Shoon's Studio Lab

Shoon's Studio Lab Your Trusted Digital Marketing Partner.

အိပ်မက်တွေနဲ့ စတင်ခဲ့တဲ့ သင့်လုပ်ငန်း... အခု အမြင့်ဆုံးကို ရောက်ဖို့ "တိကျတဲ့ Strategy" ရှိပြီလား?​လုပ်ငန်းတစ်ခုကို သုညက...
09/09/2026

အိပ်မက်တွေနဲ့ စတင်ခဲ့တဲ့ သင့်လုပ်ငန်း... အခု အမြင့်ဆုံးကို ရောက်ဖို့ "တိကျတဲ့ Strategy" ရှိပြီလား?

​လုပ်ငန်းတစ်ခုကို သုညကနေ စတင်တည်ထောင်ရတာ ဘယ်လောက်တောင် ခွန်အားတွေ၊ အချိန်တွေ ပေးဆပ်ခဲ့ရလဲဆိုတာ ကောင်းကောင်းနားလည်ပါတယ်။

သင့် Brand ကို ဒီအခြေအနေထိရောက်အောင် နေ့မအား ညမနား ကြိုးစားခဲ့ရတဲ့ သင့်ရဲ့ Passion ကိုလည်း အသိအမှတ်ပြုပါတယ်။

​ဒါပေမယ့် သင့်လုပ်ငန်းကို နောက်ထပ် Level တစ်ခုဆီ ဆွဲတင်ဖို့၊ Customer တွေရဲ့ ရင်ထဲမှာ Premium Brand တစ်ခုအဖြစ် နေရာယူနိုင်ဖို့နဲ့ ဈေးကွက်ကို ဦးဆောင်နိုင်ဖို့ဆိုရင် ရိုးရှင်းတဲ့ ကြိုးစားမှုသက်သက်နဲ့ မလုံလောက်တော့ပါဘူး။

သင့်အတွက် အလုပ်အဖြစ်ဆုံးဖြစ်မယ့် "သီးသန့် Strategy" တစ်ခု မဖြစ်မနေ လိုအပ်လာပါပြီ။

​Shoon's Studio Lab က သင့်အတွက် သာမန် Marketing Plan တွေ ရေးဆွဲပေးနေတာ မဟုတ်ပါဘူး။

✅ သင့်လုပ်ငန်းရဲ့ Target Audience နဲ့သာ အတိအကျ ကိုက်ညီမယ့် သီးသန့် Marketing Plan များကို ဖန်တီးပေးခြင်း။

✅သင့် Brand ရဲ့ တန်ဖိုးကို အမြင့်ဆုံးရောက်အောင် ပုံဖော်ပေးပြီး မှန်ကန်တဲ့ Target Audience ဆီ ရောက်ရှိစေခြင်း။

​✅ရှုပ်ထွေးနေတဲ့ ပြဿနာတွေကို ရှင်းလင်းပြတ်သားပြီး ထိရောက်တဲ့ ရလဒ်တွေအဖြစ် ပြောင်းလဲပေးခြင်း။

​သင်က လုပ်ငန်းတစ်ခုကို အကောင်းဆုံး တည်ထောင်ခဲ့ပြီးပြီ။ ဒီလုပ်ငန်းကို ထိပ်တန်းရောက်အောင် ပို့ဆောင်ပေးမယ့် Strategy ကိုတော့ Shoon's Studio Lab ကို တာဝန်ယူခွင့်ပေးပါ။

​အဆင့်မြင့်မားတဲ့ ခြေလှမ်းသစ်တစ်ခုအတွက် အဆင်သင့်ဖြစ်ပြီဆိုရင်တော့... စကားစမြည် စတင်ပြောကြည့်ရအောင်ပါနော်။💁‍♀️

📩 သီးသန့်ဆွေးနွေးတိုင်ပင်ရန်အတွက် Page Messenger မှတစ်ဆင့် ယခုပဲ ဆက်သွယ်လိုက်ပါ။






လုပ်ငန်းရှင်တွေရဲ့ အခက်အခဲတွေကို နားထောင်ပေးနိုင်တဲ့သူတစ်ယောက် ဖြစ်ချင်ပါတယ်💕Free Consultation လေးအတွက် လာရောက်ဆက်သွယ်ပြ...
08/09/2026

လုပ်ငန်းရှင်တွေရဲ့ အခက်အခဲတွေကို နားထောင်ပေးနိုင်တဲ့သူတစ်ယောက် ဖြစ်ချင်ပါတယ်💕

Free Consultation လေးအတွက် လာရောက်ဆက်သွယ်ပြီး မိမိတို့ရဲ့ လုပ်ငန်းအကြောင်းတွေ၊ Challenges တွေ၊ ရှေ့ဆက်ချင်တဲ့ ရည်မှန်းချက်တွေကို ယုံကြည်စွာ မျှဝေပေးခဲ့ကြတဲ့ လုပ်ငန်းရှင်အားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ်ရှင်✨

ဒီ Consultation မှာတော့

✅ Delivery Service
✅ Digital Production Service
✅ Food Service
✅ Local Brand
✅ Beauty Industry

စတဲ့ လုပ်ငန်းနယ်ပယ်အသီးသီးက လုပ်ငန်းရှင်တွေနဲ့ လုပ်ငန်းတစ်ခုချင်းစီရဲ့ လက်ရှိအခြေအနေ၊ ကြုံတွေ့နေရတဲ့ Challenges တွေနဲ့ ရှေ့ဆက်တိုးတက်နိုင်မယ့် လမ်းကြောင်းတွေကို အတူတူ ဆွေးနွေးခဲ့ပါတယ်။

ကျွန်မအတွက် Consultation ဆိုတာ အကြံပေးပြီး ပြီးသွားတဲ့အရာတစ်ခုမဟုတ်ပါဘူး။

လုပ်ငန်းရှင်တစ်ယောက်ရဲ့ စကားကို သေချာနားထောင်ပေးဖို့၊
သူတို့မမြင်မိသေးတဲ့ အခွင့်အလမ်းတွေကို အတူတူရှာဖွေပေးဖို့၊
ပြီးတော့ လက်တွေ့အသုံးချနိုင်မယ့် လမ်းကြောင်းတစ်ခုကို အတူတူဖန်တီးပေးဖို့ပါ✨

ကျွန်မကို ယုံကြည်ပြီး လာရောက်ဆွေးနွေးပေးကြတဲ့ လုပ်ငန်းရှင်တွေရဲ့ အချိန်နဲ့ ယုံကြည်မှုတိုင်းကိုလည်း တန်ဖိုးထားပါတယ်ရှင်။ 🤍

