ZEMMA MEDIA

ZEMMA MEDIA Event & Forum Management
Advertising
Exhibition
IEC Production
Health Education
Production & Airing

အသင်းအဖွဲ့ ကုမ္ပဏီ နှစ်ပတ်လည်တွေမှာ ပျော်ရွှင်ခြင်တယ်ဆို Game Box ကိုသတိရလိုက်ပါ
20/06/2023

အသင်းအဖွဲ့ ကုမ္ပဏီ နှစ်ပတ်လည်တွေမှာ ပျော်ရွှင်ခြင်တယ်ဆို Game Box ကိုသတိရလိုက်ပါ

16/01/2023
25/12/2022
Sleep Deprivation ( အိပ်ရေးမဝခြင်း ) 😴 🤯~~~~~~~~~~~~~~~~~~~~~~~~~~~ဒီ post ကိုတော့ညဘက်တော်တော်နဲ့မအိပ်နိုင်တဲ့သူတွေဖတ်သင...
01/05/2020

Sleep Deprivation ( အိပ်ရေးမဝခြင်း ) 😴 🤯
~~~~~~~~~~~~~~~~~~~~~~~~~~~

ဒီ post ကိုတော့ညဘက်တော်တော်နဲ့မအိပ်နိုင်တဲ့သူတွေ
ဖတ်သင့်ပါတယ် ။ Aki ရဲ ့သူငယ်ချင်းတယောက် ညဘက်လုံးဝမအိပ်ဘဲမနက်ကျမှအိပ်လို့သူ့ကိုတရားချ
ရာကနေဒီ post ရေးဖြစ်တာပါ ။ Acc ထဲကလူတချိ ု့လဲ
မအိပ်ကြဘူးထင်တယ် Story တွေတင်ကြတာတွေတွေ့ လေ့ရှိလို့ 😒 Anyway, ကိုယ်သိသလောက် Knowledge ကို share ပေးချင်ပါတယ် ။

Sleep Deprivation အိပ်ရေးမဝတာကကျန်းမာရေးအတွက်လုံးဝမကောင်းပါဘူး ။ ဒါကိုတော့လူတိုင်းသိတယ် ၊ ဒါပေမယ့်အိပ်လားဆို
တော့မအိပ်ကြပါဘူး ။ အလွန်ဆုံး၁၂ကျော်မှအိပ်ကြတာ
များတယ် ။ အထူးသဖြင့် teenager တွေဆို ၁၂ တောင်မဟုတ်ဘူး ၃ ၄ ၅ နာရီလောက်မှစအိပ်ကြတယ် ။
အဲ့တော့နေ့နဲ့ညတွေမှားကုန်ရော ။ တချိ ု့ကဒီလိုတွေး
တယ် " ညမအိပ်ဘဲမနက်မှအိပ်လဲအိပ်တာပဲ ၊ အိပ်ချိန်ရတာပဲ ၊ နေ့နဲ့ညဘဲလွဲတာ ဘာအလုပ်မှမလုပ်ရတာ ဘာမှမဖြစ်ပါဘူး " စသဖြင့်ပေါ့။

No ပါ 🚫 ညမအိပ်ဘဲမနက်မှအိပ်တာလဲ အိပ်ရေးမဝတာကိုဖြစ်စေပါတယ် ။ လူတွေသိကြတဲ့ အိပ်ရေးမဝတာကြောင့်အဖြစ်များတာတွေက ခေါင်းကိုက်တာ ၊ ခေါင်းမူးတာ ၊ ခေါင်းမကြည်တာ အဲ့ဒါတွေလောက်ပဲသိကြတာပါ ။ တကယ့် side effect ကခေါင်းအစခြေအဆုံးဖြစ်တာပါ ။ ကိုယ်ကတကယ်လို့ အိပ်တဲ့အချိန်မပြောင်းဘဲဒီလိုပဲဆက်သွားနေရင်တော့
Side effect ကတော့ တခုပြီးတခုဖြစ်နေမှာပါ ။

ဘာတွေဖြစ်လာနိုင်လဲ ❓❓❓

Symptoms စပြရင်ယေဘုယျအားဖြင့်ခေါင်းအပိုင်းက
