Network Marketing Limited - Agro Chemical Division

Network Marketing Limited - Agro Chemical Division Pin Sein Agriculture

ပဲတီစိမ်း၊ မတ်ပဲ တို့တွင် ကျရောက်တတ်သော ဖျက်ပိုးများအကြောင်းနှင့် ကာကွယ်နှိမ်နင်းနည်းများ (၇)ရွက်စုံစား ခူဝါဖျက်ဆီးပုံ လ...
19/02/2021

ပဲတီစိမ်း၊ မတ်ပဲ တို့တွင် ကျရောက်တတ်သော ဖျက်ပိုးများအကြောင်းနှင့် ကာကွယ်နှိမ်နင်းနည်းများ (၇)

ရွက်စုံစား ခူဝါ

ဖျက်ဆီးပုံ လက္ခဏာများ
လောက်ကောင်ငယ်များသည် အရွက် ၏ အစိမ်း ရောင် တစ်ရှူးသားကို ခြစ်စားပြီး အရွက်များ အစိမ်းရောင်ပျောက်ပြီး အမြေးပါးသာကျန်ရစ်သည်။ အ‌ကောင်ကြီးများသည် အပင်တစ်ပင်မှ အခြားသို့ ပျံနှံ့ သွားပြီး အရွက်များကိုလည်း ကိုက်ဖြတ်စားသည်။ အကောင်ကြီးများသည် အရွက် ၊ အညွှန့်များ စုတ်ပြတ်နေသည်အောင် စားသုံးသည်ကို တွေ့ရသည်။ အဝေးမှကြည့်လျင် အခင်းတွင် အကွက်လိုက်ဝါနေသည်ကို တွေ့ရတတ်သည် ။ အရွက် ၏ အောက်မျက်နှာပြင်တွင် လောက်ကောင်နှင့်ချည်မျှင်ရှည်များကို တွေ့ရတတ်ပါသည်။

ကာကွယ်နှိမ်နင်းနည်းများ
၁။ ပေါင်းမျက်များကို ရှင်းလင်းပါ။
၂။ အဆိုပါဖျက်ပိုးသည် တစ်ပင်တည်း တစ်နေရာတည်းတွင် စုပြုံစားသောက်သော အလေ့အထရှိသဖြင့် ပိုးကျပင်ကို နှတ်ယူဖျက်ဆီးပစ်ခြင်းဖြင့် ကာကွယ်နှိမ်နင်းနိုင်ပါသည်။
၃။ Chlorpyrifos , Cypermethrin အစရှိသော ဆေးတစ်မျိုမျိုးဖြင့် ကာကွယ်နှိမ်နင်းနိုင်ပါသည်။



ပဲတီစိမ္း၊ မတ္ပဲ တို႔တြင္ က်ေရာက္တတ္ေသာ ဖ်က္ပိုးမ်ားအေၾကာင္းႏွင့္ ကာကြယ္ႏွိမ္နင္းနည္းမ်ား (၇)

႐ြက္စုံစား ခူဝါ

ဖ်က္ဆီးပုံ လကၡဏာမ်ား
ေလာက္ေကာင္ငယ္မ်ားသည္ အ႐ြက္ ၏ အစိမ္း ေရာင္ တစ္ရႉးသားကို ျခစ္စားၿပီး အ႐ြက္မ်ား အစိမ္းေရာင္ေပ်ာက္ၿပီး အေျမးပါးသာက်န္ရစ္သည္။ အ‌ေကာင္ႀကီးမ်ားသည္ အပင္တစ္ပင္မွ အျခားသို႔ ပ်ံႏွံ႕ သြားၿပီး အ႐ြက္မ်ားကိုလည္း ကိုက္ျဖတ္စားသည္။ အေကာင္ႀကီးမ်ားသည္ အ႐ြက္ ၊ အၫႊန႔္မ်ား စုတ္ျပတ္ေနသည္ေအာင္ စားသုံးသည္ကို ေတြ႕ရသည္။ အေဝးမွၾကည့္လ်င္ အခင္းတြင္ အကြက္လိုက္ဝါေနသည္ကို ေတြ႕ရတတ္သည္ ။ အ႐ြက္ ၏ ေအာက္မ်က္ႏွာျပင္တြင္ ေလာက္ေကာင္ႏွင့္ခ်ည္မွ်င္ရွည္မ်ားကို ေတြ႕ရတတ္ပါသည္။

ကာကြယ္ႏွိမ္နင္းနည္းမ်ား
၁။ ေပါင္းမ်က္မ်ားကို ရွင္းလင္းပါ။
၂။ အဆိုပါဖ်က္ပိုးသည္ တစ္ပင္တည္း တစ္ေနရာတည္းတြင္ စုၿပဳံစားေသာက္ေသာ အေလ့အထရွိသျဖင့္ ပိုးက်ပင္ကို ႏွတ္ယူဖ်က္ဆီးပစ္ျခင္းျဖင့္ ကာကြယ္ႏွိမ္နင္းနိုင္ပါသည္။
၃။ Chlorpyrifos , Cypermethrin အစရွိေသာ ေဆးတစ္မ်ိဳမ်ိဳးျဖင့္ ကာကြယ္ႏွိမ္နင္းနိုင္ပါသည္။

Unicodeပဲတီစိမ်း၊ မတ်ပဲ တို့တွင် ကျရောက်တတ်သော ဖျက်ပိုးများအကြောင်းနှင့် ကာကွယ်နှိမ်နင်းနည်းများ (၆)ပဲပင်စည်ထိုးယင်ဖျက်ဆ...
29/01/2021

Unicode

ပဲတီစိမ်း၊ မတ်ပဲ တို့တွင် ကျရောက်တတ်သော ဖျက်ပိုးများအကြောင်းနှင့် ကာကွယ်နှိမ်နင်းနည်းများ (၆)

ပဲပင်စည်ထိုးယင်

ဖျက်ဆီးပုံ လက္ခဏာများ

အရွက်ပေါ်တွင် ဥမှ ပေါက်သော ပိုးလောက်ကောင်သည် အရွက်၏ အတွင်းသားကို ထွင်း‌ဖောက်၍ လိုဏ်ခေါင်းသဏ္ဍန် စားသောက်သဖြင့် အရွက်၏ အစိမ်းသားများ ဖျော့လာပြီး အဝါရောင်မီးလောင်ထားသကဲ့သို့ တဖြည်းဖြည်း ခြောက်သွေ့ သွားသည်။ အဝါရောင်အကွက်များ ဟိုတစ်ကွက် ဒီတစ်ကွက် ဖြစ်ပေါ်နေသည်ကိုတွေ့ရတတ်သည်။ တိုက်ခိုက်ခံရသော အပင်၏ မြေကြီးနှင့်ကပ်နေသော ပင်စည်သည် ဖောင်းပွ၍ အက်ကွဲကြောင်းများကို တွေ့ရတတ်သည်။ ပိုးလောက်‌ကောင်သည် အရွက်မျက်နှာပြင်ကို မြွေလိမ် မြွေကောက်ပုံစံ စားသုံးပြီးနောက် ရွက်ညှာ မှ တဆင့် ပင်စည်ထဲသို့ ဝင်ရောက်သွားသည်။

