07/01/2020
စာဖတ်နည်းလက်ဆောင် 📚📚
ပညာရပ်ဆိုင်ရာ အင်္ဂလိပ်စာ English for Academic Purpose ကို လေ့လာတဲ့ အခါမှာ စာဖတ်နည်း နှစ်မျိုးကို အဓိကထားပြီး လေ့လာဖြစ်ပါတယ်..။ တစ်မျိုးက Skimming ဖြစ်ပြီး နောက်တစ်မျိုးက Scanning ဖြစ်ပါတယ်..။
အဲဒီနှစ်မျိုးကို ကျွမ်းကျွမ်းကျင်ကျင်
ဖတ်နိုင်မှ ကိုယ့်ရဲ့ မဟာဘွဲ့ တို့ ပါရဂူဘွဲ့တို့ အတွက်ရေးသား တင်သွင်းရတဲ့
ကျမ်းတွေ ပြုစုရာမှာ အထောက်အကူ ဖြစ်စေမယ့်
အကိုးအကား စာတွေကို ကျယ်ကျယ်ပြန့်ပြန့် များများစားစား ဖတ်နိုင်မှာပါ..။
Skimming ကို ဖတ်နိုင်ဖို့ အတွက် စာကို သွက်သွက်လက်လက် ဖတ်တတ်ဖို့လိုပါတယ်..။
တစ်လုံးဖတ်လိုက် .. အဘိဓာန်ထဲ ရှာလိုက် လုပ်နေလို့ကတော့ ရှေ့ရောက်ဖို့ မလွယ်ပါဘူး..။
စာဖတ်နာဖို့ လိုတယ် လို့ပြောရာမှာ စာစုံ ဖတ်နိုင်ဖို့ လိုပါတယ်..။
ကျမ်းပြုတယ် ဆိုရာမှာ ဆောင်းပါးရေးတာနဲ့ မတူ
စာစီစာကုံးရေးတာနဲ့ မတူ တာကို သတိပြုရပါမယ်..။
အချက်အလက် ခိုင်မာနိုင်သမျှ ခိုင်မာအောင်
သေသေချာချာ တည်ဆောက်ရပါတယ်..။
အချက်အလက် ရှိမယ့်နေရာ ရနိုင်မယ့် နေရာတွေကို
ငွေကုန် အချိန်ကုန် လူပင်ပန်းခံ အစားအသောက်ဆင်းရဲခံပြီး သွားနိုင်ရပါတယ်..။
အဲဒီလို သွားရင်း စုရင်းနဲ့ ရလာတဲ့ အချက်အလက်ကို
ပညာရပ်ဆိုင်ရာ ဝေါဟာရတွေ သုံးပြီး
စေ့စေ့စပ်စပ် ရှင်းပြနိုင်မှ ကျမ်းတစ်စောင်ဖြစ်တာပါ..။
ကိုယ့်တွေ့ရှိချက်ဟာ ရှိနှင့်ပြီးသား သီအိုရီပေါင်းများစွာထဲက
ဘယ်သီအိုရီနဲ့များ ကိုက်ညီလေမလဲ ဆိုတာကို ရှာရတဲ့ ကိစ္စက မလွယ်ဆုံးပါပဲ..။
အဲဒီလို အချိန်ကုန်ခံပြီး မွှေနှောက်ရှာဖွေပြီးလို့မှ ဘယ်မှာမှ မတွေ့ဘူးဆိုရင် ကိုယ့်ရဲ့ တွေ့ရှိချက်သာ ခိုင်မာလို့ကတော့ ကိုယ့်သီအိုရီ အဖြစ် မွေးထုတ်နိုင်ပါပြီ..။
