Printcity Myanmar

Printcity Myanmar One-stop Printing Service

ဒီကနေ့ ရန်ကုန်ရောက် မန္တလေးသားနှစ်ယောက်နဲ့ ဧည့်သည် မန္တလေးသားတို့ မန္တလေးသားတွေဖွင့်ထားတဲ့ Classic Mandalay မှာ ချိန်းပြ...
09/09/2024

ဒီကနေ့ ရန်ကုန်ရောက် မန္တလေးသားနှစ်ယောက်နဲ့ ဧည့်သည် မန္တလေးသားတို့ မန္တလေးသားတွေဖွင့်ထားတဲ့ Classic Mandalay မှာ ချိန်းပြီး လက်ဖက်ရည်သောက်ကြပါတယ်။

ရန်ကုန်ရောက်နေတဲ့ မန္တလေးသားနှစ်ယောက် ကျွန်တော်နဲ့ အစ်ကိုကြီးကိုမျိုးညွန့်တို့က ဖားသားလဖုန်းကျောင်းသားတွေဖြစ်ပြီး မန္တလေးသားဧည့်သည်ကတော့ ကိုစိန်မြင့် (ရွှေချည်ထိုး) စိန်ပီတာကျောင်းထွက် ဖြစ်ပါတယ်။ တကယ်တော့ သူတို့နှစ်ယောက်စလုံးက ကျွန်တော့်ရဲ့ စီနီယာတွေ ဖြစ်ပါတယ်။ ကျွန်တော်က ကိုစိန်မြင့်ရဲ့ သူငယ်ချင်းဖြစ်တဲ့ ကိုဝင်း (မောင်ဝင်းမောင်-တမ္ပဝတီ) အထက်တန်းကျောင်းသားဘဝက မြေဖြူခဲလေးတွေနဲ့ ငါးရာ့ငါးဆယ်ဇာတ် အရုပ်ကလေးတွေ လုပ်ပေးတာကို တန်းစီပြီး ယူခဲ့ရတာဆိုတော့ သူတို့နဲ့က အရွယ် အတော်ကွာပါတယ်။ ဒါပေမယ့် လူငယ်ပေါင်း ပေါင်းခဲ့ကြတာ ဖြစ်ပါတယ်။ မန္တလေးက မခွာခင်အထိ နန်းရှေ့မှာရှိတဲ့ ဆရာဦးကြည်မြအိမ်မှာ မကြာခဏဆုံခဲ့ကြပြီး ၁၉၈၄ ကျွန်တော် ရန်ကုန်ရောက်တော့ ကိုစိန်မြင့်နဲ့ ကျွန်တော် ဝေးသွားပါတယ်။

ကျွန်တော် မြဝတီမှာ အယ်ဒီတာလုပ်နေတဲ့အချိန် သူနဲ့ကျွန်တော် နှစ်ခါပြန်တွေ့ရပါသေးတယ်။ ၁၉၈၉ ခုနှစ် ကမ္ဘာ့ကုလသမဂ္ဂရုံးမှာ ချိတ်ဖို့အတွက် ရွှေချည်ထိုးကားကြီး သွားပို့တုန်းကတစ်ကြိမ်နဲ့ ၁၉၉၂ ရန်ကုန် တပ်မတော်ခန်းမမှာ ကျေးလက်အနုပညာပြပွဲ လုပ်တုန်းကတစ်ကြိမ် ဖြစ်ပါတယ်။ အဲဒီနှစ်ကြိမ်နောက်ပိုင်း သူကျင်လည်ရာ ပတ်ဝန်းကျင်နဲ့ ကိုယ်ကျင်လည်ရာပတ်ဝန်းကျင် မတူတဲ့အတွက် မတွေ့ဖြစ်ကြတာ ဒီကနေ့အထိပါပဲ။ မတွေ့ဖြစ်တဲ့နှစ်ကို ရေတွက်ကြည့်ရင် ၃၂ နှစ် ရှိပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ လပိုင်းကတော့ သူနဲ့ကျွန်တော် ပြန်ဆုံဖို့ အကြောင်းတစ်ခု ဖန်လာပါတယ်။ Print City က ပုံနှိပ်စာအုပ်တွေကို book drive စက်ကြီးနဲ့ဖတ်ပြီး ကွန်ပျူတာစာလုံးတွေ ပြန်ပြောင်းပေးတဲ့ ဝန်ဆောင်မှုလုပ်နေတော့ သူရေးတဲ့စာအုပ် “ပန်းချီခရီးနှင့် ဘဝရေစီး”ကို အသစ်ပြန်ထုတ်ချင်လို့ ကျွန်တော်တို့ Print City ကို မိတ်ဆွေတွေကတစ်ဆင့် လာအပ်ရာကနေ သူနဲ့ ပြန်လည်ရေစက်ဆုံရပါတယ်။

သူ့ရဲ့တခြားကိစ္စတွေနဲ့ ရန်ကုန်အလာ စာအုပ်ကိစ္စပါ ပြောဖြစ်ဖို့အကြောင်းဖန်လာတော့ သူရှိနေတဲ့ကာလအတွင်း ကျွန်တော့်ရဲ့ Print city မှာ လာထိုင်ရင်း စာအုပ်ကိစ္စပြောဖြစ်ပါတယ်။ စာအုပ်ကိစ္စက ခဏပဲ ဖြစ်ပေမယ့် ရှေးဟောင်းနှောင်းဖြစ်တွေ ပြောတာနဲ့ပဲ အချိန်ကုန်သွားပါတယ်။ သူဆက်ရေးနေတဲ့ မန္တလေးဆက်အကြောင်းအရာတွေမှာ ကျွန်တော်သိတာတွေ၊ သူမေ့နေတာတွေကို ပြောဖြစ်ကြပါတယ်။ သူနဲ့ကျွန်တော်က ကျင်လည်ရာဘဝတွေသာမတူတာ မန္တလေးသားတွေဆိုတော့ သူနဲ့ကိုယ် ကျင်လည်ခဲ့ကြတဲ့ ၁၉၆၅-၈၅ ကာလတွေကအကြောင်းတွေက ဖြတ်သန်းလာရပုံချင်းတူတဲ့အတွက် စကားအမျှင်မပြတ်ကြတော့ ဒီကနေ့ ထပ်ချိန်းပြီး လက်ဖက်ရည်သောက်ရင်း စကားဆက်ပြောဖြစ်ကြပါတယ်။ မန္တလေး ရှေးဖြစ်ဟောင်းတွေအပြင် ကျွန်တော်နဲ့ အလှမ်းဝေးတဲ့ ပန်းချီလောကအကြောင်းတွေ ပြောဖြစ်ကြပါတယ်။ အဲဒီမှာပဲ ကြိုးစားမှု၊ ကုသိုလ်ကံနဲ့ စန်း အကြောင်းသုံးပါးနဲ့ ကိုစိန်မြင့်ရဲ့ ဘဝဇာတ်ကြောင်းကို ဖျတ်ခနဲ၊ ဖျတ်ခနဲ အများကြီး တွေ့လိုက်ရပါတယ်။ စာအုပ်ထဲမှာ အဲဒီ စိတ်ဝင်စားစရာအကြောင်းတွေ တွေ့မြင်ရမှာ ဖြစ်ပါတယ်။

“ပန်းချီခရီးနှင့် ဘဝရေစီး” က နှစ်တွဲထွက်လာပါမယ်။ ပထမပိုင်းက ၂ဝ၁၈ ခုနှစ်ကစာအုပ်ကို ဒုတိယအကြိမ်ထုတ်ဝေမှာ ဖြစ်ပြီး ဒုတိယပိုင်းကတော့ ဆောင်းပါးအသစ်၊ အကြောင်းအရာသစ်တွေ ဖြစ်ပါတယ်။ ၂ဝ၂၄ ထဲမှာ နှစ်အုပ်စလုံး ထွက်လာဖို့ ရှိပါတယ်။

