OnlineSignpost

OnlineSignpost Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from OnlineSignpost, Internet Marketing Service, Singapore.

မိတ်ဆွေရောဒီနေ့ဘယ်လှေကားထစ်မှာရောက်နေပြီလဲ... 🤔
02/12/2022

မိတ်ဆွေရော
ဒီနေ့ဘယ်လှေကားထစ်မှာ
ရောက်နေပြီလဲ... 🤔

Part-Time အလုပ်ရှာနေတာလား???Freelance အလုပ်လုပ်ချင်တာလား???Service အပ်ချင်တာလား???OnlineSignpost မှာရှာလို့ရနေပြီနော်......
02/12/2022

Part-Time အလုပ်ရှာနေတာလား???
Freelance အလုပ်လုပ်ချင်တာလား???
Service အပ်ချင်တာလား???
OnlineSignpost မှာရှာလို့ရနေပြီနော်...😊

တစ်ချို့သော အောင်မြင်နေသူများဟာကျရှုံးမှုများစွာကိုရင်ဆိုင်ပြီးမှအောင်မြင်တဲ့ဘဝဆီ ရောက်လာခဲ့တာပါ။အဲ့ဒီထဲမှာ J.K Rowlingလ...
02/12/2022

တစ်ချို့သော အောင်မြင်နေသူများဟာ
ကျရှုံးမှုများစွာကိုရင်ဆိုင်ပြီးမှ
အောင်မြင်တဲ့ဘဝဆီ ရောက်လာခဲ့တာပါ။
အဲ့ဒီထဲမှာ J.K Rowlingလည်း
အပါအဝင်ဖြစ်ပါတယ်။

1995ခုနှစ် သူမအသက်၃၀အရွယ်မှာ
အမျိုးသားနဲ့ကွာရှင်းခဲ့ပြီး
သမီးလေး Jessicaနဲ့
Single Mother ဘဝကို
ဆင်းရဲစွာဖြတ်သန်းခဲ့ရပါတယ်။
သူမရဲ့ ပထမဆုံးHarry Potterစာအုပ်ဟာလည်း
ပုံနှိပ်တိုက်ပေါင်းများစွာရဲ့
ငြင်းပယ်ခြင်းခံခဲ့ရပါတယ်။

2020ခုနှစ် သူမအသက်၅၅နှစ်မှာတော့
သူမရဲ့ Harry Potter စာအုပ်တွေဟာ
ကမ္ဘာနဲ့တစ်ဝှမ်းမှာ
500Millionsအထိရောင်းချခဲ့ရပြီး
ပထမဆုံး ဘီလီယံနာ(Billionaire)
စာရေးဆရာမဖြစ်လာခဲ့ပါတယ်။

လူတစ်ယောက်နဲ့တစ်ယောက်ဟာ
ဘဝပေးအခြေနေတွေမတူညီကြသလို
အောင်မြင်တဲ့အချိန်တွေလည်းမတူညီကြပါဘူး။

အဓိက ကတော့စိတ်ဓာတ်ကျနေရင်တောင်
စိတ်ဓာတ်မပြိုလဲပဲ
ကိုယ်ရည်မှန်းထားတဲ့ပန်းတိုင်ကို အားတင်းပြီး
ဖြေးဖြေးမှန်မှန် ရောက်အောင်သွားဖို့ပါပဲ။

ဒီPostကနေ ခွန်အားတစ်စုံတစ်ရာ
ရရှိပါစေလို့ OnlineSignpost မှ
ဆုတောင်းပေးလိုက်ပါတယ်။

မဖြစ်နိုင်ဘူးဆိုပြီးစဉ်းစား တွေဝေမနေနဲ့နော်သင်တကယ်လုပ်နိုင်တယ်ဆိုတာ သေချာပါတယ်ပထမဆုံး အရေးကြီးတဲ့ခြေတစ်လှမ်းပဲလိုတာပါ
01/12/2022

မဖြစ်နိုင်ဘူးဆိုပြီး
စဉ်းစား တွေဝေမနေနဲ့နော်
သင်တကယ်လုပ်နိုင်တယ်ဆိုတာ သေချာပါတယ်
ပထမဆုံး အရေးကြီးတဲ့ခြေတစ်လှမ်းပဲလိုတာပါ

စီးပွားရေးစလုပ်တော့မယ်ဆိုရင်ကိုယ့်ပတ်ဝန်းကျင်ကို  သိအောင်စုံစမ်းပါ။ သိလာရင် သူတို့လိုအပ်နေတာကိုဖြည့်ဆည်းပေးလိုက်ပါအဲ့ဒါဟ...
01/12/2022

