The Provider

The Provider MR THANT ZIN TUN
Bar & Restaurant Consultant

📍ငါက Owner လား၊ Manager လား?  ✅ စားသောက်ဆိုင်လုပ်ငန်းကို အောင်မြင်အောင် လုပ်ဆောင်တဲ့နေရာမှာ Owner နဲ့ Manager ရဲ့ အခန်းက...
20/07/2026

📍ငါက Owner လား၊ Manager လား?

✅ စားသောက်ဆိုင်လုပ်ငန်းကို အောင်မြင်အောင် လုပ်ဆောင်တဲ့နေရာမှာ Owner နဲ့ Manager ရဲ့ အခန်းကဏ္ဍက လုံးဝမတူညီပါဘူး။ Owner အများစု ကျရောက်နေတဲ့ Trap တစ်ခုက "ကိုယ့်ဆိုင်ဆိုတော့ အားလုံး ကိုယ်တိုင်ထိန်းမှရမယ်" ဆိုတဲ့ အတွေး၊ အဲဒီမှာ စပြီးလွဲတော့တာပါပဲ။

✅ Owner ကိုယ်တိုင် Manager Role ကို ဝင်လုပ်နေရင် ဆိုင်က တစ်နေရာတည်းမှာပဲ ရပ်နေမှာပါ။

📍Manager မခန့်ဘဲ Owner ကိုယ်တိုင် Operation ကို အကုန်ထိန်းဖို့ကြိုးစားတဲ့အခါ Burnout ဖြစ်ပြီး လုပ်ငန်းကို ကြီးထွားအောင် လုပ်ဖို့ အချိန်မပေးနိုင်ဘူး။

📍Manager ခန့်ထားပေမယ့် Authority မပေးဘူး။ Manager က ဘာမှ Decision မချနိုင်၊ ဘာလို့လဲ - မယုံလို့ ဒါမှမဟုတ် စိတ်မချလို့။ ဘာကြောင့်လဲ - ကိုယ့်မှာ ယုံကြည်စိတ်ချရမယ့် စနစ် (System) မရှိလို့။ ဘာကိုဆိုလိုတာလဲ - ဥပမာ လုပ်ငန်းထဲမှာ Manager တစ်ယောက်တည်းက ပစ္စည်းမှာ + ငွေထုတ် + လက်ခံ အကုန်လုံးကို လုပ်လို့မရဘဲ ဘယ်အပိုင်းကို ဘယ်ဌာနဆီကပဲစီးဆင်းရမယ် ဆိုတဲ့ System ချပြီး Control လုပ်လို့ရတယ်ဆိုတာကို မသိလို့။

✅ Owner က Manager လုပ်ရမယ့်
◾ နေ့စဉ် Operation အကုန် ကြီးကြပ်တာ
◾ Staff Scheduling & Supervision
◾ Customer Complaint ဖြေရှင်းတာ
◾ Stock/Inventory နေ့စဉ်ထိန်းချုပ်တာ
◾ Kitchen နဲ့ FOH Communication တွေမှာ ဝင်ပါနေရင် Owner လုပ်ရမယ့်...
◾ Vision & Direction သတ်မှတ်တာ
◾ Finance/Investment ဆုံးဖြတ်တာ
◾ Growth Plan
◾ System, SOP & Policy တည်ဆောက်တဲ့ အပိုင်းတွေမှာ လစ်ဟာသွားပြီးတော့ Long-term Decision တွေ ချချိန် မရတော့ဘူး။

📍Manager ကို Decision ချခွင့်၊ Staff စီမံခွင့်၊ Daily Operation တာဝန်ယူခွင့် အပြည့်အဝ ပေးမှသာ Owner ဟာ တကယ့် Owner Role - Growth, Direction, Strategy ကို အာရုံစိုက်နိုင်မှာပါ။

✅ Owner က ဆိုင်ကို ဘယ်ဘက်ကို သွားစေချင်လဲ ဆုံးဖြတ်တဲ့သူ (Growth, Direction, Strategy)
✅ Manager က အဲ့ဒီ Direction ကို နေ့စဉ် လက်တွေ့ အကောင်အထည်ဖော်ပေးတဲ့သူ (Operation, Staff, Customer)

