EVO Marketing Myanmar

EVO Marketing Myanmar EVO is a Marketing Agency from MYANMAR which builds with young & passionate people since 2021.

🌕မွန်မြတ်လှတဲ့ ဓမ္မစကြာအခါတော်နေ့မှာ မိတ်ဆွေတို့၏ စိတ်နှလုံးထဲ၌ အေးချမ်းခြင်း မေတ္တာတရားများ အစဉ်ကိန်းဝပ်နေပါစေ။ လောဘ၊ ဒ...
28/07/2026

🌕မွန်မြတ်လှတဲ့ ဓမ္မစကြာအခါတော်နေ့မှာ မိတ်ဆွေတို့၏ စိတ်နှလုံးထဲ၌ အေးချမ်းခြင်း မေတ္တာတရားများ အစဉ်ကိန်းဝပ်နေပါစေ။ လောဘ၊ ဒေါသ၊ မောဟ အပူခပ်သိမ်း ငြိမ်းအေးပြီး အေးချမ်းပျော်ရွှင်သော နေ့ရက်များကို ပိုင်ဆိုင်နိုင်ကြပါစေ။

သစ္စာလေးပါးကို ထိုး‌ဖောက်သိမြင်နိုင်သော ဉာဏ်အလင်းရောင်ဖြင့် ဘဝကို ပိုမိုကောင်းမွန်အောင် လျှောက်လှမ်းနိုင်ကြပါစေကြောင်းနှင့် လိုတရ မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေကြောင်း EVO Marketing Myanmar မှ လှိုက်လှဲစွာ မေတ္တာပို့သပေးလိုက်ပါတယ်။🙏🏻

☎️ 09420083725 ၊ 09456708880
🏢 No.111A, Thiitsar Road, Yankin Road, Yangon.
💌 [email protected]



လောကဓံ လှိုင်းလုံးတွေ ဘယ်လောက်ပဲ ရိုက်ခတ်ပါစေ မယိုင်မလဲ ရပ်တည်နေတဲ့ ကျောက်ဆောင်ကြီးတစ်ခုလို မိသားစုအတွက် အားထားရဆုံး အမာ...
21/06/2026

လောကဓံ လှိုင်းလုံးတွေ ဘယ်လောက်ပဲ ရိုက်ခတ်ပါစေ မယိုင်မလဲ ရပ်တည်နေတဲ့ ကျောက်ဆောင်ကြီးတစ်ခုလို မိသားစုအတွက် အားထားရဆုံး အမာခံ တံတိုင်းကြီးကတော့ ဖေဖေပါပဲ။ မှောင်မိုက်နေတဲ့ အချိန်တွေမှာ လမ်းမှန်ကို ပြသပေးတဲ့ အလင်းရောင်လို သားသမီးတွေရဲ့ ရှေ့ရေးအတွက် အမြဲ ဦးဆောင်လမ်းပြပေးတတ်သူလည်း ဖြစ်ပါတယ်။

ခိုင်မာပြတ်သားမှုတွေရဲ့အောက်မှာ ဖုံးကွယ်ထားတဲ့ ဖေဖေ့ရဲ့ ကြီးမားလှတဲ့ အနစ်နာခံမှုတွေကို ဒီနေ့ ဖခင်များနေ့မှာ အထူး ဂုဏ်ပြုလိုက်ပါတယ်။🙏🏻

ဖခင်များအားလုံး သက်ရှည်ကျန်းမာပြီး မိသားစုရဲ့ ဂုဏ်ယူအားထားရတဲ့ အလင်းရောင်အဖြစ် အဓွန့်ရှည်စွာ ရပ်တည်နိုင်ပါစေလို့ EVO Marketing Myanmar မှဆုတောင်းပေးလိုက်ပါတယ်။✨

☎️ 09420083725 ၊ 09456708880
🏢 No.111A, Thiitsar Road, Yankin Road, Yangon.
💌 [email protected]



