22/03/2026
စစ်အုပ်စုဘက်မှ ရှစ်ဦးခန့်သေဆုံးတာနဲ့ တိုက်ပွဲဖြစ်ပွားတဲ့အခြေအနေတွေကို မေးမြန်းရာမှာ ဇီးကုန်းမြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တစ်ဖွဲ့ရဲ့ တပ်မှူးအဆင့်တစ်ဦးက "ရဲတွေသေတာဟုတ်ပါတယ်၊ လောင်းကစားဝိုင်းကိုလာတာပါ၊ လတ်တလောရှုပ်ထွေးနေလို့ မနက်ဖြန်လောက်မှ သတင်းထုတ်ပြန်မယ်ထင်တယ်၊ သေဆုံးအတည်ပြုပါတယ်"ဟု Tharyarwaddy 8 City ကိုပြောပါတယ်။
ဇီးကုန်းမြို့တွင် လောင်းကစားဝိုင်းကိုဆက်ကြေးကောက်သွားတဲ့ ရဲတွေတိုက်ခိုက်ခံရပြီး ရှစ်ဦးသေ
Tharyarwaddy 8 City / မတ်၂၂၊ ၂၀၂
ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာ၀တီခရိုင် ရှစ်မြို့နယ်ထဲက ဇီးကုန်းမြို့နယ် ဘဲအင်းကျေးရွာအုပ်စု ဘဲအင်းရွာနဲ့ စိန်ဘုံသာရွာကြားတစ်နေရာတွင် ပျူစောထီးများဦးဆောင်ပြုလုပ်နေတဲ့လောင်းကစားဝိုင်းကို ဆက်ကြေးကောက်လာတဲ့ စစ်အုပ်စုလက်အောက်ခံ ရဲတွေကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးအင်အားစုများထံမှ သတင်းရရှိပါတယ်။
မတ်လ ၂၂ရက်နေ့ မနက်၈နာရီ ၃၀မိနစ်အချိန်ခန့်မှ မနက်၉နာရီအထိ နာရီ၀က်ကျော်ကျော်ဖြစ်တဲ့တိုက်ပွဲမှာ နယ်ထိန်းခေါင်းဆောင်၊ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ညအမှတ် (၄)နယ်ထိန်း သက်မောင်မောင်နဲ့ စိန်ဘုံသာရွာမှ ပျူစောထီးရဲမင်းအောင်တို့ နှစ်ဦးအပါအ၀င် စုစုပေါင်းရှစ်ဦးခန့်သေဆုံးခဲ့တာလဲဖြစ်ပါတယ်။
စစ်အုပ်စုဘက်မှ ရှစ်ဦးခန့်သေဆုံးတာနဲ့ တိုက်ပွဲဖြစ်ပွားတဲ့အခြေအနေတွေကို မေးမြန်းရာမှာ ဇီးကုန်းမြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တစ်ဖွဲ့ရဲ့ တပ်မှူးအဆင့်တစ်ဦးက "ရဲတွေသေတာဟုတ်ပါတယ်၊ လောင်းကစားဝိုင်းကိုလာတာပါ၊ လတ်တလောရှုပ်ထွေးနေလို့ မနက်ဖြန်လောက်မှ သတင်းထုတ်ပြန်မယ်ထင်တယ်၊ သေဆုံးအတည်ပြုပါတယ်"ဟု Tharyarwaddy 8 City ကိုပြောပါတယ်။
ဒီနေ့တရက်လုံးနီးပါးတိုက်ပွဲများဖြစ်ပွားနေပြီး တော်လှန်ရေးအင်အားစုများဘက်မှ ထိခိုက်ကျဆုံးသတင်းများကိုမသိရသေးပေ။ ဒါပေမယ့်စစ်အုပ်စုဘက်မှ ရှစ်ဦးခန့်သေဆုံးသတင်းကိုသိထားရပြီး နောက်ထပ်အတည်ပြုဖို့တွေလဲရှိသေးတာကြောင့် ဆက်လက်စုံစမ်းဆဲဖြစ်ပါတယ်။
အဆိုပါတိုက်ပွဲဖြစ်ပွားတဲ့နေရာ စိန်ဘုံသာရွာအနီးနဲ့ ဇီးကုန်းမြို့ပေါ်တို့ဟာ (၃) မိုင်ခန့်သာကွာဝေးပြီး လူနာတင်ယာဥ် ၃စီးနဲ့သေဆုံးစစ်အုပ်စုအလောင်းတွေကို အသွားအပြန်သယ်ဆောင်နေတကို မြင်တွေ့ရကြောင်း ဇီးကုန်းမြို့ခံတစ်ဦးမှ အတည်ပြုပြောကြားပါတယ်။
အဲ့ဒီ့တိုက်ခိုက်မှုကိုတော့ ဘယ်အဖွဲ့ကလုပ်ဆောင်တယ်ဆိုတာကို သက်ဆိုင်ရာတော်လှန်ရေးအင်အားစုတွေဘက်က သတင်းထုတ်ပြန်လာတာမရှိသေးပေ။ သေဆုံးစစ်အုပ်စုရှစ်ဦးထဲက ဇီးကုန်းမြို့နယ်၊ အမှတ်(၄)နယ်ထိန်း သက်မောင်မောင်ဆိုသူဟာ စစ်ကြောရေးများတွင် အရပ်သားပြည်သူများအပေါ် ဖိနှိပ်ရက်စက်ဆုံးသူအဖြစ်နာမည်ကြော်ကြားသလို စိန်ဘုံသာရွာမှ ပျူစောထီးရဲမင်းအောင်ဆိုသူဟာလဲ ရပ်ရွာနေ ပြည်သူလူထုအပေါ် စစ်မှုထမ်းကြေး အဓမ္မကောက်ခံနေသူဖြစ်ပြီးစစ်တပ်နဲ့ပေါင်းကာ ပြည်သူအပေါ်အမျိုးမျိုးနှိပ်ခဲ့သူတွေဖြစ်ကြောင်း စီစစ်တွေ့ရှိရပါတယ်။
သတင်း - ခန့်စိုး
စာတည်း - ရာမန်
#ဇီးကုန်မြို့ #ရဲရှစ်ဦးသေ
#အမှတ်၄နယ်ထိန်းသက်မောင်မောင်