AllBoosting.Se

AllBoosting.Se THE SERVICE YOU CAN TRUST !!

မယ်စံ စားသောက်ကုန်လုပ်ငန်းအတွက် ဖန်တီးဖြစ်တာလေး 😍
25/10/2020

မယ်စံ စားသောက်ကုန်လုပ်ငန်းအတွက် ဖန်တီးဖြစ်တာလေး 😍


IP Construction, Decoration & Design Work လုပ်ငန်းအတွက် ABS မှ Logo ဖန်တီးပေးရလို့ ဂုဏ်ယူပီတိဖြစ်မိပါတယ်။ 😍
17/10/2020

IP Construction, Decoration & Design Work လုပ်ငန်းအတွက် ABS မှ Logo ဖန်တီးပေးရလို့ ဂုဏ်ယူပီတိဖြစ်မိပါတယ်။ 😍


ဖေ့ဘွတ်ခ်ပေါ်မှာ ရောင်းကောင်းအောင် ဘာတွေလုပ်ရမလဲ ? (အပိုင်း ၄)ဖေ့ဘွတ်ခ်ပေါ်မှာ ရောင်းကောင်းအောင် ဘာတွေလုပ်ရမလဲဆိုတဲ့ အကြ...
16/10/2020

ဖေ့ဘွတ်ခ်ပေါ်မှာ ရောင်းကောင်းအောင် ဘာတွေလုပ်ရမလဲ ? (အပိုင်း ၄)

ဖေ့ဘွတ်ခ်ပေါ်မှာ ရောင်းကောင်းအောင် ဘာတွေလုပ်ရမလဲဆိုတဲ့ အကြောင်းကို ပြောပြလာတာ ဒီတစ်ခုနဲ့ဆိုရင် အပိုင်း ၄ ကို ရောက်ရှိလာပြီဖြစ်ပါတယ်။ ☺️☺️

ဒီအပိုင်းမှာတော့ ရောင်းကောင်းအောင် ကျတော်လုပ်စေချင်တာက ပေ့ခ်ျမှာ ပြိုင်ပွဲအသေးစားလေးတွေ လုပ်စေချင်တာပါ။

သင့် ဖေ့ဘွတ်ခ်ပေ့ခ်ျဟာ လူသိများလာပြီ၊ သင့် လုပ်ငန်း၀န်ဆောင်မှု (သို့) သင့် ထုတ်ကုန်ပစ္စည်းတွေကို လူတွေက သိနေပြီ၊ သဘောကျနေပြီဆိုရင် ပေ့ခ်ျမှာ ပြိုင်ပွဲ အသေးစားလေးတွေ လုပ်ဖြစ်အောင် လုပ်ပါ။ 💯

ဥပမာ - ဖိနပ်ရောင်းတဲ့ လုပ်ငန်း ဆိုရင် slipper နဲ့ high heel နှစ်ခုထဲက ဘယ်တစ်ခုကို သဘောကျလဲဆိုတာမျိုး၊ အထည်အလိပ် ပုဆိုးလုပ်ငန်းတွေဆိုရင်လည်း ကချင်ကွက် နဲ့ ယောပုဆိုး ဘယ်ဟာ ပိုကြိုက်လဲဆိုတာ မျိုး

အဲ့လို ပြိုင်ပွဲ အသေးစားလေးတွေ လုပ်သင့်ပါတယ်။

ဒီလို ပြိုင်ပွဲလုပ်တဲ့ နေရာမှာလည်း ၀င်ရောက် ယှဉ်ပြိုင်မယ့်သူတွေကို ဆုတစ်ခုခု ပြန်ပေးတာမျိုး လုပ်သင့်ပါတယ်။ ဒါမှလည်း လူတွေက စိတ်၀င်တစားနဲ့ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ 👍😌

အခုလို ပြိုင်ပွဲ အသေးစားလေးတွေ လုပ်ပေးခြင်းအားဖြင့် သင့်လုပ်ငန်းကို လူတွေ ပိုမိုသိစေပြီး ပိုပြီးလည်း ရောင်းရနိုင်ခြေ များလာနိုင်ပါတယ်။

ဒီိနည်းလမ်းလေးဟာ လည်း ဖေ့ဘွတ်ခ်ပေါ်မှာ ရောင်းကောင်းအောင် လုပ်တဲ့ နည်းလမ်းလေး ဖြစ်ပါတယ်။