Social Media Marketing ဆိုတာ ထုတ်ကုန်တွေကို တိုက်ရိုက်ရောင်းချတာမဟုတ်ဘဲ ဝယ်သူနဲ့ လုပ်ငန်းရှင်ကြား ချိတ်ဆက်ပေးတဲ့ အကျိုးတ...
27/05/2026

Social Media Marketing ဆိုတာ ထုတ်ကုန်တွေကို တိုက်ရိုက်ရောင်းချတာမဟုတ်ဘဲ ဝယ်သူနဲ့ လုပ်ငန်းရှင်ကြား ချိတ်ဆက်ပေးတဲ့ အကျိုးတော်ဆောင်တစ်ဦးပါ။

လုပ်ငန်းရှင်အများစုက Social Media Marketing ဆိုတာနဲ့ Social Media Platform တွေမှာ အရေအတွက်ဦးစားပေးတဲ့ Post တွေများများတင်နိုင်ရေးကိုသာ အာရုံစိုက်လေ့ရှိပေမဲ့ တကယ်တမ်းအရေးကြီးတဲ့ Marketing Strategy ကိုတော့ မေ့လျော့နေတတ်ပါတယ်။

ဘာကြောင့် Social Media Marketing Strategy တွေကိုမမေ့သင့်တာလဲဆိုရင်…

(၁) မှန်ကန်တဲ့ဝယ်သူဆီကိုရောက်စေတယ်
နည်းစနစ်မရှိဘဲ လည်ပတ်တဲ့လုပ်ငန်းတိုင်းက ရေရှည်တည်တံ့မှာမဟုတ်သလို နည်းလမ်းမရှိတဲ့ Marketing လုပ်ခြင်းကလည်း အောင်မြင်မှာမဟုတ်ပါဘူး။ စနစ်တကျ အစီအစဉ်ချပြီး လုပ်ဆောင်ခြင်းက မိမိရောင်းချတဲ့ ထုတ်ကုန်ကို အသုံးပြုလိုသူဝယ်သူဆီကို မှန်ကန်တိကျစွာနဲ့ သတင်းစကားပေးပို့နိုင်ပါတယ်။

(၂)ကုန်ကျစားရိတ်မှန်ကန်မယ်
Social Media မှာ Post တစ်ခုပေါက်ဖို့ Marketing Budget တွေအများကြီး သုံးဖို့မလိုဘဲ စီမံထားတဲ့ Budget Plan တစ်ခုအတွင်းမှာ ထိရောက်မှုရှိစွာ Ads တွေ Run နိုင်ပါတယ်။

(၃) လုပ်ငန်းရဲ့ပုံရိပ်ကိုထိန်းသိမ်းပေးတယ်
အကွပ်မရှိတဲ့ကြမ်းက ပရမ်းပတာဆိုသလိုပဲ Strategy မရှိဘဲ ထင်ရာမြင်ရာ လျှောက်လုပ်နေတာထက်စာရင် တိကျသေချာတဲ့ ရည်ရွယ်ချက်နဲ့ စနစ်တကျ စီစဉ်ပြီးလုပ်ဆောင်တာက မိမိလုပ်ငန်းရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းမြှင့်တင်ပေးနိုင်ရုံတင်မကဘဲ ဝယ်သူနဲ့ ထုတ်ကုန်ကြား ရင်းနှီးနွေးထွေးတဲ့ ဆက်ဆံရေးတစ်ခုကိုတည်ဆောက်နိုင်ပါတယ်။

ဒါကြောင့် မိတ်ဆွေတို့က လုပ်ငန်းတစ်ခုအတွက် Marketing စတင်လုပ်ဆောင်တော့မှန်ဆိုရင် စနစ်တကျ နည်းဗျူဟာခင်းပြီး လုပ်ဆောင်ဖို့မမေ့ပါနဲ့။

Marketing နဲ့ပတ်သက်ပြီး ဆွေးနွေးတိုင်ပင်ချင်တယ်ဆိုရင်တော့ ..
ကျွန်တော်တို့ EVO Marketing Myanmar က အသင့်ရှိပါတယ်ခင်ဗျာ။