23/08/2024

ဆရာဦးမြင့်ကြည် (တက္ကသိုလ်မြတ်စိုး) မြန်မာစာအဖွဲ့ အဖွဲ့ဝင် အသက် ၉၂ နှစ် ယနေ့ ၂ နာရီ ကွယ်လွန်သွားပါတယ်။

 #ကျွန်တော်တို့ကိုခိုင်းပါ(၄)တန်ဖိုးကြီးကြီးပေးပြီး သင်ကြားတတ်မြောက်လာတဲ့ စာမေးပွဲအောင်လက်မှတ်တွေ၊ certificate တွေကို အတ...
06/08/2024

#ကျွန်တော်တို့ကိုခိုင်းပါ(၄)

တန်ဖိုးကြီးကြီးပေးပြီး သင်ကြားတတ်မြောက်လာတဲ့ စာမေးပွဲအောင်လက်မှတ်တွေ၊ certificate တွေကို အတုအပ ပြုလုပ်မရအောင် Print City က လုပ်ဆောင်ပေးနေပါတယ်။
+++

ဒီကနေ့ခေတ်ကြီးကို ပညာခေတ်ကြီးလို့ တင်စားပြောဆိုနေကြပါတယ်။ ပညာမတတ်ရင် အထူးသဖြင့် နိုင်ငံတကာအသိအမှတ်ပြု ပညာရေးကို လက်လှမ်းမမီဘူးဆိုရင် ဘဝတက်လမ်း ဘဝရှေ့ရေးအတွက် လုံခြုံစိတ်ချရမှု မရှိဘူးဆိုတဲ့အတွေးက မိဘတွေနဲ့အတူ ပညာသင်ကြားနေတဲ့ လူငယ်လူရွယ်များအတွက် အတော်ကလေး ဖိစီးလာပါတယ်။

ဒါကြောင့်ပဲ ငွေကြေးအမြောက်အများ အကုန်အကျခံပြီး ပညာသင်ယူကြသလို နိုင်ငံတကာ ပညာရေးအဖွဲ့အစည်းတွေ၊ သင်တန်းကျောင်းတွေကလဲ နိုင်ငံတကာအဆင့်မီအောင် သင်ကြားပေးနေကြပါတယ်။

သို့သော်လည်း၊ သို့သော်လည်းပေါ့လေ...

ငွေကုန်ကြေးကျများပြီး ရလာတဲ့ပညာရေးကလဲ အဆင့်မြင့်မြင့် ရှိပါလျက်နဲ့ အဲဒီပညာရေးအတွက် အဖွဲ့အစည်းကပေးအပ်တဲ့ အောင်လက်မှတ်တွေ၊ certificate တွေကတော့ အဆင့်မမြင့်ကြပါဘူး။ ရုံးသုံး desktip ပရင်တာလေးနဲ့ထုတ်ပြီး “ရော့...အင့်...” ဆိုပြီး လက်မှတ်ထုတ်ပေးနေတဲ့အနေအထားကတော့ အတော်ကလေး ဝမ်းနည်းဖို့ ကောင်းပါတယ်။

အိမ်သုံးရုံးသုံး ပရင်တာနဲ့ထုတ်တဲ့ certificate က ပုံနှိပ်အရည်အသွေး အတော်အသင့်ပဲ ရှိတာဖြစ်တဲ့အတွက် လူတစ်ယောက်ရဲ့ ဘဝတစ်သက်တာလုံး အသုံးဝင်မယ့် အရာဝတ္ထုတစ်ခုဟာ အချိန်အတိုင်းအတာ တစ်ခုအတွင်းမှာ ပျက်စီးသွားနိုင်ပါတယ်။ ပြီးတော့ အတုအပ ပြုလုပ်ဖို့ အလွန်လွယ်ကူပါတယ်။

ငွေသိန်းချီကုန်ကျတဲ့ ပညာရေးအရည်အချင်းအသိအမှတ်ပြု လက်မှတ်တစ်ခုက အဲဒီလို ဖြစ်သင့်ပါသလား။

ကျွန်တော်တို့ရဲ့ Print City အနေနဲ့ ပညာအရတန်ဖိုးရှိတဲ့ အဆင့်အတန်းမျိုးနဲ့ကိုက်ညီတဲ့ Certificate တွေ ပုံနှိပ်ဝန်ဆောင်မှု ပေးနေပါတယ်။ ပညာသင်ကြားသူအတွက်ကော ပညာသင်ကြားပေးတဲ့ အဖွဲ့အစည်းအတွက်ပါ ဂုဏ်ယူလို့ရတဲ့ အောင်လက်မှတ်တွေ၊ Certificate တွေကို Ricoh Productio စက်ကြီးတွေ၊ Xerox security software တွေ၊ Invisible ink တွေ အသုံးပြုပြီး ပုံနှိပ်ဝန်ဆောင်မှု ပေးနေပါတယ်။

မိတ်ဆွေအနေနဲ့ Print City ရဲ့ Security printing နဲ့ပတ်သက်လို့ အများကြီး မသုံးရင်တောင် အောက်မှာ ဖော်ပြထားတဲ့ Security feature နှစ်ခုကို အဖိုးနည်းဝန်ပါ အသုံးပြုကြည့်ပါလို့ တိုက်တွန်းချင်ပါတယ်။

၁- Certificate ကို ကော်ပီ ကူးလို့ရတယ်ဆိုပေမယ့် security အတွက် သာမန်မျက်စိနဲ့ မမြင်နိုင်တဲ့ မင်နဲ့ ပုံနှိပ်ထားတဲ့ စာလုံးတွေ၊ လိုဂိုတွေက ကော်ပီကူးလိုက်တာ၊ scan ဖတ်လိုက်တာနဲ့ ပါမလာတော့ပါဘူး။

၂- Microtext ဆိုတဲ့ စာလုံးသေးသေးလေးတွေ (0.65 point, တစ်လက်မရဲ့ ၁ဝဝ ပုံ တစ်ပုံအရွယ်ပဲ ရှိပါတယ်) ပုံနှိပ်ပေးထားတာ။ ဒါလဲ သာမန်မျက်စိနဲ့ ကြည့်လို့ မရပါဘူး။ ကော်ပီပဲကူးကူး scanပဲ ဖတ်ဖတ် ဖတ်လို့မရလောက်အောင် လုံးသွားပါလိမ့်မယ်။

 #ကျွန်တော်တို့ကိုခိုင်းပါ (၃)ပျက်စီးနေတဲ့ ဓာတ်ပုံဟောင်းတွေ၊ ဓာတ်ပုံဖလင်တွေကို ဒစ်ဂျစ်တယ်ပုံတွေအဖြစ် ပြောင်းပေးတဲ့ ဝန်ဆေ...
29/07/2024

#ကျွန်တော်တို့ကိုခိုင်းပါ (၃)

ပျက်စီးနေတဲ့ ဓာတ်ပုံဟောင်းတွေ၊ ဓာတ်ပုံဖလင်တွေကို ဒစ်ဂျစ်တယ်ပုံတွေအဖြစ် ပြောင်းပေးတဲ့ ဝန်ဆောင်မှုလေးအကြောင်း ပြောပြချင်ပါတယ်။
+++++

ကျွန်တော်တို့တွေရဲ့ ဘဝတိုင်းမှာ အမှတ်တရဆိုတာတွေ အများကြီး ရှိပါတယ်။ အဲဒီအမှတ်တရတွေထဲမှာ ဓာတ်ပုံတွေဆိုတာ သိသာမြင်သာတဲ့ အမှတ်တရ ပုံရိပ်တွေ ဖြစ်ပါတယ်။ ဒီကနေ့ခေတ်မှာတော့ ဓာတ်ပုံတစ်ပုံရိုက်ဖို့ဆိုတာ တယ်လီဖုန်းကလေးထုတ်ပြီး ဖျတ်ခနဲ ဖျတ်ခနဲ ရိုက်လိုက်လို့ ရပေမယ့် တစ်ချိန်တုန်းကတော့ ဓာတ်ပုံတစ်ပုံရိုက်ဖို့အရေးက ကယိကထလဲ အတော်များသလို အတော်ကလေးလဲ အရေးပါပါတယ်။