ကာကွယ်နှိမ်နင်းနည်းများ

၁။ ဖျက်ဆီးမှုလက္ခဏာ တွေ့ရသော အပင်များကို နှတ်ယူဖျက်ဆီးပါ။
၂။ မျိုးစေ့အား ( Imidacloprid 70% WP ) ဖြင့် မျိုးစေ့လူးနယ်စိုက်ပျိုးပါ။
၃။ ပေါင်းနှင့် ပတ်ဝန်းကျင်ရှိ ပဲပင်ရိုင်းများကို ရှင်းလင်းပါ။
၄။ ရိတ်သိမ်းပြီးနောက် အပင်အကျွင်းအကျန်များအား ဆွေးမြေ့အောင်ပြုလုပ်ပါ။
၅။ နှစ်စဥ်ကျရောက်လေ့ရှိသော အခင်းများတွင် မြေအစိုဓါတ်ရှိပါက Carbofuran 3G အား တစ်ဧကလျင် ( ၅-၆ ) ကီလိုဂရမ် နှန်း ထည့်ပေးပါ။
၆။ အရွက်သစ် ( True Leaf ) အရွက်နှစ်ခွ စတင်ထွက်ရှိချိန်ဖြစ်သော အပင်သက်တမ်း ( ၁၀ - ၁၄ ) ရက်အတွင်း အပင်ပျောက်ခြင်း သေခြင်း တွေ့ရှိပါက အောက်ပါ ပင်လုံးပြန့် ပိုးသတ်ဆေး တစ်မျိုးမျိုးကို ပက်ဖျန်းနိုင်ပါသည်။ Carbofuran , Imidacloprid, Acephate, Thiamethoxam



Zawgyi

ပဲတီစိမ္း၊ မတ္ပဲ တို႔တြင္ က်ေရာက္တတ္ေသာ ဖ်က္ပိုးမ်ားအေၾကာင္းႏွင့္ ကာကြယ္ႏွိမ္နင္းနည္းမ်ား (၆)

ပဲပင္စည္ထိုးယင္

ဖ်က္ဆီးပုံ လကၡဏာမ်ား

အ႐ြက္ေပၚတြင္ ဥမွ ေပါက္ေသာ ပိုးေလာက္ေကာင္သည္ အ႐ြက္၏ အတြင္းသားကို ထြင္း‌ေဖာက္၍ လိုဏ္ေခါင္းသ႑န္ စားေသာက္သျဖင့္ အ႐ြက္၏ အစိမ္းသားမ်ား ေဖ်ာ့လာၿပီး အဝါေရာင္မီးေလာင္ထားသကဲ့သို႔ တျဖည္းျဖည္း ေျခာက္ေသြ႕ သြားသည္။ အဝါေရာင္အကြက္မ်ား ဟိုတစ္ကြက္ ဒီတစ္ကြက္ ျဖစ္ေပၚေနသည္ကိုေတြ႕ရတတ္သည္။ တိုက္ခိုက္ခံရေသာ အပင္၏ ေျမႀကီးႏွင့္ကပ္ေနေသာ ပင္စည္သည္ ေဖာင္းပြ၍ အက္ကြဲေၾကာင္းမ်ားကို ေတြ႕ရတတ္သည္။ ပိုးေလာက္‌ေကာင္သည္ အ႐ြက္မ်က္ႏွာျပင္ကို ေႁမြလိမ္ ေႁမြေကာက္ပုံစံ စားသုံးၿပီးေနာက္ ႐ြက္ညွာ မွ တဆင့္ ပင္စည္ထဲသို႔ ဝင္ေရာက္သြားသည္။

ကာကြယ္ႏွိမ္နင္းနည္းမ်ား

၁။ ဖ်က္ဆီးမႈလကၡဏာ ေတြ႕ရေသာ အပင္မ်ားကို ႏွတ္ယူဖ်က္ဆီးပါ။
၂။ မ်ိဳးေစ့အား ( Imidacloprid 70% WP ) ျဖင့္ မ်ိဳးေစ့လူးနယ္စိုက္ပ်ိဳးပါ။
၃။ ေပါင္းႏွင့္ ပတ္ဝန္းက်င္ရွိ ပဲပင္ရိုင္းမ်ားကို ရွင္းလင္းပါ။
၄။ ရိတ္သိမ္းၿပီးေနာက္ အပင္အကြၽင္းအက်န္မ်ားအား ေဆြးေျမ့ေအာင္ျပဳလုပ္ပါ။
၅။ ႏွစ္စဥ္က်ေရာက္ေလ့ရွိေသာ အခင္းမ်ားတြင္ ေျမအစိုဓါတ္ရွိပါက Carbofuran 3G အား တစ္ဧကလ်င္ ( ၅-၆ ) ကီလိုဂရမ္ ႏွန္း ထည့္ေပးပါ။
၆။ အ႐ြက္သစ္ ( True Leaf ) အ႐ြက္ႏွစ္ခြ စတင္ထြက္ရွိခ်ိန္ျဖစ္ေသာ အပင္သက္တမ္း ( ၁၀ - ၁၄ ) ရက္အတြင္း အပင္ေပ်ာက္ျခင္း ေသျခင္း ေတြ႕ရွိပါက ေအာက္ပါ ပင္လုံးျပန႔္ ပိုးသတ္ေဆး တစ္မ်ိဳးမ်ိဳးကို ပက္ဖ်န္းနိုင္ပါသည္။ Carbofuran , Imidacloprid, Acephate, Thiamethoxam

Unicodeပဲတီစိမ်း၊ မတ်ပဲ တို့တွင် ကျရောက်တတ်သော ဖျက်ပိုးများအကြောင်းနှင့် ကာကွယ်နှိမ်နင်းနည်းများ (၅)ပဲဂျပိုးစိမ်းဖျက်ဆီး...
29/01/2021

Unicode

ပဲတီစိမ်း၊ မတ်ပဲ တို့တွင် ကျရောက်တတ်သော ဖျက်ပိုးများအကြောင်းနှင့် ကာကွယ်နှိမ်နင်းနည်းများ (၅)

ပဲဂျပိုးစိမ်း

ဖျက်ဆီးပုံ လက္ခဏာများ

ပဲပင်၏ အစိမ်းရောင်အသီး နှင့် အစေ့များတွင် ကျရောက်တတ်သည်။ အကောင်ကြီးနှင့် ပိုးလောက်ကောင်များသည် အသီးနှင့်အရည် ကို စုပ်ယူစားသုံးသဖြင့် အစေ့အဆန်တည်ရှိမှုကို ထိခိုက်စေသည်။ မှိုရောဂါပိုး ( Nematospora ) ကိုလည်း ကူးဆက်နိုင်သည်။ စုပ်စားသော အနားကွက်သည် ပုပ်သွားပြီး အနက် ( သို့) အညိုရောင်ပျော့ကွက်များဖြစ်နေသည်။