Marketing ဆိုင်ရာ လိုအပ်ချက်တိုင်းအတွက်
EVO Marketing Myanmar ကို ယခုပဲ ဆက်သွယ်လိုက်ပါ။

☎️ 09420083725 ၊ 09456708880
🏢 No.111A, Thiitsar Road, Yankin Road, Yangon.
💌 [email protected]




စာသားလေးတစ်ကြောင်းရေး၊ ပုံလေးတစ်ပုံ ဒါမှမဟုတ်Video လေးတစ်ပုဒ်နဲ့ တွဲတင်လိုက်တဲ့ Post တိုင်းကို Content လို့ ခေါ်လို့မရပါ...
21/05/2026

စာသားလေးတစ်ကြောင်းရေး၊ ပုံလေးတစ်ပုံ
ဒါမှမဟုတ်
Video လေးတစ်ပုဒ်နဲ့ တွဲတင်လိုက်တဲ့ Post တိုင်းကို Content လို့ ခေါ်လို့မရပါဘူး။

စိတ်ကူးပေါက်သလို တင်ချင်တာ တင်နေတဲ့ Post တွေက သင့်လုပ်ငန်းအတွက် တကယ့် Result တွေ ယူဆောင်လာပေးရဲ့လား.....

ရလဒ်မထွက်ဘူးဆိုရင်တော့...
သင်လုပ်နေတာ Marketing မဟုတ်ပါဘူး။ အပျော်တမ်း Post တင်နေတာ သက်သက်ပါပဲ။

ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ဒီနေ့ခေတ် Social Media ပေါ်မှာ လုပ်ငန်းတစ်ခု အောင်မြင်ဖို့အတွက်
တင်ချင်တာ တင်နေရုံ နဲ့ လုံးဝ မလုံလောက်တော့ပါဘူး။

ဖောက်သည်ကို ဆွဲဆောင်နိုင်တဲ့ Content အစစ်အမှန်ဖြစ်ဖို့ဆိုရင်
ခိုင်မာတဲ့ Content Strategy တစ်ခု မဖြစ်မနေ ရှိဖို့ လိုအပ်ပါတယ်။

📍 Strategy ကျတဲ့ Content တစ်ခုဖြစ်ဖို့ဆိုရင်...

▪️ Target Audience: ကိုယ့်ပစ္စည်းကို ဘယ်သူ့ဆီ ရောင်းချင်တာလဲဆိုတာ တိတိကျကျ သိရမယ်။ (လူတိုင်းကို ရောင်းချင်တယ်ဆိုတာ Marketing မှာ မရှိပါဘူး)
▪️ Objective: ဒီ Content ကနေ Brand ကို သိစေချင်တာလား ၊ Message ဝင်လာစေချင်တာလား ရည်ရွယ်ချက် ကွဲပြားရမယ်။
▪️ Value: ဖတ်မယ့်သူအတွက် ဘာအကျိုးရှိမလဲ ...
ဗဟုသုတပေးတာလား၊ ပြဿနာဖြေရှင်းပေးတာလား.... တန်ဖိုးတစ်ခုခုကို ပြသနိုင်ရမယ်။

ဒီ (၃) ချက် မပါဘူးဆိုရင်တော့
သင့်ရဲ့ Post ဟာ Newsfeed ပေါ်မှာ
ခဏလေးပေါ်လာပြီး ပျောက်သွားမယ့် သာမန် Post တစ်ခု သာသာပါပဲ။

ဒါကြောင့် လုပ်ငန်းတွေအနေနဲ့
ဘာတွေတင်မလဲ၊ ဘယ်လိုပုံစံနဲ့ ဘယ်အချိန်မှာ တင်မလဲ ဆိုတာကို
Content Calendar နဲ့ စနစ်တကျ
Plan ချပြီး သတ်မှတ်နိုင်မှသာ မိမိလိုချင်တဲ့ Business Goal ကို အမိအရ ဖမ်းဆုပ်နိုင်မှာပါ။

Business အတွက် တကယ်အလုပ်ဖြစ်မယ့်
စစ်မှန်တဲ့ Content Marketing Strategy တွေကို တည်ဆောက်ချင်တယ်ဆိုရင်တော့...

