12/06/2026
ငရဲတံခါးဝ'(သို့မဟုတ်)ဝက်ဝံဂိတ်'
~~~~~~~~~~~~~~~~~~~~
ဒီရက်ပိုင်း တပ်မတော်ရဲ့စစ်ရေးလှုပ်ရှားမှုတွေ အထွဋ်အထိပ်'ရောက်နေပုံမြင်နေရပါတယ်။
ဒီအထဲမှာ မန္တလေးမြို့ကထွက်လာတဲ့ တပ်မတော်ယာဉ်တန်းကြီးတစ်ခုဟာ စဥ့်ကူးမြို့နယ်'ရွှေပြည်ရွာမှာရောက်နေကြောင်းနဲ့ ဒီစစ်ယာဉ်တန်းကြီးမှာ ယာဉ်အစီးရေ(၁၂၀)ကျော်ပါဝင်ကြောင်း'~
ဒါအပြင့် ဒီစစ်ယာဉ်တန်းကြီးမှာ ခဲ/ယမ်း/လက်နက်တွေပါဝင်ကြောင်းကိုလည်းဖေါ်ပြထားပီး (၁၁-၆-၂၀၂၆)ရက်နေ့ (၈:၃၀)မှာ ရွှေပြည်ရွာကနေအထက်ဖက်သို့တက်သွားကြောင်းသိရပါတယ်။
ဒီသတင်းကို PDF/ထောက်လှမ်းရေးသတင်းမှာတွေ့ရတာဖြစ်ပီး ဒါကိုအတည်ပြုဘို့ (ဇရပ်ကွင်းရွာမှာရှိတဲ့) ငတွန်ရဲ့မိတ်ဆွေတစ်ဦးကိုမေးမြန်းရာမှာ ဟုတ်မှန်ကြောင်းပြောလာပါတယ်။
ဒါ့ကြောင့် ဒီသတင်းကိုအတည်ပြုရပါလိမ့်မယ်။
တစ်ချိန်တည်းမှာ ဒီစစ်ယာဉ်တန်းကြီးက သပိတ်ကျဉ်း(၇)မိုင်လမ်းဆုံကအထက်ကိုဆက်တက်သွားကြောင်းသိရတာကြောင့် (ကချင်ပြည်နယ်ထဲက) ရွှေကူ'ဗန်းမော်နဲ့ မံစီအပါအဝင် (ရှမ်း/မြောက်က) မဘိမ်းမြို့နယ်ဖက်တွေမှာတိုက်ပွဲတွေပြင်းထန်လာနိုင်ပါတယ်။
ဒါနဲ့တစ်ပြိုင်တည်းထွက်ပေါ်ခဲ့တဲ့သတင်းကတော့ မန္တလေးမြို့ကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း တပ်မတော်(ရေ)က စစ်ရေယာဉ်တွေ မြစ်အထက်ဖက်ကိုဦးတည်ပီး အုပ်စုလိုက်ဆန်တက်သွားတာပါ။
ဒီမတိုင်ခင် ရွှေကူမြို့ကို ငါးအိုးလမ်းအတိုင်းတပ်မတော်က စစ်ကြောင်းထိုးခဲ့တာကြောင့် ဒီနယ်မြေတွေမှာတိုက်ပွဲပြင်းထန်ခဲ့ပါသေးတယ်။
ဒီအခြေအနေမှာ (၁၁-၆-၂၀၂၆)ရက်နေ့က မံစီမြို့မှာတိုက်ပွဲပြင်းထန်ခဲ့တာတွေ့ရပါတယ်။
ဒါ့ကြောင့် ဒီရက်ပိုင်းအတွင်း ရွှေကူ'မံစီ'နဲ့ မဘိမ်းမြို့တွေမှာတိုက်ပွဲတွေပြင်းထန်လာမယ့်အနေအထားရှိပါတယ်။
ဒါနဲ့တစ်ဆက်တည်းဆိုသလို မိုးကုတ်နဲ့ပြင်ဦးလွင်လမ်းကြောင်းပေါ်မှာထူးခြားချက်တွေမြင်ခဲ့ပါတယ်။
===========================
ပြောရရင်"~
ငတွန်'ခေတ္တရောက်နေတဲ့ မန္တလေးမြို့ကနေ ပြင်ဦးလွင်လမ်းအတိုင်းမိုးကုတ်မြို့ကိုသွားရောက်ဘို့ ပီးခဲ့တဲ့ရက်ကပြင်ဆင်ခဲ့ပါတယ်။