ကျွန်တော် မှတ်မိနေတာတစ်ခုက အလှူမင်္ဂလာဆောင်တွေမှာဆိုရင် ဓာတ်ပုံတစ်ပုံရိုက်ရဖို့အတွက် ပြဿနာတွေ တက်ကြရတာကို ဖြစ်ပါတယ်။ အလှူ ဒါမှမဟုတ် မင်္ဂလာဆောင်မှာ ဝိုင်းဝန်းကူညီ လုပ်ပေးကြတဲ့သူတွေအားလုံးက စုပေါင်းဓာတ်ပုံရိုက်ရဖို့အရေးကို လည်တဆန့်ဆန့်နဲ့ မျှော်နေကြရတာ ဖြစ်ပါတယ်။ ဒီကြားထဲ သူ့အရင်ရိုက်ပေးလို့၊ ငါ့ နောက်ဆုံးမှ ရိုက်ပေးတာတို့ဆိုပြီး ရန်ဖြစ်ကြရတာလဲ ရှိပါတယ်။ ဒီကနေ့ခေတ် ဒီကနေ့ကာလမှာ အဲဒီလို အကြောင်းအရာမျိုး ပြန်ပြောရင် ကျွန်တော်တို့ခေတ်ကလူတွေကို ခပ်ကြောင်ကြောင်တွေပဲလို့ ထင်ကြမှာ သေချာပါတယ်။

ဒါပေမယ့် အဲဒီခေတ်ကို ဖြတ်သန်းလာခဲ့ဖူးသူတိုင်း ဖလင်နဲ့ ဓာတ်ပုံရိုက်ကြရတဲ့ကာလက အမှတ်တရတွေကို လွမ်းဆွတ်နေမှာ သေချာပါတယ်။
ကျွန်တော်တို့အိမ်တွေမှာ ခေတ်ဟောင်းလို့ပဲပြောပြော ခေတ်ဆွေးလို့ပဲဆိုဆို လွန်ခဲ့တဲ့ နှစ်ပေါင်း လေး-ငါးဆယ်အတွင်းက ဖလင်နဲ့ ရိုက်ထားတဲ့ ဓာတ်ပုံတွေဟာ အိမ်က အယ်လ်ဘမ်တွေထဲမှာ ရှိနေဆဲဖြစ်ပြီး ကြုံတိုင်း ပြန်လှန်ကြည့်တဲ့အခါ ဓာတ်ပုံတွေက အစေးပေါက်တဲ့ဟာပေါက်၊ ရေစိုလို့၊ အိမ်မြောင်သေးပန်းလို့ ဆေးတွေ ကွက်နေတာကွက် စသဖြင့် တွေ့ရတဲ့အခါ အတော်ကလေး ခံစားကြရပါတယ်။ ဓာတ်ပုံတွေကို နှမျောမျောနဲ့ အပျက်အစီးခံရတဲ့ အနေအထားမှာ ရှိကြပါတယ်။ ဟုတ်တယ်လေ ဖလင်တွေက ရှိမှ မရှိတော့ဘဲကိုး။ ဖလင်တွေရှိလဲ ဓာတ်ပုံကို ဘယ်မှာ သွားကူးရမလဲ၊ ဓာတ်ပုံကူးဆိုင်တွေ မရှိတာကလဲ အတော်ကလေးကြာပေါ့လေ။ တချို့လဲ ဖလင်တွေက ဖလင်ထည့်ထားတဲ့ ပလတ်စတစ်အိတ်ထဲမှာပဲ ကပ်နေကြလေရဲ့။

တကယ်လို့များ၊ တကယ်လို့များပေါ့လေ။ ကျွန်တော်တို့ရဲ့ မိတ်ဆွေတွေအနေနဲ့ အဲဒီလိုအမှတ်တရ ဓာတ်ပုံတွေ၊ ဖလင်တွေ ပျက်စီးတာကို ထိုင်ကြည့်ရင်း စိတ်ပျက် ဝမ်းနည်းမနေပါနဲ့။ ကျွန်တော်တို့ Print City က အကူအညီပေးနိုင်ပါတယ်ဆိုတာ လက်တို့ပြီး ပြောပြပါရစေ။ တစ်ချိန်တုန်းက ရန်ကုန်မြို့ မဟာဗန္ဓုလလမ်းနဲ့ ၃၈ လမ်းထိပ်မှာ အာအေအဟူဂျာဆိုတဲ့ ဓာတ်ပုံဆိုင်ကြီးက ကြော်ငြာထားတာ ရှိပါတယ်။ ပုံဟောင်း ပုံပြင် ပုံကူး အထူးပြုလုပ်ပေးသည်ဆိုပြီး ဖြစ်ပါတယ်။ ကျွန်တော်တို့လဲ အာအေအဟူဂျာဓာတ်ပုံဆိုင်ကြီးလိုပဲ ကြော်ငြာချင်ပါတယ်။ ကြော်ငြာပါရစေ။

အာအေအဟူဂျာတို့ခေတ်တုန်းကတော့ နည်းပညာတွေက အခုခေတ်လို မတိုးတက် မထွန်းကားသေးတော့ စိတ်ရှည်လက်ရှည် လက်နဲ့ အချိန်ယူ လုပ်ကိုင်ပေးရတာပေါ့။ ဒါပေမယ့် ဒီကနေ့ ကျွန်တော်တို့ ဖြတ်သန်းနေတဲ့ကာလက ၂၁ ရာစုလွန်ခေတ်ကြီးလေ။ နည်းပညာတွေအသုံးချပြီး လုပ်ကိုင်ပေးနိုင်တဲ့ အခွင့်အလမ်းတွေ ရှိလာပြီ ဖြစ်ပါတယ်။

မိတ်ဆွေမှာ ဓာတ်ပုံဟောင်းတွေ အများကြီး ရှိနေပါလိမ့်မယ်၊ ပြီးတော့ အဲဒီဓာတ်ပုံတွေရဲ့ ဖလင်အဟောင်းတွေလဲ ရှိနေပါလိမ့်မယ်။ ကိုယ့်ဘဝရဲ့ အမှတ်တရတွေကို လုံးဝ မပျက်စီးခင်မှာ ကိုယ့်အတွက်ရော၊ သားသမီးတွေအတွက်ရော၊ မြေးတွေမြစ်တွေအထိ သားစဉ်မြေးဆက် အမှတ်တရ ကျန်နေခဲ့အောင် ဓာတ်ပုံအယ်လဘမ်အသစ်စက်စက်တစ်ခု ဖြစ်လာအောင် Print City က ဝန်ဆောင်မှု ပေးနေပါတယ်။ ရိုးရိုးစကင်နာအပြင် ဖလင်စကင်နာအပါအဝင် စက်ကြီးများနဲ့ တိုက်ရိုက်ကူးယူပြီး ပြန်လည်ပြုပြင်ပေးနေပါတယ်။ အချိန် ခဏလေးပဲ ပေးပါ။ ဘဝရဲ့အမှတ်တရတွေ မိတ်ဆွေတို့လက်ထဲ ရောက်လာပါလိမ့်မယ်။ ဘဝမှာ ပျော်ရွှင်ကြည်နူးခဲ့ရတဲ့ အမှတ်တရတွေကို သား သမီး မြေး မြစ်တို့နဲ့အတူ ဒါ ဘယ်သူလေ၊ ဘယ်တုန်းကဆိုပြီး လက်ညှိုးလေးနဲ့ ထောက်ထောက်ပြီး ပြောဆိုနိုင်အောင် ကျွန်တော်တို့ကို သတိတရနဲ့ ဆက်သွယ်လိုက်စမ်းပါ။