စပြကြတာများတယ် ။

Memory Issues မှာဆိုရင်
ညဘက်ဆိုကိုယ့် brain ကသူ့ထဲအသစ်ထပ်ထည့်ရမယ့်
Information တွေ memory အသစ်တွေကိုမှတ်မိအောင် space တွေလုပ်လေ့ရှိတယ် ။ အဲ့အချိန်တွေမှာမအိပ်တာများရင် ရေတိုရေရှည် memory တွေဆုံးရှံးလာမယ် ။ နောက်ပိုင်းမမှတ်မိတာတွေ မေ့လွယ်တာတွေဖြစ်လာနိုင်
တယ် ။ အာရုံစူးစိုက်မှုနဲ့thinkingပိုင်းတွေမှာအားနည်း
လာမယ် ။

Emotions အပိုင်းမှာဆိုရင် Mood ကလုံးဝမကောင်းဘူး
ထစ်ကနဲရှိစိတ်ကတို ၊ စိတ်ထဲဘယ်အရာမှအချိ ုးမပြေဘူး
မြင်မြင်သမျှကန့်လန့်ကြီးဖြစ်ပြီးစိတ်ကိုထိန်းမရဘူး ။ စိတ်နုတဲ့သူတွေဆိုရင် Anxiety, Depression တွေပါဆက်ဖြစ်လာနိုင်တယ် ။

Sleep Deprivation က Weight Gain ကိုလဲဖြစ်စေသတဲ့နော် ။ ဒီ weight gain ကတော့ဆိုး
ကျိ ုးကရတဲ့ weight လို့ပဲပြောပါရစေ ။ ကိုယ်အလေးချိန်ပေါင်တွေတက်လာနိုင်ပါတယ် ။

အခုအချိန်က Covid 19 pandemic အချိန်ဖြစ်တဲ့အတွက် Stay Home လုပ်ရင်း ဖုန်းသုံးပါများလေ မအိပ်ချင်ကြလေနဲ့Sleep Deprivation အဖြစ်များလာကြတာပါ ။ အိပ်ရေးမဝရင်
ကိုယ်ခံအားကိုလဲကျဆင်းစေတဲ့အတွက်ရောဂါပိုးတွေ
အလွယ်တကူဝင်နိုင်တယ် ။ ( တော်ကြာ Covid ကူးတာကြောင့်ဖျားတာမဟုတ်ဘဲ deprivation ကြောင့်
ဝေဘာဂီရောက်ကုန်ကြမယ် သတိထား :3 )

Deprivation ကြောင့်ဖြစ်နိုင်ချေရှိတဲ့ရောဂါတွေက
နှလုံးရောဂါ ၊ ကင်ဆာ ၊ သွေးတိုး ၊ ဆီးချိ ုစတဲ့ရောဂါ
တွေဖြစ်နိုင်တယ် ။ S*x Hormones တွေပွားနှုန်းကိုလဲ
လျော့စေပါတယ် ။

Sleep Deprivation ဖြစ်တာကြာလာရင်ရုပ်ပိုင်းဆိုင်ရာ
ကိုပါထိခိုက်လာနိုင်တယ် ။ ဥပမာ - ခြေထောက်မှာ poor balance ဖြစ်လာရင် ရုတ်တရက်လဲကျသွားတာတို့၊ လက်မှာ balance မညီရင် ဘာမှမကိုင်နိုင်တော့ဘဲအား
မရှိတော့မျိ ုးတွေဖြစ်နိုင်တယ် ။ အိပ်ရေးမဝရင်
အသိသာဆုံးကမျက်လုံး မျက်နှာ ဖြစ်တဲ့အတွက် skin suffer တွေပါဖြစ်တတ်ပါတယ် ။

အဆိုးဆုံး Sides Effect ကတော့သေတာပါ :'))
( Covid ကြောင့်မဟုတ်ဘဲ Stay home နေရင်းအိပ်ရေးမဝလို့သေရင်လူကြားမကောင်းဘူးနော် lol)