သွားမှာက ငတွန်'တစ်ဦးတည်းဖြစ်ပီး ဒါကိုမိုးကုတ်မြို့ထဲကမိတ်ဆွေတွေက ဒီ(ပြင်ဦးလွင်/မိုးကုတ်')လမ်းအတိုင်း(ကိုယ်တိုင်လာရောက်ခြင်းမပြုဘို့) စိုးရိမ်တကြီးနဲ့ သတိပေးကန့်ကွက်ခဲ့ပါတယ်။
ဒါနဲ့ မိုးကုတ်မြို့ကမန္တလေးကိုလာရောက်ဘို့ရှိတဲ့ ငတွန်'ရဲ့ မိတ်ဆွေတစ်ယောက်ကို မိုးကုတ်/ပြင်ဦးလွင်လမ်းအတိုင်း ဆင်းလာဘို့တောင်းဆိုခဲ့ပါတယ်။
ဒီမှာတင် မိုးကုတ်/ပြင်ဦးလွင်ကားလမ်းမပေါ်က ဖြစ်/ပျက်နေတာတွေကိုထူးဆန်းအံ့ဩဘွယ်ရာ ကြားလိုက်ရတော့တာပါ။
ဒီသတင်းနဲ့ဆက်စပ်ပီး နောင်ချိုမြို့နဲ့ ကျောက်မဲမြို့နဲ့ မူဆယ်မြို့'မှာရှိတဲ့မိတ်ဆွေတွေကို(၎င်းတို့ကြုံတွေ့ရခဲ့ရတဲ့အခြေအနေတွေကို) မေးမြန်းရာမှာလည်း(ပြင်ဦးလွင်မြို့အနီးက) စစ်ဆေးရေးဂိတ်အကြောင်းကို အသေးစိပ်ထပ်မံသိရှိရပြန်ပါတယ်။
ဒါ့ကြောင့် ဒီအကြောင်းအရာကို တာဝန်ရှိလူကြီးများသိရှိ အရေးယူနိုင်စေရန်ဖေါ်ပြလိုက်ခြင်းဖြစ်ပါတယ်။
=============================
မိုးကုတ်မြို့(အရှေ့ပိုင်း)ကပြင်ဦးလွင်ကို စ'ထွက်လာရင် အရင်ဆုံးတွေ့ရမှာကတော့ ပန်းမထိပ်'စစ်ဆေးရေးဂိတ်'ဖြစ်ပါတယ်။
ဒီ ဂိတ်'အတိုင်းဆက်ထွက်လာရင် မိုးကုတ်မြို့နဲ့(၁၄)မိုင်အကွာမှာရှိတဲ့ လယ်ကြီးဂိတ်'ကို ရောက်ပါလိမ့်မယ်။
လယ်ကြီးကရွာဖြစ်ပီး မိုးကုတ်'မိုင်းလုံ'ပြင်ဦးလွင်' (၃)လမ်းဆုံတဲ့ နေရာဖြစ်ပါတယ်။
လယ်ကြီးလမ်းဆုံက မန္တလေးတိုင်းမိုးကုတ်မြို့နယ်ထဲမှာပါဝင်ပါတယ်။
လယ်ကြီးရွာကနေ လယ်ကြီးတံတားကိုကူးသွားရင် နားမျောရွာကိုရောက်မှာဖြစ်ပီး နားမျောရွာက မိုင်းလုံမြို့နယ်ထဲမှာပါဝင်ပါတယ်။
ပီးတော့ လယ်ကြီးတံတားက မန်း/တိုင်း'နဲ့ ရှမ်း/မြောက်နယ်စပ် နမ့်ပယ်ချောင်းကိုဖြတ်ပီး တံတားခင်းထားတာပါ။
ဒါက မိုးကုတ်မြို့ကို TNLA'မသိမ်းပိုက်မှီအချိန်က အခြေအနေဖြစ်ပါတယ်။
သို့သော်လက်ရှိအချိန်မှာ အရင်ကအနေအထားအတိုင်းမဟုတ်တော့တာကို ငတွန်'ရဲ့မိတ်ဆွေပေးပို့တဲ့သတင်းအရ သိရပါတယ်။
မိုးကုတ်က ပြင်ဦးလွင်ကိုလာတဲ့လမ်းကြောင်းကို သူပြောပြတဲ့အတိုင်းဖေါ်ပြရရင်"~
လယ်ကြီးဂိတ်နဲ့ ပဇီအကျော် ရှမ်းလမ်းဆုံမှာ ပလောင်တွေထိုင်ပီး ဂိတ်'လုပ်ထားကြောင်း" ~