Print City က မိတ်ဆွေတို့ရဲ့ ဘဝအပျော်ကလေးတွေကို ဖန်တီးပေးနေပါတယ်။

 #ကျွန်တော့်ကိုခိုင်းပါ(၂)  Printing (လုံခြုံမှုဆိုင်ရာ ပုံနှိပ်ဝန်ဆောင်မှု)ကျွန်တော်တို့ Print City က Security printing...
27/07/2024

#ကျွန်တော့်ကိုခိုင်းပါ(၂)

Printing (လုံခြုံမှုဆိုင်ရာ ပုံနှိပ်ဝန်ဆောင်မှု)

ကျွန်တော်တို့ Print City က Security printing ဆိုတဲ့ ဝန်ဆောင်မှုကို ပေးပါတယ်။ Security printing ဆိုတာကို အလွယ်တကူပြောရရင် ခင်ဗျားတို့ကုမ္ပဏီရဲ့ letter head တွေ၊ ဝန်ထမ်းကတ်တွေ၊ security card တွေ၊ ပရိုးမိုးရှင်းကတ်တွေ၊ gift voucher တွေ၊ စာမေးပွဲအောင်လက်မှတ်တွေကို အတုလုပ်လို့မရအောင် security code တွေထည့်ပြီး ပုံနှိပ်ပေးတာ၊ သာမန်မျက်စိနဲ့ မမြင်ရတဲ့ code တွေ ထည့်တာ၊ ကော်ပီကူးလို့မရတဲ့ feature တွေ ထည့်ပြီး ပုံနှိပ်ပေးတဲ့ ဝန်ဆောင်မှုပဲ ဖြစ်ပါတယ်။
+ + +

Security printing ဆိုတဲ့ စကားလုံးကို မြင်လိုက်တာနဲ့ ငါတို့နဲ့ ဘာဆိုင်လို့လဲဆိုပြီး တွေးမိကောင်း တွေးမိပါလိမ့်မယ်၊ မဟုတ်ဘူး တွေးကို တွေးမိပါလိမ့်မယ်။

Security printing ဆိုတာနဲ့ ပတ်သက်ရင် ငွေစက္ကူတွေ၊ ဘဏ်ချက်လက်မှတ်တွေမှာပဲ သုံးရတယ်လို့ပဲ အောင်းမေ့နေတတ်ကြတာ များပါတယ်။ တကယ်တော့ ဒီကနေ့ခေတ်ကာလလို ကျယ်ဝန်းလာတဲ့ လူမှုပတ်ဝန်းကျင်မှာ ဘဝရပ်တည်ရေးအတွက် ကိုယ်ပိုင်လုပ်ငန်းတစ်ခု ထူထောင်လုပ်ကိုင်မယ်ဆိုရင် Security printing ဆိုတဲ့ကိစ္စနဲ့ မဖြစ်မနေ ပါဝင်ပတ်သက်ဖို့ လိုလာပါလိမ့်မယ်။ ကျွန်တော် ဥပမာလေးနှစ်ခုသုံးခုကို ပြောပြချင်ပါတယ်။

ပထမတစ်ခု ကွန်ပျူတာလက်မှတ်ရတစ်ယောက်နဲ့ ကုမ္ပဏီအဖွဲ့အစည်းတစ်ခု ကိစ္စဖြစ်ပါတယ်။ နာမည်ကြီး ကွန်ပျူတာသင်တန်းကျောင်းကနေ ကွန်ပျူတာnetwork လက်မှတ်ရ တစ်ယောက်ဖြစ်တဲ့ ကိစ္စပါ။ ကုမ္ပဏီအဖွဲ့အစည်းက ကြီးတော့ သူ့မှာ mini computer နဲ့ local server တွေရော အသုံးပြုတဲ့ ကွန်ပျူတာတွေကော များပါတယ်။ Network ကျွမ်းကျင်သူတစ်ယောက်ကို ခန့်ထားရာမှာ ပေါက်တတ်ကရတွေလုပ်နေလို့ error တွေ ခဏခဏ ဖြစ်ပြီး တော်တော်ကြီးကြီးမားမား ဆုံးရှုံးမှုတွေ ဖြစ်သွားတဲ့အခါ အဲဒီကွန်ရက်ကျွမ်းကျင်သူရထားတဲ့ လက်မှတ်က နာမည်ကြီး သင်တန်းကျောင်း ဖြစ်နေတာတွေ့လို့ ကျောင်းကို ပြဿနာ ရှာပါတယ်။

လူတစ်ယောက်ရဲ့ လုပ်ရည်ကိုင်ရည်က တစ်ဦးချင်းစီမှာပဲ မူတည်ပေမယ့် အဲဒီအရည်အချင်းရှိကြောင်း ထောက်ခံပေးနေတာက သင်တန်းကျောင်းဖြစ်နေတော့ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ဆက်စပ်လုပ်နေတဲ့ ကုမ္ပဏီက သင်တန်းကျောင်းကို တရားစွဲဖို့ ရှေ့နေကတစ်ဆင့် နို့တစ်စာ ပေးပါတယ်။

ပြည်တွင်းမှာ ဒီကနေ့အချိန်အထိ အဲဒီလို အလားတူကိစ္စမျိုး တရားတဘောင်တက်ရတဲ့အထိ ဖြစ်မယ်လို့ ဘယ်သူမှ တွေးမထင်ထားကြပေမယ့် တကယ့်တကယ် ဖြစ်လာတဲ့အခါ ခေါင်းမီးတောက်ကြရပါတယ်။ Certificate ကလဲ အမှန်အကန် ဖြစ်နေပါတယ်။ ထုံးစံအတိုင်း သင်တန်းသားရာဇဝင်ကလဲ မရှိဆိုတော့ ဖြစ်လာသမျှ လည်စင်းခံရုံသာ ရှိပါတယ်။

သို့သော်လည်း ကံကောင်းသွားတာတစ်ခုက အဲဒီကွန်ရက်မန်နေဂျာဆိုသူနဲ့ အတူတက်ခဲ့တဲ့ သင်တန်းသားတစ်ယောက်က သင်တန်းကျောင်းမှာပဲ ဆရာဝင်လုပ်နေတော့ သူရတယ်ဆိုတဲ့ လက်မှတ်က အတု ဖြစ်နေတာကို ဖော်ထုတ်လိုက်နိုင်တာပါပဲ။ အခြေခံသင်တန်းတက်ပြီး အဆင့်မြင့်သင်တန်းအောင်လက်မှတ်လို့ ပြုပြင်ပြီး အလုပ်ဝင်ခဲ့တာ ဖြစ်ပါတယ်။ ဒါကို ဖော်ထုတ်လိုက်နိုင်တဲ့အတွက် ပြဿနာတစ်ခု အေးသွားပါတယ်။
+ + +

နောက်ဥပမာတစ်ခု နေပြည်တော်လိုနေရာမျိုးမှာ ဖြစ်ပျက်ခဲ့တာ ဖြစ်ပါတယ်။ ပညာရေးဝန်ကြီးဌာန နှစ်ထပ်ကျောင်းဆောင်အသစ်က ဆောက်ပြီးကာစပဲရှိသေးတယ်၊ ပြိုကျသွားပါတယ်။ တာဝန်ရှိတဲ့ကုမ္ပဏီကို အရေးယူဖို့လုပ်တဲ့အချိန်မှာ အဲဒီကျောင်းဆောင်ကို ဆောက်ခဲ့တာ သူတို့မဟုတ်ဘူး ဖြစ်နေပါတယ်။ ဝန်ထမ်းဟောင်းတစ်ယောက်က ကုမ္ပဏီမှာလုပ်စဉ်က ရထားတဲ့ သူ့ဝန်ထမ်းကတ်ကို အခြေပြုပြီး ကုမ္ပဏီရဲ့ logo, letterhead, အပါအဝင် ကုမ္ပဏီရဲ့ စာရွက်စာတမ်းတွေကို အတုအပပြုလုပ် အကြောင်ရိုက်သွားတာ ဖြစ်ပါတယ်။ သက်ဆိုင်ရာနဲ့အခြေအတင် အတော်ကလေးလုပ်ပြီး ရှင်းရလင်းရ လုပ်ခဲ့ရတဲ့အတွက် ငွေကုန်ကြေးကျလဲရှိသလို အချိန်ကုန် လူပန်းလဲ ဖြစ်ကြရပါတယ်။
+ + +

