဒီအထဲကမှ မိဘတို့က ကလေးနဲ့ လိုက်ဖက်တာ သို့မဟုတ် မိဘတို့က ကြိုက်ရာကိုရွေးပြီး ကလေးတွေကို သင်တန်းအမျိုးမျိုးနဲ့ ချိတ်ဆက်ပေးနေကျတာပါ။
AI ဆိုတာကတော့ အခုနှစ်ပိုင်းတွေမှာ အခန်းကဏ္ဌတော်တော်များများမှာ နေရာယူလာတဲ့ နည်းပညာတစ်ခုပါ။
အခုခေတ်ရဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေမှာတောင် အရင်ကလို Microsoft office skill, Adobe Skill, တွေလို IT Skill တွေထက် Canva , ChatGTP တို့လို AI skill တွေကို ပါ လိုအပ်ချက်အနေနဲ့ အလုပ်ရှင်တွေက တောင်းဆိုလာကြပါပြီ။
နောင်အနာဂတ်မှာ လုပ်ငန်းခွင် ဝင်ရမယ့် သားသားမီးမီးတို့ အတွက် AI ဆိုတာ သိထားဖို့ သင့်/ မသင့်ကိုတော့ မိဘတို့က ဆုံးဖြတ်ပေးရမှာပါ။

AI for Your Kidsဒီနေ့ခေတ်ရဲ့ မရှိမဖြစ်သိဖို့ တတ်ဖို့လိုအပ်လာတာက AI နည်းပညာတစ်ခုလည်းပါဝင်လာပါတယ်။နေ့စဉ် အလုပ်ခေါ်စာတိုင်း...
28/08/2025

AI for Your Kids

ဒီနေ့ခေတ်ရဲ့ မရှိမဖြစ်သိဖို့ တတ်ဖို့လိုအပ်လာတာက AI နည်းပညာတစ်ခုလည်းပါဝင်လာပါတယ်။
နေ့စဉ် အလုပ်ခေါ်စာတိုင်းမှာ နည်းပညာ၊ Finance ကအစ HR ဝန်ထမ်းရာထူးတွေ အထိ AI Knowledge / Experience ဘယ်လောက်ရှိလဲဆိုတာတွေက အရေးပါလာတဲ့ အချက်တစ်ခုဖြစ်လာပါတယ်။
မိမိတို့ကလေးတွေရဲ့ နေ့စဉ်ဘဝမှာလည်း အသုံးချလိုရတဲ့ အသုံးချသင့်တဲ့ AI တွေက လက်တစ်ကမ်းမှာရှိနေပါတယ်။
အဲ့ဒီ လက်တစ်ကမ်းက အရာတွေကို မိမိတို့ ကလေးတွေ လက်တွေ့ အသုံးချနိုင်ဖို့ AI For Kids Training Course လေးကို UP Advertising Agency က Online Courses တစ်ခု အဖြစ် စတင်ဖွင့်လှစ် သင်ကြားပေးပါတော့မယ်။
သင်ကြားလို့ရမယ့် အသက်အရွယ်နဲ့ ပညာအရည်အချင်းကတော့ အသက် (၆) နှစ်/ အခြေခံပညာ Grade -1 နှင့် ညီမျှတဲ့ ပညာအရည်အချင်းကစပြီး အသက် (၁၁) နှစ်/ အခြေခံပညာ Grade - 6 အတွင်းကလေးတွေ သင်ကြားလိုရမှာဖြစ်ပါတယ်။
အချိန်ကတော့ ကျောင်းချိန်တွေ၊ သင်တန်း‌ချိန်တွေ အများကြီးနဲ့ မအားလပ်ရတဲ့ ယနေ့ခေတ်ရဲ့ ကလေးတွေအတွက် ကလေးနဲ့ မိဘညှိနှိုင်းပြီး ကလေးရဲ့ Screen Time ( ဖုန်းကြည့် ၊ ဂိမ်းဆော့ ) လုပ်တဲ့ အချိန်လေးတွေမှာ ရွေးချယ် သင်ကြားလို့ရပါတယ်။
သင်ကြားရေးအတွက်လိုအပ်တာကတော့ ဖြစ်နိုင်ရင် Tablet or Ipad ဒါမှမဟုတ် Laptop or Desktop ရှိရင်ပိုကောင်းတာပေါ့။ အဲ့လိုမှ အဆင်မပြေဘူးဆိုရင်တော့ အိမ်ရှိ Smartphone တစ်လုံးနဲ့ သင်ကြားမယ်ဆိုလည်းရပါတယ်။
မိဘတို့ သိထားသင့်တဲ့ သင်တန်းနဲ့ ပတ်သက်တာလေးတစ်ခုက ကလေးသင်တန်းချိန်မှာ မိဘတို့ကလည်း သိချင်ရင် ပါဝင်လို့ရပါတယ်၊ သင်တန်းချိန်ပြီးရင်လည်းပေးလိုက်တဲ့ အိမ်စာလေးတွေကို ကလေးတို့နဲ့ အတူတူ ပျော်ပျော်ပါးပါးလုပ်လို့ရတာပေါ့။
သင်တန်းကိုစိတ်ဝင်စားတယ်ဆိုရင်တော့ - 09691598787 or
09952858254 မှာ အသေးစိပ်မေးမြန်း စုံးစမ်းနိုင်ပါတယ်။

Address

Yangon

Alerts

Be the first to know and let us send you an email when UP Advertising Agency posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share