ရှေ့ဆက်ပြီးလည်း ပိုမိုကောင်းမွန်တဲ့ Knowledge, Experience နဲ့ Strategy တွေကို မျှဝေပေးနိုင်အောင် အမြဲလေ့လာကြိုးစားသွားပါမယ်။

လုပ်ငန်းရှင်တွေရဲ့ ရည်မှန်းချက်တွေ အကောင်အထည်ဖော်နိုင်ဖို့အတွက်
ကျွန်မဘက်ကနေ အမြဲတမ်း ရပ်တည်ပေးနေပါမယ်။ ✨






မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံအထိ ကိုယ့်အိပ်မက်တွေကို ကိုယ်တိုင်သယ်ဆောင်လာခဲ့တဲ့ လုပ်ငန်းရှင်တွေအတွက်…အခြားနိုင်ငံတစ်နို...
06/09/2026

မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံအထိ ကိုယ့်အိပ်မက်တွေကို ကိုယ်တိုင်သယ်ဆောင်လာခဲ့တဲ့ လုပ်ငန်းရှင်တွေအတွက်…

အခြားနိုင်ငံတစ်နိုင်ငံမှာ စီးပွားရေးတစ်ခုစတင်ပြီး ရေရှည်တည်တံ့ခိုင်မြဲအောင် တည်ဆောက်ဖို့ဆိုတာ လူအင်အား၊ ငွေအင်အား၊ စိတ်ဓာတ်နဲ့ အချိန်ပါ အများကြီးရင်းနှီးမြှုပ်နှံဖို့ လိုအပ်တဲ့ခရီးစဥ်တစ်ခုပါ။

ကိုယ့်ရဲ့ Product & Service တွေက ဘယ်လောက်ပဲကောင်းနေပါစေ…

ကိုယ့်အကြောင်းကို လူတွေသိအောင် ပြောရတယ်။
ကိုယ့် Brand ကို လူတွေမှတ်မိအောင် တည်ဆောက်ရတယ်။
ပြီးတော့ ကိုယ့်ကို ယုံကြည်လာအောင် အချိန်ယူရတယ်။

အထူးသဖြင့် ကိုယ့်နိုင်ငံကနေ ဈေးကွက်အသစ်တစ်ခုထဲကို
ကိုယ်တိုင်စပြီး တည်ဆောက်နေရတဲ့အချိန်မှာ —

“ဘယ်ကစရမလဲ?”
“ကိုယ့် Brand ကို ဘယ်လို Positioning လုပ်ရမလဲ?”
“ထိုင်းဈေးကွက်မှာ Professional ဖြစ်အောင် ဘယ်လိုလုပ်ရမလဲ?”
ဆိုတဲ့ မေးခွန်းတွေ ရှိတတ်ပါတယ်။

ဒီလိုအခက်အခဲတွေအတွက် ခေါင်းစားမခံပါနဲ့တော့။🧏‍♀️
ကိုယ့်ရဲ့တန်ဖိုးရှိတဲ့ အချိန်တွေကို လုပ်ငန်းလည်ပတ်မှုနဲ့ တိုးတက်မှုအပေါ်မှာသာ အပြည့်အဝ အာရုံစိုက်လိုက်ပါ။

လူကြီးမင်းတို့ရဲ့ Brand ကို ထိုင်းဈေးကွက်ထဲမှာ လူသိများပြီး ရောင်းအားတွေ ဆက်တိုက်တက်လာစေဖို့ Shoon's Studio Lab မှ ယုံကြည်စိတ်ချရတဲ့ Digital Marketing Partner အဖြစ် တာဝန်ယူပါရစေ။💁‍♀️

​လူကြီးမင်းတို့ရဲ့ လက်ရှိလုပ်ငန်းအခြေအနေနဲ့ ရည်မှန်းချက်တွေအပေါ် မူတည်ပြီး အောက်ပါ Package များကို စိတ်ကြိုက် ရွေးချယ်နိုင်ပါတယ်-

​🌱 Starter Package (1 Month) - 9,900 THB
ဈေးကွက်သစ်မှာ စနစ်တကျနဲ့ ယုံကြည်မှုရှိရှိ ပထမဆုံးခြေလှမ်း စတင်လိုသူများအတွက်။

​🚀 Growth Package (2 Months) - 16,900 THB
လုပ်ငန်းကို အရှိန်အဟုန်မြှင့်တင်ပြီး Brand Awareness ကို ပိုမိုကျယ်ပြန့်အောင် တည်ဆောက်လိုသူများအတွက်။

​📈 Scale-up Package (3 Months + 1 Month Free) - 29,700 THB
ဈေးကွက်ကို ထိုးဖောက်နေရာယူပြီး ရောင်းအားကို နောက်တစ်ဆင့်သို့ မြှင့်တင်လိုသူများအတွက်။ (Most choice⭐⭐⭐⭐⭐)

​👑 Empire Package (6 Months) - 42,000 THB
ထိုင်းဈေးကွက်မှာ ယိမ်းယိုင်မှုမရှိဘဲ ရေရှည်ခိုင်မာတဲ့ ကိုယ်ပိုင်အင်ပါယာတစ်ခု တည်ဆောက်လိုသော ထိပ်တန်းလုပ်ငန်းများအတွက်။

​(Package တစ်ခုစီတိုင်းမှာ လူကြီးမင်းတို့လုပ်ငန်းအတွက် သီးသန့်ရေးဆွဲထားတဲ့ Marketing Strategy, Creative Design များနှင့် တိကျမှန်ကန်သော Ads Targeting များ အပြည့်အဝ ပါဝင်ပါမည်။)

🎁 Shoon’s Studio Lab Special Launch Offer

Shoon's Studio Lab ရဲ့ ထိုင်းဈေးကွက် ခြေလှမ်းသစ် အထိမ်းအမှတ်အနေနဲ့ ယုံကြည်စွာ လက်တွဲမည့် ပထမဆုံး လုပ်ငန်းရှင် (၃) ဦးအတွက် ရွေးချယ်ထားသော မည်သည့် Package ကိုမဆို 10% OFF လျှော့ပေးသွားမယ့် အထူးအခွင့်အရေး ရှိပါတယ်ရှင်။🙆‍♀️

​လူကြီးမင်းတို့လုပ်ငန်းရဲ့ အောင်မြင်မှု ခရီးစဉ်ကို အကောင်းဆုံး Digital Marketing Strategy တွေနဲ့အတူ ဒီကနေ့ပဲ စတင်လိုက်ပါ။