နောက်ဥပမာ တစ်ခုကတော့ ကျွန်တော်တို့ကိုယ်တိုင် ခံလိုက်ရတဲ့ ဖြစ်စဉ်ပါ။ အစိုးရဌာနကြီးတစ်ခုက ကျွန်တော်တို့တင်ဒါအောင်ထားတဲ့ လုပ်ငန်းအတွက် ငွေထုတ်လို့ ရပါပြီဆိုပြီး အကြောင်းကြားတာ ရလိုက်ပါတယ်။ တကယ်တော့ ကျွန်တော်တို့ ဘာမှမလုပ်ခဲ့ရပါဘူး၊ နောက်ဆုံး ရင်းမြစ်လိုက်တော့မှ အဲဒီဌာနကြီးက မသမာဝန်ထမ်းရဲ့ အလွဲသုံးစားလုပ်မှုက ပေါ်လာခဲ့ပါတယ်။
+ + +

ဒီလို အဖြစ်အပျက်တွေက နေရာတော်တော်များများမှာ ဖြစ်ပျက်နေပါတယ်။
အဲဒီတော့ မိတ်ဆွေတို့အနေနဲ့ ကိုယ့်အဖွဲ့အစည်းကို မသမာသူတွေရဲ့ အလွဲသုံးစားလုပ်တာ မခံရအောင် ကုမ္ပဏီ letter head တွေ၊ ဝန်ထမ်းကတ်တွေ၊ security card တွေ၊ ပရိုးမိုးရှင်းကတ်တွေ၊ gift boucger တွေ၊ စာမေးပွဲအောင်လက်မှတ်တွေကို အတုလုပ်လို့မရအောင် ကျွန်တော်တို့နဲ့ တိုင်ပင်ပါ။

ကျွန်တော်တို့ကို ခိုင်းပါ။

  City ဆိုတာPrint city ဆိုပြီး ပုံနှိပ်ဝန်ဆောင်မှု လုပ်တဲ့ ရည်ရွယ်ချက်က အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် တည်ဆော...
24/07/2024