Marketing ဆိုင်ရာ လိုအပ်ချက်တိုင်းအတွက် EVO Marketing Myanmar ကို ယခုပဲ ဆက်သွယ်လိုက်ပါ။

☎️ 09420083725 ၊ 09456708880
🏢 No.111A, Thiitsar Road, Yankin Road, Yangon.
💌 [email protected]




Marketing Agency ဆိုတာ စာနဲ့ပုံလေးတွေ တင်ပေးရုံပဲလား?EVO Marketing Myanmar မှာတော့ အဲ့လိုမဟုတ်ပါဘူး....ကျွန်တော်တို့က Cl...
18/05/2026

Marketing Agency ဆိုတာ စာနဲ့ပုံလေးတွေ တင်ပေးရုံပဲလား?

EVO Marketing Myanmar မှာတော့ အဲ့လိုမဟုတ်ပါဘူး....
ကျွန်တော်တို့က Client တစ်ဦးချင်းစီရဲ့ လုပ်ငန်းလိုအပ်ချက်အပေါ်
မူတည်ပြီး

▪️ Branding Strategy & Consulting မားကတ်တင်း နယ်ပယ်မှာ အတွေ့အကြုံ (၁၀) နှစ်ကျော်ရှိတဲ့ Leader များကိုယ်တိုင် အနီးကပ် အကြံဉာဏ်ပေး တိုင်ပင်ပေးခြင်း
▪️မတူညီတဲ့ အမိုက်စားပုံရိပ်တွေနဲ့ Brand ရဲ့ အရည်အသွေးကို သက်သေပြနိုင်မဲ့ Photo Shooting ၊ Video Shooting
▪️ Content တွေကို ဝယ်သူတွေဆီ တည့်တည့်ရောက်သွားစေဖို့ ထိရောက်တဲ့ Strategy တွေနဲ့ Boosting ပြုလုပ်ပေးခြင်း
▪️ဖတ်ကြည့်လိုက်တာနဲ့ ဝယ်ချင်လာအောင် ဆွဲဆောင်နိုင်တဲ့ စာအရေးအသားနဲ့
▪️ Visual ပိုင်းမှာ ဆွဲဆောင်မှုရှိပြီး မြင်လိုက်တာ Eye Catch ဖြစ်စေမဲ့ Graphic Design တွေကို ဖန်တီးပေးလျှက်ရှိပါတယ်။

လက်ရှိမှာတော့ ဂျပန်၊စင်ကာပူ၊မြန်မာ အစရှိသည့် နေရာတွေအထိ အချိန် (၄) နှစ်ကျော်ကာလအတွင်း လုပ်ငန်းပေါင်း (၁၄၀) ကျော် နယ်ပယ်ပေါင်း (၂၀) ကျော် ကို Marketing ဆိုင်ရာဝန်ဆောင်မှုပေးပြီးဖြစ်တဲ့

EVO Marketing Myanmar က သာမန် Agency တစ်ခုထက်ပိုပြီး သင့်လုပ်ငန်းအတွက် လိုအပ်တဲ့ Marketing Solution အကုန်လုံးကို တစ်နေရာတည်းမှာ အပြည့်အဝ ပေးစွမ်းနေတဲ့
"Marketing Partner" တစ်ဦးပဲဖြစ်ပါတယ်။

သာမန်စာနဲ့ပုံတင်ပြီး ပြီးရောလိုမျိုး မဟုတ်တဲ့ Marketing Strategy တွေနဲ့ လူကြီးမင်းတို့ရဲ့ လုပ်ငန်းကို စျေးကွက်ထဲမှာ ဖြန့်ကျက်ချင်တယ်ဆိုရင်တော့ ..