✅ Owner က System ပိုကောင်းအောင် ဘယ်လိုရင်းနှီးမြှုပ်နှံမလဲ ဆိုတာကို အာရုံစိုက်ရမှာဖြစ်ပြီးတော့ Manager ကတော့ Owner ချမှတ်ထားတဲ့ System ကို ဘယ်လို အကောင်အထည်ဖော်မလဲ၊ ဝန်ထမ်းတွေကို ဘယ်လို စည်းရုံးမလဲ ဆိုတာကို အာရုံစိုက်ရမှာဖြစ်တယ်။

#အောင်မြင်တဲ့စားသောက်ဆိုင်တစ်ဆိုင်ဖြစ်လာဖို့


𝐌𝐑. 𝐓𝐇𝐀𝐍𝐓 𝐙𝐈𝐍 𝐓𝐔𝐍
• 𝐁𝐚𝐫 & 𝐑𝐞𝐬𝐭𝐚𝐮𝐫𝐚𝐧𝐭 𝐂𝐨𝐧𝐬𝐮𝐥𝐭𝐚𝐧𝐭

𝐂𝐨𝐧𝐭𝐚𝐜𝐭 :
𝐏𝐡 - 09 758 757 696
𝐕𝐢𝐛𝐞𝐫 𝐏𝐡 - 09 758 757 696
𝐖𝐡𝐚𝐭𝐬𝐀𝐩𝐩 - 09 758 757 696

◾𝐖𝐞 𝐌𝐚𝐤𝐞 𝐘𝐨𝐮𝐫 𝐁𝐮𝐬𝐬𝐢𝐧𝐞𝐬𝐬 𝐆𝐫𝐨𝐰

#ဆိုင်ရှင်တွေသိသင့်တာ #မြန်မာဆိုင်ရှင်

✅ စားသောက်ဆိုင်လုပ်ငန်းမှာ စနစ် ၊ လူ  နဲ့ ငွေ မပြတ်သားရင် စိတ်ပင်ပန်းရတယ်။❗ပိုင်ရှင်မရှိရင် ဆိုင်ကအဆင်မပြေဘူး။❗ရောင်းရပေ...
18/07/2026

✅ စားသောက်ဆိုင်လုပ်ငန်းမှာ စနစ် ၊ လူ နဲ့ ငွေ မပြတ်သားရင် စိတ်ပင်ပန်းရတယ်။

❗ပိုင်ရှင်မရှိရင် ဆိုင်ကအဆင်မပြေဘူး။
❗ရောင်းရပေမယ့် လက်ထဲငွေမရှိဘူး။
❗စနစ်မရှိလို့ တစ်နေ့တည်းမှာ ကိစ္စတစ်ရာ ဖြေရှင်းနေရတယ်။

📍ဝန်ထမ်းတွေ စိတ်ကြိုက်လုပ်နေတာ၊ တစ်ယောက်တစ်မျိုးစီ ဝန်ဆောင်မှုပေးနေတာ၊ ကိုယ်ကစိတ်တိုင်းမကျဘူးဖြစ်နေတာတွေကို ​ဖြေရှင်းဖို့ ...
✅ Module A - စနစ်ပိုင်း (System)

📍လူမမြဲဘူး၊ ဘယ်သူ့ကိုဘာခိုင်းရမှန်း မသိဘူး၊ Training ဘယ်လိုပေးရမလဲမသိဘူး၊ ဝန်ထမ်းတွေရဲ့စွမ်းဆောင်ရည်ကို ဘယ်လိုတိုင်းတာရမလဲမသိဘူးဆိုရင် ...
✅ Module B - လူပိုင်း (People Management)