စီးပွားရေးစလုပ်တော့မယ်ဆိုရင်
ကိုယ့်ပတ်ဝန်းကျင်ကို သိအောင်စုံစမ်းပါ။

သိလာရင် သူတို့လိုအပ်နေတာကို
ဖြည့်ဆည်းပေးလိုက်ပါ
အဲ့ဒါဟာကိုယ့်စီးပွားရေးပါပဲ။

ဥပမာ ကိုယ့်ပတ်ဝန်းကျင်က
အစားအသောက်
အခက်အခဲဖြစ်တဲ့နေရာမျိုးဆိုရင်
ထမင်းဆိုင်၊ လက်ဖက်ရည်ဆိုင်လိုမျိုးဖွင့်ပြီး
လုပ်ငန်းစလိုက်တာမျိုးကိုဆိုလိုတာပါ။

Need + Help = Business

စျေးကွက်ရဲ့လိုအပ်ချက်က ဘာလဲ။
ကိုယ်ဘယ်လို ကူညီနိုင်သလဲ ဆိုတာနဲ့စပါ။

စီးပွားရေးတစ်ခုကို ကိုယ့်အတွက်
ဘယ်လောက်အကျိုးအမြတ်ရမလဲလို့
စပြီးစဉ်းစားတာထက်
ကိုယ် ဒါလုပ်လိုက်ရင် အခြားသူတွေအတွက်
ဘယ်လောက်အဆင်ပြေသွားစေမလဲ
ဆိုတဲ့ပေါ်အခြေခံပြီး စဉ်းစားပါ။

သူတို့အဆင်ပြေသွားရင် မိမိအတွက်လည်း
အကျိုးအမြတ် ရှိလာလိမ့်မယ်လို့ ယုံကြည်ပါ။

သေချာ အစီအစဉ်တွေဆွဲပြီး လေ့လာပါ။
အကောင်အထည်ဖော်ကြည့်ပါ။

စေတနာပါ ထပ်ပေါင်းလိုက်မယ်ဆိုရင်တော့
အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းတစ်ခု
ဖြစ်လာမှာ သေချာပါတယ်။

အားလုံးပဲ လုပ်ကိုင်ကြံစည်သမျှ
အောင်မြင်ကြပါစေလို့ OnlineSignpost မှ
ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ။ 🙏

Sweet December မှာအားလုံး ကံကောင်းခြင်းတွေနဲ့ကြုံတွေ့ရပါစေ...
01/12/2022

Sweet December မှာ
အားလုံး ကံကောင်းခြင်းတွေနဲ့ကြုံတွေ့ရပါစေ...

OnlineSignpost မှာ register လာလုပ်ကြနော်... 😄
30/11/2022

OnlineSignpost မှာ register လာလုပ်ကြနော်... 😄

📖 ✍
30/11/2022

📖 ✍

ကိုယ်ကြိုက်တဲ့ သူက ကိုယ့်ကိုစိတ်မဝင်စားဘူးဆိုတာ Marketing ညံ့လို့။ စိတ်ဝင်စားရဲ့နဲ့ ရည်းစားမဖြစ်သွားတာ Sale ညံ့လို့။ ရည်...
30/11/2022

ကိုယ်ကြိုက်တဲ့ သူက ကိုယ့်ကို
စိတ်မဝင်စားဘူးဆိုတာ Marketing ညံ့လို့။

စိတ်ဝင်စားရဲ့နဲ့ ရည်းစားမဖြစ်သွားတာ
Sale ညံ့လို့။

ရည်စားဖြစ်ပြီး ခဏနဲ့ ကွဲသွားတာ
Customer Service ညံ့လို့။

သူငယ်ချင်းတွေ၊ အသိတွေက ဒီကောင် မစွံပါဘူးလို့
ပြောကြတယ်ဆို၊ ဒါ Public Relations ညံ့လို့။

မပြည့်စုံလို့ ငါ့ပြန်မကြိုက်ကြဘူးလို့ပြောရင်
ဒါ efficiency မကောင်းတဲ့သဘော
Management ညံ့လို့။

အထက်က စာသားတွေက
Ko Pyae Phyo ရဲ့ Facebook accountမှ
ကူးယူခဲ့တာဖြစ်ပြီး Businessတစ်ခုရဲ့
လိုအပ်ချက်ကို ဟာသအမြင်နဲ့
နားလည်အလွယ်ဆုံး ရှင်းပြလိုက်တဲ့
ပုံစံဖြစ်နေတာကြောင့်
သဘောကျပြီး ပြန်တင်ပြခြင်း ဖြစ်ပါတယ်။

ကိုယ့်ရဲ့ customerကို မရောင်းခင်မှာရော၊
ရောင်းနေစဥ်အတွင်းမှာရော၊
ရောင်းပြီးသွားတဲ့အခါမှာရော
ဝန်ဆောင်မှုကောင်းကောင်းပေးဖို့လိုပါတယ်။

ရောင်းရရင်ပြီးရောဆိုပြီး စိတ်ထားလို့ကတော့
မိတ်ဆွေစီးပွားရေးကလည်း
ရေရှည်မှာတည်မြဲဖို့မလွယ်ကူပါဘူး။