EVO Marketing Myanmar မှာ အခမဲ့ ဆွေးနွေးတိုင်ပင်မှုများကို ရယူနိုင်ပါပြီ။

- Marketing ဆိုင်ရာ လိုအပ်ချက်တိုင်းအတွက် EVO Marketing Myanmar -

☎️09420083725 ၊ 09456708880
🏢No.111A, Thiitsar Road, Yankin Road, Yangon.
💌[email protected]


မေတ္တာတရားရဲ့ လေးနက်မှု မိခင်တို့မှ အစပြု…🌹သားသမီးတို့ရဲ့ ရှေ့ဆောင်လမ်းပြဖြစ်သော မေတ္တာရှင် မိခင်များအားလုံး ဒီနေ့မှာတင်...
10/05/2026

မေတ္တာတရားရဲ့ လေးနက်မှု မိခင်တို့မှ အစပြု…🌹

သားသမီးတို့ရဲ့ ရှေ့ဆောင်လမ်းပြဖြစ်သော မေတ္တာရှင် မိခင်များအားလုံး ဒီနေ့မှာတင်မကဘဲ နေ့ရက်တိုင်းမှာ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာရှိစေဖို့ EVO Marketing Myanmar မိသားစုမှ ဆုမွန်ကောင်းတောင်းရင်း ...

ယနေ့ကျရောက်တဲ့ အမေများနေ့ကို ဂုဏ်ယူစွာ ကြိုဆိုအပ်ပါတယ်ခင်ဗျာ .. 💕

Marketing ဆိုင်ရာ လိုအပ်ချက်တိုင်းအတွက် EVO Marketing Myanmar

☎️09420083725 ၊ 09456708880
🏢No.111A, Thiitsar Road, Yankin Road, Yangon.
💌[email protected]




ချွေးစက်တိုင်းမှာ အောင်မြင်မှုတွေရှိသလို၊ ကြိုးစားမှုတိုင်းမှာလည်း အသီးအပွင့်တွေ ရှိပါတယ်။ တိုးတက်မှုရဲ့ အဓိကမောင်းနှင်အ...
01/05/2026

ချွေးစက်တိုင်းမှာ အောင်မြင်မှုတွေရှိသလို၊ ကြိုးစားမှုတိုင်းမှာလည်း အသီးအပွင့်တွေ ရှိပါတယ်။ တိုးတက်မှုရဲ့ အဓိကမောင်းနှင်အားဖြစ်တဲ့ လုပ်သားထုတစ်ရပ်လုံးကို ကျွန်တော်တို့က အစဉ်အမြဲ လေးစားဂုဏ်ပြုလျက်ရှိပါတယ်။👨🏻‍🔧

လက်တွေ့ကျကျ ရုန်းကန်နေရတဲ့ လုပ်အားတိုင်းဟာ တန်ဖိုးဖြတ်လို့မရတဲ့ ဂုဏ်သိက္ခာတွေပါပဲ။ နိုင်ငံရဲ့ တိုးတက်မှုယန္တရားတွေကို လည်ပတ်ပေးနေတဲ့ လုပ်သားတို့ရဲ့ ပင်ပန်းနွမ်းနယ်မှုတွေ ပြေပျောက်လို့ ပိုမိုတောက်ပတဲ့ အောင်မြင်မှုလမ်းစတွေဆီ စိတ်သစ်လူသစ်နဲ့ လျှောက်လှမ်းနိုင်ကြပါစေ။ ✊✨

- Marketing ဆိုင်ရာ လိုအပ်ချက်တိုင်းအတွက် EVO Marketing Myanmar -
☎️09420083725( Viber ) ၊ 09456708880 ( Viber )
🏢အမှတ် ၁၁၁(က)၊ သစ္စာလမ်းမ၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့ ( Myanmar Office ) ။
💌[email protected]