📍ရောင်းရရုံပဲ၊ အမြတ်ဘယ်ပျောက်မှန်း မသိဘူး၊ Kitchen က ပစ္စည်းတွေ အလေအလွင့်မဖြစ်အောင်ထိန်းချုပ်ဖို့၊ ဟင်းတစ်ပွဲရဲ့ ကုန်ကျစရိတ်ကို စနစ်တကျတွက်ချက်နိုင်ဖို့ ...
✅ Module C - ငွေပိုင်း (Financial)

✪ 𝐍𝐞𝐱𝐭 - 𝐆𝐞𝐧 𝐑𝐞𝐬𝐭𝐚𝐮𝐫𝐚𝐧𝐭 𝐋𝐞𝐚𝐝𝐞𝐫𝐬𝐡𝐢𝐩
(𝐎𝐧𝐥𝐢𝐧𝐞 𝐙𝐨𝐨𝐦 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠)

✅ Module A - စနစ်ပိုင်း (System)
🔹SOP (Standard Operating Procedure) ရေးနည်း
🔹Opening & Closing Checklist
🔹Customer Service

✅ Module B - လူပိုင်း (People Management)
🔹Staff KPI သတ်မှတ်နည်း
🔹Staff Training System
🔹Staff Role & Responsibility
🔹Performance Review
🔹Team Culture တည်ဆောက်နည်း

✅ Module C - ငွေပိုင်း (Financial)
🔹Cash Handling & POS စနစ်ချမှတ်နည်း
🔹Wastage Control
🔹Food Cost တွက်ချက်နည်း
🔹Kitchen Inventory System

​🎁 အလုပ်ထဲ တန်းသုံးလို့ရမယ့် အသင့်သုံး Tools များ
​✅ Staff KPI Format (အမည်နဲ့ ရာထူးထည့်ရုံ)
​✅ Kitchen Inventory Auto Excel Format
​✅ Food Cost Calculator
​✅ Customer Service SOP & Checklists

​📍နေ့စဉ်ပြဿနာတွေကြားထဲ လုံးချာလည်လိုက်​နေမလား? ဒါမှမဟုတ် စနစ်ချပြီး ဆိုင်ကို ထိန်းချုပ်မလား?

✅ သင်တန်းအသေးစိတ် Comment တွင်ကြည့်ရန် 👇

#အောင်မြင်တဲ့စားသောက်ဆိုင်တစ်ဆိုင်ဖြစ်လာဖို့


𝐌𝐑. 𝐓𝐇𝐀𝐍𝐓 𝐙𝐈𝐍 𝐓𝐔𝐍
• 𝐁𝐚𝐫 & 𝐑𝐞𝐬𝐭𝐚𝐮𝐫𝐚𝐧𝐭 𝐂𝐨𝐧𝐬𝐮𝐥𝐭𝐚𝐧𝐭

𝐂𝐨𝐧𝐭𝐚𝐜𝐭 :
𝐏𝐡 - 09 758 757 696
𝐕𝐢𝐛𝐞𝐫 𝐏𝐡 - 09 758 757 696
𝐖𝐡𝐚𝐭𝐬𝐀𝐩𝐩 - 09 758 757 696

◾𝐖𝐞 𝐌𝐚𝐤𝐞 𝐘𝐨𝐮𝐫 𝐁𝐮𝐬𝐬𝐢𝐧𝐞𝐬𝐬 𝐆𝐫𝐨𝐰

#ဆိုင်ရှင်တွေသိသင့်တာ #မြန်မာဆိုင်ရှင်

✅ ဆိုင်ရောင်းကောင်းနေတယ်၊ ဒါပေမဲ့ ငွေ သိပ်မကျန်ဘူး။ ဘာကြောင့်ပါလိမ့်? 📍Theft & Shrinkage System ရှိ/မရှိ။✅ Theft & Shrin...
13/07/2026

✅ ဆိုင်ရောင်းကောင်းနေတယ်၊ ဒါပေမဲ့ ငွေ သိပ်မကျန်ဘူး။ ဘာကြောင့်ပါလိမ့်?
📍Theft & Shrinkage System ရှိ/မရှိ။

