3DKing

3DKing we make happy all

26/10/2025

16/08/2025

မြန်မာထမင်းဟင်း ကို မြင်ရင် ကြက်သီး ဗြန်းဗြန်းထကာ ကြောက်မိလို့ ဟမ်ဘာဂါ တို့ ကိတ် မုန့် ပေါင်မုန့် ပဲစားကြောင်း ပြောလာတဲ့ မန္တလေးဘာဘီ

လူမှုကွန်ရက်ပေါ်မှာ ရေပန်းစားလာပြီး လူအများရဲ့ စိတ်ဝင်စားမှုကို အကြီးအကျယ် ရရှိနေတဲ့ ကိစ္စတစ်ခုရှိပါတယ်။ အဲဒါကတော့ “မန္တလေး ဘာဘီ” လို့ လူသိများတဲ့ မအိမ့်သက်တန့်ဝိုင်း ဟာ မြန်မာထမင်းဟင်းတွေကိုကြောက်တယ်ဆိုတဲ့ကိစ္စပါ။

အစောပိုင်းမှာကတည်းက မအိမ့်သက်တန့် ဝိုင်ဟာ သူရဲ့ ထူးခြားတဲ့ ခန္ဓာကိုယ်ပုံစံ ကြောင့် နာမည်ကြီးနေတာဖြစ်ပါတယ်

သူမရဲ့ပုံစံက ပုံမှန်မဟုတ်ဘဲ အလွန်အမင်းပိန်နေတာကြောင့် ကျန်းမာရေးအတွက် စိုးရိမ်ပူပန်မှုတွေနဲ့အတူ ထင်မြင်ချက်အမျိုးမျိုးကို ဖြစ်ပေါ်စေခဲ့ပါတယ်။

မအိမ့်သက်တန့်ဝိုင်းကို ပရိသတ်တွေ စတင်သတိထားမိချိန်ကစပြီး အလွန်အမင်း ပိန်လွန်းနေတဲ့ ခန္ဓာကိုယ်ကြောင့် ရောဂါတစ်ခုခု ခံစားနေရတာလားဆိုပြီး အမျိုးမျိုးထင်ကြေးပေးခဲ့ကြပါတယ်။ တချို့က တီဘီရောဂါ၊ ကင်ဆာ သို့မဟုတ် ခန္ဓာကိုယ်မသန်စွမ်းမှုတစ်ခုခု ခံစားနေရတာလားလို့ ဝေဖန်ခဲ့ကြသလို၊ တချို့ကလည်း "အာဟာရပြတ်တောက်နေတာလား၊ ဇွန်ဘီနဲ့တူတယ်" စသဖြင့် အမျိုးမျိုးဝေဖန်ခဲ့ကြပါတယ်။

ဒါပေမဲ့ တကယ်တော့ မအိမ့်သက်တန့်ဝိုင်းဟာ လူတွေထင်မြင်နေသလို ရောဂါဝေဒနာတစ်ခုခု ခံစားနေရတာမျိုး၊ မသန်စွမ်းဖြစ်နေတာမျိုး လုံးဝမရှိဘဲ သာမန်မိန်းကလေးတစ်ယောက်ပါလို့ ပြန်လည်ဖြေရှင်းလာခဲ့ပါတယ်။ သူမဟာ ဒီလို "Slim Body" ပုံစံမျိုးကို ကြိုက်နှစ်သက်တာကြောင့် တမင်တကာ ဝိတ်ချထားတာလို့ ဆိုပါတယ်