ထုံးစံအတိုင်း သင့်အတွက် အကျိုးရှိမယ်ထင်ရင် မျှဝေပေးပါဦး။


Point Furniture အတွက် ABS မှ ဂုဏ်ယူစွာဖြင့် ဖန်တီးသည်။
14/10/2020

Point Furniture အတွက် ABS မှ ဂုဏ်ယူစွာဖြင့် ဖန်တီးသည်။


ဖေ့ဘွတ်ခ်ပေါ်မှာ ရောင်းကောင်းအောင် ဘာတွေလုပ်ရမလဲ ? (အပိုင်း ၃)ပြီးခဲ့တဲ့ အပတ်တွေက ပြောခဲ့သလို ဖေ့ဘွတ်ခ်ပေါ်မှာ engagemen...
12/10/2020

ဖေ့ဘွတ်ခ်ပေါ်မှာ ရောင်းကောင်းအောင် ဘာတွေလုပ်ရမလဲ ? (အပိုင်း ၃)

ပြီးခဲ့တဲ့ အပတ်တွေက ပြောခဲ့သလို ဖေ့ဘွတ်ခ်ပေါ်မှာ engagement ရအောင်လုပ်ဖို့နဲ့ ရုပ်ပုံဒီဇိုင်းတွေ ကောင်းအောင်လုပ်ဖို့ဆိုရင် သင့်ပေခ်ျမှာ follower တွေ ရှိဖို့လိုပါတယ်။ 😍😍

ရှိပြ်ီးသားဆိုရင်လည်း ဒီထက်ပိုတိုးအောင် လုပ်ဖို့ လိုပါမယ်။ အခုအချိန်ကာလမှာ လူတွေဟာ အွန်လိုင်းပေါ်မှာ အချိန်ပိုဖြုန်းတတ်ကြတော့ ပိုပြီးတောင်လုပ်ဖို့ လိုပါမယ်။

Follower တွေများခြင်းဟာ သင့်လုပ်ငန်းပေ့ခ်ျကို ၀ယ်သူတွေ ပိုမိုယုံကြည်စိတ်ချကြပြီး ပေ့ခ်ျမှတင်သမျှ ပို့စ်တွေကိုလည်း reach တွေ engage တွေ တက်စေပါတယ်။ 👍💯

ဒါဆိုရင် follower တွေရဖို့ ဘယ်လိုလုပ်ရမလဲ ?

✅ follower များလာအောင် ကြော်ငြာပါ
ဒီအချက်ကတော့ အလွယ်ဆုံးနဲ့ အရိုးရှင်းဆုံးပါပဲ။

သင့်ပေ့ခ်ျကို follower များလာအောင် ဖေ့ဘွတ်ခ်ကို ပိုက်ဆံပေးပြီး ကြော်ငြာပါ။ သင်လိုချင်တဲ့ ၀ယ်သူဖောက်သည်တွေကို ပစ်မှတ်ထားပြီး ကြော်ငြာပါ။

✅ giveaway ပေးပါ
တော်တော်များများက ဒီအချက်ကိုလိုက်လုပ်ကြပါတယ်။ ဒါပေမယ့် ကျတော်က တော့ သဘောမကျဘူးဗျ။ ဘာလို့လဲဆိုရင် giveaway ပေးတာဟာ တကယ့် follower အစစ်တွေ မရနိုင်ပါဘူး။

✅ ၀ယ်သူတွေ သဘောကျမယ့် ပို့စ်မျိုး ဖန်တီးပါ
ဒီအချက်က တော့ လွယ်မလိုလိုနဲ့ ခက်ပါတယ်။ တကယ်တမ်း လုပ်ရမယ်ဆိုရင် သင့်၀ယ်သူဖောက်သည်တွေ ကြိုက်မယ့် အကြောင်းအရာကို ရှာရမယ်။

နောက်ပြီးရင် ပေ့ခ်ျကို သဘောကျလာစေမယ့် ပို့စ်တွေဖန်တီးရမယ်။ ပြီးရင် သင့်ပစ်မှတ်ထားတဲ့ ဝယ်ယူတွေသိအောင် ကြော်ငြာရမယ်။