✅ Theft & Shrinkage ဆိုတာ ဘာလဲ?
▶ Theft (ခိုးယူမှု/အလွဲသုံးစားလုပ်မှု)
ဝန်ထမ်းတွေ ဒါမှမဟုတ် ပြင်ပလူတွေကြောင့် ဆိုင်ရဲ့ ပိုင်ဆိုင်မှု၊ ကုန်ကြမ်း (သို့) ငွေကြေး တိုက်ရိုက် ပျောက်ဆုံးတာ။
▶ Shrinkage (အလေအလွင့်/စာရင်းပျောက် ကုန်ကျစရိတ်)
စာရင်းထဲက Stock နဲ့ မြေပြင်က Stock မကိုက်ညီတာ၊ Wastage များတာ၊ Over-pouring (အလွန်အကျွံငှဲ့တာ)၊ Over-portioning (အချိုးအစားပိုထည့်တာ)၊ Mismeasurement (တိုင်းတာမှုမှားယွင်းတာ)၊ Admin Error တွေကြောင့် ပျောက်ဆုံးတာ။ ဆိုင်ရှင်တော်တော်များများ ဒါကို မသိကြဘူး။

✅ ဆိုင်ထဲမှာ ဆုံးရှုံးမှုတွေ ဘယ်နေရာကနေ ဖြစ်နေလဲ?

📍Kitchen
ဝန်ထမ်းတွေ ဆိုင်ပိတ်ချိန် ကုန်ကြမ်း ထုတ်ယူသွားတာ၊ ကြော်လှော်ယူသွားတာ၊ Kitchen မှာ Portion Control မရှိလို့ Chef က လက်မှန်း နဲ့ ထည့်နေတာ၊ ကုန်ကြမ်းတွေ ရက်လွန်ပုပ်သိုးသွားလို့ လွှင့်ပစ်ရတာ။

📍Bar
ဆိုင်ပိတ်ချိန်မှာ ဝန်ထမ်းက သောက်စရာတွေ ယူသွားတာ၊ တစ်ချို့ Customer တွေကို Free pour ပေးတာ (Intention ကောင်းပေမဲ့ ဆိုင်ရဲ့ Profit ကို ထိခိုက်စေပါတယ်)၊ Complimentary Drink ကို Ticket မဖွင့်ဘဲ ပေးလိုက်လို့ Record မရှိဘဲ Revenue ပျောက်တာ။

📍Cash Register - POS Theft
Order ကို System ထဲ မထည့်ဘဲ Cash ယူပြီး Ticket ဖျက်တာ၊ Void မဖြတ်ဘဲ Cash ယူတာ၊ Change မှားပေးပြီး Difference ယူတာ၊ Cashier တစ်ယောက်တည်းကိုပဲ End of shift cash count (ငွေစာရင်းချုပ်) ခိုင်းထားတာ။

📍Supplier Delivery
ကုန်ပစ္စည်း အဝင်တွေကို အသေအချာ မချိန်တွယ်၊ မစစ်ဆေးဘဲ လက်ခံမိတာ။ ဥပမာ - 10kg Order ပေးထားပေမဲ့ 9.5kg ပဲ ရောက်လာတာမျိုး။

✅ ဒါတွေ မဖြစ်အောင် ဘယ်လို စနစ်တွေနဲ့ ထိန်းချုပ်မလဲ?
✅ Theft ကို ကြောက်ပြီး ဝန်ထမ်းကို မယုံတာ Solution မဟုတ်ပါဘူး။

☞︎︎︎ ဒီ Training သင်တန်းမှာ လေ့လာပါ။ ⤵

✪ 𝐍𝐞𝐱𝐭 - 𝐆𝐞𝐧 𝐑𝐞𝐬𝐭𝐚𝐮𝐫𝐚𝐧𝐭 𝐋𝐞𝐚𝐝𝐞𝐫𝐬𝐡𝐢𝐩
(𝐎𝐧𝐥𝐢𝐧𝐞 𝐙𝐨𝐨𝐦 𝐂𝐥𝐚𝐬𝐬)

✅ Module A - စနစ်ပိုင်း (System)
🔹SOP (Standard Operating Procedure) ရေးနည်း
🔹Opening & Closing Checklist
🔹Customer Service