အဲဒီအတွက် အချိန်အများကြီး ပေးရပါမယ်.။
စာအများကြီးဖတ်ရပါမယ်..။
စာဖတ်တဲ့ အခါမှာ အနားမှာ မှတ်စု တစ်အုပ် အသင့်ထားပြီး
ကိုယ်မျက်လုံးက ဖတ်မိလိုက်သမျှ မှတ်ထားရမယ့်
အကြောင်းအရာကို ချက်ချင်းမှတ်သားဖို့ လိုပါတယ်..။
မမှတ်ထားလိုက်နိုင်ရင် မမှတ်မိတော့ပါဘူး..။
ဒါကြောင့်မို့ Skimming လုပ်ပြီး ဖတ်ပြီဆိုရင်
မှတ်စုထုတ်တဲ့ အလုပ်ကို မပျက်မကွက် လုပ်ရမှာပါ..။
Skimming နည်းလမ်းနဲ့ ဖတ်မယ်ဆိုရင် ဒါတွေကို လိုက်နာရပါမယ်..။
📖 ခေါင်းစဉ်ကို သေသေချာချာ ဖတ်ပါ
📖 နိဒါန်းပျိုးတာကိုဖတ်ပါ.. ဒါမှ မဟုတ်ရင် ပထမဆုံးစာပိုဒ်ကို ဖတ်ပါ
📖 စာမျက်နှာတစ်မျက်နှာတိုင်းမှာ ရှိတဲ့ စာပိုဒ်တိုင်းရဲ့ ပထမစာကြောင်းတွေကို ဖတ်ပါ..။
(သိပ်ဖတ်တတ်သွားသူတွေကတော့
တစ်ပိုဒ်ခြား စီရဲ့ ပထမစာကြောင်းတွေကိုပဲ
အာရုံစိုက်ပြီးဖတ်လေ့ရှိကြပါတယ်..။
📖 ခေါင်းစဉ်တွေ တွေ့သမျှ ကြီးကြီးသေးသေး အကုန်ဖတ်ပါ..။ ခေါင်းစဉ်ခွဲတွေကိုလည်းဖတ်ပါ။
📖 ဖတ်နေရင်းနဲ့ သရုပ်ဖေါ်ပုံတွေ ဂရပ်ဖ်တွေ တွေ့လာရင်
သေသေချာချာ မှတ်မှတ်သားသား ကြည့်ပါ။
📖 စာထဲမှာ စာလုံးစောင်း (italic) နဲ့ ရေးထားတဲ့ နေရာတွေ
စာလုံးမည်း (bold) နဲ့ ရေးထားတဲ့ နေရာတွေကို မလွတ်တမ်း ဖတ်ပါ။
📖 နောက်ဆုံးစာပိုဒ် (ဒါမှမဟုတ်) အကျဉ်းချုပ်ခြုံငုံရေးထားတဲ့ စာ ကို
သေသေချာချာ စေ့စေ့စပ်စပ်ဖတ်ပါ။
(ဒါဟာ Skimming Reading လို့ ခေါ်တဲ့ စာတစ်ပုဒ်ထဲက
အဆီအနှစ်ကို ခပ်ထုတ်ယူတဲ့ စာဖတ်နည်းပါ)
ဒုတိယနည်းကတော့ Scanning လို့အမည်ရပါတယ်..။
ဒီနည်းကို သုံးမယ့်သူက ပိုပြီး စာဖတ်နာဖို့ လိုပါတယ်..။
စာတစ်ပုဒ် .. စာတစ်အုပ်ရဲ့ ဘယ်နေရာလောက်မှာ
ကိုယ်စိတ်ဝင်စားတဲ့ အဖြေရှိမယ် ဆိုတာကို
သိနေအောင်အထိ စာဖတ်နာဖို့လိုပါတယ်..။
ဖတ်ပါများလာရင် အဲဒီ အသိ ရလာတတ်ပါတယ်..။