ကန့်သတ်ဦးရေ ပြည့်မသွားခင် အသေးစိတ် အခမဲ့ ဆွေးနွေးတိုင်ပင်ရန် Page Messenger သို့ ယခုပဲ ဆက်သွယ်လိုက်ပါရှင်။💜

ဆက်သွယ်စုံစမ်းရန်-

📱 Telegram -
💬 Line - patrickian2
📞 WhatsApp/Phone Number - +66 93 908 1538
📩 Email - [email protected]





Kpay (10000) Winner 3ဦးပါရှင့် Page Chat Box ကို 24hrs အတွင်း ဆက်သွယ်ပြီး လာထုတ်ပေးပါနော်🫶နောက်လထဲ Admin ရဲ့ မွေးနေ့လေး...
05/09/2026

Kpay (10000) Winner 3ဦးပါရှင့် Page Chat Box ကို 24hrs အတွင်း ဆက်သွယ်ပြီး လာထုတ်ပေးပါနော်🫶
နောက်လထဲ Admin ရဲ့ မွေးနေ့လေးရှိတာမို့ Surprise အကြီးစားကြီးလည်းရှိပါမယ်ရှင့်🤭



Free Consultation for All Business Owners 📢‼️ပုံမှန်ဆိုရင် Consultation အတွက် Fee သပ်သပ်ယူပေမယ့် အခု Semester Break တုန်...
03/09/2026

Free Consultation for All Business Owners 📢‼️

ပုံမှန်ဆိုရင် Consultation အတွက် Fee သပ်သပ်ယူပေမယ့် အခု Semester Break တုန်း Business Owner တွေကို တတ်နိုင်တဲ့ဘက်ကနေ ကူညီပေးချင်တဲ့အတွက် Free Consultation လေး စီစဉ်ပေးထားပါတယ်ရှင်။

Startup Business,Small Business နဲ့ SME တွေအတွက် အဓိကရည်ရွယ်ပါတယ်။

ဘာတွေ Consult လုပ်ပေးသွားမလဲ?
🎯 လုပ်ငန်းစတင်ဖို့ဘာတွေလိုအပ်မလဲ?
🎯 လုပ်ငန်းစပြီးရင်ရော ဘာတွေဆက်လုပ်ဖို့လိုအပ်မလဲ?
🎯 လုပ်ငန်းကို အခြေခိုင်ခိုင်နဲ့အချိန်ကြာကြာရပ်တည်နိုင်အောင် ဘာတွေလုပ်ရမလဲ?
🎯 လုပ်ငန်းမှာ ဘယ်အချက်တွေက အားသာချက်ဖြစ်နေပြီဘယ်အချက်တွေကအားနည်းချက်ဖြစ်နေလဲ?
🎯 ဘယ်အချက်တွေကိုပြင်ဆင်ရင် ပိုကောင်းလာနိုင်မလဲ?
🎯 ကိုယ်လုပ်ငန်းအတွက် ဘယ်လို Service တွေက လိုအပ်တယ်/မလိုအပ်ဘူးဆိုတာ ဘယ်လိုသိနိုင်မလဲ?

စသဖြင့် လုပ်ငန်းတစ်ခုချင်းစီရဲ့အခြေအနေအလိုက် အသေးစိတ်စစ်ဆေးပြီး အားနည်းချက်၊အားသာချက်နဲ့ပြင်ဆင်သင့်တာတွေကို ပြောပြပေးသွားမှာဖြစ်ပါတယ်ရှင်။

၄နှစ်အတွင်း ကြုံတွေ့ခဲ့တဲ့ Client တွေရဲ့ အခက်အခဲတွေကိုအခြေခံပြီး ပြောပြပေးသွားမှာမလို့ ဒီ Consultation ပြီးတဲ့အခါ လုပ်ငန်းအတွက်လက်တွေ့အသုံးချလို့းမယ့် Real Insight & Clear Direction ရလာမယ်ဆိုတာ ရဲရဲကြီးအာမခံပါတယ်။❗️
Consultation ယူပြီးရင် ရွှန်းဆီမှာ Service အပ်ကိုအပ်ရမယ်လို့ မဆိုလိုပါဘူး။ ကိုယ့်လုပ်ငန်းအတွက် လိုအပ်မယ့် Service ကို ကိုက်ညီမယ့်နေရာမှာ အပ်နိုင်ပါတယ်။ ဘယ်နေရာ၊ ဘယ်သူ့ဆီမှာပဲအပ်အပ် မလိုအပ်တဲ့ Service အပိုတွေယူမိပြီး ပိုက်ဆံအပိုကုန်မယ့် အဖြစ်မျိုးမဖြစ်ရအောင် သေချာဆွေးနွေးပေးခြင်းပါ။

Consultation ယူမယ့် Business Owner တွေအနေနဲ့ Messenger (or) Viber - 09752665123 မှာ
✅မိမိလုပ်ငန်းအမည်
✅လုပ်ငန်းအမျိုးအစား
✅page Link
✅မိမိအဓိကသိလိုတဲ့အချက်/လက်ရှိကြုံတွေ့နေရတဲ့ပြဿနာ
စတာတွေကို တစ်ခါတည်းတွဲပို့ပေးပါရှင်။📩

ပထမဆုံးပေးပို့လာတဲ့ ၁၅ဦးကို အသေးစိတ်သေချာစစ်ဆေးပြီး Report File/Voice Message နဲ့အတူ Free Consultation လေး လုပ်ပေးသွားပါမယ်ရှင့်

အစဉ်လိုက်စစ်ဆေးပေးသွားမှာဖြစ်လို့ အချိန်လေးတော့အနည်းငယ်စောင့်ပေးစေချင်ပါတယ်ရှင် Consultation အတွက် လိုအပ်တဲ့မေးခွန်းလေးတွေမေးလာတဲ့အခါ ဖြေပေးကြဖို့ကိုလည်း ကြိုတင်မေတ္တာရပ်ခံပါတယ်ရှင်။(အချို့တွေက information ပို့ပြီးတာနဲ့ပျောက်သွားတတ်လို့ပါနော်)

Business Owner တွေဘက်ကသာ အမြဲရပ်တည်ပေးနေပါတယ် ကျေးဇူးတင်ပါတယ်ရှင်💕

ဈေးမချလည်း Product အသစ်ထွက်တိုင်း ကြိတ်ကြိတ်တိုးပြီးဝယ်ကြရတဲ့ ကမ္ဘာ့နံပါတ် (၁) ဖြစ်နေတဲ့ Apple ရဲ့ Marketing လျှို့ဝှက်ခ...
02/09/2026

ဈေးမချလည်း Product အသစ်ထွက်တိုင်း ကြိတ်ကြိတ်တိုးပြီးဝယ်ကြရတဲ့ ကမ္ဘာ့နံပါတ် (၁) ဖြစ်နေတဲ့ Apple ရဲ့ Marketing လျှို့ဝှက်ချက်📱❗

​ပြိုင်ဘက်တွေက ဈေးချပြီး အပြိုင်အဆိုင် ရောင်းနေချိန်မှာ Apple ကတော့ ဈေးအမြင့်ဆုံးနဲ့ ရောင်းအားအကောင်းဆုံး ဖြစ်နေဆဲပါ။ ဘာကြောင့်လဲ?