ကာကွယ်နှိမ်နင်းနည်းများ

၁။ ခံနိုင်ရည်ရှိသော မျိုးကို စိုက်ပါ။
၂။ Cypermethrin , Chlorpyifos , Lambda – Cyhaothrim အစရှိသော ဆေးတစ်မျိုးမျိုး ကို ပက်ဖျန်းနိုင်ပါသည်။



Zawgyi

ပဲတီစိမ္း၊ မတ္ပဲ တို႔တြင္ က်ေရာက္တတ္ေသာ ဖ်က္ပိုးမ်ားအေၾကာင္းႏွင့္ ကာကြယ္ႏွိမ္နင္းနည္းမ်ား (၅)

ပဲဂ်ပိဳးစိမ္း

ဖ်က္ဆီးပုံ လကၡဏာမ်ား

ပဲပင္၏ အစိမ္းေရာင္အသီး ႏွင့္ အေစ့မ်ားတြင္ က်ေရာက္တတ္သည္။ အေကာင္ႀကီးႏွင့္ ပိုးေလာက္ေကာင္မ်ားသည္ အသီးႏွင့္အရည္ ကို စုပ္ယူစားသုံးသျဖင့္ အေစ့အဆန္တည္ရွိမႈကို ထိခိုက္ေစသည္။ မွိုေရာဂါပိုး ( Nematospora ) ကိုလည္း ကူးဆက္နိုင္သည္။ စုပ္စားေသာ အနားကြက္သည္ ပုပ္သြားၿပီး အနက္ ( သို႔) အညိုေရာင္ေပ်ာ့ကြက္မ်ားျဖစ္ေနသည္။

ကာကြယ္ႏွိမ္နင္းနည္းမ်ား

၁။ ခံနိုင္ရည္ရွိေသာ မ်ိဳးကို စိုက္ပါ။
၂။ Cypermethrin , Chlorpyifos , Lambda – Cyhaothrim အစရွိေသာ ေဆးတစ္မ်ိဳးမ်ိဳး ကို ပက္ဖ်န္းနိုင္ပါသည္။

Unicodeပဲတီစိမ်း၊ မတ်ပဲ တို့တွင် ကျရောက်တတ်သော ဖျက်ပိုးများအကြောင်းနှင့် ကာကွယ်နှိမ်နင်းနည်းများ (၄)လှေးကျိုင်းဖျက်ဆီးပု...
29/01/2021

Unicode

ပဲတီစိမ်း၊ မတ်ပဲ တို့တွင် ကျရောက်တတ်သော ဖျက်ပိုးများအကြောင်းနှင့် ကာကွယ်နှိမ်နင်းနည်းများ (၄)

လှေးကျိုင်း

ဖျက်ဆီးပုံလက္ခဏာများ

ပိုး‌လောက်ကောင်နှင့် အကောင်ကြီးများသည် နံက်စောစော နှင့် ညနေအေးချိန်တွင် ပဲရွက်များကို ကိုက်ဖြတ်စားသောက်တတ်ပါသည်။ ဖျက်ဆီးခံရသော ပဲရွက်များတွင် ညီညာဝိုင်းစက်သော စက်ဝိုင်းပုံ အပေါက်များဖြစ်နေသည်ကို တွေ့ရတတ်ပါသည်။

ကာကွယ်နှိမ်နင်းနည်းများ
၁။ထယ်ထိုး ထွန်မွှေခြင်း အားဖြင့် ရုပ်ဖုံးများကိုသေစပေါသည်။
၂။ ပေါင်းမြက်များကို သုတ်သင် ရှင်းလင်းပါ။
၃။ ကျရောက်မှုများပါက ထိသေစားသေ ပိုးသတ်ဆေး တစ်မျိုးမျိုး နှင့် နှိမ်နင်းနိုင်ပါသည်။
၄။ ( Chlorpyrifos, Cypermethrin , Emamectin ) အစရှိသော ဆေးတစ်မျိုမျိုး ပက်ဖျန်းပါ။



Zawgyi

ပဲတီစိမ္း၊ မတ္ပဲ တို႔တြင္ က်ေရာက္တတ္ေသာ ဖ်က္ပိုးမ်ားအေၾကာင္းႏွင့္ ကာကြယ္ႏွိမ္နင္းနည္းမ်ား (၄)

ေလွးက်ိဳင္း

ဖ်က္ဆီးပုံလကၡဏာမ်ား

ပိုး‌ေလာက္ေကာင္ႏွင့္ အေကာင္ႀကီးမ်ားသည္ နံက္ေစာေစာ ႏွင့္ ညေနေအးခ်ိန္တြင္ ပဲ႐ြက္မ်ားကို ကိုက္ျဖတ္စားေသာက္တတ္ပါသည္။ ဖ်က္ဆီးခံရေသာ ပဲ႐ြက္မ်ားတြင္ ညီညာဝိုင္းစက္ေသာ စက္ဝိုင္းပုံ အေပါက္မ်ားျဖစ္ေနသည္ကို ေတြ႕ရတတ္ပါသည္။

ကာကြယ္ႏွိမ္နင္းနည္းမ်ား
၁။ထယ္ထိုး ထြန္ေမႊျခင္း အားျဖင့္ ႐ုပ္ဖုံးမ်ားကိုေသစေပါသည္။
၂။ ေပါင္းျမက္မ်ားကို သုတ္သင္ ရွင္းလင္းပါ။
၃။ က်ေရာက္မႈမ်ားပါက ထိေသစားေသ ပိုးသတ္ေဆး တစ္မ်ိဳးမ်ိဳး ႏွင့္ ႏွိမ္နင္းနိုင္ပါသည္။
၄။ ( Chlorpyrifos, Cypermethrin , Emamectin ) အစရွိေသာ ေဆးတစ္မ်ိဳမ်ိဳး ပက္ဖ်န္းပါ။

Network Marketing Limited ရုံးချုပ်နှင့် ရန်ကုန်ရုံးခွဲတို့၏ ရုံးလိပ်စာပြောင်းလဲမှုအား အသိပေးကြေညာခြင်း 📣
19/01/2021

Network Marketing Limited ရုံးချုပ်နှင့် ရန်ကုန်ရုံးခွဲတို့၏ ရုံးလိပ်စာပြောင်းလဲမှုအား အသိပေးကြေညာခြင်း 📣

Unicodeပဲတီစိမ်း၊ မတ်ပဲ တို့တွင် ကျရောက်တတ်သော ဖျက်ပိုးများအကြောင်းနှင့် ကာကွယ်နှိမ်နင်းနည်းများ (၃)သီးလုံးဖောက်ပိုးဖျက်...
18/01/2021

Unicode

ပဲတီစိမ်း၊ မတ်ပဲ တို့တွင် ကျရောက်တတ်သော ဖျက်ပိုးများအကြောင်းနှင့် ကာကွယ်နှိမ်နင်းနည်းများ (၃)