City ဆိုတာ
Print city ဆိုပြီး ပုံနှိပ်ဝန်ဆောင်မှု လုပ်တဲ့ ရည်ရွယ်ချက်က အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် တည်ဆောက်နိုင်ဖို့ရယ်၊ ကိုယ်ပါဝင်ပတ်သက်နေတဲ့ စာပေထုတ်ဝေရေးလုပ်ငန်းတွေကို ကျယ်ကျယ်ပြန့်ပြန့် ပံ့ပိုးလုပ်ဆောင်နိုင်ဖို့ရယ်ဆိုတဲ့ စိတ်နဲ့ ဖြစ်ပါတယ်။
အဓိကကတော့ ပြောင်းလဲလာတဲ့ စာအုပ်ထုတ်ဝေရေးနယ်ပယ်မှာ on demand ဆိုတဲ့ လိုအပ်သလောက်အရေအတွက်ကိုပဲ ပုံနှိပ်ထုတ်ဝေတဲ့ နည်းလမ်းကို alternative အနေနဲ့ ရွေးချယ် လုပ်ဆောင်နိုင်ဖို့ ဖြစ်ပါတယ်။ ကိုယ်က စာပေထုတ်ဝေရေးလုပ်ငန်းကိုလုပ်တော့ မိမိလုပ်ငန်းအတွက်လဲ အဆင်ပြေ၊ မိမိလောကသားတွေအတွက်လဲ အကျိုးရှိ၊ စီးပွားရေးအရလဲ သင့်တင့်လျှောက်ပတ်တဲ့ အကျိးအမြတ်ရစေဆိုတဲ့ မျှော်မှန်းချက်နဲ့ ဖြစ်ပါတယ်။
ဒီကြားထဲမှာ စာပေဝါသနာပါပြီး စာပေပြိုင်ပွဲတွေဝင် ဆုရမှ စာအုပ်ထုတ်ခွင့်ရဖို့ ကြိုးစားနေကြသူ ရွက်ပုန်းသီးစာရေးသူတွေအတွက်လဲ အဖိုးနည်းဝန်ပါ ကိုယ်ရေးကိုယ်ထုတ် စာအုပ်အဖြစ် လုပ်ဆောင်နိုင်တဲ့ အခွင့်အလမ်းကို အထောက်အကူ ပေးတာမျိုးကိုလဲ လုပ်ဆောင်ပေးနိုင်လာတယ်။
နောက် ကျွန်တော်တို့မသိတဲ့ ထင်မထားတဲ့ အနေအထားတစ်ခုလဲ ထပ်တွေ့ရတယ်။ တချို့လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေက သူတို့ရဲ့ မိသားစုဘဝမှတ်တမ်းတွေ၊ ခရီးသွားမှတ်တမ်းတွေကို တချို့လဲ မိသားစုအတွက်ပဲ၊ တချို့ကတော့သူတို့ရဲ့ activity တွေမှာ ပါဝင်ပတ်သက်သူတွေအတွက် (ဥပမာ ဗုဒ္ဓဂယာ ဘုရားဖူးခရီးစဉ်လိုမျိုး) စာအုပ်ကလေးတွေ အရေအတွက်နည်းနည်း စီစဉ်ထုတ်ဝေလာကြတာကို ဝန်ဆောင်မှုပေးရတာ ဖြစ်ပါတယ်။
ဒီစာစုကလေးအစမှာ ဖော်ပြခဲ့သလို ကျွန်တော်တို့ရဲ့ print city က စီးပွားရေးအရ အောင်မြင်သလားဆိုတော့ အပြောရခက်ပါတယ်။ ကျွန်တော်နေတဲ့ ရပ်ကွက်ထဲက ဈေးသည် (ဝက်သားသည်) ပြောတဲ့စကားလုံးလေးတွေကိုငှားပြောရရင် သူက “ဆရာရယ် ဈေးက တစ်နေ့တစ်နေ့ ရောင်းလဲရောင်းရပါတယ်၊ အမြတ်အစွန်းလဲ ရှိပါတယ် ဒါပေမဲ့ လကုန်ရင် အိတ်ထဲကနေ စိုက်ချည်းနေရတာပါပဲ” တဲ့။
“ကျွန်တော်သည် ထိုနည်းလည်းကောင်း ထိုနည်းလည်းကောင်း”လို့ ရွှေမန်းတင်မောင်သီချင်းတွေ အော်ဆိုရမယ့်အနေအထားပါ။
ဒါပေမဲ့ တစ်ဖက်က ပြန်ကြည့်ရင်တော့ print city ကနေ ပေးလိုက်တဲ့ ပုံနှိပ်ဝန်ဆောင်မှုကြောင့် အလုပ်အပ်နှံသူတွေဆီက ရလာတဲ့ လေးစားမှုတွေ၊ ယုံကြည်မှုတွေ၊ ပုံနှိပ်လုပ်ငန်းနဲ့ ပတ်သက်ရင် ယုံကြည်စိတ်ချ အားကိုးအားထားပြုမှုတွေကို ရခဲ့တာက၊ တခြား ဘာနဲ့မှ မလဲနိုင်တဲ့ ဂုဏ်ယူစရာတွေ၊ ကြည်နူးနှစ်သက်စရာ အတွေ့အကြုံတွေ အများကြီး ရခဲ့တာကတော့ စီးပွားရေးအရ အောင်မြင်မှုအသီးအပွင့်ကို ရယူခံစားရတာထက် ပိုပါတယ်။
ဒီလို အခြေအနေမျိုးနဲ့ ပတ်သက်ပြီး တစ်ခါ ဒီစာမျက်နှာပေါ်မှာ ရေးသားတင်ပြဖူးပါတယ်။ မိုးညှင်းဆရာတော်ဘုရားကြီးရဲ့ ဝိပဿနာစာအုပ်အကြောင်း ဖြစ်ပါတယ်။ အသက် ၉၀ ကျော် မိခင်ကြီးရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် သားသမီးတွေရဲ့ ကြိုးစားမှုနဲ့ပတ်သက်ပြီး ထုတ်ဝေတဲ့ စာအုပ်တစ်အုပ်အကြောင်း ဖြစ်ပါတယ်။ ဒီကနေ့အချိန်အထိ အဆိုပါ မိခင်ကြီးက သူ့သားသမီးတွေကတစ်ဆင့် ကျွန်တော်တို့ print city အဖွဲ့သားတွေအတွက်လက်ဆောင်တွေ၊ စားစရာတွေ ကြုံကြိုက်တိုင်း ပို့ပေးနေတဲ့အပြင် စာအုပ်နဲ့ပတ်သက်ပြီး ဘယ်ဆရာတော်ကဖြင့်ဘယ်လိုပြောတယ်၊ ဘယ်ပုဂ္ဂိုလ်ကဖြင့် ဘယ်လို ဆိုတယ် စသည်ဖြင့် ကောင်းချီးသတင်းတွေကို လူကိုယ်တိုင်ရော၊ တယ်လီဖုန်းနဲ့ရော၊ မက်ဆေ့နဲ့ပါ အမြဲ ဆက်သွယ် အကြောင်းကြားတာကို လက်ခံရရှိနေတာ အားတောင်နာမိရတဲ့အထိ ဖြစ်ပါတယ်။
အဲဒီစာအုပ်လိုပဲ နောက်ထပ် စာအုပ်တစ်အုပ် ကျွန်တော်တို့ လက်ခံလုပ်ဆောင်ပေးခဲ့ရတဲ့ အမှတ်တရလေး တစ်ခုလဲ ထပ်ရှိပါသေးတယ်။ အသက် ၈ဝ နားနီးနေတဲ့ အငြိမ်းစားတပ်မတော် အရာရှိကြီးတစ်ယောက်ရဲ့ ဝိပဿနာအတွေ့အကြုံစာအုပ်ဖြစ်ပါတယ်။ မနှစ် (၂ဝ၂၃ ဇူလိုင်လကုန်ပိုင်း) ကဖြစ်ပြီး စာရေးသူဟာ အလုပ်အပ်စဉ်ကတည်းက ကုလို့ မရတော့တဲ့ ကင်ဆာဝေဒနာခံစားနေရသူဖြစ်ပါတယ်။ သူ့သားချင်း ကျွန်တော့်မိတ်ဆွေကတစ်ယောက်ကတစ်ဆင့်
ရောက်လာတာ ဖြစ်ပါတယ်။ သူလဲ အလုပ်စတင်အပ်နှံကတည်းက စာအုပ်မြန်မြန်ထွက်ချင်တယ်ဆိုပြီး တောင်းဆိုပါတယ်။ ကျွန်တော်တို့က အချိန်လေးတော့ ပေးပါဆိုပြီး မေတ္တာရပ်ခံခဲ့ရပါတယ်။
ပြဿနာက စာရေးသူရဲ့ ဝေဒနာဖြစ်ပါတယ်။ ဆရာဝန်က သူ့သက်တမ်းကို ရက်ပိုင်း လပိုင်းပဲရှိတော့တယ်ဆိုပြီး ကန့်သတ်ပေးခံထားရတဲ့သူ ဖြစ်နေပါတယ်။ သူအသက်ရှိနေစဉ် စာအုပ်လေး ဖြစ်သွားပြီး ဒါနပြုချင်နေတာ ဖြစ်ပါတယ်။ စာအုပ်ကလေးက လေ့လာဖို့ ကောင်းပါတယ်။ သူကိုယ်တိုင် ဝိပဿနာကျင့်ရာမှာ မဟာစည်၊ မိုးကုတ်၊ စွန်းလွန်း၊ မြစ်ခြေ အစရှိသည်ဖြင့် နည်းလမ်းအမျိုးမျိုး အားလုံးကို သူကိုယ်တိုင် လက်တွေ့လေ့လာကျင့်ကြံပြီး အတွေ့အကြုံတွေ ရေးပြထားတာဖြစ်ပါတယ်။ ကျွန်တော်တို့ မိတ်ဆွေတစ်ယောက် ပြောတာကတော့ အဲဒီလို တရားထိုင်ရင်း တွေ့ကြုံလာရတဲ့ အတွေ့အကြုံမျိုး ပြောပြတာ တစ်ယောက်မှ မတွေ့ဘူးသေးဖူးလို့ ဆိုပါတယ်။ သူ့စာအုပ်က မိုးညှင်းစာအုပ်နဲ့မတူတဲ့ အခက်အခဲ ရှိပါတယ်။ ပြန်လည်တည်းဖြတ်ရတာ ဖြစ်ပါတယ်။ သက်ဆိုင်ရာ ဝိပဿနာစာအုပ်တွေနဲ့ တိုက်ဆိုင်တည်းဖြတ်ရတာဆိုတော့ အချိန်ယူရပါတယ်။ ဒါပေမဲ့ အလုပ်အပ်သူ စိတ်မပူရအောင် အလုပ်လက်ခံပြီး နှစ်လအကြာမှာ စာအုပ်နမူနာထွက်လာအောင် ကြိုးစားပြီး စာရေးသူလက်ထဲ အပ်နိုင်ခဲ့ပါတယ်။ တကယ်ထွက်တာကတော့ ဒီဇင်ဘာလမှ ဖြစ်ပါတယ်။
စာအုပ်နမူနာထွက်ကတည်းက စာရေးသူဆီက ကျေးဇူးတင်စကားကို လက်ခံရရှိခဲ့သလို သူ့မိသားစုတွေဆီကလည်း ဒီစာအုပ်ကြောင့် အသက်ရှင် နေထိုင်ရတဲ့ သက်တမ်း ပိုဆွဲဆန့်သွားမလား မသိဘူးဆိုတာ သတင်းစကား ပြန်ကြားရပါတယ်။ တကယ်လဲ ဆရာဝန်ပြောပြတဲ့ ရက်ပိုင်းလပိုင်းဆိုတာထက် အများကြီးပိုနေခဲ့ရပါတယ်။ စာအုပ်ထွက်ပြီး ၇ လကြာမှ မနေ့က (၂၃ ဇူလိုင်) ကွယ်လွန်သွားခဲ့ပါတယ်။ ကွယ်လွန်သူရဲ့ ဆန္ဒအတိုင်း နေ့ချင်းပြီး သင်္ဂြိုဟ်ခဲ့ပါတယ်။ ဒါကို မနေ့က ညပိုင်းမှာ မိတ်ဆွေဖြစ်သူက ကျွန်တော့်ဆီ အကြောင်းကြားပါတယ်။ ပြီးတော့ ကွယ်လွန်သူရဲ့ ကျွန်တော့်အတွက် ထားခဲ့တဲ့ message သတင်းစကားလေးကို ပြောပါတယ်။
တကယ်တော့ ကျွန်တော်နဲ့ အလုပ်သဘောအရသာ အဆက်အဆံရှိသူမို့ အထူးသတင်းစကား ရှိမယ်လို့ မမျှော်လင့်ခဲ့ပါဘူး။ ဒါပေမယ့် ကွယ်လွန်သူရဲ့ ကျွန်တော့်အတွက် သတင်းစကား ကြားရတဲ့အခါ ကြက်သေသေသွားခဲ့ရပါတယ်။
သူမသေခင် စာအုပ်ဖြစ်အောင်လုပ်ပေးတဲ့ ဦးမြင့်သူနဲ့ Print City ကို ကျေးဇူးတင်ကြောင်း ပြောပေးပါတဲ့။