​သင့်လုပ်ငန်းမှာလည်း အတုယူနိုင်ဖို့ Apple ရဲ့ အဓိက လျှို့ဝှက်ချက် (၃) ခုကို အလွယ်ဆုံး ရှင်းပြပေးလိုက်ပါတယ်။

​၁။ Apple က ပစ္စည်းမရောင်းဘူး၊ ခံစားချက်ကို ရောင်းတယ်💖
Apple ဟာ "ဒီဖုန်းမှာ ကင်မရာ 48MP ပါတယ်" လို့ မကြော်ငြာပါဘူး။ "သင့်မိသားစုရဲ့ အလှပဆုံး အမှတ်တရတွေကို အကောင်းဆုံး မှတ်တမ်းတင်လိုက်ပါ" ဆိုပြီး လူတွေရဲ့ ရင်ထဲကိုရောက်မယ့် ခံစားချက် ကိုပဲ ရောင်းချပါတယ်။

​၂။ နားလည်ရခက်တဲ့ စကားလုံးတွေ မသုံးဘူး 🧠
နည်းပညာစကားလုံးတွေ (Tech Jargons) သုံးမယ့်အစား သာမန်လူတွေ ချက်ချင်းနားလည်မယ့် စကားလုံးကိုပဲ သုံးပါတယ်။ ဥပမာ - "1 GB Storage ပါတယ်" လို့ မပြောဘဲ "သင့်အိတ်ကပ်ထဲက သီချင်းပုဒ်ရေ ၁,၀၀၀" ဆိုပြီး ရိုးရိုးရှင်းရှင်းနဲ့ ဆွဲဆောင်ပါတယ်။

​၃။ တစ်ခုဝယ်ရင် နောက်တစ်ခု ထပ်ဝယ်ချင်အောင် လုပ်တယ် 🔄
iPhone သုံးရင် AirPods တပ်မှ၊ Apple Watch လေးပတ်မှ ပိုမိုက်တယ်ဆိုတဲ့ ခံစားချက်မျိုး ဖန်တီးထားပါတယ်။ ပစ္စည်းတစ်ခုနဲ့ တစ်ခု ချိတ်ဆက်သုံးရတာ အရမ်းလွယ်ကူတဲ့အတွက် အခြား Brand ကို ပြောင်းသုံးဖို့ မဖြစ်နိုင်တော့ပါဘူး။

၄။ တန်ဖိုးကိုသာ အဓိကဦးစားပေးထားတယ်။
Apple ဟာ ပြိုင်ဘက်တွေနဲ့ စျေးချပြီး မပြိုင်ပါဘူး။ သူတို့ Brand ရဲ့ Quality, Design နဲ့ Security ကို အပြည့်အဝ ယုံကြည်တဲ့အတွက် Premium စျေးနဲ့ပဲ ရဲရဲဝံ့ဝံ့ ရောင်းချပါတယ်။ ဒီအချက်က ဝယ်ယူသူတွေကိုယ်တိုင် "ငါ Apple ကိုင်ထားတယ်" ဆိုတဲ့ ဂုဏ်ယူမှုမျိုး (Brand Prestige) ကို ရရှိစေပါတယ်။

၅။ ဝယ်ယူသူများကို ကြော်ငြာရှင်များအဖြစ် ပြောင်းလဲတယ်။
Customer တွေ ကိုယ်တိုင် ဖန်တီးတဲ့ Content တွေကို Marketing မှာ အကောင်းဆုံး အသုံးချတတ်ပါတယ်။ နာမည်ကြီး "Shot on iPhone" Campaign ဆိုရင် သုံးစွဲသူတွေ ကိုယ်တိုင်ရိုက်ထားတဲ့ ပုံတွေကို Billboard တွေမှာ ပြန်သုံးပြခဲ့တာပါ။ ဒါဟာ ကုန်ကျစရိတ် သက်သာသလို၊ Brand Trust (ယုံကြည်မှု) ကို အမြင့်ဆုံး ရရှိစေတဲ့ Strategy ဖြစ်ပါတယ်။

​၆။ စပ်စုချင်စိတ်ကို ဆွဲတင်နိုင်တယ်။
Apple ရဲ့ Product အသစ် မိတ်ဆက်ပွဲတိုင်းဟာ ရုပ်ရှင်ပွဲတော်တစ်ခုလိုပါပဲ။ သတင်းအချက်အလက်တွေကို အဆုံးစွန်ထိ လျှို့ဝှက်ထားပြီး လူတွေရဲ့ စပ်စုချင်စိတ် ကို နှိုးဆွပေးပါတယ်။ ပွဲနေ့မှာလည်း တင်ဆက်မှုပုံစံကအစ အသေးစိတ် ဂရုစိုက်ပြီး ဆွဲဆောင်မှုအပြည့်နဲ့ ချပြလေ့ရှိပါတယ်။

ဒါ့ကြောင့်…
✅သင့် Product ရဲ့ လုပ်ဆောင်ချက်ထက်၊ သုံးစွဲသူ ရရှိမယ့် အကျိုးကျေးဇူး ကို ပိုပြောပါ။
✅​စျေးနှုန်းနဲ့ မယှဉ်ဘဲ မိမိ Brand ရဲ့ တန်ဖိုး ကိုသာ မြှင့်တင်ပါ။
✅​ဝယ်ပြီးသား Customer တွေ ထပ်ခါထပ်ခါ ဝယ်ချင်လာအောင် (သို့) တွဲဖက်သုံးနိုင်မယ့် Product/Service မျိုး ဖန်တီးပါ။

သင့်လုပ်ငန်းမှာရော ဝယ်သူတွေအတွက် နားလည်ရခက်တဲ့ စကားလုံးတွေ သုံးနေမိလား? ပစ္စည်းအကြောင်းချည်းပဲ ပြောနေမိလား ပြန်ဆန်းစစ်ကြည့်ဖို့ အကြံပေးလိုက်ပါတယ်။