✅ Module B - လူပိုင်း (People Management)
🔹Staff KPI သတ်မှတ်နည်း
🔹Staff Training System
🔹Staff Role & Responsibility
🔹Performance Review
🔹Team Culture တည်ဆောက်နည်း

✅ Module C - ငွေပိုင်း (Financial)
🔹Cash Handling & POS စနစ်ချမှတ်နည်း
🔹Wastage Control
🔹Food Cost တွက်ချက်နည်း
🔹Kitchen Inventory System

📍သင်တန်းက ရရှိမယ့် အသင့်သုံး Tool များ ⤵
✅ Staff KPI Format (Name and Position ထည့်ရုံ)
✅ Kitchen Inventory Auto Excel Format
✅ Food Cost Calculator
✅ Customer Service SOP
✅ Opening & Closing Checklist

📍သင်တန်း အသေးစိတ် Comment တွင်ကြည့်ရန်။ 👇

#အောင်မြင်တဲ့စားသောက်ဆိုင်တစ်ဆိုင်ဖြစ်လာဖို့


𝐌𝐑. 𝐓𝐇𝐀𝐍𝐓 𝐙𝐈𝐍 𝐓𝐔𝐍
• 𝐁𝐚𝐫 & 𝐑𝐞𝐬𝐭𝐚𝐮𝐫𝐚𝐧𝐭 𝐂𝐨𝐧𝐬𝐮𝐥𝐭𝐚𝐧𝐭

𝐂𝐨𝐧𝐭𝐚𝐜𝐭 :
𝐏𝐡 - 09 758 757 696
𝐕𝐢𝐛𝐞𝐫 𝐏𝐡 - 09 758 757 696
𝐖𝐡𝐚𝐭𝐬𝐀𝐩𝐩 - 09 758 757 696

◾𝐖𝐞 𝐌𝐚𝐤𝐞 𝐘𝐨𝐮𝐫 𝐁𝐮𝐬𝐬𝐢𝐧𝐞𝐬𝐬 𝐆𝐫𝐨𝐰

#ဆိုင်ရှင်တွေသိသင့်တာ #မြန်မာဆိုင်ရှင်

✅ လုပ်ငန်းခွင်မှာ ဝန်ထမ်းတစ်ယောက်က အတင်းအဖျင်းပြောတာ၊ အလုပ်ရှင် (သို့) မန်နေဂျာကို ကဲ့ရဲ့တာ၊ လုပ်ငန်းခွင် စည်းကမ်းတွေကို...
05/07/2026

✅ လုပ်ငန်းခွင်မှာ ဝန်ထမ်းတစ်ယောက်က အတင်းအဖျင်းပြောတာ၊ အလုပ်ရှင် (သို့) မန်နေဂျာကို ကဲ့ရဲ့တာ၊ လုပ်ငန်းခွင် စည်းကမ်းတွေကို တမင်ဖောက်ဖျက်ပြီး အဖွဲ့အစည်းစိတ်ဓာတ်ကို ဖျက်ဆီးနေတာမျိုးတွေ ကြုံဖူးလား?

✅ အဲဒီလို Toxic Staff တစ်ယောက်ဟာ ပုပ်နေတဲ့ အသီးတစ်လုံးလိုပဲ၊ ချက်ချင်း မဖယ်ရှားရင်၊ မကိုင်တွယ်ရင် တစ်ဆိုင်လုံးက ဝန်ထမ်းကောင်းတွေကိုပါ ကူးစက်ပုပ်သိုးသွားနိုင်ပါတယ်။

📍Toxic Staff တစ်ယောက်ကို မကိုင်တွယ်ဘဲ ထားလိုက်တိုင်း ဆိုင်ထဲမှာ ဘာတွေဖြစ်လာလဲဆိုတော့...

ကောင်းတဲ့ ဝန်ထမ်းတွေပျက်လာတယ်၊ ထွက်သွားတယ်။ Team Culture ပျက်စီးတယ်။ Manager ရဲ့ Authority ကျဆင်းတယ်။

📍အဲဒီလို Staff တွေကို ဘယ်လိုကိုင်တွယ်မလဲ?