ဥပမာ ကိုယ်က အရေးပါတဲ့ နေ့စွဲတစ်ခုကို ရှာချင်တာဆိုရင်
မျက်စိက ဗျည်းအက္ခရာတွေနဲ့ ဖွဲ့စည်းထားတဲ့ စာတွေကို
အလိုလို ကျော်သွားတတ်ပြီး
ကိန်းဂဏန်းတွေကိုပဲ အာရုံစိုက်ပြီးရှာတော့တာပါ..။
အဲဒီမှာ တစ်နေရာမှာ နေ့စွဲ လို့ ယူဆရတဲ့ ဂဏန်းတစ်ခုခု တွေ့ပြီဆိုရင် ရပ်လိုက်ပြီး
ရှေ့နားနည်းနည်း နောက်နားနည်းနည်း ဖတ်ကြည့်လိုက်တဲ့ အခါမှာ
အဲဒီ ကိန်းဂဏန်းဟာ ကိုယ်လိုချင်တဲ့ နေ့စွဲ ဟုတ်မဟုတ် ဆိုတာ အဖြေရပါပြီ..။
ဒီနည်းက နည်းနည်းပိုခက်ပါတယ်..။
Scanning နည်းကို သုံးပြီးစာဖတ်မယ့်သူဟာ စပြီး
မဖတ်ခင်ကတည်းက ဖတ်ရမယ့် စာအုပ် စာတမ်းကို သေသေချာချာ ရွေးပါတယ်..။
ကိုယ်လိုချင်တဲ့ အချက်အလက် အကြောင်းအရာ ပါတယ်ဆိုတာ သေချာမှ စ ဖတ်ပါတယ်..။
“ပါကောင်းပါနိုင်တယ်” ဆိုပြီး စမ်းတဝါးဝါးနဲ့ ဖတ်မယ့်သူအဖို့ ဒီနည်းက အသုံးမတည့်လှပါဘူး..။
ဒါကြောင့် သုတေသန အတွက် စာဖတ်တော့မယ်ဆိုရင်
သက်ဆိုင်ရာ ကြီးကြပ်သူတွေကို ချဉ်းကပ်ပြီး
ဘာစာအုပ်တွေ ဖတ်သင့်သလဲ ဆိုတာ အကြံတောင်းကြရပါတယ်..။
ကြီးကြပ်သူကို ကြောက်ပြီး ဝေးဝေးမှာပဲ နေလို့ကတော့ ကိုယ့်ဖာသာ ရှာဖွေ လျှောက်လှမ်း ရမှာပါ..။ ဒါကြောင့် မို့ မကြာခင်မှာ မဟာဘွဲ့တွေ၊ MBA, MPA, Ph.D ဘွဲ့တွေ အတွက်
ကျမ်းပြုကြမယ့် မိတ်ဆွေများ ၊ စာများများ ဖတ်ဖို့ လိုသူများ ..
သုတေသန စာတမ်းများ ပြုစုတင်သွင်း ကြမယ့်
ကျောင်းသူကျောင်းသားများ .. အတွက် စာဖတ်နည်း လက်ဆောင်ပါ ခင်ဗျား..။
ချစ်ခင်စွာဖြင့်
ကောင်းလွန်း (၁၃.၀၅.၂၀၁၈)
*****************
Brain Box Acumen
*****************
Zaw Gyi Center, ၆၅လမ်း၊
အိန္ဒိယကောင်စစ်ဝန်ချုပ်ရုံး တောင်ဘက်၊
ငုဝါလမ်း နှင့် သဇင်လမ်းကြား၊
သိပ္ပံလမ်း တောင်ဘက်
ဖုန်း - 09269975151, 09678456745