​ဒီအချက် (၄) ချက်ထဲမှာ သင်အကြိုက်ဆုံးက ဘယ်အချက်လဲ? Comment မှာ ဝင်ရောက်ဆွေးနွေးပေးသွားပါဦး။ 👇

“ရောင်းရချင်လို့ အတင်းထိုးရောင်းလေ... မရောင်းရလေ”Online ပေါ်မှာ ဈေးရောင်းတဲ့အခါ လူတိုင်းလိုလို လုပ်မိတတ်တဲ့ အမှားတစ်ခုရှ...
01/09/2026

“ရောင်းရချင်လို့ အတင်းထိုးရောင်းလေ... မရောင်းရလေ”

Online ပေါ်မှာ ဈေးရောင်းတဲ့အခါ လူတိုင်းလိုလို လုပ်မိတတ်တဲ့ အမှားတစ်ခုရှိပါတယ်။

အဲ့ဒါကတော့ "ဝယ်ပါ၊ ယူပါ၊ အားပေးပါဦး" ဆိုပြီး ပစ္စည်းပုံတွေနဲ့ ဈေးနှုန်းတွေကိုချည်းပဲ အဆက်မပြတ် တင်နေတာပါ။ ရလဒ်ကတော့ Page Engagement တွေကျ၊ Like တွေနည်းလာပြီး နောက်ဆုံး ဘယ်သူမှ ဝယ်မယ့်သူမရှိ ဖြစ်သွားတတ်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ လူတွေက "ဈေးလာရောင်းတာ" ကို မနှစ်သက်ကြလို့ပါပဲ။ ဒါပေမဲ့ သူတို့ပြဿနာကို ဖြေရှင်းပေးနိုင်မယ်၊ သူတို့အတွက် အကျိုးရှိမယ်ဆိုရင်တော့ သူတို့ကိုယ်တိုင်ဆုံးဖြတ်ပြီး ဝယ်ဖို့ ဝန်မလေးကြပါဘူး။

ဒီလို အတင်းထိုးရောင်းနေတဲ့ သံသရာထဲကနေ ရုန်းထွက်ပြီး အရောင်းတက်လာစေဖို့ ကမ္ဘာကျော် စီးပွားရေးပညာရှင်တွေ အသုံးပြုတဲ့ "The 80/20 Rule" ကို ကောင်းကောင်းအသုံးချတတ်ဖို့ လိုပါတယ်။

The 80/20 Method ဆိုတာ ဘာလဲ?
Marketing နဲ့ Content ရေးသားတဲ့နေရာမှာ 80/20 Rule ဆိုတာ သင့်ရဲ့ Content (Post) စုစုပေါင်းရဲ့ ၈၀ ရာခိုင်နှုန်းကို Value ပေးဖို့ သုံးပြီး၊ ကျန်တဲ့ ၂၀ ရာခိုင်နှုန်းကိုသာ တိုက်ရိုက်ရောင်းချဖို့ သုံးရမယ်ဆိုတဲ့ နိယာမဖြစ်ပါတယ်။

🟢 ၈၀% : Customer အတွက် တန်ဖိုးပေးပါ (Give Value)
သင့် Page ကို လာကြည့်တဲ့သူတွေ ဆက်ပြီး Follow လုပ်ထားချင်အောင် ဆွဲဆောင်ရမယ့် အပိုင်းဖြစ်ပါတယ်။ ဒီ ၈၀% မှာ ဘာတွေတင်လို့ရမလဲဆိုရင်

✅ သင့်ထုတ်ကုန်နဲ့ သက်ဆိုင်တဲ့ အသိပညာပေး Content များ။ (ဥပမာ - Skincare ရောင်းသူဆိုရင် ဝက်ခြံထွက်ရခြင်း အကြောင်းရင်းနှင့် ကာကွယ်နည်းများ)
✅ Customer တွေ နေ့စဉ်ကြုံတွေ့နေရတဲ့ ပြဿနာတွေကို ဘယ်လိုဖြေရှင်းနိုင်ကြောင်း အကြံပေးခြင်း။
✅ လူတွေကို ပြုံးရယ်သွားစေမယ့် Relatable ဖြစ်တဲ့ အကြောင်းအရာများ သို့မဟုတ် နောက်ကွယ်က ကြိုးစားမှု (BTS)များ။

🔴 ၂၀% : တိုက်ရိုက်ရောင်းချပါ (Ask for the Sale)
Customer တွေဆီက ယုံကြည်မှုရလာပြီဆိုရင်တော့ ကျန်တဲ့ ၂၀% မှာ သင့်ပစ္စည်းကို ရဲရဲဝံ့ဝံ့ ရောင်းချနိုင်ပါပြီ။

Promotion အစီအစဉ်တွေ၊ Product မိတ်ဆက်နဲ့ ဈေးနှုန်းတွေ၊ Customer Review/Feedback တွေ၊ Call to action (ယခုပဲ ဝယ်ယူလိုက်ပါ) စသဖြင့် တင်နိုင်ပါပြီ။

ဘာလို့ 80/20 Method က အလုပ်ဖြစ်တာလဲ?
1. ၈၀% သော အကျိုးရှိတဲ့ Content တွေကြောင့် Customer တွေက သင့်ကို "ဈေးသည်" တစ်ယောက်လို မမြင်တော့ဘဲ "ယုံကြည်ရတဲ့ အကြံပေးသူ (Trusted Advisor)" တစ်ယောက်အနေနဲ့ မြင်လာပါတယ်။
2. လူတွေက အရောင်းPostတွေထက် ဗဟုသုတပေးတဲ့ Postတွေကို ပိုပြီး Share လေ့ရှိတာကြောင့် သင့် Brand ကို လူသိပိုများလာစေပါတယ်။
3. ယုံကြည်မှု တည်ဆောက်ပြီးသား ဖြစ်တဲ့အတွက် ၂၀% သော ရောင်းပို့စ်တွေ တင်တဲ့အခါ အတင်းပြောစရာမလိုဘဲ အလိုလို ရောင်းလာရပါတော့တယ်။

ဒါ့ကြောင့် Customer တွေက သင့်ကို Follow လုပ်ထားရတာ တန်တယ်လို့ခံစားရအောင် Content တွေဖန်တီးပါ။

Value ပေးနိုင်မယ့် Content အမျိုးအစားတွေဖန်တီးချင်ပေမယ့် အချိန်မရဘူး၊ ဘယ်ကနေစရမှန်းလည်းမသိဘူးဆိုရင် ရွှန်းဆီမှာ Content Service လာရောက်အပ်နှံနိုင်ပါတယ်။💕

