19/10/2025
16.10.2015 မှ 18.10.2025 နေ့အတွင်း Facebook Account 30 Day Disabled ချခံရသူများဖတ်ရန်။
ဒီရက်ပိုင်း Facebook Account တွေ Disabled ချခံရတာမှာ "မှားယွင်းအပိတ်ခံရတယ်လို့ ယူဆရင် ရက် ၃၀ အတွင်း အယူခံဝင်ပါ" ဆိုပြီး Go to Help Center သာ ပြထားပြီး Permanently Disabled ဖြစ်တဲ့ပုံစံနဲ့ Appeal ပါ လုပ်မရတော့တာကို အားလုံးပဲ သိပြီးဖြစ်ပါလိမ့်မယ်။
ကျွန်တော့်အကောင့်လည်း အားလုံးနည်းတူ 17.10.2025 နေ့မှာ Disabled ချခံရတဲ့အထဲမှာ ပါသွားပါတယ်။ ဒီနေ ရာမှာ ကိုယ့်ဘက်က ဘာအမှားအယွင်းမှ မကျူးလွန်ထားတဲ့အတွက် Facebook Team ဘက်ကို IG, WhatsApp, Email, အစရှိတာတွေကနေ ဆက်သွယ်ပြီး ငါအမှားကျူးလွန်ထားတာမရှိဘူး၊ မင်းတို့ဘက်က စနစ်တခုခုအမှားကြောင့် အခုလို ပိတ်ခဲ့ဟန်တူတယ်၊ ဒါကြောင့် ငါ့အကောင့်ကို ပြန်ဖွင့်ပေးပါ ဆိုပြီး တောက်လျှောက် ဆက်သွယ်ပြီး ပေးပို့နေခဲ့တာပါ။
16 ရက်နေ့ကနေ 18 ရက်နေ့အထိ Disabled ကျလို့ ဆက်သွယ်လာသူပေါင်း ဆယ်ဂဏန်းကနေ ရာဂဏန်း နီးနီးလောက်ရှိပါတယ်။ တချိန်လုံး Phone Call, Viber, တွေကနေ ထိုင်ဖြေနေရတာပါ။
အားလုံးကို အများဆုံးပြန်ပြောဖြစ်တာက လက်ရှိ ဖြစ်စဉ်မှာ ကျွန်တော့်အကောင့်လည်းပါတယ်။ Facebook Team ဘက်ကို ဆက်သွယ်ပြီးပြောထားတယ်။ တခုခု ထူးခြားရင် ပြန်ပြောပေးပါမယ်။ ဒါက သူတို့ဘက်က စနစ်တခုခုမှားယွင်းတာဖြစ်နိုင်လို့ ဘာမှ မလုပ်ပဲ ခနစောင့်ကြည့်ပါ လို့ပဲ ပြောပေးဖြစ်တယ်။
#အကောင့်ပြန်ပွင့်ပြီ
19.10.2025 နေ့ မနက် 12:50 AM. မှာ ကျွန်တော့်အကောင့် ပြန်ပွင့်လာပါတယ်။ အကောင့်ပြန်ပွင့်ကြောင်း ပို့စ်တင်ပြီးတာနဲ့ Disabled ကျလို့ဆိုပြီး Service လာအပ်ထားသူအချို့ရဲ့ အကောင့်တွေကို ပြန်လိုက်ဖွင့်ကြည့်တော့ အကုန်လုံး ပြန်ရနေတာတွေ့ရတယ်။
#မိမိတို့အကောင့်တွေကိုပြန်ဝင်စစ်ကြည့်ပါ။
16 to 18 အတွက်း 30 Day Disabled ကျတဲ့ အကောင့်တွေကို ပြန်စစ်ကြည့်ကြပါ အကောင့်တွေက အလိုလျောက် ပြန်ပွင့်နေတာ တွေ့ရပါလိမ့်မယ်။ ပြန်မပွင့်သေးသူတွေလည်း ခန ရက်အနည်းငယ် ထပ်စောင့်ကြည့်ပါ။ Facebook ရဲ့ Policy, Community Standards, တွေကို အမှန်တကယ် မကျူးလွန်၊ မချိုးဖောက်မိတဲ့ အကောင့်တွေဆို ပြန်ဖွင့်ပေးလာပါလိမ့်မယ်။