စာဖတ္နည္းလက္ေဆာင္ 📚📚
ပညာရပ္ဆိုင္ရာ အဂၤလိပ္စာ English for Academic Purpose ကို ေလ့လာတဲ့ အခါမွာ စာဖတ္နည္း ႏွစ္မ်ိဳးကို အဓိကထားျပီး ေလ့လာျဖစ္ပါတယ္..။ တစ္မ်ိဳးက Skimming ျဖစ္ျပီး ေနာက္တစ္မ်ိဳးက Scanning ျဖစ္ပါတယ္..။
အဲဒီႏွစ္မ်ိဳးကို ကၽြမ္းကၽြမ္းက်င္က်င္
ဖတ္ႏိုင္မွ ကိုယ့္ရဲ႕ မဟာဘြဲ႕ တို႕ ပါရဂူဘြဲ႕တို႕ အတြက္ေရးသား တင္သြင္းရတဲ့
က်မ္းေတြ ျပဳစုရာမွာ အေထာက္အကူ ျဖစ္ေစမယ့္
အကိုးအကား စာေတြကို က်ယ္က်ယ္ျပန္႕ျပန္႕ မ်ားမ်ားစားစား ဖတ္ႏိုင္မွာပါ..။
Skimming ကို ဖတ္ႏိုင္ဖို႕ အတြက္ စာကို သြက္သြက္လက္လက္ ဖတ္တတ္ဖို႕လိုပါတယ္..။
တစ္လံုုးဖတ္လိုက္ .. အဘိဓာန္ထဲ ရွာလိုက္ လုပ္ေနလို႕ကေတာ့ ေရွ႕ေရာက္ဖို႕ မလြယ္ပါဘူး..။
စာဖတ္နာဖို႕ လိုတယ္ လို႕ေျပာရာမွာ စာစံု ဖတ္ႏိုင္ဖုိ႕ လိုပါတယ္..။
က်မ္းျပဳတယ္ ဆိုရာမွာ ေဆာင္းပါးေရးတာနဲ႕ မတူ
စာစီစာကံုးေရးတာနဲ႕ မတူ တာကို သတိျပဳရပါမယ္..။
အခ်က္အလက္ ခိုင္မာႏိုင္သမွ် ခိုင္မာေအာင္
ေသေသခ်ာခ်ာ တည္ေဆာက္ရပါတယ္..။
အခ်က္အလက္ ရွိမယ့္ေနရာ ရႏိုင္မယ့္ ေနရာေတြကို
ေငြကုန္ အခ်ိိန္ကုန္ လူပင္ပန္းခံ အစားအေသာက္ဆင္းရဲခံျပီး သြားႏိုင္ရပါတယ္..။
အဲဒီလို သြားရင္း စုရင္းနဲ႕ ရလာတဲ့ အခ်က္အလက္ကို
ပညာရပ္ဆိုင္ရာ ေဝါဟာရေတြ သံုးျပီး
ေစ့ေစ့စပ္စပ္ ရွင္းျပႏိုင္မွ က်မ္းတစ္ေစာင္ျဖစ္တာပါ..။
ကိုယ့္ေတြ႕ရွိခ်က္ဟာ ရွိႏွင့္ျပီးသား သီအိုရီေပါင္းမ်ားစြာထဲက
ဘယ္သီအိုရီနဲ႕မ်ား ကိုက္ညီေလမလဲ ဆိုတာကို ရွာရတဲ့ ကိစၥက မလြယ္ဆံုးပါပဲ..။
အဲဒီလို အခ်ိန္ကုန္ခံျပီး ေမႊေႏွာက္ရွာေဖြျပီးလို႕မွ ဘယ္မွာမွ မေတြ႕ဘူးဆိုရင္ ကိုယ့္ရဲ႕ ေတြ႕ရွိခ်က္သာ ခိုင္မာလို႕ကေတာ့ ကိုယ့္သီအိုရီ အျဖစ္ ေမြးထုတ္ႏိုင္ပါျပီ..။
