07/03/2025
စင်္ကာပူက Work permit holders တွေရဲ့ employment နှစ် ကာလ ကန့်သတ်ချက် ကို ရုတ်သိမ်းလိုက်ပြီး အများဆုံး အသက် 63 နှစ်အထိ အလုပ်လုပ်ခွင့်ပေးလိုက်ပြီ
🇸🇬 SINGAPORE က အလုပ်ရှင်များ ဝန်ထမ်းကောင်းများကို ရေရှည် ဆက်လက်ထိန်းသိမ်းနိုင် အလုပ်သမားရှာရ ပိုမို လွယ်ကူစေဖို့အတွက်ဆိုပြီး
Jul 1 ရက်မှစ၍ လက်ရှိ သက်မှတ်ထားသော employment period ( range 14 နှစ် ကနေ 26 နှစ် ) ဆိုတာ မရှိတော့ဘူးလို့
ဒီနေ့ Thursday (Mar 6) က Ministry of Manpower (MOM) ရဲ့ ပြင်ဆင်ချက်ကို ကြေငြာသွားပါတယ်
ပြင်ဆင်သတ်မှတ်တဲ့အထဲ work permit အသစ်လျှောက် မယ့် သူရဲ့ အသက် limit ကိုလည်း ၆၁ နှစ်ထိ မြှင့်တင် သတ်မှတ် ပေးလိုက်တဲ့အတွက် WP သက်တမ်း ၂ နှစ်နဲ့ပေါင်းလိုက်ရင် အများဆုံး အသက် ၆၃နှစ် အထိ အလုပ် လုပ်ပိုင်ခွင့်ပေးမှာဖြစ်ပါတယ်
လက်ရှိ WP လျောက်ခွင့်ပေးထားတဲ့ အမြင့်ဆုံးအသက်က non-Malaysians ဆိုရင် အသက် ၅၀ နဲ့ Malaysians ဆိုရင် ၅၈ နှစ် ပါ။
နောက်ထပ် additional တခုကတော့
Sep 1 ရက်နေ့က စပြီး non-traditional sources NTS အလုပ်သမားများ လည်း တခြား range of occupations တွေဖြစ်တဲ့ cooks, heavy vehicle drivers နဲ့ manufacturing operators တွေမှာ လုပ်ကိုင်ခွင့်ပေးသွား တော့မှာဆိုတဲ့အတွက်
စင်္ကာပူက နိုင်ငံခြားသား အလုပ်သမားတွေကို ပိုပြီး flexible ဖြစ်ကာ အလုပ်အခွင့်အရေးများများ ဖွင့်လှစ်သွားဖို့ စိတ်ကူးရှိနေပါတယ်
ကိုယ့်မြန်မာတွေလည်း တခြား နိုင်ငံခြားသားများ နည်းတူ အခွင့်အရေး တူတူ ရနိုင်ကြပါစေ 🙏
Edit: အခု လို ပြောင်းလဲမှုဟာ အိမ်အကူများအတွက်အကျုံးမဝင်ပါဘူး
အိမ်အကူတွေကတော့ အသက် 23 နှစ်ကနေ 50 နှစ်အတွင်းမှာ permit အသစ်လျှောက်နိုင်ပြီး
renew လုပ်မယ့်သူတွေကိုတော့ အသက် ၆၀ ထိ အလုပ်လုပ်ခွင့် ပေးထားပါတယ်
Crd : Owen Maung
6 March 2025
~ Ba Zaw ~