Golden River Seafood Co., Ltd.

Golden River Seafood Co., Ltd. Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Golden River Seafood Co., Ltd., Advertising/Marketing, No(174-B), Seik Kan Thar Street, industrial Zone(4), Hlaing Thar Yar Township, Yangon.

08/04/2025
https://m.facebook.com/story.php?story_fbid=811550213876466&id=100050644832324&mibextid=DcJ9fc
07/07/2023

https://m.facebook.com/story.php?story_fbid=811550213876466&id=100050644832324&mibextid=DcJ9fc

🦐 မိုးရာသီ မိုးကောင်းကာလဖြစ်သည့် ယခုလို ဇွန်၊ ဇူလိုင်လများတွင် ပုစွန်မွေးတောင်သူများအနေဖြင့် သားပေါက်များစတင်ထည့်သွင်းမွေးမြူနိုင်ပြီး အောက်ပါအချက်များကိုတော့ သတိပြုလုပ်ဆောင်ရန် လိုပါသည်။

၁။ ဇွန်၊ ဇူလိုင်လများတွင် မိုးကောင်းပါက ပုစွန်မွေးတောင်သူများသည် မိုးရေကို ကောင်းစွာသိုလှောင်ထားရန် လိုအပ်ပါသည်။ ကန်လွတ်များရှိပါက တတ်နိုင်သလောက် မိုးရေကို သိုလှောင်ထားရန် လိုအပ်သည်။

၂။ သိုလှောင်ထားသောရေများတွင် အနည်းဆုံး ရေအနက် ၅ ပေခန့်ထားရှိ၍ ကလိုရင်းအမှုန့် ၁၀ ဂရမ်မှ ၂၅ ဂရမ်အထိ ထည့်၍ ရေကိုလှုပ်ခတ်စေပြီး ကောင်းမွန်စွာထိန်းသိမ်းထားရန် လိုအပ်ပါသည်။ ကလိုရင်းထည့်ခြင်းဖြင့် ရေကိုသန့်စင်စေပြီး ပိုးမွှားများသေစေနိုင်ပါသည်။

၃။ မိုးကောင်းသောရာသီဖြစ်သည့်အတွက် ယခုလိုရာသီတွင် ပုစွန်သားပေါက်များ ထည့်သွင်းသိုလှောင်နိုင်သည်။ သားပေါက်များသိုလှောင်ရာတွင် ကန်အတွင်း၌ ခြင်ထောင်ဇာများကိုထောင်၍ ၎င်းဇာခြင်ထောင်အတွင်းသို့ ပုစွန်သားပေါက်များကို ထည့်သွင်းသိုလှောင်ပြီး ၎င်းမှတဆင့် ၁၅ ရက်ခန့်ကြာပါက အသင့်ပြင်ထားသောကန်အတွင်းသို့ထည့်ပြီး ဆက်လက်မွေးမြူရမည်။ အဆိုပါအသုံးပြုမည့်ကန်များသည် ၀.၅ ဧကမှ ၁၉ ဧကအတွင်းရှိ ကန်များကို အသုံးပြုနိုင်သည်။

၄။ ထိုသို့ပြုမူဆောင်ရွက်ပါက ပုစွန်သားပေါက်များကြီးထွားလာပြီး သက်ကြီးကောင်အဆင့်သို့ ကူးပြောင်းလာမည်ဖြစ်သည်။

၅။ သက်ကြီးကောင်(Adult Prawn )အဆင့်သို့ ရောက်ရှိသောပုစွန်များကို ပြုပြင်ထားသောကန်များတွင်ဆက်လက်မွေးမြူပါက ရေချိုပုစွန်တုပ်ကြီးအဆင့်သို့ ရောက်ရှိသွားမည်ဖြစ်သည်။ အနည်းဆုံး(၈)လခန့်မွေးမြူသွားရမည်။

၆။ ပုစွန်သားပေါက်များ စနစ်တကျသယ်ယူပို့ဆောင်မည်ဆိုပါက ကောင်ရေ (၂၅၀၀) မှ (၃၀၀၀)ခန့်ဆံ့သည့်အလျားလက်မ ၃၀၊ အနံလက်မ၂၀ ခန့်ရှိ ပလတ်စတစ်အိတ်များကို အသုံးပြုရမည်။ လိုအပ်သောရေအနည်းအများကိုထည့်၍ အောက်ဆီဂျင်ဓာတ်ငွေ့ ဖြည့်သွင်းပေးရမည်။ အောက်ဆီဂျင်ဓာတ်ငွေ့ ရေမျက်နှာပြင်ပေါ်သို့ တက်ရောက်လာပါက ပလတ်စတစ်အိတ်ကို တင်းကြပ်လာအောင် အိတ်၏ထိပ်ကို သားရေကွင်းအကြီးဖြင့် တင်းကျပ်စွာချည်နှောင်ထားရမည်။