ဒါတွေကတော့ခေါင်းအစခြေအဆုံးဖြစ်တတ်တဲ့ Sides Effect တွေပါ ။ 💁🏻

လက်တွေ့example ပြရရင် အဲ့သူငယ်ချင်းက မနက် ၆ နာရီမှအိပ်သတဲ့ 😒 ပြီးတော့ ဒီလိုအိပ်နေတာ ဟို Covid ပို့စတွေ့တဲ့ညကတည်းကတဲ့လေ 😑 ဦးနှောက်ချောင်ထွက်ပြီးမသေတာပဲကံကောင်း 😐 သူ့ကို
ညဘက်စောစောအိပ်ဖို့ဒီနေ့မှသတိပေးဖြစ်တယ် But အကျင့်ပါနေတာ ၂ လတောင်ရှိပြီဆိုတော့သူ့စိတ်ကိုက
ဖြစ်နေတာ ၆ နာရီထိုးမှအိပ်လို့ရတာ ဒီထက်စောပြီးအိပ်ချင်နေရင်လဲအတင်းတင်းထားတယ်
သူဖြစ်တဲ့ Sides Effect ကတော့ Brain အပိုင်းနဲ့ Emotion အပိုင်းပဲဖြစ်သေးတယ်ဆိုပေမယ့် ဒီအပိုင်းတွေ
ကလဲကိုယ်ခန္ဓာအတွက်အရမ်းအရေးကြီးပါတယ် ။
( သူဆိုစာလုံးတွေမေ့တာတွေ message ပို့ရင် type ချင်တာကတခြား ရေးမိတာကတလွဲတွေဖြစ်တယ် )

အခုလိုစာအရှည်ကြီးကိုအဆုံးထိဖတ်ပေးတာ
ကျေးဇူးတင်ပါတယ် ။ ၁၂ နာရီအလွန်ဆုံးထားပြီးအိပ်ကြ
ပါ ။ ကိုယ့်သူငယ်ချင်းတွေထဲမှာ နေ့နဲ့ ညမှားနေရင် သတိပေးပေးပါ ။

Sweet Dreams 👼💤
Tuesday, 28 April
23:38 P. M




မူရင်းပိုင်ရှင် (Share လိုက်ရင် မဖတ်ဘဲ ကျော်သွားတဲ့လူများလို့ပါ
ဒါကြောင့် ပြန်လည်မျှဝေတာပါ )

COVID-19 ကိုရိုနာဗိုင်းရပ်စ်ရောဂါကို ထိရောက်စွာကာကွယ်ထိန်းချုပ်ရန်စည်းကမ်းမဲ့ တံတွေးသလိပ်ထွေးခြင်းနှင့် ကွမ်းတံတွေးထွေးခ...
30/04/2020

COVID-19 ကိုရိုနာဗိုင်းရပ်စ်ရောဂါကို ထိရောက်စွာကာကွယ်ထိန်းချုပ်ရန်
စည်းကမ်းမဲ့ တံတွေးသလိပ်ထွေးခြင်းနှင့် ကွမ်းတံတွေးထွေးခြင်းတို့ကို
လုံးဝ (လုံးဝ)ရှောင်ကြဉ်ပါ

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ ဧပြီလ (၂၈) ရက်

FYI
28/04/2020

FYI

17/04/2020

နှစ်သစ်မှာ ဘေးဘယာအပေါင်းကင်းဝေးပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခြင်း အန္တရာယ်မှ အမြန်ဆုံး လွတ်မြောက်ပါစေလို့ ZEMMA Company မိသားစုမှ ဆုတောင်းမေတ္တာပို့သပါတယ်

COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း(၂၃-၃-၂၀၂၀) ရက်နေ့၊ ည (၁၁:၄၅) နာရီ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄...