ဒီလိုပိန်သွယ်တဲ့ ခန္ဓာကိုယ်ပုံစံ ရဖို့အတွက် နှစ်နဲ့ချီပြီး အစားအသောက်တွေကို ဂရုစိုက်ထိန်းသိမ်းခဲ့ရတယ်လို့ မအိမ့်သက်တန့်ဝိုင်းက မီဒီယာတစ်ခုနဲ့ အင်တာဗျူးမှာ ဖွင့်ဟခဲ့ပါတယ်။ သူမဟာ အရင်က ပေါင်ချိန် ၁၀၀ ကျော်ရှိခဲ့ပေမဲ့ အခုလို ဘာဘီခန္ဓာကိုယ်မျိုးရအောင် နှစ်ချို့ ဝိတ်ချခဲ့တာလို့ ပြောပြခဲ့ပါတယ်။
အထူးခြားဆုံးအချက်ကတော့ သူမရဲ့ အစားအသောက်ပုံစံပဲ ဖြစ်ပါတယ်။ သူမဟာ ကိတ်မုန့်၊ ပေါင်မုန့်၊ ဟမ်ဘာဂါ စတဲ့ အနောက်တိုင်းအစားအစာတွေပဲ စားသုံးလေ့ရှိပြီး မြန်မာထမင်းဟင်းတွေကို လုံးဝမစားဘူးလို့ ဆိုပါတယ်။ ပိုပြီးအံ့သြစရာကောင်းတာကတော့ မြန်မာ့ရိုးရာအစားအစာဖြစ်တဲ့ ဆီပြန်ဟင်းတွေ၊ သားငါးဟင်းတွေကို စားဖို့မပြောနဲ့ မြင်ရုံနဲ့တင် ကြက်သီးဗြန်းဗြန်းထပြီး ကြောက်မိတယ်လို့ သူမက ဖွင့်ဟခဲ့ပါတယ်။ ဒါကြောင့်လည်း သူမဟာ ဒီလိုခန္ဓာကိုယ်အချိုးအစားကို ထိန်းသိမ်းဖို့အတွက် ပေါင်မုန့်၊ ကိတ်မုန့်နဲ့ အနောက်တိုင်းအစားအစာတွေပဲ အဓိကထား စားသုံးနေတယ်လို့ ဆိုပါတယ်။

မအိမ့်သက်တန့်ဝိုင်းဟာ ချမ်းသာကြွယ်ဝတဲ့ မိဘအသိုင်းအဝိုင်းက ဆင်းသက်လာတာဖြစ်သလို သူမကိုယ်တိုင်ကလည်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး မန္တလေးမှာ နာမည်ကြီး ကြက်ဆီထမင်းဆိုင်ကိုလည်း ဖွင့်လှစ်ထားပါတယ်။ သူမရဲ့ခန္ဓာကိုယ်ပုံစံကြောင့် ပုံမှန်မဟုတ်ဘူးလို့ ဝေဖန်မှုတွေရှိနေပေမဲ့ သူမကိုယ်တိုင်ကတော့ သူမရဲ့ပုံစံကို သဘောကျနေတာဖြစ်ပါတယ်။
ဒီလိုထူးခြားတဲ့ အစားအသောက်ပုံစံနဲ့ ပိန်လွန်းတဲ့ ခန္ဓာကိုယ်ပုံစံကြောင့်ပဲ မအိမ့်သက်တန့်ဝိုင်းဟာ နာမည်ကြီးလူမှုကွန်ရက်နာမည်ကျော်တစ်ဦး ဖြစ်လာခဲ့ပြီး အခုဆိုရင် ရွှေဆိုင်၊ စိန်ဆိုင် ပရိုမိုးရှင်းအခမ်းအနားတွေမှာပါ တက်ရောက်နေရပါပြီ။
ဒါပေမဲ့ ကျန်းမာရေးပညာရှင်တွေကတော့ သူမရဲ့ မြန်မာထမင်းဟင်းကို ကြောက်ရွံ့တဲ့အပြုအမူဟာ "အစားအသောက်ကို ကြောက်ရွံ့တဲ့ရောဂါ" တစ်ခုဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ထူးခြားရင် လူစိတ်ဝင်စားမှုများပြီး နာမည်ကြီးတတ်တဲ့ မြန်မာနိုင်ငံမှာတော့ မန္တလေး ဘာဘီဟာ တော်တော်လေး နာမည်ကြီးနေပါပြီ။
ဒီဗီဒီယိုကို ကြည့်ရှုနေတဲ့ ပရိသတ်တွေအနေနဲ့ကော မြန်မာထမင်းဟင်းမြင်ရင်တောင် ကြက်သီးထပြီး ကြောက်နေတယ်ဆိုတဲ့ မအိမ့်သက်တန့်ဝိုင်းနဲ့ ပတ်သက်လို့ ဘယ်လိုအမြင်တွေ ရှိကြပါသလဲ။ ရောဂါတစ်ခုခု ခံစားနေရတာလို့ ထင်မြင်ပါသလား၊ ဒါမှမဟုတ် သူမရဲ့ စတိုင်လ်ကို သဘောကျလားဆိုတာကို ပြောပြသွားကြပါဦးရှင်။

