29/02/2020
“ကျုပ်က အညာသားပါ”
@@@@@@@@@@@
ကျုပ်ကအညာသားပါ ။
ထရောင်းရိပ်မှာအိပ်ဖူးတယ် ။
မန်းကျည်းရိပ်မှာခိုဖူးတယ် ။
ကန္တာရဆူး စူးဖူးတယ် ။
တမာရနံ့ ရှုဖူးတယ်..... ။
ကျုပ်ကအညာသားပါ ။
နွားတွေကိုလဲကျောင်းဖူးတယ် ။
ယာခင်းမှာလဲ စောင့်ဖူးတယ် ။
ကန်သင်းရိုးမှာလျှောက်ဖူးတယ် ။
ကောက်သင်းတွေလဲ ကောက်ဖူးတယ်....။
ကျုပ်က အညာသားပါ ။
ဘုန်းကြီးကျောင်းလဲနေဖူးတယ် ။
ဆွမ်းတော်ဗျို့လို့ဟစ်ဖူးတယ် ။
ပရိတ်တစ်ဆယ့်တစ်သုတ် အလွတ်ရတယ် ။
ကြိမ်လုံးစာလဲ မိဖူးတယ်....။
ကျုပ်က အညာသားပါ ။
ရေချမ်းစင်မှာသောက်ဖူးတယ် ။
ဇရပ်အိုမှာ ခိုဖူးတယ် ။
နွားနှစ်ကောင်လဲမောင်းဖူးတယ် ။
လှည်းနောက်ကလဲ စီးဖူးတယ်.... ။
ကျုပ်က အညာသားပါ ။
ဖုန်လုံးတွေထဲ ပျော်ဖူးတယ် ။
နွေနေ့ခင်းနေ ပူဖူးတယ် ။
ဆောင်းမနက်ခင်း ပျင်းဖူးတယ်..... ။
ကျုပ်က အညာသားပါ ။
လေးဂွတစ်လက် ကိုင်ဖူးတယ် ။
ရွှံ့လောက်စာလုံး လုံးဖူးတယ် ။
ငှက်တွေကိုလဲ ပစ်ဖူးတယ် ။
ငါးတစ်ချို့လဲ ဖမ်းဖူးတယ်.... ။
ကျုပ်က အညာသားပါ ။
ပဲပြုတ်နဲ့လဲစားဖူးတယ် ။
ပြောင်းထမင်းလဲ လွှေးဖူးတယ် ။
ဆန်ကြမ်းခဲလဲ ဝါးဖူးတယ် ။
ဆီမဆမ်းပဲ စားဖူးတယ်..... ။
ကျုပ်က အညာသားပါ
သပြေသီးလဲ ကောက်ဖူးတယ်
နွေခရီးလဲ လျှောက်ဖူးတယ်
မိုးရွာထဲလဲ ဆော့ဖူးတယ်
သီးချင်းတွေလဲ အော်ဆိုဖူးတယ်...,
အညာဓလေ့ပါဗျ
ရိုးသားမှု အသွင်လန်းနေတုန်း
လာလည်စေ လေ့လာစေချင်စမ်းပါဘိ ။
လွမ်းဘွယ်မရှိ ပျိုမေတို့ရေ
အညာမြေရောက်ဖူးရင်ဖြင့်
ရွာခြေကို နောက်တစ်ခါရောက်ဖူးချင်ရဲ့လို့
အလွမ်းသယ် မျက်ရည်လူးမယ်
ရှက်စဖွယ် ငိုကာပြ
ကျုပ်ကမြင်ယောင်မိတယ်
ချစ်တယ်ဆိုအုံး ....
✌ မင်္ဂလာပါ
@@@@@@@