✅ Observe & Document (ကြည့်ပြီး မှတ်တမ်းတင်)
"မင်း ဘာကြောင့်၊ဘယ်လို" ဆိုပြီး ခံစားချက်နဲ့ Report မတင်ဘဲ Fact နဲ့ Document လုပ်ပါ။
ဘယ်နေ့ ဘာဖြစ်ခဲ့တာလဲ၊ ဘယ်သူ သက်သေဖြစ်နိုင်သလဲ တိတိကျကျ မှတ်ထားပါ။ (CCTV Record/ Audio Record)

✅ Private Meeting (နှုတ်နဲ့ခေါ်ယူသတိပေး)
Team ရှေ့မှာ မဟုတ်ဘဲ ရုံးခန်းထဲ သီးသန့်ခေါ်ပြီး စကားပြောရပါမယ်။ မလိုအပ်တာတွေ သိမ်းကျုံးမပြောဘူး။ Specific Behavior ကိုပဲ ပြောပါ။ Personality ကို မတိုက်ခိုက်နဲ့။ မှတ်တမ်းပြကာ တည့်တည့် ထောက်ပြရပါမယ်။ ဆိုင်ရဲ့ စည်းကမ်းထဲမှာ ဒါတွေကိုလုပ်လို့မရဘူး သတ်မှတ်ထားတယ်။ ဒီအပြုအမူ ကို ပြောင်းစေချင်တာ ဆိုပြီး ရှင်းပြပါ။ စကားပြောပြီးရင် "နောက်တစ်ခါ မလုပ်နဲ့တော့" ဆိုပြီး လွှတ်လိုက်လို့ မရပါဘူး။ တိကျတဲ့ စောင့်ကြည့်ကာလ ပေးရပါမယ်။ (ဥပမာ- နောက် ၂ ပတ် အတွင်း ဒီအပြုအမူတွေ ပြောင်းလဲဖို့ မျှော်လင့်တယ်။)

✅ Written Warning (စာဖြင့် သတိပေး)
၂ ပတ်ကြာအထိ မပြောင်းရင်၊ ထပ်ဖြစ်ရင်တော့ ဆိုင်ရဲ့ စနစ်၊ စည်းကမ်းအတိုင်း အလုပ်ကနေ ရပ်စဲရလိမ့်မယ် လို့ တိတိကျကျ သတိပေးစာ (Warning Letter) အဖြစ် လက်မှတ်ထိုးခိုင်းရပါမယ်။ ဝန်ထမ်းနဲ့ Manager နှစ်ဦးလုံး လက်မှတ်ထိုးပြီး Copy တစ်ခု ဝန်ထမ်းကိုပေးပါ။

✅ Final Decision (နောက်ဆုံး ဆုံးဖြတ်ချက်)
Warning နှစ်ကြိမ်ပြီးနောက် မပြောင်းသေးရင် ဆိုင်ကောင်းဖို့ ဆုံးဖြတ်ချက်ချပါ။ ထုတ်ချိန်မှာ Reason ရှင်းရှင်းလင်းလင်း ပြောပါ။ Emotional မဟုတ်ဘဲ Factual ဖြစ်ရပါမယ်။
ကျန်ဝန်ထမ်းတွေကို ဆိုင်ရဲ့ Standard နဲ့ မကိုက်ညီလို့ ဆိုပြီး ရှင်းပြပါ။