 #နှစ်သစ် ပီတိဒီကနေ့၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ ကျွန်တော့်ဆီကို "အမေက သူထင်ထားတာထက် စာအုပ်က ပိုကောင်းနေလို့ ဦးမြင့်သူကိ...
17/04/2024

#နှစ်သစ် ပီတိ

ဒီကနေ့၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ ကျွန်တော့်ဆီကို "အမေက သူထင်ထားတာထက် စာအုပ်က ပိုကောင်းနေလို့ ဦးမြင့်သူကို ကျေးဇူးတင်တယ် ပြောပေးပါလို့ မှာပါတယ်"ဆိုပြီး မက်ဆေ့တစ်စောင် ဝင်လာပါတယ်။ ဒီလိုအဓိပ္ပာယ်ရတဲ့မက်ဆေ့ လက်ခံရရှိတာ သင်္ကြန်မတိုင်ခင်ကတစ်ကြိမ်၊ သင်္ကြန်တွင်းမှာတစ်ကြိမ် လက်ခံရရှိပြီးဖြစ်လို့ ဒီတစ်ကြိမ်ရတာက တတိယအကြိမ် ဖြစ်ပါတယ်။ အမှန်တော့ ဒီအကြောင်းကိုပဲ တယ်လီဖုန်းကတစ်ဆင့် ကြားသိထားရပြီးသားဖြစ်ပါတယ်။ ကြားထဲမှာ လက်ရှိမိုးညှင်းဆရာတော်ကြီးကလဲ စာအုပ်အလွန်ကောင်းကြောင်း သတင်းစကားပါးပြီး ဖြစ်ပါတယ်။ အမေက စာအုပ်ကိုကြည့်ပြီး အံ့သြလွန်းလို့ လက်တွေဘာတွေတောင် တုန်ရတယ်လို့ သမီးဖြစ်သူက ပြောတာကိုလဲ လက်ခံရရှိပါတယ်။

ဘာကြောင့် ကျွန်တော့်ကို အထပ်ထပ်ကျေးဇူးတင်နေရတာလဲဆိုတော့ ကျွန်တော်တို့ Print City ကို လာအပ်တဲ့ စာအုပ်တစ်အုပ်နဲ့ ပတ်သက်ပါတယ်။ ပြီးခဲ့တဲ့ တစ်လခွဲနှစ်လလောက်က ကိုမျိုးမြတ်သူက သူ့မိတ်ဆွေတစ်ယောက်ကို ကျွန်တော့်ဆီလွှတ်ပြီး စာအုပ်တစ်အုပ်လုပ်ပေးဖို့ အကူအညီတောင်းပါတယ်။ စာအုပ်က မိုးညှင်းဆရာတော်ဘုရားကြီးရဲ့ ''ဝိပဿနာအလုပ်ပေးစဉ်တရားကြီး"စာအုပ်ဖြစ်ပါတယ်။ ကျွန်တော့်ကို ၁၉၅၈ ခုနှစ်၊ ပြည်ကြီးမဏ္ဍိုင် ပိဋကတ်ပုံနှိပ်တိုက်က ထုတ်ဝေခဲ့တဲ့ မူရင်းစာအုပ်ပေးပါတယ်။ စာအုပ်အခြေအနေက လွန်ခဲ့တဲ့ နှစ်ပေါင်း ၆ဝ ကျော်ကထုတ်ထားတာဆိုတော့ နည်းနည်းလေး ကြွရွချင်နေပါတယ်။ ကွန်ပျူတာစာစီသမားလက်ထဲအပ်လိုက်ရင် တစ်စစီ ပြဲကွဲသွားပြီး ကြေသွားမယ့်အနေအထားဖြစ်ပါတယ်။

အဲဒီအချိန်မှာ ကံကောင်းတာက ကျွန်တော်တို့ Print City မှာ ပုံနှိပ်စာအုပ်တွေကို ကွန်ပျူတာစာလုံးအဖြစ်ပြောင်းဖို့ ကြိုးစားနေတာ အတော်ကလေး အဆင်ပြေနေပြီလို့ ပြောရင်ရပါတယ်။ သည်စာအုပ် ရောက်မလာခင်မှာ သည်စာအုပ်ထက်အခြေအနေဆိုးတဲ့ လွန်ခဲ့တဲ့နှစ်ပေါင်း ၁ဝဝ ကျော်က ထုတ်ဝေခဲ့တဲ့ ကျမ်းစာအုပ်တစ်အုပ် (မြန်အောင်ဆရာတော်ဘုရားကြီး၏ ကာယဒီပကရှုဖွယ်ကျမ်းနှင့် ရွှေဘိုဆရာတော်၏ ဟေတုဖလဓမ္မရာသီကျမ်း) လက်ခံလုပ်ဆောင်ပေးခဲ့ပြီးဖြစ်ပါတယ်။ ကျွန်တော်တို့ စာပေမိတ်ဆွေ ကိုရဲမိုးကျော်က သူ့ဖခင်ရဲ့ ၇၅ နှစ်ပြည့်မွေးနေ့မှာ မိတ်ဆွေအပေါင်းအသင်းတွေကို စာအုပ်အလှူပေးချင်လို့ အပ်ထားတဲ့ စာအုပ်တစ်အုပ် လုပ်ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။

အဲဒီအတွေ့အကြုံကို အခြေခံပြီး မိုးညှင်းဆရာတော်ကြီးရဲ့ စာအုပ်ကို အစအဆုံး ကွန်ပျူတာစာစီသမားလက်ထဲမအပ်တော့ဘဲ ရုံးတွင်းမှာပဲ (ကြီးကြီးကျယ်ကျယ်စကားလုံးသုံးပြီး ပြောရရင်) AI လို့ခေါ်တဲ့ artificial intelligent သုံးပြီး ကွန်ပျူတာစာလုံးတွေ ပြောင်းဖြစ်ခဲ့ပါတယ်။ စာအုပ်ကို scan ဖတ်တဲ့နေရာမှာ စာအုပ်မပျက်စီးအောင်အတွက် AIIZ ဆိုတဲ့ book drive ဆိုတဲ့ စက်ကြီးကို သုံးပါတယ်။ ပြီးတော့မှ ကွန်ပျူတာထဲမောင်းထည့်ပြီး ပုံနှိပ်စာအုပ်ထဲက စာမျက်နှာတွေကို စာသားတွေ (ကျွန်တော်တို့ကတော့ ပြည်ထောင်စုဖောင့်ကို သုံးပါတယ်) အဖြစ် ပြောင်းပစ်ပါတယ်။ ကွန်ပျူတာစာစီသမားတစ်ယောက် ဒီအလုပ်ကိုပဲ တစ်နေကုန်ထိုင်လုပ်မယ်ဆိုရင် တစ်လနီးပါးလောက် စာရိုက်ရမယ့်အလုပ်ကို တစ်ရက်တည်းနဲ့ အားလုံးကွန်ပျူတာစာစီပြီး ဖြစ်သွားပါတယ်။