23/03/2020

COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း
(၂၃-၃-၂၀၂၀) ရက်နေ့၊ ည (၁၁:၄၅) နာရီ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

၁။ အမေရိကန်နိုင်ငံမှ (၁၃-၃-၂၀၂၀) ရက်နေ့တွင် မြန်မာနိုင်ငံသို့ လေကြောင်းခရီးဖြင့် ဝင်ရောက်လာခဲ့သည့် ချင်းပြည်နယ်၊ တီးတိန်မြို့တွင် နေထိုင်နေသည့် မြန်မာနိုင်ငံသား အမေရိကန်နိုင်ငံမှ Green Card ရရှိထားသူ အသက် (၃၆) နှစ်အရွယ် အမျိုးသားသည် (၁၉-၃-၂၀၂၀) ရက်နေ့တွင် ကိုယ်အပူချိန်မြင့်တက်ဖျားနာခဲ့သဖြင့် Population Services International ဆေးခန်းတွင် သွားရောက်ပြသခဲ့ပြီးနောက် (၂၁-၃-၂၀၂၀) ရက်နေ့တွင် တီးတိန်မြို့နယ်ပြည်သူ့ဆေးရုံသို့ လွှဲပြောင်းခဲ့သဖြင့် စောင့်ကြည့်လူနာအဖြစ် သီးသန့်ခန်းတွင်ထားရှိ၍ (isolation) စောင့်ကြပ်ကုသမှု ပေးခဲ့ပါသည်။ အဆိုပါ လူနာတွင် ချောင်းဆိုးခြင်း အပါအဝင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများမရှိခဲ့ပါ။
အဆိုပါလူနာထံမှ ဓာတ်ခွဲနမူနာအား (၂၂-၃-၂၀၂၀) ရက်နေ့တွင် ရယူခဲ့ပြီး အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့ပေးပို့ခဲ့ရာ ယနေ့ (၂၃-၃-၂၀၂၀) ရက်နေ့တွင် စစ်ဆေးခဲ့သည့် ဓာတ်ခွဲအဖြေအရ COVID-19 ရောဂါပိုး တွေ့ရှိ (တွေ့ရှိ) ရပါသည်။
(၂၃-၃-၂၀၂၀) ရက်နေ့၊ ည (၁၁) နာရီအချိန် စမ်းသပ်စစ်ဆေးချက်အရ အဆိုပါအမျိုးသားလူနာ၏ ကျန်းမာရေးအခြေအနေမှာ ကိုယ်ပူဖျားနာခြင်းနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများမရှိဘဲ သက်သာလျက်ရှိပါသည်။ အဆိုပါ လူနာအား ချင်းပြည်နယ်၊ တီးတိန်ပြည်သူ့ဆေးရုံတွင် သီးခြားထားရှိ (isolation) ၍ စနစ်တကျစောင့်ကြပ်ကုသလျက်ရှိပါသည်။

၂။ အင်္ဂလန်နိုင်ငံမှ (၂၂-၃-၂၀၂၀) ရက်နေ့တွင် လေကြောင်းခရီးဖြင့် မြန်မာနိုင်ငံ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဝင်ရောက်လာခဲ့သည့် အသက် (၂၆) နှစ်အရွယ် မြန်မာနိုင်ငံသား အမျိုးသားအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ (၂၂-၃-၂၀၂၀) ရက်နေ့တွင် လှည်းကူးမြို့နယ်ရှိ ပြည်သူ့ကျန်းမာရေး ကွင်းဆင်းသင်တန်းကျောင်းတွင် အသွားအလာကန့်သတ် စောင့်ကြပ်ကြည့်ရှုခြင်း (quarantine) ကိုဆောင်ရွက်ခဲ့ကာ (၂၂-၃-၂၀၂၀) ရက်နေ့၊ ညပိုင်းတွင် မှော်ဘီမြို့နယ်ရှိ ဓမ္မဒူတ ဇေတဝန်တောရ ဆေကိန္ဒာရာမကျောင်းတိုက်တွင် ပြောင်းရွှေ့ပြီး အသွားအလာကန့်သတ် စောင့်ကြပ်ကြည့်ရှုခြင်း (quarantine) ကိုဆောင်ရွက်ခဲ့ပါသည်။ အဆိုပါအမျိုးသားသည် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့စဉ်မှ ယနေ့ညအထိ ကိုယ်ပူဖျားနာခြင်းနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများမရှိသော်လည်း ဓာတ်ခွဲနမူနာအား (၂၃-၃-၂၀၂၀) ရက်နေ့တွင် ရယူ၍ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့ပေးပို့စစ်ဆေးခဲ့ရာ ဓာတ်ခွဲအဖြေအရ COVID-19 ရောဂါပိုး တွေ့ရှိ (တွေ့ရှိ) ရပါသည်။
အဆိုပါအမျိုးသားအား (၂၃-၃-၂၀၂၀) ရက်နေ့၊ ညတွင် ဝေဘာဂီအထူးကုဆေးရုံသို့ လွှဲပြောင်းကာ သီးခြားထားရှိ (isolation) ၍ စနစ်တကျစောင့်ကြပ်ကုသလျက်ရှိပါသည်။

၃။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သည် အဆိုပါအမျိုးသား (၂) ဦး၏ ဓာတ်ခွဲနမူနာများအား စစ်ဆေးပုံ၊ စစ်ဆေးနည်း (Protocol) (၄) မျိုးဖြင့် ပိုမိုသေချာစေရန် စနစ်တကျ ဓာတ်ခွဲစစ်ဆေးခဲ့ခြင်းဖြစ်ပါသည်။

၄။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ သတ်မှတ်ထားသော လုပ်ထုံးလုပ်နည်းများအရ အဆိုပါ အမျိုးသား (၂) ဦးထံမှ ဓာတ်ခွဲနမူနာများအား ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ရည်ညွှန်းဓာတ်ခွဲခန်းသို့ (၂၄-၃-၂၀၂၀) ရက်နေ့တွင် ဆက်လက်ပေးပို့၍ အတည်ပြုချက် ရယူသွားမည်ဖြစ်ပါသည်။

၅။ အဆိုပါ အမျိုးသား (၂) ဦးနှင့် ထိတွေ့ခဲ့သူများအားလုံးကို စုံစမ်းဖော်ထုတ်၍ အသွားအလာကန့်သတ်ကာ စောင့်ကြပ်ကြည့်ရှုသွားမည်ဖြစ်ပါသည်။

Source: Ministry Of Health And Sports

တပေါင်းလပြည့်နေ့အကြောင်း သိမှတ်ဖွယ်ရာ၁။ တပေါင်းလပြည့်နေ့ကို ဗုဒ္ဓပြည်တော်ဝင် အခါတော်နေ့ အထိမ်းအမှတ်အဖြစ် ကျင်းပရခြင်းမှာ...
08/03/2020

တပေါင်းလပြည့်နေ့အကြောင်း သိမှတ်ဖွယ်ရာ

၁။ တပေါင်းလပြည့်နေ့ကို ဗုဒ္ဓပြည်တော်ဝင် အခါတော်နေ့ အထိမ်းအမှတ်အဖြစ် ကျင်းပရခြင်းမှာ ထိုနေ့တွင် ကာဠုဒါယီမထေရ်က ကပိလဝတ်နေပြည်တော်သို့ ကြွရောက်တော်မူပါရန် လျှောက်ထားသည်ကို အကြောင်းပြု၍ ကျင်းပရခြင်းဖြစ်ပါသည်။

၂။ ထိုအချိန်က မြတ်စွာဘုရားသည် ရာဇာဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေထိုင်ကာ အင်္ဂတိုင်းသားနှင့် မဂဓတိုင်းသားများကို တရားရေအေး တိုက်ကျွေးလျက်ရှိပါသည်။

၃။ ထိုသတင်းကို ခမည်းတော် သုဒ္ဓေါဒနမင်းကြီးကကြားသိရာ ခေါင်းဆောင်အမတ် ၁၀ ဦးတို့ကို နောက်ပါအခြွေအရံတစ်ထောင်စီဖြင့်၁၀ ကြိမ်ခွဲကာ မြတ်စွာဘုရားကိုပင့်ရန် ရာဇာဂြိုဟ်သို့ စေလွှတ်လိုက်ပါသည်။ နောက်ဆုံးအသုတ်ကို ကာဠုဒါယီအမတ်ကြီးက ခေါင်းဆောင်၍ သွားရပါသည်။ မြတ်စွာဘုရားနှင့် တွေ့၍ တရားနာရသောအခါ ကပိလဝတ်သို့ မပြန်ကြတော့ဘဲ ဘုရားပင့်သွားသူအားလုံး တစ်ယောက်မကျန် သာသနာ့ဘောင်သို့ ဝင်ရောက်ပြီး ဧဟိဘိက္ခု ရဟန်းတွေချည်း ဖြစ်ကုန်ကြပါသည်။