သီးလုံးဖောက်ပိုး

ဖျက်ဆီးပုံ လက္ခဏာများ

အရွက် ၊ အဖူး ၊ အပွင့် နှင့် အသီး တို့ကို ပိုးလောက်ကောင်ဘဝတွင် ကိုက်ဖြတ်ဖျက်ဆီးသည်။ အရွက်များတွင် စကာပေါက်ကျ၍ အရွက်ကြောများသာ ကျန်သည်အထိ ဖျက်ဆီး၍ အဖူး ၊ အပွင့်၊ အသီးများ ပဲ့နေခြင်း ၊ပြတ်နေခြင်းကို တွေ့ရှိရတတ်သည်။ ပိုးလောက်ကောင်၏ ဦးခေါင်းပိုင်းနှင့် ခန္ဓာကိုယ် ထက်ဝက်ခန့်သည် အသီးအတွင်းသို့ ဝင်ရောက် စားသောက်တတ်ပါသည်။ ပိုးလောက်ကောင်တို့၏ စွန့်ပစ်သော စိမ်းမဲရောင် ပိုးချေးများကို ဖျက်ဆီးခံရသော အပင်အစိတ်အပိုင်း အနီးတစ်ဝိုက်တွင် ထင်ရှားစွာတွေ့ရှိရတတ်သည်။

ကာကွယ်နှိမ်နင်းနည်းများ

၁။ မြေကွက်အား ပေါင်းမြက်များနှင့် ခိုအောင်းနေသော ရုပ်ဖုံးများ နှင့် ပိုးလောက်ကောင်များကို ထယ်ထိုးထွန်မွှေ၍ ဖျက်ဆီးပါ။

၂။ အပင်ပေါ်ရှိ ဥများ ၊ ပိုးလောက်ကောင်များကို လက်နှင့် ကောက်ယူဖျက်ဆီးပါ။

၃။မီးထောင်ချောက်ထွန်း၍ ဖလံများကို ဖမ်းယူဖျက်ဆီးပါ။

၄။ မြေပြင်ချိန်တွင် Carbofuran 3G ( or ) Diazinon 10G အား တစ်ဧကလျှင် ( ၃-၆ ) ကီလို နှုန်းထည့်ပေးပါ။

၅။ ပဲခင်းတွင် ထရိုင်ဂို ဂရားမား ဥကပ်ပါးနဂျီ ( Trichogramma ) ကို တစ်ဧကလျှင် တစ်ကြိမ် ဥကဒ် ( ၄၀ ) နုန်းဖြင့် စိုက်ပြီး ( ၁၀ ) ရက် သားတွင် တစ်ကြိမ် ( ၂၅ ) ရက်သားတွင် တစ်ကြိမ် ၊ ( ၃၅ ) ရက်သားတွင် တစ်ကြိမ် စုစုပေါင်း သုံးကြိမ် လွှတ်ပေးရပါမည်။

၆။ ( Chlorpyrifos, Lambda-Cyhalothrim , Imidacloprid, Acetamiprid, Acephate, etc…စသော ပိုးသတ်ဆေးတစ်မျိုးမျိုးအား ပက်ဖျန်းနိုင်ပါသည်။



Zawgyi

ပဲတီစိမ္း၊ မတ္ပဲ တို႔တြင္ က်ေရာက္တတ္ေသာ ဖ်က္ပိုးမ်ားအေၾကာင္းႏွင့္ ကာကြယ္ႏွိမ္နင္းနည္းမ်ား (၃)

သီးလုံးေဖာက္ပိုး

ဖ်က္ဆီးပုံ လကၡဏာမ်ား

အ႐ြက္ ၊ အဖူး ၊ အပြင့္ ႏွင့္ အသီး တို႔ကို ပိုးေလာက္ေကာင္ဘဝတြင္ ကိုက္ျဖတ္ဖ်က္ဆီးသည္။ အ႐ြက္မ်ားတြင္ စကာေပါက္က်၍ အ႐ြက္ေၾကာမ်ားသာ က်န္သည္အထိ ဖ်က္ဆီး၍ အဖူး ၊ အပြင့္၊ အသီးမ်ား ပဲ့ေနျခင္း ၊ျပတ္ေနျခင္းကို ေတြ႕ရွိရတတ္သည္။ ပိုးေလာက္ေကာင္၏ ဦးေခါင္းပိုင္းႏွင့္ ခႏၶာကိုယ္ ထက္ဝက္ခန႔္သည္ အသီးအတြင္းသို႔ ဝင္ေရာက္ စားေသာက္တတ္ပါသည္။ ပိုးေလာက္ေကာင္တို႔၏ စြန႔္ပစ္ေသာ စိမ္းမဲေရာင္ ပိုးေခ်းမ်ားကို ဖ်က္ဆီးခံရေသာ အပင္အစိတ္အပိုင္း အနီးတစ္ဝိုက္တြင္ ထင္ရွားစြာေတြ႕ရွိရတတ္သည္။

ကာကြယ္ႏွိမ္နင္းနည္းမ်ား

၁။ ေျမကြက္အား ေပါင္းျမက္မ်ားႏွင့္ ခိုေအာင္းေနေသာ ႐ုပ္ဖုံးမ်ား ႏွင့္ ပိုးေလာက္ေကာင္မ်ားကို ထယ္ထိုးထြန္ေမႊ၍ ဖ်က္ဆီးပါ။

၂။ အပင္ေပၚရွိ ဥမ်ား ၊ ပိုးေလာက္ေကာင္မ်ားကို လက္ႏွင့္ ေကာက္ယူဖ်က္ဆီးပါ။

၃။မီးေထာင္ေခ်ာက္ထြန္း၍ ဖလံမ်ားကို ဖမ္းယူဖ်က္ဆီးပါ။

၄။ ေျမျပင္ခ်ိန္တြင္ Carbofuran 3G ( or ) Diazinon 10G အား တစ္ဧကလွ်င္ ( ၃-၆ ) ကီလို ႏႈန္းထည့္ေပးပါ။

၅။ ပဲခင္းတြင္ ထရိုင္ဂို ဂရားမား ဥကပ္ပါးနဂ်ီ ( Trichogramma ) ကို တစ္ဧကလွ်င္ တစ္ႀကိမ္ ဥကဒ္ ( ၄၀ ) ႏုန္းျဖင့္ စိုက္ၿပီး ( ၁၀ ) ရက္ သားတြင္ တစ္ႀကိမ္ ( ၂၅ ) ရက္သားတြင္ တစ္ႀကိမ္ ၊ ( ၃၅ ) ရက္သားတြင္ တစ္ႀကိမ္ စုစုေပါင္း သုံးႀကိမ္ လႊတ္ေပးရပါမည္။

၆။ ( Chlorpyrifos, Lambda-Cyhalothrim , Imidacloprid, Acetamiprid, Acephate, etc…စေသာ ပိုးသတ္ေဆးတစ္မ်ိဳးမ်ိဳးအား ပက္ဖ်န္းနိုင္ပါသည္။

Unicodeပဲတီစိမ်း၊ မတ်ပဲ တို့တွင် ကျရောက်တတ်သော ဖျက်ပိုးများအကြောင်းနှင့် ကာကွယ်နှိမ်နင်းနည်းများ (၂)ပဲတောင့်ထိုးပိုးဖျက်...
18/01/2021