အဲဒီအတြက္ အခ်ိန္အမ်ားၾကီး ေပးရပါမယ္.။
စာအမ်ားၾကီးဖတ္ရပါမယ္..။
စာဖတ္တဲ့ အခါမွာ အနားမွာ မွတ္စု တစ္အုပ္ အသင့္ထားျပီး
ကိုယ္မ်က္လံုးက ဖတ္မိလိုက္သမွ် မွတ္ထားရမယ့္
အေၾကာင္းအရာကို ခ်က္ခ်င္းမွတ္သားဖို႕ လိုပါတယ္..။
မမွတ္ထားလိုက္ႏိုင္ရင္ မမွတ္မိေတာ့ပါဘူး..။
ဒါေၾကာင့္မို႕ Skimming လုပ္ျပီး ဖတ္ျပီဆိုရင္
မွတ္စုထုတ္တဲ့ အလုပ္ကို မပ်က္မကြက္ လုပ္ရမွာပါ..။
Skimming နည္းလမ္းနဲ႔ ဖတ္မယ္ဆိုရင္ ဒါေတြကို လိုက္နာရပါမယ္..။
📖 ေခါင္းစဥ္ကို ေသေသခ်ာခ်ာ ဖတ္ပါ
📖 နိဒါန္းပ်ိဳးတာကိုဖတ္ပါ.. ဒါမွ မဟုတ္ရင္ ပထမဆံုးစာပိုဒ္ကို ဖတ္ပါ
📖 စာမ်က္ႏွာတစ္မ်က္ႏွာတိုင္းမွာ ရွိတဲ့ စာပိုဒ္တိုင္းရဲ႕ ပထမစာေၾကာင္းေတြကို ဖတ္ပါ..။
(သိပ္ဖတ္တတ္သြားသူေတြကေတာ့
တစ္ပိုဒ္ျခား စီရဲ႕ ပထမစာေၾကာင္းေတြကိုပဲ
အာရံုစိုက္ျပီးဖတ္ေလ့ရွိၾကပါတယ္..။
📖 ေခါင္းစဥ္ေတြ ေတြ႕သမွ် ၾကီးၾကီးေသးေသး အကုန္ဖတ္ပါ..။ ေခါင္းစဥ္ခြဲေတြကိုလည္းဖတ္ပါ။
📖 ဖတ္ေနရင္းနဲ႕ သရုပ္ေဖၚပံုေတြ ဂရပ္ဖ္ေတြ ေတြ႕လာရင္
ေသေသခ်ာခ်ာ မွတ္မွတ္သားသား ၾကည့္ပါ။
📖 စာထဲမွာ စာလံုးေစာင္း (italic) နဲ႕ ေရးထားတဲ့ ေနရာေတြ
စာလံုးမည္း (bold) နဲ႕ ေရးထားတဲ့ ေနရာေတြကို မလြတ္တမ္း ဖတ္ပါ။
📖 ေနာက္ဆံုးစာပိုုဒ္ (ဒါမွမဟုတ္) အက်ဥ္းခ်ဳပ္ျခံဳငံုေရးထားတဲ့ စာ ကို
ေသေသခ်ာခ်ာ ေစ့ေစ့စပ္စပ္ဖတ္ပါ။
(ဒါဟာ Skimming Reading လို႕ ေခၚတဲ့ စာတစ္ပုဒ္ထဲက
အဆီအႏွစ္ကို ခပ္ထုတ္ယူတဲ့ စာဖတ္နည္းပါ)
ဒုတိယနည္းကေတာ့ Scanning လို႕အမည္ရပါတယ္..။
ဒီနည္းကို သံုးမယ့္သူက ပိုျပီး စာဖတ္နာဖို႕ လိုပါတယ္..။
စာတစ္ပုဒ္ .. စာတစ္အုပ္ရဲ႕ ဘယ္ေနရာေလာက္မွာ
ကိုယ္စိတ္ဝင္စားတဲ့ အေျဖရွိမယ္ ဆိုတာကို
သိေနေအာင္အထိ စာဖတ္နာဖို႕လိုပါတယ္..။
ဖတ္ပါမ်ားလာရင္ အဲဒီ အသိ ရလာတတ္ပါတယ္..။