၄။ ရဟန္တာဖြစ်ပြီးနောက် ကာဠုဒါယီမထေရ်က တပေါင်းလ၏သာယာပုံကို ဂါထာပေါင်း ၆၄ ဂါထာ သီကုံး၍ ခမည်းတော်၏ကျေးဇူးကို သိသောအားဖြင့်ဖွားရာဇာတိ ကပိလဝတ်နေပြည်တော်သို့ ကြွချိန်တန်ပြီဖြစ်ကြောင်း လျှောက်ထားလေသည်။

၅။ ကာဠုဒါယီမထေရ်၏ လျှောက်ထားချက်အရ မြတ်စွာဘုရားသည် ရဟန္တာပေါင်း ၂ သောင်းခြံရံလျက် မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁ ရက်နေ့တွင် ရာဇာဂြိုဟ်မြို့မှ ယူဇနာ ၆၀ ဝေးကွာသော ကပိလဝတ်ပြည်တော်သို့ တစ်နေ့လျှင် ၁ယူဇနာခရီးဖြင့် ရက်ပေါင်း ၆၀ (၂ လကြာမျှ) ဒေသစာရီ ကြွချီတော်မူပါသည်။

ဖြစ်ပေါ်လာသော အကျိုးဆက်များ

မြတ်စွာဘုရား ကပိလဝတ်နေပြည်တော်သို့ ကြွတော်မူခြင်းဖြင့် သာသနာတော်သမိုင်းတွင် ဖြစ်ပေါ်လာသော အကျိုးဆက်များမှာ—

နိဂြောဓာရုံကျောင်းတော်ကြီး ပေါ်ပေါ်လာခြင်း၊

သာကီဝင်မင်းမျိုးတို့၏မာန်စွယ်ကို နုတ်ပယ်သောအားဖြင့်ပေါက္ခရဝဿမိုးကို ရွာသွန်းစေခြင်း၊

ဂါထာတစ်ထောင်ဖြင့် တန်ဆာဆင်အပ်သော ဝေဿန္တရာဇာတ်တော်ကြီးကို ဟောကြားခြင်း၊

မဟာဓမ္မပါလ ဇာတ်တော်ကြီးကို နာကြားရ၍ ခမည်းတော်ကြီး အနာဂါမ်တည်ပြီး နောင်သောအခါ အရဟတ္တဖိုလ်တည်ခြင်း၊ မိထွေးတော်ဂေါတမီ သောတာပန်တည်ခြင်း၊ နောင်သောအခါ ဘိက္ခုနီ သာသနာ ထူထောင်ခွင့်ကြုံခြင်း၊

ယသော်ဓရာကို အကြောင်းပြု၍ စန္ဒကိန္နရီဇာတ်တော်ကြီး ဟောကြားခြင်း၊

ဇနပဒကလျာဏီ၏ကြင်ယာတော် နန္ဒမင်းသား ရဟန်းဖြစ်ခြင်း၊

သားတော်ရာဟုလာ အမွေတောင်း၍ သာမဏေဘဝသို့ ရောက်ရှိခြင်း

သာကီဝင်အမျိုးမှ မင်းသားတစ်ထောင် ရဟန်းဘောင်သို့ရောက်ခြင်း၊

ကာဠုဒါယီမထေရ်အား ဆွေမျိုးတို့အား မြတ်စွာဘုရားကို ကြည်ညိုစေရန် စွမ်းဆောင်ရာ၌ အမြတ်ဆုံးဘွဲ့ “ကုလပ္ပသာဒ“ဧတဒဂ်ကို ချီးမြှင့်တော်မူခြင်း၊

အရှင်သာရိပုတ္တရာ လျှောက်ထား၍ ဗုဒ္ဓဝင်ဒေသနာကို ဟောကြားတော်မူခြင်း စသော အကျိုးဆက်များ ဖြစ်ပါသည်။

ကာဠုဒါယီ လျှောက်ထားသည့် နောက်ဆုံးဂါထာ

နာတိသီတံ နာတိဥဏှံ၊ နာတိ ဒုဗ်ဘိက်ခ ဆာတကံ။

သဒ္ဒလာ ဟရိတာ ဘူမိ၊ ဧသ ကာလော မဟာမုနိ။