တစ်ပုဒ်ချင်းစီကနေစလို့ Package အမျိုးအစားတွေလည်းရှိသလို လုပ်ငန်းပေါ်မူတည်ပြီး Customized Package တွေလည်း ဆွေးနွေးတိုင်ပင်ပြီးလက်ခံပေးနေတာမလို့ လုပ်ငန်းနဲ့ပတ်သက်ပြီး အသေးစိတ်ဆွေးနွေးချင်ပါက ဖိတ်ခေါ်ပါတယ်ရှင်။💁🏻‍♀️




အခုစီးပွါးရေးစလုပ်ပြီး အခုအောင်မြင်လိုက်ရင်ရနေတာကို ဘာလို့ Digital Marketing တွေ လုပ်နေရတာလဲ?Digital Marketing ဆိုတဲ့အရာ...
30/08/2026

အခုစီးပွါးရေးစလုပ်ပြီး အခုအောင်မြင်လိုက်ရင်ရနေတာကို ဘာလို့ Digital Marketing တွေ လုပ်နေရတာလဲ?

Digital Marketing ဆိုတဲ့အရာကြီးကို ဘယ်သူကစတင်တီထွင်လိုက်တာလဲ?
ဒီလိုအတွေးမျိုးကို စီးပွါးရေးလုပ်ငန်းရှင်အများစု တစ်ခါလောက်တော့တွေးဖူးကြမယ်ထင်ပါတယ်။
ဒါဆို Digital Marketing ရဲ့အစက ဘယ်မှာလဲ? 👀

ဒီနေ့ခေတ် စီးပွါးရေးလုပ်နေသူတိုင်းနီးပါး “Digital Marketing လုပ်ရမယ်” ဆိုတာ သိကြပါတယ်။
ဒါပေမယ့်…
Digital Marketing ဆိုတာ ဘယ်ကစလာတာလဲ?�ဘာလို့ Business တိုင်းအတွက် အရေးကြီးလာတာလဲ?

အရင်ဆုံး သိထားရမှာက—
Digital Marketing ကို လူတစ်ယောက်တည်းက တီထွင်ခဲ့တာ မဟုတ်ပါဘူး။
Internet နဲ့ Digital Technology တွေ ဖွံ့ဖြိုးလာတာနဲ့အမျှ
Marketing ရဲ့ပုံစံကလည်း တဖြည်းဖြည်း ပြောင်းလဲလာခဲ့တာပါ။

🌐 1990s — Website တွေ စတင်အသုံးများလာတယ်
Internet ပေါ်မှာ Business တွေက ကိုယ့် Business အကြောင်းကို စတင်ပြသလာကြတယ်။

📩 Email Marketing ပေါ်လာတယ်
Customer တွေဆီကို တိုက်ရိုက် Information ပို့နိုင်လာတယ်။

🖥️ Online Advertising စတင်ဖွံ့ဖြိုးလာတယ်
Website တွေမှာ Banner Ads တွေ ပေါ်လာပြီး
Brand တွေက Internet ပေါ်မှာ Customer ရှာလာကြတယ်။

🔎 Search Engine Marketing & SEO
Customer က လိုချင်တာကို Search လုပ်တဲ့အချိန်
ကိုယ့် Business ကို ရှာတွေ့နိုင်အောင် Marketing လုပ်လာကြတယ်။

📱 Social Media ခေတ်ရောက်လာတော့…
Facebook, YouTube, Instagram, TikTok စတဲ့ Platform တွေကနေ
Brand တွေဟာ Customer တွေနဲ့ တိုက်ရိုက်ဆက်သွယ်နိုင်လာတယ်။
အဲ့ဒီအချိန်ကစပြီး Marketing ဆိုတာ
“လူတွေရှိတဲ့နေရာကို သွားရောက်ကြော်ငြာခြင်း” ထက်ပိုလာခဲ့ပါတယ်။

ဒါဆို… ဘာလို့ Digital Marketing လုပ်ကြတာလဲ?

အကြောင်းရင်းက ရိုးရိုးလေးပါ။
Customer တွေ Digital ပေါ်မှာရှိနေကြလို့ပါ။

Customer တစ်ယောက်က Product တစ်ခုဝယ်တော့မယ်ဆိုရင်—
🔍 Google မှာ Search လုပ်တယ်
📱 Social Media မှာ Page ဝင်ကြည့်တယ်
🎥 Video / Review တွေကြည့်တယ်
💬 Messenger ကနေ မေးတယ်
⭐ တခြား Customer တွေရဲ့ Review ဖတ်တယ်
💳 ပြီးမှ ဝယ်ဖို့ ဆုံးဖြတ်တယ်။

ဒါကြောင့် ဒီနေ့ခေတ်မှာ—
“ငါ့ Product ကောင်းတယ်” ဆိုရုံနဲ့ မလုံလောက်တော့ပါဘူး။

Customer ရှာတဲ့နေရာမှာ ကိုယ့် Brand ကို မြင်ရမှဖြစ်မယ်။
Customer သိချင်တဲ့အချိန်မှာ ကိုယ့် Brand က Information ပေးနိုင်ရမယ်။
Customer မယုံသေးတဲ့အချိန်မှာ ကိုယ့် Brand ကို ယုံကြည်လာအောင် တည်ဆောက်ထားရမယ်။
အဲ့ဒါတွေကို Digital Marketing က ကူညီပေးတာပါ။

ဒါကြောင့် Digital Marketing ဆိုတာ Post တင်ရုံ Boost လုပ်ရုံလောက်နဲ့ မပြီးပါဘူး။
🎯 ဘယ် Customer ကို Target ထားမလဲ?
💡 ဘာ Message ပေးမလဲ?
📱 ဘယ် Platform ကိုသုံးမလဲ?
📈 ဘယ်လို Strategy နဲ့ ရောင်းအားတိုးမလဲ?
ဆိုတာတွေကို စဉ်းစားပြီး Business Goal နဲ့ ချိတ်ဆက်လုပ်ဆောင်ရတဲ့ Marketing Strategy တစ်ခု ဖြစ်ပါတယ်။

ဒီနေ့ Customer တွေ Online မှာရှိနေပြီဆိုရင်—
သင့် Business ကလည်း အဲဒီနေရာမှာ ရှိနေဖို့လိုပါတယ်။ 🚀

Because if your customers are online,�your business should be there too.