ဥပမာ ကိုယ္က အေရးပါတဲ့ ေန႕စြဲတစ္ခုကို ရွာခ်င္တာဆိုရင္
မ်က္စိက ဗ်ည္းအကၡရာေတြနဲ႕ ဖြဲ႕စည္းထားတဲ့ စာေတြကို
အလိုလို ေက်ာ္သြားတတ္ျပီး
ကိန္းဂဏန္းေတြကိုပဲ အာရံုစိုက္ျပီးရွာေတာ့တာပါ..။
အဲဒီမွာ တစ္ေနရာမွာ ေန႕စြဲ လို႕ ယူဆရတဲ့ ဂဏန္းတစ္ခုခု ေတြ႕ျပီဆိုရင္ ရပ္လိုက္ျပီး
ေရွ႕နားနည္းနည္း ေနာက္နားနည္းနည္း ဖတ္ၾကည့့္လိုက္တဲ့ အခါမွာ
အဲဒီ ကိန္းဂဏန္းဟာ ကိုယ္လုိခ်င္တဲ့ ေန႕စြဲ ဟုတ္မဟုတ္ ဆိုတာ အေျဖရပါျပီ..။
ဒီနည္းက နည္းနည္းပိုခက္ပါတယ္..။
Scanning နည္းကို သံုးျပီးစာဖတ္မယ့္သူဟာ စျပီး
မဖတ္ခင္ကတည္းက ဖတ္ရမယ့္ စာအုပ္ စာတမ္းကို ေသေသခ်ာခ်ာ ေရြးပါတယ္..။
ကိုယ္လိုခ်င္တဲ့ အခ်က္အလက္ အေၾကာင္းအရာ ပါတယ္ဆိုတာ ေသခ်ာမွ စ ဖတ္ပါတယ္..။
“ပါေကာင္းပါႏိုင္တယ္” ဆိုျပီး စမ္းတဝါးဝါးနဲ႕ ဖတ္မယ့္သူအဖို႕ ဒီနည္းက အသံုးမတည့္လွပါဘူး..။
ဒါေၾကာင့္ သုေတသန အတြက္ စာဖတ္ေတာ့မယ္ဆိုရင္
သက္ဆိုင္ရာ ၾကီးၾကပ္သူေတြကို ခ်ဥ္းကပ္ျပီး
ဘာစာအုပ္ေတြ ဖတ္သင့္သလဲ ဆိုတာ အၾကံေတာင္းၾကရပါတယ္..။
ၾကီးၾကပ္သူကို ေၾကာက္ျပီး ေဝးေဝးမွာပဲ ေနလို႕ကေတာ့ ကိုယ့္ဖာသာ ရွာေဖြ ေလွ်ာက္လွမ္း ရမွာပါ..။ ဒါေၾကာင့္ မို႕ မၾကာခင္မွာ မဟာဘြဲ႕ေတြ၊ MBA, MPA, Ph.D ဘြဲ႕ေတြ အတြက္
က်မ္းျပဳၾကမယ့္ မိတ္ေဆြမ်ား ၊ စာမ်ားမ်ား ဖတ္ဖို႕ လိုသူမ်ား ..
သုေတသန စာတမ္းမ်ား ျပဳစုတင္သြင္း ၾကမယ့္
ေက်ာင္းသူေက်ာင္းသားမ်ား .. အတြက္ စာဖတ္နည္း လက္ေဆာင္ပါ ခင္ဗ်ား..။
ခ်စ္ခင္စြာျဖင့္
ေကာင္းလြန္း (၁၃.၀၅.၂၀၁၈)
*****************
Brain Box Acumen
*****************
Zaw Gyi Center, ၆၅လမ္း၊
အိႏၵိယေကာင္စစ္ဝန္ခ်ဳပ္႐ုံး ေတာင္ဘက္၊
ငုဝါလမ္း ႏွင့္ သဇင္လမ္းၾကား၊
သိပၸံလမ္း ေတာင္ဘက္
ဖုန္း - 09269975151, 09678456745