16/08/2025

ဘောလုံးအားကစားမယ် ဒေစီအောင် လည်း တရုတ်စပွန်....See more

12/08/2025
Celebrating my 8th year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉
09/03/2025

Celebrating my 8th year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉

လာပြန်ပြီလိမ်နည်းအသစ် သတိထားနိုင်ကြဖို့မျှဝေအသိပေးလိုက်ပါတယ်===================False Base StationFalse Base Station ဆိုတ...
15/01/2025

လာပြန်ပြီလိမ်နည်းအသစ်
သတိထားနိုင်ကြဖို့မျှဝေအသိပေးလိုက်ပါတယ်
===================
False Base Station

False Base Station ဆိုတာ ဖုန်း Operator လိုင်းအတု ၁မျိုးပါ။ မြန်မာမှာ ဖုန်းOperatorက တရားဝင်ကုမ္ပဏီ
၄ ခုဘဲရှိပါတယ်။အခုပြောထားတဲ့ FBS ၁ခု ဝင်လာရင် ကုမ္ပဏီ ၅ ခု ဖြစ်သွားပါပြီ။
အဲ့ဒီ FBS ရဲ့ Size က ခရီးဆောင်သေတ္တာလောက်
ပဲရှိပြီး သူ့ရဲ့လုပ်ဆောင်ပုံကတော့ ကားထဲထည့်၊ လူထူထပ်တဲ့နေရာတွေကိုမောင်းသွားပြီး Frequency လှိုင်း၁မျိုးလွှင့်လိုက်တယ်။
အဲ့ဒီနားက 3 Kilometerဝန်းကျင်က ဖုန်းလိုင်းတွေဖြတ်ခနဲပျောက်သွားပြီး အဲ့ဒီ FBSကလွှင့်တာကို အနားတဝိုက်ရောက်နေတဲ့ဖုန်းတွေကဖမ်းမိသွားပါတယ်။
4G ဖုန်းတွေက 2G အဆင့်ရောက်သွားပြီး
မိမိဖုန်းထဲကို SMS အလိမ်အညာတွေဝင်လာတယ်။
ဘယ်ကိုဆက်သွယ်ပါ။ ဒီlinkကိုနှိပ်ပါ။
ဘာညာစသဖြင့် link ပါ ထည့်ပေးလာတယ်။
ပေးထားတဲ့linkကိုနှိပ်မိတာနဲ့ မိမိဖုန်းက Kpayတို့ Wave Payတို့ စသဖြင့် ရှိနေရင် အကုန်အခိုးခံရပါပြီ။
ဒီနေ့ အဲ့ဒီ FBS စက်ကို ကားထဲထည့်မောင်းပြီး
ဘန်ကောက်မှာ လှုပ်ရှားနေတဲ့ ပေါက်ဖော်ကျားဖြန့်ဂိုဏ်းတဖွဲ့ကို ထိုင်း ရဲတွေက ပထမဆုံးအကြိမ်မိသွားပါပြီ။
မိမိ Friendsတွေကို လွယ်လွယ်ရှင်းပြရရင်
ဘာ SMS လာလာ၊ ဘာ Postဘဲတွေ့တွေ့ ဒီ Softwareလေး Downထားပါ၊ ဒီ linkလေး နှိပ်လိုက်ပါဆိုရင် ၁၀၀ မှာ ၉၉ ယောက် က လူလိမ်နဲ့ ပတ်သက်နေတယ်လို့ သိထားရင်ရပါပြီ။

(ဆက်သွယ်ရေးဗဟုသုတပါ)

12/1/2025

03/01/2025
29/12/2023

914 447 429

Address

Yangon
Yangon
30300

Telephone

959782777044

Website

Alerts

Be the first to know and let us send you an email when 3DKing posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to 3DKing:

Share