Free Consultation for All Business Owners 📢‼️ပုံမှန်ဆိုရင် Consultation အတွက် Fee သပ်သပ်ယူပေမယ့် အခု Semester Break တုန်...
29/08/2026

Free Consultation for All Business Owners 📢‼️

ပုံမှန်ဆိုရင် Consultation အတွက် Fee သပ်သပ်ယူပေမယ့် အခု Semester Break တုန်း Business Owner တွေကို တတ်နိုင်တဲ့ဘက်ကနေ ကူညီပေးချင်တဲ့အတွက် Free Consultation လေး စီစဉ်ပေးထားပါတယ်ရှင်။

Startup Business,Small Business နဲ့ SME တွေအတွက် အဓိကရည်ရွယ်ပါတယ်။

ဘာတွေ Consult လုပ်ပေးသွားမလဲ?
🎯 လုပ်ငန်းစတင်ဖို့ဘာတွေလိုအပ်မလဲ?
🎯 လုပ်ငန်းစပြီးရင်ရော ဘာတွေဆက်လုပ်ဖို့လိုအပ်မလဲ?
🎯 လုပ်ငန်းကို အခြေခိုင်ခိုင်နဲ့အချိန်ကြာကြာရပ်တည်နိုင်အောင် ဘာတွေလုပ်ရမလဲ?
🎯 လုပ်ငန်းမှာ ဘယ်အချက်တွေက အားသာချက်ဖြစ်နေပြီဘယ်အချက်တွေကအားနည်းချက်ဖြစ်နေလဲ?
🎯 ဘယ်အချက်တွေကိုပြင်ဆင်ရင် ပိုကောင်းလာနိုင်မလဲ?
🎯 ကိုယ်လုပ်ငန်းအတွက် ဘယ်လို Service တွေက လိုအပ်တယ်/မလိုအပ်ဘူးဆိုတာ ဘယ်လိုသိနိုင်မလဲ?

စသဖြင့် လုပ်ငန်းတစ်ခုချင်းစီရဲ့အခြေအနေအလိုက် အသေးစိတ်စစ်ဆေးပြီး အားနည်းချက်၊အားသာချက်နဲ့ပြင်ဆင်သင့်တာတွေကို ပြောပြပေးသွားမှာဖြစ်ပါတယ်ရှင်။

၄နှစ်အတွင်း ကြုံတွေ့ခဲ့တဲ့ Client တွေရဲ့ အခက်အခဲတွေကိုအခြေခံပြီး ပြောပြပေးသွားမှာမလို့ ဒီ Consultation ပြီးတဲ့အခါ လုပ်ငန်းအတွက်လက်တွေ့အသုံးချလို့းမယ့် Real Insight & Clear Direction ရလာမယ်ဆိုတာ ရဲရဲကြီးအာမခံပါတယ်။❗️
Consultation ယူပြီးရင် ရွှန်းဆီမှာ Service အပ်ကိုအပ်ရမယ်လို့ မဆိုလိုပါဘူး။ ကိုယ့်လုပ်ငန်းအတွက် လိုအပ်မယ့် Service ကို ကိုက်ညီမယ့်နေရာမှာ အပ်နိုင်ပါတယ်။ ဘယ်နေရာ၊ ဘယ်သူ့ဆီမှာပဲအပ်အပ် မလိုအပ်တဲ့ Service အပိုတွေယူမိပြီး ပိုက်ဆံအပိုကုန်မယ့် အဖြစ်မျိုးမဖြစ်ရအောင် သေချာဆွေးနွေးပေးခြင်းပါ။

Consultation ယူမယ့် Business Owner တွေအနေနဲ့ Messenger (or) Viber - 09752665123 မှာ
✅မိမိလုပ်ငန်းအမည်
✅လုပ်ငန်းအမျိုးအစား
✅page Link
✅မိမိအဓိကသိလိုတဲ့အချက်/လက်ရှိကြုံတွေ့နေရတဲ့ပြဿနာ
စတာတွေကို တစ်ခါတည်းတွဲပို့ပေးပါရှင်။📩

ပထမဆုံးပေးပို့လာတဲ့ ၁၅ဦးကို အသေးစိတ်သေချာစစ်ဆေးပြီး Report File/Voice Message နဲ့အတူ Free Consultation လေး လုပ်ပေးသွားပါမယ်ရှင့်

အစဉ်လိုက်စစ်ဆေးပေးသွားမှာဖြစ်လို့ အချိန်လေးတော့အနည်းငယ်စောင့်ပေးစေချင်ပါတယ်ရှင် Consultation အတွက် လိုအပ်တဲ့မေးခွန်းလေးတွေမေးလာတဲ့အခါ ဖြေပေးကြဖို့ကိုလည်း ကြိုတင်မေတ္တာရပ်ခံပါတယ်ရှင်။(အချို့တွေက information ပို့ပြီးတာနဲ့ပျောက်သွားတတ်လို့ပါနော်)

Business Owner တွေဘက်ကသာ အမြဲရပ်တည်ပေးနေပါတယ် ကျေးဇူးတင်ပါတယ်ရှင်💕




☕ ကော်ဖီတစ်ခွက်ကို ဈေးကြီးပေးသောက်ဖို့ ဆွဲဆောင်နိုင်တဲ့ Starbucks ရဲ့ Marketing လျှို့ဝှက်ချက် (၅) ခု​ကမ္ဘာတစ်ဝှမ်းမှာ ဆ...
28/08/2026

☕ ကော်ဖီတစ်ခွက်ကို ဈေးကြီးပေးသောက်ဖို့ ဆွဲဆောင်နိုင်တဲ့ Starbucks ရဲ့ Marketing လျှို့ဝှက်ချက် (၅) ခု

​ကမ္ဘာတစ်ဝှမ်းမှာ ဆိုင်ခွဲပေါင်း သောင်းချီရှိတဲ့ Starbucks ဟာ ကော်ဖီရောင်းတဲ့ ဆိုင်သက်သက်မဟုတ်ပါဘူး။ သူတို့က "Lifestyle" လို့ခေါ်တဲ့ လူနေမှုအဆင့်အတန်းနဲ့ "Experience" ကိုပါ ပေါင်းစပ်ရောင်းချနေတာပါ။

Brand တစ်ခုကို လူတွေစွဲလမ်းသွားအောင် ဘယ်လိုတည်ဆောက်ထားလဲဆိုတဲ့ အဓိက Main Points တွေကို အောက်ပါအတိုင်း လေ့လာကြည့်နိုင်ပါတယ်။