လယ်ကြီးအကျော် တောင်နီရွာနဲ့ ပဇီရွာကြားအပါအဝင်"~ ပဇီရွာနဲ့ ရှမ်းလမ်းဆုံဂိတ်'ကြားမှာ (၁၀)ဘီး/(၁၂)ဘီး'ကုန်တင်ကားတွေကို ကုန်အပြည့်နဲ့ အစီးရေ ရာချီလမ်းဘေးရပ်ထားတာ တွေ့ခဲ့ရပီး ကားတွေအားလုံးက ပြင်ဦးလွင်ဘက်ကို ခေါင်းတည်ထားကြောင်း" ~
ဒီကားတွေက ဘယ်ကိုသွားမှာလဲ ဘယ်ကလာတဲ့ကားတွေလဲလို့ မေးရာမှာ"~
နယ်စပ်က တရုတ်ကုန်တွေ သယ်လာတဲ့ကားတွေဖြစ်ပီး" ~
ဒါကို'ဒိုးပင်ရွာက သင်းသင်းအောင်' ထမင်းဆိုင်'မှာ မေးမြန်းစုံစမ်းရာက သိရခြင်းဖြစ်ကြောင်း" ~
ဘယ်လမ်းကလာပီး ဘယ်ကိုသွားမှာလည်း"မေးတော့" ~
မန်တုံ > ပန်စံ လမ်းခွဲ"အတိုင်းလာပီး ဒီကနေ
မိုင်းလုံ > လယ်ကြီး > ပဇီ > ဒိုးပင် > ဟိုခို > သုံးဆယ် > ဝက်ဝံဂိတ် > ပဥလ လမ်းကြောင်းအတိုင်းသွားမှာဖြစ်ကြောင်း" သိရပါတယ်။
ဒါဆို ဘာလို့ အခုရပ်နေကြတာလဲ ဘာလို့ မမောင်းကြတာလဲမေးတော့"~
ရှမ်းလမ်းဆုံ ပလောင်ဂိတ်ကနေ ည (၈:၀၀) နာရီမှလွှတ်တယ် ဝက်ဝံဂိတ်ကို ညဉ့်နက်မှ ဖြတ်ရမှာလို့ပြောကြောင်း"
ဂိတ်တွေအချင်းချင်း ညှိလုပ်နေကြကြောင်း"နဲ့
ပလောင်ဂိတ်နဲ့ လုံခြုံရေးဂိတ် ငွေယူနေတဲ့လမ်းကြောင်းရှိသေးကြောင်း'သိရပီး
အဲဒါတော့ ၎င်းကိုယ်တိုင်မြင်ခဲ့ပြီး လက်တွေ့မေးခဲ့ခြင်းဖြစ်ကြောင်း" ပြောလာပါတယ်။ ဒါ့အပြင် ~
တစ်ညကို ရပ်ထားတဲ့ကားတွေ အားလုံးမလွှတ်ဘူး အစီးရေနဲ့ လွှတ်ပေးခြင်းဖြစ်ကြောင်း" ~
ဒါကြောင့် အစီးရေ ရာချီပိတ်နေတာဖြစ်ပီး …
ကားတွေကလဲ တဲထိုးပြီး အေးအေး ဆေးဆေးချက်ပြုတ်စားသောက်ပြီး စောင့်နေကြခြင်းဖြစ်ကြောင်း"နဲ့
ဒီကုန်ကားတွေက သီပေါတံတားကိုရှောင်ကြခြင်းဖြစ်ကြောင်း'ကိုပါ ထပ်မံပြောကြားလာပါတယ်။
၎င်းအပြင်"~
ကားအစီးရေ အတော်များတယ် ဦးတွန်" ~
ရှမ်းလမ်းဆုံ ပလောင်ဂိတ်နဲ့ လုံခြုံရေးဂိတ်တွေ ညဘက်ကို ညှိဖြတ်ကြတယ်လို့ပြောတယ်။
ပွဲတန်းကြီးလို ဖြစ်နေတာ ပဇီရွာဘေးမှာ ကားရပ်စရာ နေရာကိုမရှိဘူး ပြည့်နေတာ။
အဲဒီကားတန်းကြီးက ရှမ်းလမ်းဆုံပလောင်ဂိတ်ထိဘဲရှိတာ အဲဂိတ်ကိုတော့ ပလောင်က ပေးမကျော်ဘူး။
ညမှ ဒီဖက်(လုံခြုံရေးအဖွဲ့) က အချက်ပြမှ အစီးရေနဲ့ လွှတ်ပေးတယ်ပြောတယ်။