ဒီအချက်ဟာ ခက်တယ်ဆိုပေမယ့် တကယ့် follower အစစ်အမှန်တွေကို ရရှိစေပါတယ်။

ကျတော်ကတော့ follower တိုးချင်ရင် No.3 အချက်နဲ့ လိုက်လုပ်ပါတယ်။ ☺️😌

ဒီစာလေးက သင့်အတွက် အကျိုးရှိမယ်ထင်ရင် တခြားသူတွေလည်း သိအောင် မျှဝေပေးပါဦး။


ABS မှ ဖန်တီးသည်။
12/10/2020

ABS မှ ဖန်တီးသည်။


အင်တာဗျူးသွားတဲ့ အချိန် ဘယ်လို ဝတ်စားဆင်ယင်သင့်သလဲ ? 🤔

ဟဲလို ... အားလုံးပဲ မတွေ့ရတာ ကြာပေါ့ 😁

ဒီနေ့လေးမှာ ကိုကြီးက အလုပ်အင်တာဗျူးသွားတဲ့အချိန် ဘယ်လိုဝတ်စားသင့်လဲဆိုတာ ကို ပြောပြပေးချင်ပါတယ်။

အင်တာဗျူးသွားဖြေတဲ့ အချိန် ဝတ်စားဆင်ယင်ပုံဟာ သင့်အတွက် အရမ်းအရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ လူတွေဟာ ပထမဆုံးသောထင်မြင်ချက်ကို သင့်ရဲ့ဝတ်စားဆင်ယင်ပုံနဲ့ တိုင်းတာလို့ပါ။ 💯

ဘယ်လိုဝတ်စားသင့်လဲဆိုတာ စိတ်ဝင်စားရင် ဖတ်ကြည့်ပေးပါဦး။

✅ လိုက်ဖက်မယ့် အဝတ်အစားကိုသာ ရွေးဝတ်ပါ

ရွေးချယ်ဝတ်ဆင်လိုက်တဲ့ အဝတ်အစားဟာ သင်နဲ့လိုက်ဖက်မှုရှိပြီး သင်ရဲ့စွမ်းရည်ကိုပေါ်လွင်အောင် ဝတ်စားသင့်ပါတယ်။ 👍

သင် အင်တာဗျူးဖြေရမယ့် အလုပ်နဲ့ ရာထူးအတွက် သင့်တင့်စွာ ဝတ်စားဆင်ယင်သွားပါ။

✅ ဒီလိုအဝတ်အစားမျိုးတွေကို ရှောင်ကြဉ်ပါ

အင်တာဗျူးသွားဖြေတဲ့အခါ သင်ဟာ သူများထက် ပိုပေါ်လွင်အောင် အရောင်တောက်တောက်တွေ ရွေးချယ်ဝတ်ဆင်ခြင်းကို ရှောင်သင့်ပါတယ်။ 🙅

ဂျင်းနဲ့ပတ်သက်တဲ့ အဝတ်အစားမျိုးကိုလည်းရှောင်သင့်ပါတယ်။ တီရှပ်ဝတ်ဆင်ခြင်းဟာလည်း ရိုးရှင်းစေတဲ့အတွက် ရှောင်သင့်ပါတယ်။

သင်ဟာ လွတ်လပ်ပေါ့ပါးတဲ့ လူငယ်တစ်ယောက် ဖြစ်နေတယ်ဆိုရင်တောင် အင်တာဗျူးသွားဖြေတဲ့အခါ ပေါ့ပေါ့ပါးပါးနဲ့ Freestyle မျိုးကို မရွေးချယ်သင့်ပါဘူး။

✅ သန့်ရှင်းတောက်ပြောင်နေဖို့ လိုအပ်ပါတယ်

သင်ရွေးချယ်ဝတ်ဆင်လိုက်တဲ့ အဝတ်အစားဟာ သန့်ရှင်းတောက်ပြောင်‌‌နေဖို့လည်း လိုအပ်ပါတယ်။

သင့်ရဲ့ဝတ်စားပုံဟာ သင့်ရဲ့စရိုက်လက္ခဏာကိုပြသနေတဲ့အတွက် အင်တာဗျူးသွားဖြေတဲ့အခါ အပြဲဒီဇိုင်းများပါတဲ့ ဘောင်းဘီ၊အကျီတွေကိုလည်း အထူးရှောင်ကျဉ်ဖို့ လိုအပ်ပါတယ်။ 😌😌

ကိုကြီး ပြောပြတဲ့အရာလေးက ဗဟုသုတဖြစ်မယ်ဆိုရင် တခြားသူ‌တွေ သိအောင် မျှဝေပေးပါဦး။
Type a message...