✨"ဗျာဒိတ်ခံယူ၊ ဖွားမြင်၊ ပွင့်ထွန်း၊ တရားဟော၊ စံမြန်း" ဟူသော မြတ်ဗုဒ္ဓ၏ ဘဝဖြစ်စဉ်မှတ်တိုင် (၅) ရပ် စုံဆည်းရာ ဤကဆုန်လပြည့...
29/04/2026

✨"ဗျာဒိတ်ခံယူ၊ ဖွားမြင်၊ ပွင့်ထွန်း၊ တရားဟော၊ စံမြန်း" ဟူသော မြတ်ဗုဒ္ဓ၏ ဘဝဖြစ်စဉ်မှတ်တိုင် (၅) ရပ် စုံဆည်းရာ ဤကဆုန်လပြည့်နေ့သည် ကမ္ဘာတစ်ဝန်းရှိ ဗုဒ္ဓဘာသာဝင်တို့အတွက် အထူးမြတ်ဆုံးသော နေ့ထူးနေ့မြတ်တစ်ရက် ဖြစ်ပါတယ်။

ဗုဒ္ဓဘုရားရှင်က ပန်းမန်ညောင်ပင်အောက်ဝယ် အောင်မြေနင်း၍ သဗ္ဗညုတဉာဏ်တော်ကို ရရှိတော်မူသကဲ့သို့၊ ကျွန်တော်တို့ မြန်မာလူမျိုးတို့သည်လည်း ပူပြင်းလှသော ကဆုန်လ၏ အရှိန်အဟုန်ကို အေးမြသော ညောင်ရေသွန်းလောင်းမှုဖြင့် အောင်နိုင်ခြင်း အထိမ်းအမှတ်ကို ပြုကြပါတယ်..🌳

မြတ်ဗုဒ္ဓ၏ မေတ္တာရိပ်အောက်ဝယ် လူကြီးမင်းတို့ မိသားစုအားလုံး ကိုယ်စိတ်နှစ်ဖြာ အေးချမ်းသာယာရှိကြပါစေ...🙏🏻

- Marketing ဆိုင်ရာ လိုအပ်ချက်တိုင်းအတွက် EVO Marketing Myanmar -
☎️09420083725( Viber ) ၊ 09456708880 ( Viber )
🏢အမှတ် ၁၁၁(က)၊ သစ္စာလမ်းမ၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့ ( Myanmar Office ) ။
💌[email protected]


🌿 မြန်မာတို့ရဲ့ နှစ်သစ်အခါသမယမှာ စိတ်နှလုံးများ အေးချမ်းလန်းဆန်းကြပါစေကြောင်း EVO Marketing Myanmar မှ ဆုမွန်ကောင်းတောင်...
17/04/2026

🌿 မြန်မာတို့ရဲ့ နှစ်သစ်အခါသမယမှာ
စိတ်နှလုံးများ အေးချမ်းလန်းဆန်းကြပါစေကြောင်း EVO Marketing Myanmar မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် ။

💦 သင်္ကြန်ရေအေးအေးနဲ့အတူ အခက်အခဲဟောင်းတွေကို ဆေးကြောသန့်စင်ပြီး
နှစ်သစ်မှာ ပိုမိုတောက်ပတဲ့ Brand Vision တွေ၊ အောင်မြင်တဲ့ Marketing Strategy အသစ်တွေနဲ့ ရှေ့ဆက်နိုင်ကြပါစေခင်ဗျာ

✨ ပျော်ရွှင်စရာနှစ်သစ်အချိန်အခါလေးဖြစ်ကြပါစေ

- Marketing ဆိုင်ရာ လိုအပ်ချက်တိုင်းအတွက် EVO Marketing Myanmar -
☎️09420083725( Viber ) ၊ 09456708880 ( Viber )
🏢အမှတ် ၁၁၁(က)၊ သစ္စာလမ်းမ၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့ ( Myanmar Office ) ။
💌[email protected]


Address

No 111 ( A ), Thit Sar Street, Yankin Tsp
Yangon
11081

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+959456708880

Alerts

Be the first to know and let us send you an email when EVO Marketing Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to EVO Marketing Myanmar:

Shortcuts

Share