ရှမ်းလမ်းဆုံ ပလောင်ဂိတ်ပြီးရင် ရတနာသိင်္ဂီ မရောက်ခင်မှာ ဒီဖက်ကလုံခြုံရေးဂိတ်ကို စတွေ့တယ် မေးကြည့်တော့ ခလရ( ၁?၇)တဲ့။
ကျွန်တော့်ကို မိုးကုတ်က သူငယ်ချင်းတွေက အဲလမ်းကမသွားနဲ့လို့ ပြောကြတာ ကျွန်တော်လဲ ဦးတွန်ပြောလို့ အရဲစွန့်သွားကြည့်လိုက်တာ လမ်းခရီးက သိပ်တော့မသွားသင့်ဘူး ပလောင်ဂိတ်တွေဖြတ်ရတော့ ရစ်ချင်တယ် ဒီကောင်တွေက။
အဲကားတန်းကြီးက နေ့တိုင်းပြည့်နေတာတဲ့ ကျွန်တော်လဲ အဲနေ့ကလာမှ အံ့ဩသွားတာ"ဆိုပီး ပြောပြပါတယ်။ ဒါ့အပြင်" ~
မိုးကုတ်/ပြင်ဦးလွင်ကားသင်းအနေနဲ့ ~
လဲ့လဲ့ဂိတ်'နဲ့ ကြယ်စင်လင်းဂိတ်'က တနေ့ (၂)စီးသာထွက်ကြောင်းသိရပီး" ~
ဒီကားသမားတွေ ဒိုးပင်'သင်းသင်းအောင်ထမင်းဆိုင်မှာ ကားခဏနားချိန်'မေးမြန်းခြင်းကြောင့် သာ ခုလိုအကြောင်းစုံသိရတာဖြစ်ကြောင်း'ပြောပါတယ်။
ကျွန်တော်တစ်ခုဘဲ အားနည်းသွားတာ … ဓါတ်ပုံရိုက်ဖို့။
ဝက်ဝံဂိတ်က တအားစစ်တယ်ဆိုတော့လဲ မရိုက်ရဲဘူး။
ပန်စံလမ်းခွဲကနေ ပလောင်နေရာတွေကနေ ဖြတ်ပြီး ဝက်ဝံဂိတ်ကို ညဖြတ်တာ အတော်လည်တဲ့လူတွေ။
ဝက်ဝံဂိတ်ကိုတော့ ညဉ့်နက်ပိုင်းမှ ပေးဖြတ်တယ်ပြောတယ်ဗျ။
ရှမ်းလမ်းဆုံကနေ ည (၇:၀၀) နာရီ ထွက်လာရင်တောင် ဒီကားကြီးတွေ ဝက်ဝံကို(၁၂)နာရီဝန်းကျင်လောက်မှရောက်မှာပါ။
ခု ဖေါ်ပြတာတွေက ငတွန်ရဲ့မိတ်ဆွေ မိုးကုတ်ကပြင်ဦးလွင်ကိုလာရာမှာကြုံတွေ့ရတာတွေပါ။
ဒါ့ကြောင့် ဒီကိစ္စကို စိတ်ဝင်စားမိရာက ရှမ်း/မြောက်က မိတ်ဆွေတွေကိုဆက်သွယ်စုံစမ်းရာမှာ တရုပ်ပြည်နယ်စပ် နမ့်ခမ်းမြို့ကထွက်လာတဲ့ကုန်တင်ယာဉ်တွေက" ~
နမ့်ခမ်းကနေ မန်တုံ
မန်တုံ-နမ္မတူ
နမ္မတူ-၉မိုင်လမ်းခွဲ
၉မိုင်လမ်းခွဲကနေ နမ့်လန်တာလုံဇက်ဆိပ်မှာ ကုန်ကားတစ်စီးစီဖြတ်ကြောင်း"~
တာလုံဇက်ဆိပ်-ပုံဝိုး(ကျောက်မဲ)
ပုံဝိုးကနေ ကျောက်မဲမြို့ဂိတ်ပေါက်ရှောင်တဲ့လမ်းတွေအများကြီးရှိကြောင်း" ~
အဲကနေ မိုင်းငေါ့နဲ့မိုင်းလုံကို ရောက်လာတဲ့ကုန်ကားတွေလည်းရှိကြောင်း' သိရပါတယ်။
ဒါ့အပြင် မန္တလေး/ရှမ်းမြောက်ခရီးသည်တင်ကားတွေကို ဝက်ဝံအတက်လမ်းမှာ ခရီးသည်တစ်ဦး(၃၀၀၀)ကျပ် ကောက်ခံနေပီး" ~
