အလန်းစားဖက်ရှင်များ

အလန်းစားဖက်ရှင်များ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from အလန်းစားဖက်ရှင်များ, Advertising/Marketing, Yangon.

13/11/2025
06/11/2025
02/11/2025
25/10/2025
22/10/2025

စစ်မှန်တဲ့တန်ဖိုးဆိုတာ
""""""""""""""""""""""""""""""""""""""""""""""
💎
လောကကြီးမှာ...
ကိုယ့်အပေါ်မကောင်းပြောနေလည်း
ကိုယ်က ပြန်မပြောမိပါစေနဲ့။
💎
ကိုယ့်အပေါ်
မဆီမဆိုင်မုန်းနေလည်း
ကိုယ်က ပြန်မမုန်းမိပါစေနဲ့။
💎
ကိုယ့်အပေါ်
အမြင်စောင်းပြီး တစ်မျိုးမြင်နေလည်း
ကိုယ်ကအမြင်မစောင်း တစ်မျိုး
မထင်မိပါစေနဲ့။
💎
ကိုယ့်အပေါ်
တကယ်မချစ်တဲ့သူနဲ့ တွေ့ခဲ့ရင်လည်း
ကိုယ်က သူ့အပေါ်မေတ္တာ
မပျက် မိစေနဲ့။
💎
သူက ဘာပေးပေး
ကိုယ့်ဆီက သူ့ကိုမေတ္တာပဲ
ပြန်ပေးလိုက်ပါ။
💎
မတော်တာ ဆိုတာ...
ဝဋ်ကြွေးတွေကို ဆပ်ဖို့အတွက်
အကောင်းဆုံး ပေးဆပ်ခြင်းပဲ
ဖြစ်ပါတယ်။
💎
ဒီဘဝမှာ...
အမုန်းတွေရှိရင်လည်း ကျေပါစေ။
💎
အငြိုးတွေရှိရင်လည်း ကျေပါစေ။
💎
ဒီဘဝမှာ အကြွေးဆပ်ဖို့
အကြောင်းပါလာရင်
ဒီဘဝမှာပဲ အကျေဆပ်ခဲ့လိုက်ပါ။
💎
နောက်ဘဝတွေအထိ ယူမသွားပါနဲ့။
💎 မိတ်ဆွေ သိထားရမည့် အရာက.....
💎
ကိုယ့်မှာ အားနည်းချက်ရှိရင်...
သူတစ်ပါး ပျော့ကွက်ကို
ချမနင်းဘဲ နေတတ်ရမယ်။
💎
ကိုယ့်မှာ ခံနိုင်ရည်မရှိရင်...
သူ တစ် ပါး နစ် နာ စရာ စကားကို
ဆင်ခြင်ပြောဆိုတတ်ရမယ်။
💎
ကိုယ့်မှာ ဒုက္ခဆိုတာရှိရင်...
သူတစ်ပါး ဘဝ ပျက်စီးကြောင်းကို
ရှောင်ရှားတတ်ရမယ်။
💎
ကိုယ့်မှာ အရှက်ရှိရင်...
သူတစ်ပါး ဂုဏ်သိက္ခာကို
ငဲ့ညှာတတ်ရမယ်။
💎
ကိုယ့်အပေါ် မပြုစေချင်တဲ့ အရာရှိရင်...
သူတစ်ပါး မနှစ်သက်တာကို
မလုပ်မိအောင် စာနာတတ်ရမယ်။
💎
ကိုယ့်မှာ အပြစ်နဲ့မကင်းရင်...
သူတစ်ပါး အမှားကို
လက်ညှိုးမထိုးမိအောင် နေတတ်ရမယ်။
💎
ကိုယ့်မှာ ဝေဒနာရှိရင်...
သူတစ်ပါး နာကျင်မှုကို
ခံစားပေးတတ်ရမယ်။
💎
ကိုယ့်ကို ကဲ့ရဲ့တာမကြိုက်ရင်...
သူတစ်ပါး မကောင်းကြောင်းကို
မပုတ်ခတ်မိအောင် သတိထားရမယ်။
💎
ကိုယ့်မှာ အမာရွတ်ရှိရင်...
သူတစ်ပါး ဒဏ်ရာကို
နားလည်ပေးနိုင်ရမယ်။
💎
ဒါဟာ ကိုယ်ချင်းစာတရားပဲ...
ကိုယ်ချင်းစာတတ်ပါစေ။

20/10/2025
20/10/2025
18/10/2025
13/10/2025
12/10/2025

Address

Yangon
000

Website

Alerts

Be the first to know and let us send you an email when အလန္းစားဖက္ရွင္မ်ား posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share