Unicode

ပဲတီစိမ်း၊ မတ်ပဲ တို့တွင် ကျရောက်တတ်သော ဖျက်ပိုးများအကြောင်းနှင့် ကာကွယ်နှိမ်နင်းနည်းများ (၂)

ပဲတောင့်ထိုးပိုး

ဖျက်ဆီးပုံလ္ခဏာများ

အရွက်၊အဖူး နှင့် အပွင့် တို့ကို လောက်ကောင်၏ ပါးစပ်မှ ထုတ်သော ချည်မျှင်ဖြင့် လုံးထွေးလျက် စားသောက်ဖျက်ဆီးတတ်ပါသည်။ ပိုးပေါက်ဖြစ်နေသော အသီးတောင့် ကို ခွဲကြည့် ပါက ပဲစေ့ကို စားသောက်နေသော ပိုးလောက်ကောင်ကို တွေ့ရှိရတတ်ပါသည်။ ယင်းအပေါက်၏ ဘေးပတ်လည်တွင် ပိုးလောက်ကောင်စွန့်ပစ်ထားသော ပိုးချေးများကို တွေ့ရနိုင်ပါသည်။

ကာကွယ်နှိမ်နင်းနည်းများ

၁။ ပိုးချည်နှင့် လုံးထွေးနေသော အပင်အစိတ်ပိုင်းများနှင့် ပိုးပေါက်တွေ့ရှိရသော အသီးတောင့်များအား ခူးယူဖျက်ဆီးပါ။

၂။ အညွှန့် အဖူး ဝင်ချိန် ကတည်းက ထိသေ၊စားသေ ( သို့ ) ပင်လုံးပြန့် ပိုးသတ်ဆေးတစ်မျိုးမျိုးဖြင့် ပက်ဖျန်းပါ။

၃။ ခူးဆွတ်ခါနီးအချိန်တွင် ဓါတု ပိုးသတ်ဆေးမဖျန်းရ၊တမာ ပိုးသတ်ဆေးကိုလည်း ပက်ဖျန်းနိုင်ပါသည်။

၄။ပိုးသတ်ဆေး ခံနိုင်ရည်ရှိသော ဖျက်ပိုးဖြစ်သဖြင့် ဆေးကိုအလှည့်ကျ သုံးစွဲပါ။

၅။ ( Chlorpyrifos, Lamda-Cyhalothrim, Imidachloprid, Acetamiprid , Acephate ) အစရှိသော ပိုးသတ်ဆေးများကို လည်း အသုံးပြု ပက်ဖျန်းနိုင်ပါသည်။



Zawgyi

ပဲတီစိမ္း၊ မတ္ပဲ တို႔တြင္ က်ေရာက္တတ္ေသာ ဖ်က္ပိုးမ်ားအေၾကာင္းႏွင့္ ကာကြယ္ႏွိမ္နင္းနည္းမ်ား (၂)

ပဲေတာင့္ထိုးပိုး

ဖ်က္ဆီးပုံလၡဏာမ်ား

အ႐ြက္၊အဖူး ႏွင့္ အပြင့္ တို႔ကို ေလာက္ေကာင္၏ ပါးစပ္မွ ထုတ္ေသာ ခ်ည္မွ်င္ျဖင့္ လုံးေထြးလ်က္ စားေသာက္ဖ်က္ဆီးတတ္ပါသည္။ ပိုးေပါက္ျဖစ္ေနေသာ အသီးေတာင့္ ကို ခြဲၾကည့္ ပါက ပဲေစ့ကို စားေသာက္ေနေသာ ပိုးေလာက္ေကာင္ကို ေတြ႕ရွိရတတ္ပါသည္။ ယင္းအေပါက္၏ ေဘးပတ္လည္တြင္ ပိုးေလာက္ေကာင္စြန႔္ပစ္ထားေသာ ပိုးေခ်းမ်ားကို ေတြ႕ရနိုင္ပါသည္။

ကာကြယ္ႏွိမ္နင္းနည္းမ်ား

၁။ ပိုးခ်ည္ႏွင့္ လုံးေထြးေနေသာ အပင္အစိတ္ပိုင္းမ်ားႏွင့္ ပိုးေပါက္ေတြ႕ရွိရေသာ အသီးေတာင့္မ်ားအား ခူးယူဖ်က္ဆီးပါ။

၂။ အၫႊန႔္ အဖူး ဝင္ခ်ိန္ ကတည္းက ထိေသ၊စားေသ ( သို႔ ) ပင္လုံးျပန႔္ ပိုးသတ္ေဆးတစ္မ်ိဳးမ်ိဳးျဖင့္ ပက္ဖ်န္းပါ။

၃။ ခူးဆြတ္ခါနီးအခ်ိန္တြင္ ဓါတု ပိုးသတ္ေဆးမဖ်န္းရ၊တမာ ပိုးသတ္ေဆးကိုလည္း ပက္ဖ်န္းနိုင္ပါသည္။

၄။ပိုးသတ္ေဆး ခံနိုင္ရည္ရွိေသာ ဖ်က္ပိုးျဖစ္သျဖင့္ ေဆးကိုအလွည့္က် သုံးစြဲပါ။

၅။ ( Chlorpyrifos, Lamda-Cyhalothrim, Imidachloprid, Acetamiprid , Acephate ) အစရွိေသာ ပိုးသတ္ေဆးမ်ားကို လည္း အသုံးျပဳ ပက္ဖ်န္းနိုင္ပါသည္။

Unicodeပဲတီစိမ်း၊ မတ်ပဲ တို့တွင် ကျရောက်တတ်သော ဖျက်ပိုးများအကြောင်းနှင့် ကာကွယ်နှိမ်နင်းနည်းများ (၁)ပျပိုးဖျက်ဆီးပုံလက္ခ...
18/01/2021

Unicode

ပဲတီစိမ်း၊ မတ်ပဲ တို့တွင် ကျရောက်တတ်သော ဖျက်ပိုးများအကြောင်းနှင့် ကာကွယ်နှိမ်နင်းနည်းများ (၁)

ပျပိုး

ဖျက်ဆီးပုံလက္ခဏာများ

ပဲအပင်ပေါက် ( ၂-၄ ) ပတ် အတွင်း ဆိုးရွားစွာကျ‌ရောက်နိုင်ပါသည်။ အရွက်နှင့် အညွှန့်များသည် ပျပိုးအကောင်ငယ်နှင့် အကောင်ကြီးများစုဝေးစားသောက်မှုကြောင့် တွန့်လိမ်ကာ ပုံစံပျက်ယွင်းပြီး ကြီးထွားမှုဖြစ်ပေါ်ခြင်းကို ဟန့်တားပါသည်။ ပျပိုးတို့သည် အချိုရည်စစ်ထုတ်ခြင်းကြောင့် ပုရွတ်ဆိတ်များကိုလည်း တွေ့ရတတ်ပါသည်။ ပျပိုးကြောင့် အပင်ကိုထိခိုက်မှုမရှိစေဘဲ ရောဂါပိုး သယ်ဆောင်မှုသာအဓိကဖြစ်ပါသည်။