အဲ့ဒီတော့ ကိုယ့်Businessမှာ
ဘာတွေလိုအပ်နေလဲဆိုတာ နားလည်ကာ
လိုအပ်ချက်ရှိတဲ့နေရာတွေကို
ပြင်ဆင်နိုင်ပြီး ရေရှည်တည်မြဲတဲ့
စီးပွားရေး တစ်ခုကိုတည်ဆောက်နိုင်ပါစေလို့
OnlineSignpost အဖွဲ့တော်သားတွေမှ
ဆန္ဒပြု အကြံပေးလိုက်ပါတယ်ခင်ဗျာ။

29/11/2022

ဒီနေ့တွေ့လိုက်တဲ့
Foodpandaက robot လေး 😍

သူတောင် Part-time delivery လိုက်ပို့ပြီး
ကျောင်းစားရိတ်ရှာနေပြီနော်... 😜

ဒီနေ့တော့ freelanceနဲ့ပတ်သက်ပြီးမျှဝေမှုတွေပြုလုပ်ပေးနေတဲ့ Youtuberတစ်ယောက်နဲ့မိတ်ဆက်ပေးချင်ပါတယ်။ သူ့နာမည်က Chris Do ပါ...
29/11/2022

ဒီနေ့တော့ freelanceနဲ့ပတ်သက်ပြီး
မျှဝေမှုတွေပြုလုပ်ပေးနေတဲ့ Youtuber
တစ်ယောက်နဲ့မိတ်ဆက်ပေးချင်ပါတယ်။

သူ့နာမည်က Chris Do ပါ။
The Futur ဆိုတဲ့သူ့ရဲ့ Youtube Channelကနေ
freelance, Business နဲ့ပတ်သက်တဲ့
ဗဟုသုတတွေ အကြံဉာဏ်တွေကို
အမြဲမပြတ် တင်ဆက်ပေးလျက်ရှိပြီး
Subscribersပေါင်း 2.3Millions ရှိပါတယ်။

မိတ်ဆွေက Freelancingကို
စိတ်ဝင်စားတဲ့သူတစ်ယောက်၊
လက်ရှိမှာလည်း Freelancerတစ်ယောက်ဆိုရင်
သူ့ရဲ့ Channelကိုသွားရောက်လေ့လာသင့်ပါတယ်။

သူ့ရဲ့ Videoတွေမှာ Businessနဲ့ပတ်သက်တဲ့
ကဏ္ဍမျိုးစုံပါဝင်ပြီး Branding,
Social Media Marketing တွေအပြင်
ကိုယ့်အရောင်းစျေးနှုန်းကို ဘယ်လိုသတ်မှတ်မလဲ၊
Clientsတွေဘယ်လိုရှာရမလဲ၊

ကိုယ့်ရဲ့တီထွင်နိုင်စွမ်းတွေ၊ အရောင်း စတာတွေကို
ဘယ်လိုတိုးတက်အောင်လုပ်ရမလဲ
အစရှိတဲ့များစွာသော
စိတ်ဝင်စားစရာတွေ ပါဝင်နေတာကြောင့်
သူ့ Video တွေကြည့်ရင်း လေ့လာရင်း
အချိန်တစ်နာရီဆိုတာ ကုန်တာအရမ်းမြန်တယ်
လို့တောင် ခံစားမိပါလိမ့်မယ်။

သူ့ရဲ့ Videoတွေဆီကနေလည်း
မိတ်ဆွေတို့အတွက် အထောက်အပံ့
အကူအညီ တစ်ခုခုရမှာသေချာပါတယ်။

Chris Do ရဲ့
The Futur Youtube Channelကို
ထုံးစံအတိုင်းCommentမှာ
ဖော်ပြပေးထားပါတယ်ခင်ဗျာ။

မိတ်ဆွေတို့အားလုံးလည်း
ဝင်ငွေစီးပွားတွေ တိုးပွားချမ်းသာကြပါစေ...လို့
ကျွန်တော်တို့ OnlineSignpost မှ
ဆုတောင်းပေးလိုက်ပါတယ်။ 🙏

''ခဲဖျက်ဆိုတာအမှားလုပ်တတ်တဲ့သူတွေအတွက်ကွ''''ကျွန်တော်ကတော့ အမှားလုပ်မိရင်အမှန်​ပြန်ပြင်ချင်စိတ် ရှိတဲ့သူတွေအတွက်လို့ထင်ပ...
29/11/2022

''ခဲဖျက်ဆိုတာ
အမှားလုပ်တတ်တဲ့သူတွေအတွက်ကွ''

''ကျွန်တော်ကတော့ အမှားလုပ်မိရင်
အမှန်​ပြန်ပြင်ချင်စိတ် ရှိတဲ့သူတွေအတွက်
လို့ထင်ပါတယ်။''

ခဲဖျက်ကတော့ ဖျက်ပေးမှာပါပဲ
အရေးကြီးတာက ကိုယ့်ရဲ့
စိတ်နေသဘောထား ခံယူချက်ပါ။

Address

Singapore

Alerts

Be the first to know and let us send you an email when OnlineSignpost posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share