26/01/2021
ကမ္ဘာပေါ်ကနေ Content Writer တွေသာ ပျောက်သွားခဲ့ရင်....
စဥ်းတော့ စဥ်းစားပဲဗျ....
တကယ်လို့ ကမ္ဘာပေါ်ကနေ Content Writer တွေသာ ရုတ်တရက် ပျောက်ဆုံးသွားခဲ့ရင် ဘယ်လိုလုပ်ကြမလဲ...
ဒီနေရာမှာ Content Writer တွေရဲ့အလုပ်က ဘာလဲ ပြောဖို့လိုလာပြီ။
ဒီနေ့ခေတ်မှာ မရှိမဖြစ် အရေးပါလာပြီလို့ ပြောကြတဲ့ Digital Marketing လောကကြီးမှာ Content Writer တွေဆိုတာ မရှိမဖြစ်လိုအပ်တဲ့ ကီးဘုတ်ဖိုက်တာတွေ ပေါ့ဗျာ။ ပြောရရင် Content Writer တစ်ယောက်ဖြစ်ဖို့ မလွယ်လှဘူးပေါ့။ Content Writer လားစာရေးတတ်ရင် ရပြီလို့တော့ မပြောနဲ့လေဗျာ။ Content Writer တစ်ယောက်ဖြစ်ဖို့ ပထမလိုအပ်ချက်က နယ်ပယ်ပေါင်းစုံအကြောင်း နှံ့နှံ့စပ်စပ် သိထားရမယ်။ ဆိုလိုတာက ခရေစေ့တွင်းကျ သိနေဖို့တော့မလိုဘူး။ ဂျာနယ်လစ်တစ်ယောက်လိုပေါ့ဗျာ။ အကုန်နှံ့နှံ့စပ်စပ် သိထားတော့
ဘာပဲလာလာ လေ့လာလိုက်ရင် လုပ်တတ်ကိုင်တတ်သွားတာပေါ့။ ဆိုတော့ Content Writer တစ်ယောက်ဖြစ်ဖို့က ခုချက်ချင်းလုပ်ချင်၊ ခုချက်ချင်းတော့ထမဖြစ်ဘူး။ ဟိုးအရင်ကတည်းက ဘာလေးဖြစ်ဖြစ် စပ်စပ်စုစု သိချင်လို့ လေ့လာတတ်တဲ့လူမျိုးမှ Content Writer ဖြစ်တာ။ ဒါတင်ပဲလား။ ဘယ်ဟုတ်ပါ့မလဲ ခုနကပြောတဲ့ စာအရေးအသားပေါ့။ Content Writer ဆိုတာ စာရေးဆရာတစ်ယောက်လို စာရေးခြင်းအတတ်ပညာမှာ တစ်ဖက်ကမ်းခတ် နေစရာတော့မလိုဘူး။ ဒါပေမယ့် တီထွင်ကြံဆမှု
ဥာဏ်နဲ့ ကိုယ်ရေးလိုက်တဲ့ ကြော်ငြာစာတစ်ပုဒ်ရဲ့ လာရာ၊ လားရာကို ကောင်းကောင်းသိရမယ်။ ဒါက ဒုတိယတစ်ချက်ပေါ့။ တတိယအချက်ကတော့ Digital Marketing သမားပီပီ Marketing အကြောင်းလည်း ကောင်းကောင်းသိရမှာပေါ့ဗျာ။ ဘယ်ကြော်ငြာစာစာလေးရေးရေး Marketing Sense လဲနှလုံးမူပြီး ရေးရတာမျိုးပေါ့။
ကိုယ့်ဂုဏ်ကိုယ့်ဖော်တာတော့မဟုတ်ရပါခင်ဗျာ။ Content Writer တွေဆိုတာ Digital Marketing မှာ အဓိက အဖွဲ့ဝင်တွေဆိုလဲဟုတ်တယ်။ ပထမဆုံး Idea Resource က သူတို့ဆီက ထွက်မှ ကျန်တဲ့ကိစ္စတွေ ဆက်လုပ်လို့ ရမှာကို။
ဆိုတော့ ခုနက စကားဆက်ရရင် Content Writer တွေသာ ကမ္ဘာပေါ်ကနေ ပျောက်ဆုံးသွားခဲ့ရင် ဘယ်လိုလုပ်ကြမလဲ ? ဘာတွေဆက်ဖြစ်မလဲ? 🤔
ကျွန်တော့်အမြင် တခြားဘယ်သူမှ စိတ်မညစ်ရသေးခင် Designer တွေအရင် စိတ်ညစ်မယ်ထင်တာပဲ။ Digital Marketing လောကမှာ Designer နဲ့ Content Writer ဆိုတာ ကိုင်းကျွန်းမီ၊ ကျွန်းကိုင်းမီ ရဲဘော်ရဲဖက်တွေလေဗျာ။ Content Writer က ပေးတဲ့ Idea ကို Designer တွေက ဒီဇိုင်းအမြင်နဲ့ ဥာဏ်ကွန့်မြူးတယ်။ ပူးပေါင်းဖန်တီးကြတယ်။ Designer တွေဆိုတာလည်း Content Writer တွေဂျီကျရင်သာ စိတ်ညစ်တယ်ဘာညာ ညည်း