ဖေ့ဘွတ်ခ်ပေါ်မှာ ရောင်းကောင်းအောင် ဘာတွေလုပ်ရမလဲ ? (အပိုင်း ၂)ပြီးခဲ့တဲ့ အပတ်က ရေးခဲ့သလို engagement ရအောင် လုပ်ပြီးပြီဆ...
09/10/2020

ဖေ့ဘွတ်ခ်ပေါ်မှာ ရောင်းကောင်းအောင် ဘာတွေလုပ်ရမလဲ ? (အပိုင်း ၂)

ပြီးခဲ့တဲ့ အပတ်က ရေးခဲ့သလို engagement ရအောင် လုပ်ပြီးပြီဆိုရင် နောက်ထပ် လုပ်ရမယ့်အချက်က page အတွက် အရေးကြီးဆုံးလို့ ပြောလို့ရပါတယ်။ 🤗

အွန်လိုင်းကနေ လူတွေက ဝယ်ယူကြတယ်ဆိုတာ ရုပ်ပုံ‌ဒီဇိုင်းတွေကိုကြည့်ပြီး ဆုံးဖြတ်ချက်ချ ဝယ်ကြတာပါ။

✅ ဒါကြောင့် ..သင့်လုပ်ငန်း (သို့) သင့်ထုတ်ကုန်ပစ္စည်းတွေ အတွက် ပုံကောင်းကောင်းဖန်တီးပါ။

ဒီနေရာမှာ သင်ဟာ ဖိုတိုရှော့ တတ်စရာမလိုပါဘူး။ ပုံတွေဖန်တီးတဲ့နေရာမှာလည်း knowledge တွေအများကြီး သိစရာမလိုပါဘူး။

အခုခေတ်မှာ ဖုန်းတွေ ကောင်းတာကြောင့် ဓာတ်ပုံကောင်းကောင်းရိုက်တတ်ဖို့ နဲ့ ပုံ တွေကို edit လုပ်နိုင်တဲ့ app တစ်ချို့အကြောင်းသိရင် ရပါပြီ။ 👍☺️

ဖေ့ဘွတ်ခ်ပေါ်မှာ ရောင်းကောင်းဖို့အတွက် ဒီအချက်ကို အထူးသတိထားပြီး လုပ်စေချင်ပါတယ်။

အစားအသောက်တွေ ရောင်းတဲ့ လုပ်ငန်းဆိုရင် ပိုလို့တောင် ပုံကောင်းကောင်းတွေ အသုံးပြုဖို့လိုပါမယ်။

car showroom တွေဆိုရင်လည်း ကားပုံတွေကို သေချာ ပုံရိုက်ပြီး တင်သင့်ပါတယ်။ 💯

ဒါဆိုရင် ဖေ့ဘွတ်ခ်ပေါ်မှာ ရောင်းကောင်းဖို့ နောက်ထပ်လုပ်ရမယ့် အချက်ကို သိပြီပေါ့။

ထုံးစံအတိုင်း အကျိုးရှိမယ်ထင်ရင် မျှဝေပေးပါဦး။


ABS ရဲ့ Content Service ကို ယုံကြည်စွာနဲ့ အပ်နှံလို့ ကျေးဇူးအများကြီး တင်ပါတယ်။ 🙏ကျတော်တို့ အကောင်းဆုံးကြိုးစားပြီး ဝန်ဆ...
08/10/2020

ABS ရဲ့ Content Service ကို ယုံကြည်စွာနဲ့ အပ်နှံလို့ ကျေးဇူးအများကြီး တင်ပါတယ်။ 🙏

ကျတော်တို့ အကောင်းဆုံးကြိုးစားပြီး ဝန်ဆောင်မှုပေးပါ့မယ်။


ABS မှ ဖန်တီးသည်။ 😍😍
08/10/2020

ABS မှ ဖန်တီးသည်။ 😍😍


" YOUR FASHION IS YOUR FUTURE " မှ BTS ပုံရိပ်များ 😍
06/10/2020

" YOUR FASHION IS YOUR FUTURE " မှ BTS ပုံရိပ်များ 😍


Address

Yangon

Opening Hours

Monday 10:00 - 17:00
Tuesday 10:00 - 17:00
Wednesday 10:00 - 17:00
Thursday 10:00 - 17:00
Friday 10:00 - 17:00
Saturday 10:00 - 17:00

Telephone

+959761616921

Website

Alerts

Be the first to know and let us send you an email when AllBoosting.Se posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to AllBoosting.Se:

Share