16/10/2026
ရပ်တည်ချက် မယိုင်လဲ၊ ယုံကြည်ချက် မပြောင်းလဲတဲ့ လူငယ်တွေရဲ့ ဂီတသံများနဲ့ Abnormal Band 🎶
လူငယ်တွေရဲ့ ခံစားချက်နဲ့ မျှော်လင့်ချက်တွေကို အားပြင်းတဲ့ Rock သံစဉ်တွေနဲ့ ဖော်ပြနေတဲ့ Abnormal Band က အောက်တိုဘာလ (၂၃)ရက်နေ့မှာ လုပ်မယ့် "Keep Their Dreams Alive" သီတင်းကျွတ်ရန်ပုံငွေပွဲမှာ ပါဝင်ဖျော်ဖြေပေးသွားမှာပဲ ဖြစ်ပါတယ်။ 🎉
ပြည်သူတွေဝယ်ယူလိုက်တဲ့ လက်မှတ်တစ်စောင်စီက သူတို့ရဲ့ အကြမ်းစား အနုပညာဖန်တီးမှုတွေကို နားဆင်ခံစားနိုင်မယ့်အပြင် တဖက်မှာလည်း စစ်ဘေးကြားမှာ ကြီးပြင်းနေရတဲ့ ကလေးငယ်တွေအတွက် ပညာသင်ယူခွင့်တွေ ဆက်ရှိနေဖို့ အားတစ်ခုဖြစ်နေစေမှာပါ။ 💪
🗓 အောက်တိုဘာ ၂၃ ရက်၊ ၂၀၂၆
🕖 ည ၇ နာရီ — မြန်မာစံတော်ချိန်
💻 Zoom မှတဆင့်
🎟 လက်မှတ်တစ်စောင် — ၃၀၀ ဘတ်
ပြည်သူနဲ့အတူ ရပ်တည်နေတဲ့ လူငယ်တွေကို ပြည်သူ့အားနဲ့ ပြန်ဝန်းရံကြမယ်။ လက်မှတ်လေးဝယ်၊ သူငယ်ချင်းတွေကို ဖိတ်ပြီး Abnormal Band နဲ့အတူ ဆုံကြမယ်နော်! 💛
#သီတင်းကျွတ်