တတ်ကြတာ တကယ်ပျောက်သွားကြည့်။ ဘဝရဲ့ စွယ်တော်ရွက်ကလေးတစ်ခြမ်း ပျောက်ဆုံးသွားရသလို ငေါင်စင်းစင်းကြီး ဖြစ်ကျန်ခဲ့ကြမှာ။ အမလေး ရိုကုန်ပါပြီဗျာ။
ဒါတင်ပဲလား ဆိုတော့ ဘယ်ဟုတ်ပါ့မလဲနော့။
Digital Marketing Leader ကြီးကလည်း မင်းတို့ ဒီဇိုင်းတွေထဲမှာ ပြောချင်တဲ့ Concept အကုန်ပါအောင်ထည့်၊ အကုန်ပေါ်အောင်ထည့်ဆိုပြီး Designer တွေကို ထောင်းမယ်။ ချစ်တဲ့ ကလိုင်းယန့် တွေကလည်း အရင်ကလို ကျွန်တော် product လေးကို ကမ္ဘာသူ၊ ကမ္ဘာသားတွေသာမက ဂြိုလ်သားတွေပါ ချစ်တဲ့ Product လေးဖြစ်အောင် ရေးပေးပါ ဘာဘာညာညာတွေ ဂျီကျလို့မရတော့ဘူး။
Website တွေမှာ Blog ဆိုတာ မရှိတော့ဘူး။ Social Media မှာရော ဘရန်းတွေရဲ့ Content တွေမရှိတဲ့ ကမ္ဘာကြီးဟာ ဘယ်လိုပုံစံ ရှိနေမလဲ? ကြော်ငြာတွေတော့ တွေ့နေပါရဲ့။ Content Writer တွေရဲ့ ပလီပလာ၊ တီတီတာတာ အရေးအသားတွေမပါတဲ့ ကြော်ငြာတွေဟာ
ဆားမပါတဲ့ ဟင်းတစ်ခွက်လို ပေါ့ပျက်ပျက်ကြီးဖြစ်နေမလား?
ကျွန်တော်တို့အပါအဝင် ဒီနေ့ခေတ်လူတွေ တခါတလေ ပြောမိ၊ တွေးမိတဲ့ စကားတစ်ခွန်းရှိတယ်။ ကြော်ငြာစာတွေကို မမြင်ချင်တော့ဘူးတဲ့။ ကြော်ငြာစာတွေကို စိတ်ကုန်နေပြီတဲ့။ ကြော်ငြာစာတွေ မြင်ရပါတော့ ကိုယ်တိုင်အပါအဝင် လူတော်တော်များများက ပြောကြတဲ့စကား။
ဒါပေမယ့် ကြော်ငြာစာတွေ မရှိတဲ့ ကမ္ဘာကြီးကရော ပိုကောင်းသွားမှာလား။ ကျွန်တော်တို့သုံးစွဲချင်တဲ့ Product တွေ၊ Service တွေအကြောင်း၊ အသုံးဝင်မှုတွေအကြောင်းကို ကြော်ငြာစာ (ဒါမှမဟုတ်) Content တွေက တဆင့် သိရှိကြရတာမလား? တနည်းအားဖြင့် ပြောရရင် ကြော်ငြာစာတွေ၊ Content တွေဆိုတာ ဘရန်းတွေနဲ့ သုံးစွဲသူတွေကြားက Relation တစ်ခုကို အကောင်းဆုံးတည်ဆောက်ပေးတဲ့ တံတားတစ်ခုပါပဲ။
Content Writer တွေ၊ ဘရန်းတွေဘက်က ပြန်လုပ်ပေးရမယ့် တစ်ခုက ကိုယ့်ဘက်ကပေးလိုက်တဲ့ဒီ Content တွေ၊ ကြော်ငြာစာတွေဟာ ဘရန်းအတွက်သာမက၊ သုံးစွဲသူတွေအတွက်ပါ အကျိုးရှိစေဖို့ ရည်ရွယ်ရပါမယ်။ ဒီလို Content တွေကို များများ ဖန်တီးပေးတဲ့ ဘရန်းတွေဟာ သုံးစွဲသူတွေ ချစ်တဲ့ ဘရန်းတစ်ခု ဖြစ်လာမှာပါပဲ။
နိဂုံးချုပ်ရရင် Content Writer တွေ၊ Content Creator တွေ မရှိတဲ့ ကမ္ဘာကြီးဟာ ဘယ်တော့မှ ရှိလာမှာမဟုတ်ပါဘူး။ အဲဒီလိုပဲ Content အရေးအသားတွေ၊ ကြော်ငြာစာတွေ မရှိတဲ့ Marketing ဆိုတာလဲ မသေးမျှင်မရှိတဲ့ ကတွက်ပီအဖြစ်လို အဓိပ္ပာယ်မဲ့နေမှာပါ။
အကောင်းဆုံး Content Strategy၊ ကြော်ငြာစာအရေးအသားများအတွက် ဆိုရင်တော့ Myanmar Digital Power ရှိနေပါတယ်။