မုနိတို့၏သခင်ဖြစ်တော်မူသော မြတ်စွာဘုရား …. ဆောင်းနှောင်းနွေဦးတပေါင်းလ ဤအခါထူးသည် အေးလည်းမအေးလွန်းလှပါဘုရား၊ ပူလည်းမပူ လွန်းလှပါဘုရား၊ ကောက်ပဲသိမ်းစ ဥတုမျှ၍ အာဟာရမွတ်ရှား ခေါင်းပါးခြင်းမှလည်း ကင်းရှင်းပါသည်ဘုရား၊ မြေအပြင်သည်လည်း နေဇာမြက်ညွန့် ပေါက်ရောက်ရှင်သန်၍ မြစိမ်းရောင်လွှမ်း စိုပြေလန်းဆန်းနေပါသည်ဘုရား၊ ဆောင်းနှောင်းနွေဦး တပေါင်းလ ဤအခါထူးသည် မွေးရပ်ဌာနီ ကပိလဝတ်နေပြည်သို့ ကြွချီရန် လျော်ကန်လျောက်ပတ် ကောင်းမြတ်သောအချိန်ပါဘုရား။

ရှင်အုန်းညိုရေးခဲ့သည့် ဂါထာခြောက်ဆယ်ပျို့မှ စာပိုဒ်

လူ့ဘုံသုံးပါး၊ အထွတ်ထား၍၊ တရားရသာ၊ မြိုက်သြဇာဖြင့် သတ္တဝါလူ၊ ခပ်သိမ်းသူကို ဆယ်ယူကယ်နိုင်၊ ရွှေပြည်ခိုင်သို့၊ တိုင်တိုင်ဘေးလွတ်၊ ပို့ပေတတ်သည်၊ လူနတ်ဆရာ၊ ရတနာဟု၊ မဟာဝီရ၊ လုံ့လအခေါင်၊ ဗောဓိ
ညောင်၌၊ ခြောက်ရောင်လျှံဝါ၊ ဉာဏ်စကြာနှင့်၊ သစ္စာရဲရဲ၊ ပွင့်ဆဲဆဲလျှင်၊ အံ့အဲမနိုင်၊ ဆွယ်ပြိုင်နှိုင်းဖော်၊ တုမမြော်သည်၊ ဘုန်းတော်ထွန်းလစ်၊ မြတ်ရှင်ချစ်။

အဖြစ်အကြောင်းလျား၊ မှာစကားကို၊ ဦးဖျားထိပ်ထက်၊ ကြားလျှောက်ဆက်အံ့၊ ဖွားချက်မြှုပ်ထွေ၊ ဇာတိနေသား၊ အောင်မြေပြည်မ၊ ကပိလတွင်၊ မွေးဘသုဒ္ဓေါ်၊ တစ်စုတစ်ရုံး၊ ပန်းနှယ်ကုံးမျှ၊ သက်လုံးမေတ္တာ၊ ပြက်ကြင်နာသော်၊ ဖူးပါလှချင်၊ ငါ့သခင်ကို၊ သို့ပင်ဆိုတမ်း၊ နိစ္စလွမ်း၍၊ မျက်ယမ်းထိထိ၊ မြော်ချင်ဘိဟု၊ ကြားသိဟေမာချမ်းဆောင်း၊ ကြွလဲပြောင်းသား၊ တပေါင်းနွေလ၊ ဂိမ္မာနဟု၊ သာလှပျော်မှု၊ သည်ရတု၌၊ ညွန့်နုဆဲဆဲ၊ မီးလျှံခံသို့၊ ရဲရဲပြောင်ပြောင်၊ တောကုန်အောင်လည်း၊ ပွင့်ရောင်တိချည်း၊ ဖြင်ပေါပည်း၏၊ ခမည်းတော်ကောင်း၊ ပြည်တော်ဟောင်းသို့၊ ဖူးပေါင်းစိမ့်ငှာ၊ တောင်းပန်ထွာသည်။ သွားခါကာလ တန်ပြီဘုရား။

တပေါင်းလပြည့် မြတ်ဗုဒ္ဓပြည်တော်ဝင်အခါတော်နေ့ သိကောင်းဖွယ်ရာများ ဤတွင်ပြီးဆုံး၏။

မာဂဓီ (သာစည်)
(အခါတော်နေ့များ စာအုပ်မှ)
ကူးယူဖော်ပြသည်။

COVID-19 တိုင်ကြားရမည့် ကူးစက်ရောဂါအဖြစ် သတ်မှတ်သည့်အမိန့်
28/02/2020

COVID-19 တိုင်ကြားရမည့် ကူးစက်ရောဂါအဖြစ် သတ်မှတ်သည့်အမိန့်

Address

Room(101), Building (B-5), Hantharwaddy Villa, Hantharwaddy Street, (6)Ward, South Okkalapa Township
Yangon
11091

Opening Hours

Monday 09:30 - 17:30
Tuesday 09:30 - 17:30
Wednesday 09:30 - 17:30
Thursday 09:30 - 17:30
Friday 09:30 - 17:30

Telephone

959785005623

Alerts

Be the first to know and let us send you an email when ZEMMA MEDIA posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ZEMMA MEDIA:

Share

Category