ကာကွယ်နှိမ်နင်းနည်းများ

၁။ ပတ်ဝန်းကျင်ရှိ ပဲမျိုးရင်းဝင်အပင်များနှင့် ပေါင်းမြက်များကိုရှင်းလင်းပါ။

၂။ ခံနိုင်ရည်ရှိသော မျိုးကို ရွေးချယ်စိုက်ပျိုးပါ။

၃။ ပိုမိုကျရောက်ပါက ပင်လုံးပြန့်ပိုးသတ်ဆေး ( Acetamiprid, Imidacloprid, Acephate) တစ်မျိုးမျိုးပက်ဖျန်းနိုင်ပါသည်။

၄။ အပင်များကို စောလျင်စွာ စိုက်ပျိုးပါက ပျပိုးကျရောက်မှုကို ကျဆင်းစေပါသည်။

၅။ အပင်သက်တမ်း ၁၅ - ၃၀ ရက်အတွင်း သစ်သား ဒလိမ့်ကို နွားဖြင့် ဆွဲခြင်းဖြင့် ကာကွယ်နိုင်ပါသည်။

၆။ နံက် စောစော နေမထွက်မီအချိန်တွင် စိုက်ခင်းပတ်ဝန်းကျင် လေတင်ဘက်မှ မီးခိုးမှိုင်းတိုက်ပေးခြင်းဖြင့် ပျ ပိုးကျရောက်မှုကို သက်သာစေပါသည်။



Zawgyi

ပဲတီစိမ္း၊ မတ္ပဲ တို႔တြင္ က်ေရာက္တတ္ေသာ ဖ်က္ပိုးမ်ားအေၾကာင္းႏွင့္ ကာကြယ္ႏွိမ္နင္းနည္းမ်ား (၁)

ပ်ပိဳး

ဖ်က္ဆီးပုံလကၡဏာမ်ား

ပဲအပင္ေပါက္ ( ၂-၄ ) ပတ္ အတြင္း ဆိုး႐ြားစြာက်‌ေရာက္နိုင္ပါသည္။ အ႐ြက္ႏွင့္ အၫႊန႔္မ်ားသည္ ပ်ပိဳးအေကာင္ငယ္ႏွင့္ အေကာင္ႀကီးမ်ားစုေဝးစားေသာက္မႈေၾကာင့္ တြန႔္လိမ္ကာ ပုံစံပ်က္ယြင္းၿပီး ႀကီးထြားမႈျဖစ္ေပၚျခင္းကို ဟန႔္တားပါသည္။ ပ်ပိဳးတို႔သည္ အခ်ိဳရည္စစ္ထုတ္ျခင္းေၾကာင့္ ပု႐ြတ္ဆိတ္မ်ားကိုလည္း ေတြ႕ရတတ္ပါသည္။ ပ်ပိဳးေၾကာင့္ အပင္ကိုထိခိုက္မႈမရွိေစဘဲ ေရာဂါပိုး သယ္ေဆာင္မႈသာအဓိကျဖစ္ပါသည္။

ကာကြယ္ႏွိမ္နင္းနည္းမ်ား

၁။ ပတ္ဝန္းက်င္ရွိ ပဲမ်ိဳးရင္းဝင္အပင္မ်ားႏွင့္ ေပါင္းျမက္မ်ားကိုရွင္းလင္းပါ။

၂။ ခံနိုင္ရည္ရွိေသာ မ်ိဳးကို ေ႐ြးခ်ယ္စိုက္ပ်ိဳးပါ။

၃။ ပိုမိုက်ေရာက္ပါက ပင္လုံးျပန႔္ပိုးသတ္ေဆး ( Acetamiprid, Imidacloprid, Acephate) တစ္မ်ိဳးမ်ိဳးပက္ဖ်န္းနိုင္ပါသည္။

၄။ အပင္မ်ားကို ေစာလ်င္စြာ စိုက္ပ်ိဳးပါက ပ်ပိဳးက်ေရာက္မႈကို က်ဆင္းေစပါသည္။

၅။ အပင္သက္တမ္း ၁၅ - ၃၀ ရက္အတြင္း သစ္သား ဒလိမ့္ကို ႏြားျဖင့္ ဆြဲျခင္းျဖင့္ ကာကြယ္နိုင္ပါသည္။

၆။ နံက္ ေစာေစာ ေနမထြက္မီအခ်ိန္တြင္ စိုက္ခင္းပတ္ဝန္းက်င္ ေလတင္ဘက္မွ မီးခိုးမွိုင္းတိုက္ေပးျခင္းျဖင့္ ပ် ပိုးက်ေရာက္မႈကို သက္သာေစပါသည္။

12/01/2021

ပင်စိမ်းတံဆိပ်စိုက်ပျိုးရေးဆေးများ အသုံးပြုသော တောင်သူဦးကြီးများ၏ ရင်တွင်းစကားများ (၂)

12/01/2021

ပင်စိမ်းတံဆိပ်စိုက်ပျိုးရေးဆေးများ အသုံးပြုသော တောင်သူဦးကြီးများ၏ ရင်တွင်းစကားများ (၁)

ပင်စိမ်း ပေါင်းမာစတာစပါးရွေးချယ်ပေါင်းသတ်ဆေးUnicodeပင်စိမ်း ပေါင်းမာစတာ သည် စပါးရွေးချယ်ပေါင်းသတ်ဆေးဖြစ်ပြီး စပါးတိုက်ရိ...
06/01/2021

ပင်စိမ်း ပေါင်းမာစတာ

စပါးရွေးချယ်ပေါင်းသတ်ဆေး

Unicode

ပင်စိမ်း ပေါင်းမာစတာ သည် စပါးရွေးချယ်ပေါင်းသတ်ဆေးဖြစ်ပြီး စပါးတိုက်ရိုက်အစေ့ချ ကြဲခင်း ၊ ရွှေ့ ပြောင်းစိုက်ခင်း ( ၂ ) မျိုးလုံးတွင် အသုံးပြုနိုင်ပါသည်။ စပါးကြဲခင်းတွင် ပေါင်းပင်စပေါက်ပြီး ( ၁၀ ရက် မှ ၂၅ ရက် ) အတွင်းနှင့် ရွှေ့ပြောင်းစိုက်ခင်းတွင် ပေါင်းပင်စပေါက်ပြီး ( ၁၀ ရက် မှ ၁၅ ရက် ) အတွင်း အသုံးပြုနိုင်ပါသည်။

ပေါင်းပင်ပေါက်ပြီး မှ အသုံးပြုရသော ရွေးချယ်ပေါင်းသတ်ဆေးဖြစ်ပြီး ဆေး ( ၃ ) မျိုးပေါင်းစပ်ထားခြင်းကြောင့် မြက်မုန့်ညင်း အုပ်စုဝင်ပေါင်းများ ၊ မြက်အုပ်စုဝင် ပေါင်းများ ၊ ရွက်ပြန့်ပေါင်းများ အားလုံးကိုနှိမ်နင်းနိုင်သော အစွမ်းထက် စပါးရွေးချယ်ပေါင်းသတ်ဆေးဖြစ်ပါသည်။