#ချွင်းချက်

✅ Toxic Staff ဖြစ်လာရတဲ့ အကြောင်းပြချက်တွေရှိပါတယ်။
⏭ ပထမတစ်ချက် - သူ့ရဲ့ နဂိုဗီဇ၊ ကြီးပြင်းလာခဲ့ရတဲ့ပတ်ဝန်းကျင်၊ စိတ်ပိုင်းဆိုင်ရာအားနည်းချက် .... စတဲ့ အကြောင်းအရာတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။ အလုပ်ထဲမှာ ပထမအဆင်ပြေအောင်နေနိုင်ပေမယ့် တဖြည်းဖြည်းသူ့ရဲ့ နဂိုဗီဇပြလာတာမျိုးပါ။
⏭ ဒုတိယတစ်ချက် - အလုပ်မှာ Leadership ပုံစံကိုက Toxic Leadership ပုံစံဖြစ်နေတာကြောင့်ပါ။ ကောင်းမွန်တဲ့ ဝန်ထမ်းတစ်ယောက်တောင်မှ အကြီးအကဲတွေရဲ့ ခေါင်းဆောင်မှုပုံစံမကောင်းတာကြောင့် Toxic အပြုအမူတွေဆီကိုဦးတည်သွားနိုင်ပါတယ်။

✅ ခေါင်းဆောင်တစ်ယောက်က ရှင်းလင်းပြတ်သားတဲ့ ခေါင်းဆောင်မှု မပေးနိုင်တာ၊ ဘက်လိုက်တာ၊ ဝန်ထမ်းတွေရဲ့ စွမ်းဆောင်ရည်ကို အတိအကျ အကဲဖြတ်ပြီး အသိအမှတ်မပြုတာ၊ သူနဲ့အဆင်ပြေတဲ့ လူတစ်ချို့ကို ချီးမြှောက်ပြီး တခြားလူတွေကို လျစ်လျူရှုတာ၊ ခေါင်းဆောင်က ဆဲဆို ခြိမ်းခြောက်ပြီး ခွဲခြားဆက်ဆံတာတွေလုပ်ရင် အဲဒီအပြုအမူတွေကို ဝန်ထမ်းတွေကသင်ယူပြီး သူ့တို့အချင်းချင်း ဒါမှမဟုတ် သူတို့လက်အောက်ကလူတွေအပေါ်မှာ အဲဒီလိုမျိုးပြန်လည်အနိုင်ကျင့်တာမျိုးတွေ ပြုလုပ်လာတတ်ပါတယ်။ အဲဒီအပြုအမူတွေက အဲဒီလုပ်ငန်းခွင်ရဲ့ ယဥ်ကျေးမှုအဖြစ် တဖြည်းဖြည်းပုံပေါ်လာစေမှာပါ၊ ဝန်ထမ်းတွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေဆုံးရှုံးနေတာ၊ မညီမျှတဲ့ဆုံးဖြတ်ချက်တွေကြောင့်လည်း ဝန်ထမ်းတွေဟာ Toxic ပုံစံအပြုအမူမျိုးတွေလုပ်လာကြပါတယ်။ တစ်ခါတစ်ရံ တစ်ချို့ဝန်းထမ်းတွေကို Toxic လို့ ထင်နိုင်ပေမယ့် အမှန်တကယ်တော့ မှားယွင်းနေတဲ့ Leadership ပုံစံကြောင့်လည်းဖြစ်နိုင်ပါတယ်။

✅ Toxic staff တစ်ယောက်ကို မကိုင်တွယ်တာဟာ ကောင်းတဲ့ ဝန်ထမ်းတွေကို မကာကွယ်ရာ ရောက်ပါတယ်။
✅ တော်လွန်းလို့ အလုပ်ထုတ်ဖို့ နှမြောနေတာမျိုး လုံးဝမလုပ်ရပါဘူး။ နားလည်ထားရမှာက အရည်အချင်းရှိပြီး စရိုက်ဆိုးတဲ့ Toxic ဝန်ထမ်းတစ်ယောက်ဟာ အရည်အချင်းညံ့တဲ့ ဝန်ထမ်းထက် ဆိုင်ကို ပိုပြီး ဒုက္ခပေးနိုင်တယ် ဆိုတာပါပဲ။