#ဆားဗစ်ပေးသူများလူလည်ကျတာမခံကြပါနဲ့။
ဒီ Disabled စကျတဲ့အချိန် Facebook Service ပေးနေတဲ့သူတွေပါ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိပဲ ဟိုနည်း၊ ဒီနည်း၊ နဲ့ ရနိုင်မလား လျှောက်စမ်းလုပ်ကြည့်ကြသူတွေရှိသလို၊ ဘာမှ လုပ်မရဘူးဆိုပြီး ဒီတိုင်းထားသူတွေလည်းရှိပါတယ်။
အခုလို အကောင့်တွေ အလိုလျောက်ပြန်ဖွင့်ပေးလာတာဟာ Facebook ဘက်က သူတို့ရဲ့ စနစ်အမှားကြောင့်ဖြစ်တဲ့အတွက် ပြန်ဖွင့်ပေးလာတာ ဖြစ်ဖို့ရာခိုင်နှုန်းများပါတယ်။ ဘာကြောင့်ဆိုတာ မကြာခင် Facebook Newsroom ကနေ ထုတ်ပြန်လာတာ၊ သတင်းမီဒီယာတွေက ဖော်ပြလာတာကို တွေ့ရနိုင်ပါတယ်။
ဒီနေရာမှာ Service သမားတွေ #လူလည်ကျ နိုင်ပါတယ်။ Facebook ဘက်က အလိုလျောက် ပြန်ဖွင့်ပေးလိုက်တာကို သူတို့လုပ်ပေးလို့ရသွားသလိုလိုနဲ့ Service Fees တွေ မတန်တဆ တောင်းယူနိုင်ပါတယ်။
ဒီနေရာမှာ 100% ပြောလို့ရနိုင်တာက ဆားဗစ်သမားတွေပြန်လုပ်ပေးလို့အကောင့်ပြန်ရတာမဟုတ်ဘူး ဆိုတာပါပဲ။
ဒါကြောင့် #အကောင့်ပြန်လုပ်ပေးခ ဆိုပြီး ဆားဗစ်ခ တောင်းခံလာရင် မပေးမိဖို့လိုပါမယ်။ ကိုယ်တိုင်ကျေနပ်လို့ အကုန်ခံချင်ရင်လည်း သဘောပါ။ လိမ်ညာပြီးအတောင်းခံရမှာစိုးလို့ ကြိုပြောပေးထားတာပါ။ 😁
ကျွန်တော့်ဆီမှာ Service လာအပ်ထားသူတွေဆီကနေ တပြားမှ မတောင်းခံပါ၊ Service ခ ဘယ်လောက် လွှဲပေးရမလဲမေးသူတိုင်းကို Facebook ဘက်က အလိုလျောက်ပြန်ဖွင့်ပေးတာဖြစ်လို့ တပြားမှ ပေးစရာမလိုပါ လို့ပဲ အကုန်လိုက်ပြောပေးထားလိုက်ပါတယ်။ ( အဲ့ဒီလူတွေ ဒီပို့စ်မြင်ရင် Comment ဝင်ပေးသွားပါဦး။ 😁 )
ကဲ... စာလည်း ရှည်နေပြီမို့ ဒီလောက်နဲ့ပဲ တော်ပါသေးပြီ။
အားလုံးကို လေးစားချစ်ခင်လျှက်....
Aung Kyaw Soe ( 19.10.2025 - 6:36 AM )
👨💻👨💻👨💻👨💻👨💻👨💻👨💻👨💻👨💻
page, Facebook Account, တွေနဲ့ ပတ်သက်ပြီး ဒီ Post လေးထဲမှာ ပေးနေတဲ့ Service လေးတွေ နဲ့ Service Fees လေးတွေ က်ို အသေးစိတ် ရေးထားပေးပါတယ်။
ဝင်ရောက်ဖတ်ရှုကြည့်ပြီး လိုအပ်တဲ့ Service လေးတွေ ရှိရင်လည်း အပ်လို့ရပါတယ်ဗျ။
အခု မလိုအပ်သေးလည်း နောက်လိုအပ်တဲ့အခါရှိရင် အပ်လို့ရအောင် Save ထားနိုင်ပါတယ်။ 😊
Click here 👉 https://bit.ly/aungkyawsoe_services
👨💻👨💻👨💻👨💻👨💻👨💻👨💻👨💻👨💻👨💻