တစ်ကြိမ်သုံးရုံဖြင့် သီးနှံခင်းတွင် တစ်ရာသီလုံး ပေါင်းကင်းစင်စေမည့် ပင်စိမ်း ပေါင်းမာစတာ စပါးရွေးချယ်ပေါင်းသတ်ဆေးဖြစ်ပါသည်။

ပင်စိမ်း ပေါင်းမာစတာ 100g တစ်ထုပ်တွင် ( 20g ) အထုပ်ငယ် ( 5 )ထုပ် ပါဝင်သောကြောင့် သုံးစွဲရလွယ်ကူပြီး အချိန်ကုန် သက်သာပြီး ၊ပေါင်းအားလုံးကင်းစင် စေမည့် ပင်စိမ်း ပေါင်းမာစတာ အား ကျွန်တော်များ Bloom Trading and Manufacturing Group Limited မှ တောင်သူဦးကြီးများ ၏ အကျိုးအား ရှေးရှုပြီး မိတ်ဆက်ပေးရခြင်းဖြစ်ပါသည်။

ပေါင်းကင်းစင် ၍ အထွက်ထိုးအောင် ပင်စိမ်း ပေါင်းမာစတာ ကိုဆောင်......

Zawgyi

ပင္စိမ္း ေပါင္းမာစတာ သည္ စပါးေ႐ြးခ်ယ္ေပါင္းသတ္ေဆးျဖစ္ၿပီး စပါးတိုက္ရိုက္အေစ့ခ် ႀကဲခင္း ၊ ေ႐ႊ႕ ေျပာင္းစိုက္ခင္း ( ၂ ) မ်ိဳးလုံးတြင္ အသုံးျပဳနိုင္ပါသည္။ စပါးႀကဲခင္းတြင္ ေပါင္းပင္စေပါက္ၿပီး ( ၁၀ ရက္ မွ ၂၅ ရက္ ) အတြင္းႏွင့္ ေ႐ႊ႕ေျပာင္းစိုက္ခင္းတြင္ ေပါင္းပင္စေပါက္ၿပီး ( ၁၀ ရက္ မွ ၁၅ ရက္ ) အတြင္း အသုံးျပဳနိုင္ပါသည္။

ေပါင္းပင္ေပါက္ၿပီး မွ အသုံးျပဳရေသာ ေ႐ြးခ်ယ္ေပါင္းသတ္ေဆးျဖစ္ၿပီး ေဆး ( ၃ ) မ်ိဳးေပါင္းစပ္ထားျခင္းေၾကာင့္ ျမက္မုန႔္ညင္း အုပ္စုဝင္ေပါင္းမ်ား ၊ ျမက္အုပ္စုဝင္ ေပါင္းမ်ား ၊ ႐ြက္ျပန႔္ေပါင္းမ်ား အားလုံးကိုႏွိမ္နင္းနိုင္ေသာ အစြမ္းထက္ စပါးေ႐ြးခ်ယ္ေပါင္းသတ္ေဆးျဖစ္ပါသည္။

တစ္ႀကိမ္သုံး႐ုံျဖင့္ သီးႏွံခင္းတြင္ တစ္ရာသီလုံး ေပါင္းကင္းစင္ေစမည့္ ပင္စိမ္း ေပါင္းမာစတာ စပါးေ႐ြးခ်ယ္ေပါင္းသတ္ေဆးျဖစ္ပါသည္။

ပင္စိမ္း ေပါင္းမာစတာ 100g တစ္ထုပ္တြင္ ( 20g ) အထုပ္ငယ္ ( 5 )ထုပ္ ပါဝင္ေသာေၾကာင့္ သုံးစြဲရလြယ္ကူၿပီး အခ်ိန္ကုန္ သက္သာၿပီး ၊ေပါင္းအားလုံးကင္းစင္ ေစမည့္ ပင္စိမ္း ေပါင္းမာစတာ အား ကြၽန္ေတာ္မ်ား Bloom Trading and Manufacturing Group Limited မွ ေတာင္သူဦးႀကီးမ်ား ၏ အက်ိဳးအား ေရွးရႈၿပီး မိတ္ဆက္ေပးရျခင္းျဖစ္ပါသည္။

ေပါင္းကင္းစင္ ၍ အထြက္ထိုးေအာင္ ပင္စိမ္း ေပါင္းမာစတာ ကိုေဆာင္......

Unicodeမတ်ပဲ ၊ ပဲတီစိမ်း ခင်းထဲက ပေါင်းမြက်အားလုံး ရှင်းလင်းဖို့ ပင်စိမ်း ပေါင်းစတား နှင့် QZP ရွေးချယ်ပေါင်းသတ်ဆေး လာပါ...
31/12/2020

Unicode

မတ်ပဲ ၊ ပဲတီစိမ်း ခင်းထဲက ပေါင်းမြက်အားလုံး ရှင်းလင်းဖို့ ပင်စိမ်း ပေါင်းစတား နှင့် QZP ရွေးချယ်ပေါင်းသတ်ဆေး လာပါပြီ....

မတ်ပဲ ၊ပဲတီစိမ်း စိုက်ပျိုးသော တောင်သူဦးကြီးများအတွက် အကောင်းဆုံး ရွေးချယ်ပေါင်းသတ်ဆေး ဖြစ်သော ပင်စိမ်း ပေါင်းစတား ( Formesafen 25% SL ) နှင့် ပင်စိမ်း QZP ( Quizalofop-P-Ethyl 10% EC ) အား မိတ်ဆက်ပေးပါရစေ ...

ပင်စိမ်း ပေါင်းစတား နှင့် ပင်စိမ်း QZP အား ပက်ဖျန်းခြင်းအား ဖြင့် မတ်ပဲ ၊ပဲတီစိမ်း ခင်းထဲမှ ရွက်ပြန့်ပေါင်း များ နှင့် ရွက်ချွန်းပေါင်းမြက်များအား အထိရောက်ဆုံး နှိမ်နင်းနိုင်သော အစွမ်းထက် ပေါင်းသတ်ဆေး ဖြစ်ပါသည်။

အသုံးပြုရမည့်အချိန်
ပေါင်းပင် ( ၂ ရွက်မှ ၄ ရွက် )ထွက်ချိန်မှ စ၍ ပေါင်းပင်ကြီးထွားချိန်အထိ အသုံးပြုနိုင်ပါသည်။

အသုံးပြုရမည့် နှုန်းထား
ပင်စိမ်းပေါင်းစတား အား ( ၄ ) ဂါလံ ဆေးဖျန်းပုံးတစ်ပုံးလျင် ၅၀ စီစီ မှ ၈၀ စီစီ အထိ ထည့်သွင်းအသုံးပြုနိုင်ပြီး ၊ ပင်စိမ်း QZP ကိုတော့ ( ၄ ) ဂါလံ ဆေးဖျန်းပုံး တစ်ပုံးလျင် ၃၀ စီစီ မှ ၅၀ စီစီ အထိ ထည့်သွင်းအသုံးပြုနိုင်ပါသည်။ စိုက်ဧက ( ၁ )ဧက လျင် ဆေးဖျန်းပုံး ( ၅ ပုံး မှ ၆ ပုံး ) အထိအသုံးပြု ဖျန်းပက်နိုင်ပါသည်။ တောင်သူဦးကြီးများ သုံးရလွယ်ကူစေရန် ပင်စိမ်း QZP အား ( ၃၀ စီစီ ) ဆေးပုလင်းပုံစံများဖြင့် ထုတ်လုပ်ထားကြောင်း သတင်းကောင်းပါးအပ်ပါသည်။