ထိုသို့ သိုလှောင်ပြီးသယ်ယူပါက ပုစွန်စခန်းများမှ ကန်များသို့အရောက်သယ်ယူမှုမှာ ချောမောစွာရောက်နိုင်ပြီး အချိန်သုံးနာရီခန့်ထိ ထိန်းသိမ်းနိုင်ပါသည်။ သားပေါက်သယ်ယူခြင်းများကို နံနက်စောစောသော်လည်းကောင်း၊ ညနေစောင်းနေဝင်ချန်တွင်လည်းကောင်း သယ်ယူနိုင်ပါသည်။

၇။ ကျင့်သားရအောင်ဆောင်ရွက်ခြင်း

ပလတ်စတစ်အိတ်ဖြင့် သယ်ယူလာသောပုစွန်များကို ပြုစုကန်အတွင်းသို့ ထည့်မည်ဆိုပါက အထူးသဖြင့်ပုစွန်ထည့်လိုသောအိတ်ထဲရှိ ရေ၏ဂုဏ်သတ္တိနှင့် ပုစွန်ထည့်မည့်ကန်အတွင်းရှိရေ၏ဂုဏ်သတ္တိများသည် မတူညီကြ၍ သဘာ၀ဝန်းကျင်ဖိစီးမှုဒဏ်ကြောင့်(Stress)ရပြီး ပုစွန်သားပေါက်များသေစေနိုင်သည်ကို သတိပြုရမည်။

ထို့ကြောင့်ကျင့်သားရအောင်(Acclimation) ဆောင်ရွက်ရာတွင် ပထမဆုံး ပုစွန်ထည့်ထားသောအိတ်ကို ထည့်မည့်ကန်ရေအတွင်းတွင် မိနစ် ၃၀ ခန့် မျှောထားပေးရမည်။ ၎င်းနောက် မွေးမြူရေးကန်အတွင်းရှိရေ၏ အပူချိန်နှင့် ပလတ်စတစ်အိတ်ထဲမှရေအပူချိန်တို့ကိုတိုင်းပြီး အပူချိန်တူညီပြီဆိုမှ ပလတ်စတစ်အိတ်ထဲမှပုစွန်များကို တဖြည်းဖြည်းချင်း ကန်အတွင်းသို့လွှတ်ပေးရမည်။

အထက်ပါအချက်များကို ယခုလိုမိုးတွင်းကာလတွင် ဆောင်ရွက်နိုင်ပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

Green Way app ယူရန်👇
Android -https://rebrand.ly/greenway_myanmar
iOS - https://apple.co/3MAoJGW
Web - https://greenwaymyanmar.com/
Channels
Telegram - https://t.me/greenwaymyanmar
Viber - https://bit.ly/3OMSLJo
Fb Group - https://bit.ly/3yeE0sO
Youtube - youtube.com/c/GreenWayapp
#ပုစွန်တုပ်

တရုတ်နိုင်ငံကို တင်ပို့မည့်စားသောက်ကုန် ကုန်စည်အစောင်ရေ ၁၈၀၀ ကျော်ကို GACC မှတ်ပုံတင်ခွင့်ပြုမြန်မာနိုင်ငံမှ တရုတ်နိုင်င...
04/06/2023

တရုတ်နိုင်ငံကို တင်ပို့မည့်စားသောက်ကုန် ကုန်စည်အစောင်ရေ ၁၈၀၀ ကျော်ကို GACC မှတ်ပုံတင်ခွင့်ပြု

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံ၏ GACC တွင် Competent Authority ထောက်ခံချက်လိုအပ်နေသည့် ကုန်စည်အုပ်စုနှင့် ကိုယ်တိုင်ဝင်ရောက် လျှောက်ထားသည့် ကုန်စည်အုပ်စု အပါအဝင် စုစုပေါင်းအစောင်‌ရေ (၁၈၅၄) စောင်ကို မှတ်ပုံတင်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ၂ဝ၂၁ ခုနှစ်၊ ဒီဇင်ဘာ(၁)ရက်မှ ၂ဝ၂၃ ခုနှစ်၊ မေလ(၂၆) ရက်နေ့အထိ ကုမ္ပဏီ (၁၁၅၅) ခုမှ အစောင်ရေ (၂၁၉၄) စောင်ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အကောက်ခွန်အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့(GACC) ကို မှတ်ပုံတင်နိုင်ရေး လျှောက်ထားခဲ့ခြင်းဖြစ်သည်။

သတင်းအပြည့်အစုံဖတ်ရန်>>

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံ၏ GACC တွင် Competent Authority ထောက်ခံချက်လိုအပ်နေသည့် ကုန်စည်အုပ်စုနှင့် ကိုယ်တိုင်ဝင်ရောက...

05/01/2023

Address

No(174-B), Seik Kan Thar Street, Industrial Zone(4), Hlaing Thar Yar Township
Yangon

Website

Alerts

Be the first to know and let us send you an email when Golden River Seafood Co., Ltd. posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share