တစ်ခုတော့ ရှိပါတယ်။ မိုးညှင်းဆရာတော်ကြီးရဲ့ မူရင်းစာအုပ်ရဲ့ ပုံနှိပ်အရည်အသွေးကြောင့်ရယ် (ခဲစာလုံးခေတ်ဆိုတော့ ရေးချတွေက တစ်ဂဏန်းနဲ့ ဆင်နေတာမျိုး၊ တဝမ်းပူတို့ ထဆင်ထူးတို့က မူရင်းမှာကိုက စောင်းနေပြီး ဘကုန်းတို့၊ ကကြီးတို့ဖြစ်နေတာမျိုး ကွန်ပျူတာက သူမြင်သလို ဖတ်ပြီးပြောင်းပေးတာဆိုတော့ စာအုပ်အကြမ်းထွက်ဖို့က တစ်ပတ်လောက် အချိန်ယူခဲ့ရပါတယ်) စာအုပ်က ကြာပြီဆိုတော့ တခြား အစွန်းအထင်းတွေ ပါတာရယ်ကြောင့် ထွက်လာတဲ့ result က နည်းနည်း error များပါတယ်။ ဒါလဲ စောစောကပြောသလို AI အကူအညီနဲ့ ဖြေရှင်းလိုက်နိုင်ပါတယ်။

အလုပ်အပ်သူက သူထင်တာနဲ့တခြားစီဖြစ်နေလို့ အကြိမ်ကြိမ်သာ ကျေးဇူးတင်နေတာ။ ချောပါတယ်ဆို ဒါတောင် သနပ်ခါးမလိမ်းရသေးဘူးအကဲပိုချင်တယ်ပြောချင်ပြောစေတော့ တကယ်တော့ သူတို့ဆီရောက်သွားတဲ့ စာအုပ်က ပရုဖ်ဖတ်ဖို့အဆင့်ပဲ ရှိပါသေးတယ်။ ဒါပေမယ့် ကျွန်တော့် Print City က ဝန်ထမ်းတွေက professional တွေဖြစ်တဲ့အတွက် လုပ်ထားကိုင်ထားတာက အဆင်အပြင်ကအစ မြင်နေကျတွေနဲ့ ကွာခြားနေတာ၊ ဒစ်ဂျစ်တယ်ပုံနှိပ်ကော်ပီဆိုတော့ ရိုးရိုးအော့ဖ်ဆက်နဲ့ ကွာခြားတာဖြစ်ပါတယ်။ အလုပ်ရှင်က သြစတေးလျမှာ ရောက်နေတဲ့ အသက် ၉၅ နှစ်အရွယ် မိခင်တစ်ဦးဖြစ်ပြီး သားသမီးတွေက မိခင်အတွက် အလှူပြုဖို့ ဖြစ်ပါတယ်။

ဒီလိုကျေးဇူးတင်ခံရတာ ဒီတစ်ကြိမ်တည်း မဟုတ်ပါဘူး။ အကြိမ်ကြိမ်ပါပဲ။ မကြာသေးခင်ကဆို ကင်ဆာရောဂါဖြစ်ပွားနေပြီး ဆရာဝန်တွေက ဘယ်လောက်ပဲ ဘယ်မျှပဲ နေရတော့မယ်ဆိုပြီး သတ်မှတ်ခံထားရတဲ့ ပုဂ္ဂိုလ်တစ်ယောက်ထံကလဲ ဒီလိုပဲ အထပ်ထပ်အခါခါ ကျေးဇူးတင်စကား ဆိုတာကို ကြည်နူးစွာ လက်ခံရရှိခဲ့ပါတယ်။ သူ့မိသားစုဝင်တစ်ယောက်က "ဆရာ လုပ်ပေးတဲ့အတွက်ကြောင့် အတော်ဝမ်းသာသွားတာ။ ဒီလိုဖြစ်လာမယ်လို့ လုံးဝထင်ထားတာမဟုတ်ဘူး။ စာအုပ်ကို တကိုင်ကိုင်နဲ့၊ လှန်လိုက်၊ ဖတ်လိုက်။ အနားရှိတဲ့သူကို ပြောပြလိုက်နဲ့ အသက်တောင် ဆက်သွားနိုင်တယ် ဆရာ" လို့ ဆိုပါတယ်။ တကယ်ပဲ ကျွန်တော်တို့လုပ်ပေးတဲ့စာအုပ်ကြောင့်ပဲလား၊ သူ့ရဲ့ ကံဇာတာကိုက မကုန်သေးတာလားမသိ ဆရာဝန်တွေသတ်မှတ်ပေးတဲ့ရက်ကို ကျော်သွားပြီ ဖြစ်ပါတယ်။ ဘာပဲပြောပြော ကျွန်တော်တို့ပေးလိုက်တဲ့ ဝန်ဆောင်မှုကြောင့် လူတစ်ယောက်၊ မိသားတစ်စု အခုလို ကြည်နူးဝမ်းသာဖွယ်တွေ ရရှိခံစားသွားရတဲ့အတွက် ကျွန်တော်တို့လဲ သူတို့နဲ့ ထပ်တူ ဝမ်းသာကြည်နူးရပါတယ်။

အခုလို မြန်မာတို့ရဲ့ နှစ်သစ်မှာ မင်္ဂလာရှိတဲ့စကား ထပ်ခါထပ်ခါ ကြားလိုက်ရတဲ့အတွက်လည်း ပျော်မဆုံးပါလို့။

နှစ်သစ်မှာ မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေ။

ပုံစာများ
စာအုပ်အဟောင်းကို အခုလို စက်ကြီးနဲ့ ဖတ်ပါတယ်။ ပြီးတော့ ကွန်ပျူတာမှာ ကွန်ပျူတာစာလုံးတွေအဖြစ်ပြောင်းပါတယ်။
ဝိပဿနာအလုပ်ပေးစဉ်တရားကြီးစာအုပ် အတွင်းစာမျက်နှာ။

ဝိပဿနာအလုပ်ပေးစဉ်တရားကြီးစာအုပ် မူရင်း အတွင်းစာမျက်နှာ။

Address

263, YMCA Building, Corner Of TheinPhyu And Mahabandula Road
Yangon

Opening Hours

Monday 09:30 - 17:30
Tuesday 09:30 - 17:30
Wednesday 09:30 - 17:30
Thursday 09:30 - 17:30
Friday 09:30 - 17:30
Saturday 09:30 - 17:30

Telephone

09965000118

Website

Alerts

Be the first to know and let us send you an email when Printcity Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Printcity Myanmar:

Share

သင့်စိတ်တိုင်းကျ ဒီဇိုင်းတွေကို အချိန်တိုအတွင်း ဖန်တီး ပုံနှိပ်ပေးမယ်

စာအုပ် ပုံနှိပ်ထုတ်ဝေချင်တာလား... အရေအတွက် အများကြီး မထုတ်ချင်ဘူးလား... ရပါတယ်... တစ်အုပ်ကနေ စပြီး ထုတ်နိုင်တယ်....

ရှားပါး စာအုပ်တွေ ပြန်ရှာဝယ်မရတော့လို့ scan ဖတ်... ပြန်သန့်ပြီး သိမ်းထားချင်လည်း ရတယ်...

အချိန်အကြာကြီး မစောင့်ချင်ဘူးလား... ချက်ချင်းပုံနှိပ်ပေးမှာမို့ တစ်ခါတည်း စောင့်ယူသွားနိုင်တယ်....

ဖိတ်စာကတ်လား၊ လိပ်စာကတ်လား၊ ရိုးရိုးစက္ကူလား... special paper သုံးချင်တာလား... ပလတ်စတစ်ကတ်သုံးချင်လား၊ စတစ်ကာ ထုတ်မှာလား... Vinyl ပိုစတာလား၊ ပြက္ခဒိန်လား... ဓာတ်ပုံစာအုပ် လုပ်ချင်လား... သူငယ်ချင်း အချင်းချင်း၊ ချစ်သူချင်း မှတ်မှတ်ရရ ဖြစ်စေဖို့ ဓာတ်ပုံလေးတွေ၊ စာသားလေးတွေနဲ့ အမှတ်တရစာအုပ်လေး ထုတ်ချင်လည်း ရတယ် စိတ်ကြိုက်ဒီဇိုင်းတွေ ဖန်တီးပေးဦးမှာ...