သတိပြုရန်အချက်များ
မြေအမျိုးအစားပေါ် မူတည်၍ ဆေးနှုန်းထား ပြောင်းလဲ အသုံးပြုရန် လိုအပ်ပါသည်။
ရွှံစေးပါဝင်မှုများသော မြေတွင် ဆေးနှုန်းထားအားမြှင့်၍ အသုံးပြုရပါမည်။
ရွှံစေးပါဝင်မှုနည်းသော မြေတွင် ဆေးနှုန်းထား အနည်းငယ်သာ အသုံးပြုရမည်ဖြစ်ပါသည်။
သီးနှံပင် လောင်ကျွမ်းမှုမရှိစေရန် အတွက် ပူပြင်းခြောက်သွေ့ချိန် ၊ စိုထိုင်းဆ နည်းနေချိန် များတွင် ဆေးဖျန်းခြင်းအား ရှောင်ကြဥ်ရမည်ဖြစ်ပါသည်။

အမြို့မြို့ အနယ်မှ တောင်သူဦးကြီးများ ပေါင်းမြက်ကင်းစင်၍ သီးနှံအထွက်ကောင်းမွန်ပြီး စီးပွားဥစ္စာ တိုးတက်ပါစေကြောင်း ပင်စိမ်း ကုမ္ပဏီ က ဆုမွန်ကောင်း တောင်းလိုက်ပါရစေ .....

Zawgyi

မတ္ပဲ ၊ ပဲတီစိမ္း ခင္းထဲက ေပါင္းျမက္အားလုံး ရွင္းလင္းဖို႔ ပင္စိမ္း ေပါင္းစတား ႏွင့္ QZP ေ႐ြးခ်ယ္ေပါင္းသတ္ေဆး လာပါၿပီ....

မတ္ပဲ ၊ပဲတီစိမ္း စိုက္ပ်ိဳးေသာ ေတာင္သူဦးႀကီးမ်ားအတြက္ အေကာင္းဆုံး ေ႐ြးခ်ယ္ေပါင္းသတ္ေဆး ျဖစ္ေသာ ပင္စိမ္း ေပါင္းစတား ( Formesafen 25% SL ) ႏွင့္ ပင္စိမ္း QZP ( Quizalofop-P-Ethyl 10% EC ) အား မိတ္ဆက္ေပးပါရေစ ...

ပင္စိမ္း ေပါင္းစတား ႏွင့္ ပင္စိမ္း QZP အား ပက္ဖ်န္းျခင္းအား ျဖင့္ မတ္ပဲ ၊ပဲတီစိမ္း ခင္းထဲမွ ႐ြက္ျပန႔္ေပါင္း မ်ား ႏွင့္ ႐ြက္ခြၽန္းေပါင္းျမက္မ်ားအား အထိေရာက္ဆုံး ႏွိမ္နင္းနိုင္ေသာ အစြမ္းထက္ ေပါင္းသတ္ေဆး ျဖစ္ပါသည္။

အသုံးျပဳရမည့္အခ်ိန္
ေပါင္းပင္ ( ၂ ႐ြက္မွ ၄ ႐ြက္ )ထြက္ခ်ိန္မွ စ၍ ေပါင္းပင္ႀကီးထြားခ်ိန္အထိ အသုံးျပဳနိုင္ပါသည္။

အသုံးျပဳရမည့္ ႏႈန္းထား
ပင္စိမ္းေပါင္းစတား အား ( ၄ ) ဂါလံ ေဆးဖ်န္းပုံးတစ္ပုံးလ်င္ ၅၀ စီစီ မွ ၈၀ စီစီ အထိ ထည့္သြင္းအသုံးျပဳနိုင္ၿပီး ၊ ပင္စိမ္း QZP ကိုေတာ့ ( ၄ ) ဂါလံ ေဆးဖ်န္းပုံး တစ္ပုံးလ်င္ ၃၀ စီစီ မွ ၅၀ စီစီ အထိ ထည့္သြင္းအသုံးျပဳနိုင္ပါသည္။ စိုက္ဧက ( ၁ )ဧက လ်င္ ေဆးဖ်န္းပုံး ( ၅ ပုံး မွ ၆ ပုံး ) အထိအသုံးျပဳ ဖ်န္းပက္နိုင္ပါသည္။ ေတာင္သူဦးႀကီးမ်ား သုံးရလြယ္ကူေစရန္ ပင္စိမ္း QZP အား ( ၃၀ စီစီ ) ေဆးပုလင္းပုံစံမ်ားျဖင့္ ထုတ္လုပ္ထားေၾကာင္း သတင္းေကာင္းပါးအပ္ပါသည္။

သတိျပဳရန္အခ်က္မ်ား
ေျမအမ်ိဳးအစားေပၚ မူတည္၍ ေဆးႏႈန္းထား ေျပာင္းလဲ အသုံးျပဳရန္ လိုအပ္ပါသည္။
႐ႊံေစးပါဝင္မႈမ်ားေသာ ေျမတြင္ ေဆးႏႈန္းထားအားျမႇင့္၍ အသုံးျပဳရပါမည္။
႐ႊံေစးပါဝင္မႈနည္းေသာ ေျမတြင္ ေဆးႏႈန္းထား အနည္းငယ္သာ အသုံးျပဳရမည္ျဖစ္ပါသည္။
သီးႏွံပင္ ေလာင္ကြၽမ္းမႈမရွိေစရန္ အတြက္ ပူျပင္းေျခာက္ေသြ႕ခ်ိန္ ၊ စိုထိုင္းဆ နည္းေနခ်ိန္ မ်ားတြင္ ေဆးဖ်န္းျခင္းအား ေရွာင္ၾကဥ္ရမည္ျဖစ္ပါသည္။

အၿမိဳ႕ၿမိဳ႕ အနယ္မွ ေတာင္သူဦးႀကီးမ်ား ေပါင္းျမက္ကင္းစင္၍ သီးႏွံအထြက္ေကာင္းမြန္ၿပီး စီးပြားဥစၥာ တိုးတက္ပါေစေၾကာင္း ပင္စိမ္း ကုမၸဏီ က ဆုမြန္ေကာင္း ေတာင္းလိုက္ပါရေစ .....

Address

No. 103, Lower Mingalardon Road, East Ywa Ma Ward, Insein Township
Yangon
11012

Opening Hours

Monday 09:00 - 17:30
Tuesday 09:00 - 17:30
Wednesday 09:00 - 17:30
Thursday 09:00 - 17:30
Friday 09:00 - 17:30
Saturday 09:00 - 17:30

Telephone

01526628

Website

Alerts

Be the first to know and let us send you an email when Network Marketing Limited - Agro Chemical Division posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share