​၁။ အိမ်နဲ့ လုပ်ငန်းခွင်ကြားက "တတိယနေရာ" (The Third Place Strategy)
​Starbucks ရဲ့ အဓိကရည်ရွယ်ချက်ကတော့ သူတို့ဆိုင်ကို လာတဲ့သူတွေကို သက်တောင့်သက်သာဖြစ်ဖို့ပါပဲ။
​ခပ်မှိန်မှိန်မီးရောင်၊ ငြိမ့်ညောင်းတဲ့ သီချင်းသံနဲ့ ကော်ဖီနံ့သင်းသင်း၊
​Free Wi-Fi နဲ့ အလုပ်လုပ်လို့ကောင်းမယ့် ထိုင်ခုံအပြင်အဆင်
ဒီအချက်တွေက လူတွေကို အကြာကြီးထိုင်ချင်အောင်၊ အလုပ်လုပ်ချင်အောင် ဆွဲဆောင်ထားပါတယ်။ ဒါဟာ Customer တွေအတွက်တော့ အိမ် နဲ့ ရုံး ပြီးရင် အချိန်အကြာဆုံး ဖြတ်သန်းချင်တဲ့ "Third Place" ဖြစ်လာစေပါတယ်။

​၂။ နာမည်ရေးတဲ့ အနုပညာ (Mastering Personalization)
​ကော်ဖီခွက်ပေါ်မှာ ဝယ်သူရဲ့နာမည်ကို ရေးပေးတာဟာ အရမ်းရိုးရှင်းပေမယ့် ထိရောက်တဲ့ နည်းဗျူဟာပါ။
​Customer တစ်ယောက်ချင်းစီကို အလေးထားတယ်ဆိုတဲ့ ခံစားချက်ကို ပေးစွမ်းနိုင်ပါတယ်။
​ဒီနည်းလမ်းက Customer တွေကို သူတို့နာမည်ပါတဲ့ခွက်ကို ဓာတ်ပုံရိုက်ပြီး Social Media ပေါ် တင်ချင်စိတ်ကို အလိုလိုဖြစ်ပေါ်စေပါတယ်။

​၃။ FOMO ကို အသုံးချခြင်း (Scarcity & Seasonal Marketing)
​အချိန်အကန့်အသတ်နဲ့ပဲ ရနိုင်တဲ့ Seasonal Menu တွေ (ဥပမာ - Pumpkin Spice Latte လိုမျိုး) ကို ဖန်တီးပြီး Customer တွေရဲ့ စိတ်ပညာကို လှည့်စားပါတယ်။
​"ဒီအချိန်လေးပဲ ရမှာမို့လို့ မြန်မြန်သွားဝယ်သောက်ရမယ်"၊ "မသောက်လိုက်ရရင် ခေတ်နောက်ကျကျန်ခဲ့မယ်" ဆိုတဲ့ FOMO (Fear Of Missing Out) ကို အသုံးချပြီး အရောင်းပိုင်းကို သိသိသာသာ မြှင့်တင်ပါတယ်။

​၄။ ဝယ်သူတွေကိုယ်တိုင်က ကြော်ငြာပေးခြင်း (User-Generated Content)
​Starbucks ဟာ ကြော်ငြာစရိတ် အများကြီးမသုံးဘဲ Customer တွေရဲ့ Social Media ကနေတစ်ဆင့် အကောင်းဆုံး Marketing လုပ်သွားပါတယ်။
​ဆိုင်ရဲ့ Aesthetic အပြင်အဆင်နဲ့ လှပတဲ့ ကော်ဖီခွက်တွေက ဝယ်သူတွေကိုယ်တိုင် Instagram နဲ့ Facebook တွေမှာ ဓာတ်ပုံရိုက်တင်ချင်စရာဖြစ်အောင် ဖန်တီးထားပါတယ်။ ဒါဟာ Brand အတွက် ကုန်ကျစရိတ်မရှိဘဲ အင်မတန် အစွမ်းထက်တဲ့ UGC (User-Generated Content) Strategy ပဲ ဖြစ်ပါတယ်။

​၅။ တန်ဖိုးမြှင့်တင်ခြင်း (Premium Positioning & Loyalty)
​သာမန်ထက် ဈေးပိုများပေမယ့် "ငွေပေးရတာ တန်တယ်" လို့ ခံစားရအောင် Quality ကို အမြဲထိန်းသိမ်းပါတယ်။
​ကော်ဖီစေ့တွေကို Fair Trade စနစ်နဲ့ဝယ်ယူတာ၊ သဘာဝပတ်ဝန်းကျင် ဂရုစိုက်တာတွေလုပ်ပြပြီး Brand Value ကို မြှင့်တင်ပါတယ်။
​ဒါ့အပြင် Starbucks Rewards လို Loyalty Program တွေကနေတစ်ဆင့် ဝယ်ယူသူတွေရဲ့ Data တွေကို လေ့လာပြီး သူတို့အကြိုက်ဆုံးအရာတွေကို သီးသန့် ပြန်လည် Offer ပေးခြင်းဖြင့် Brand အပေါ် သစ္စာရှိမှုကို ခိုင်မာစေပါတယ်။

​ကုန်ပစ္စည်းတစ်ခုကို ရောင်းချတဲ့အခါ Product ရဲ့ လုပ်ဆောင်ချက် ထက် ဝယ်ယူသူရရှိမယ့် ခံစားချက် Emotions & Experience ကို ဦးစားပေးပြီး Content တွေ တည်ဆောက်နိုင်ရင် သင့်ရဲ့ Brand ဟာလည်း Customer တွေရဲ့ ရင်ဘတ်ထဲကို အလွယ်တကူ ရောက်ရှိသွားမှာ သေချာပါတယ်။

သင့် Brand ကိုလည်း Starbucks လို လူတွေရဲ့ ရင်ဘတ်ထဲ စွဲကျန်နေစေမယ့် Storytelling & Creative Marketing ဗျူဟာတွေ တည်ဆောက်ချင်ပါသလား။

​ဆွဲဆောင်မှုရှိတဲ့ Visuals၊ ထိရောက်တဲ့ Content Strategy နဲ့ Result ကောင်းတဲ့ Digital Campaigns တွေ ဖန်တီးဖို့ Shoon's Studio Lab ရှိနေပါတယ်။

​သင့်လုပ်ငန်းအတွက် အသင့်တော်ဆုံး Creative & Marketing Solutions တွေကို ရယူဖို့ Shoon's Studio Lab ရဲ့ Page Messenger ကနေ အခုပဲ ဆွေးနွေးတိုင်ပင်လိုက်ပါ။💁‍♀️





ที่อยู่

Bangkok
Bangkok Yai

เบอร์โทรศัพท์

+959752665123

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Shoon's Studio Labผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์