ဒီ(၃၀၀၀)ကျပ်ကို ကားသမားဆီကတောင်းယူတာဖြစ်ပါတယ်။
ပြောရရင်~ ကားသမားက ခရီးသည်ဆီမှာ ကားခယူကတည်းက ဂိတ်ကြေးတွေကိုပါ အပိုဆောင်းပီးတွက်ယူထားတာကြောင့် ဒီ(၃၀၀၀)ကျပ်က ခရီသွားပြည်သူတွေကပဲပေးဆောင်ရတဲ့အခြေအနေဖြစ်ပါတယ်။
==============================
လုံခြုံရေးတာဝန်ထမ်းဆောင်နေသူများအနေနဲ့ ငွေ/ကြေးတောင်းခံခြင်းမပြုရန် နိုင်ငံတော်သမ္မတမှာကြီးက ပြည်ထောင်စုအစိုးရအဖွဲ့ဝင်တွေအပါအဝင် တိုင်းဒေသကြီးနဲ့ပြည်နယ်'အစိုးရဝန်ကြီးချုပ်တွေကို မှာကြားထားပါတယ်။
ဒီအထဲမှာ" ~
လုံခြုံရေးအရ၊ တရားမဝင်ကုန်စည်စီးဆင်းမှုနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတို့အရ စစ်ဆေးခြင်းများဆောင်ရွက်သည်ကို လက်ခံ၍ရသော်လည်း" ~
တရားမဝင်ငွေကြေးကောက်ခံခြင်းများ မဖြစ်ရန်လိုကြောင်း"~
တာဝန်ရှိသူများအနေဖြင့်လည်း စနစ်တကျဖြင့် စစ်ဆေးကြပ်မတ်ဆောင်ရွက်ရန်လိုကြောင်း နိုင်ငံတော်သမ္မတကြီးက ဇွန်လ(၉)ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။
ပြောရရင်" ~
ငတွန်'က နိုင်ငံတော်သမ္မတကြီး'ကို သမ္မတမဖြစ်မှီအချိန်ကတည်းက အကြွင်းမဲ့ထောက်ခံလာခဲ့သူဖြစ်ပါတယ်။
ဒါ့အပြင် တပ်/ချုပ်ကြီး ဗိုလ်ချုပ်ကြီးရဲဝင်းဦးရဲ့လုပ်ကိုင်ဆောင်ရွှက်နေပုံတွေကိုလည်း ဂုဏ်ယူအားကျနေသူပါ။
ရှေ့ဆက်ပီးလည်း နိုင်ငံတော်နဲ့ မြန်မာပြည်သူတွေအကျိုးအတွက် စာပေရေးသားခြင်းအမှုကိုဆက်လက်လုပ်ကိုင်နေဦးမှာပါ။
ဒီအခြေအနေမှာ စစ်ကိုင်းတိုင်း'နဲ့ မကွေးတိုင်းဖက်ကို ရှမ်း/မြောက်က တစ်ခုတည်းသောဝင်ပေါက်ဖြစ်တဲ့ ပြင်ဦးလွင်မြို့အနီးက ဝက်ဝံဂိတ်'ကို နိုင်ငံတော်လုံခြုံရေးအတွက် အထူးစိုးရိမ်မိပါတယ်။
ဒီအပေါ် တာဝန်ရှိသူတွေအနေနဲ့ ဖေါ်ပြပါဂိတ်'ကို ကြပ်မှတ်ဘို့လိုနေပါတယ်။
လက်ရှိအချိန်မှာ ဒီဂိတ်က ပြည်သူတွေအတွက်ဝန်ထုပ်/ဝန်ပိုးဖြစ်နေတဲ့အပြင် မြေပြန့်ကပြည်သူတွေလုံခြုံရေးအတွက် ငရဲတံခါးဝ'လိုဖြစ်နေပါတယ်။
ဒီအပေါ် တာဝန်ရှိသူတွေအနေနဲ့ ဖေါ်ပြပါဂိတ်'ကို စုံစမ်းဖေါ်ထုတ် အရေးယူဘို့လိုနေကြောင်း'ဖေါ်ပြရင်း~
ခေတ္တနားပါရစေခင်ဗျာ"~~~
😎😎😎😎😎😎😎😎😎😎😎😎😎