#အောင်မြင်တဲ့စားသောက်ဆိုင်တစ်ဆိုင်ဖြစ်လာဖို့


𝐌𝐑. 𝐓𝐇𝐀𝐍𝐓 𝐙𝐈𝐍 𝐓𝐔𝐍
𝐁𝐚𝐫 & 𝐑𝐞𝐬𝐭𝐚𝐮𝐫𝐚𝐧𝐭 𝐂𝐨𝐧𝐬𝐮𝐥𝐭𝐚𝐧𝐭

𝐂𝐨𝐧𝐭𝐚𝐜𝐭 :
𝐏𝐡 - 09 758 757 696
𝐕𝐢𝐛𝐞𝐫 𝐏𝐡 - 09 758 757 696
𝐖𝐡𝐚𝐭𝐬𝐀𝐩𝐩 - 09 758 757 696

◾𝐖𝐞 𝐌𝐚𝐤𝐞 𝐘𝐨𝐮𝐫 𝐁𝐮𝐬𝐬𝐢𝐧𝐞𝐬𝐬 𝐆𝐫𝐨𝐰

#ဆိုင်ရှင်တွေသိသင့်တာ

✅ စားသောက်ဆိုင်တွေမှာ ဧည့်သည် အရမ်းများတဲ့အချိန် (Peak Hour) မှာ ဘာဖြစ်နေလဲဆိုတော့... 📍 Waiter တွေ အော်ပြေးနေကြတယ်။📍 တစ်...
30/06/2026

✅ စားသောက်ဆိုင်တွေမှာ ဧည့်သည် အရမ်းများတဲ့အချိန် (Peak Hour) မှာ ဘာဖြစ်နေလဲဆိုတော့...

📍 Waiter တွေ အော်ပြေးနေကြတယ်။
📍 တစ်ချို့Customer တွေ အကြာကြီး ထိုင်စောင့်နေရပြီး Order မရသေးလို့ စိတ်ဆိုးနေကြတယ်။
📍 စားပွဲအဟောင်းကို မရှင်းရသေးလို့ အသစ်ရောက်လာတဲ့ Customer တွေရပ်စောင့်နေရတယ်၊ ဝင်လာတဲ့ တစ်ချို့ Customer တွေ ပြန်ထွက်သွားကြတယ်။
📍 Manager က ဘာလုပ်ရမှန်း မသိဘဲ ယောင်ချာချာနဲ့ ပတ်ကြည့်နေတယ်။

✅ ရလဒ် - ဧည့်သည်က စောင့်ရတာ ကြာလို့ စိတ်တို၊ Complaint တက်၊ ပြီးရင် "ဒီဆိုင် ဝန်ဆောင်မှု ညံ့တယ်" ဆိုပြီး Review အဆိုးတွေ ပေးတော့တာပဲ။

✅ ဒါဟာ ဝန်ထမ်းတွေ မတော်လို့၊ ဝန်ထမ်းအင်အား မလောက်လို့ မဟုတ်ပါဘူး၊ Peak Hour အတွက် မြေပြင်လက်တွေ့ကျတဲ့ (Battle Plan) Peak Hour Plan မရှိလို့ ဖြစ်ပါတယ်။

✅ ဒါဟာ အရေးအကြီးဆုံး အချိန်ပိုင်းဖြစ်တယ်။ Peak Hour မတိုင်ခင် ဘာတွေ ပြင်ဆင်ထားလဲဆိုတာက အဲဒီအချိန်မှာ ဆိုင်ရဲ့ Service Quality ကို 80% ဆုံးဖြတ်ပါတယ်။

☞︎︎︎ ဒါတွေကို လုပ်ရပါမယ်။ ⤵

✅ Service Station တိုင်း Setup ပြီးအောင် စစ်ပါ။
Floor ပေါ်က ဝိတ်တာတွေ တာဝန်ယူရမည့် Service ကောင်တာ အသီးသီးမှာ ဧည့်သည်လာရင် တန်းသုံးလို့ရအောင် ပစ္စည်းတွေ အစုံအလင် တည်ခင်းပြီးစီးကြောင်း မန်နေဂျာက လိုက်လံစစ်ဆေးရပါမယ်။
( ဥပမာ - Tissue၊ တူ၊ ဇွန်း၊ ခက်ရင်း၊ Menu စာအုပ်၊ အော်ဒါစာအုပ်တွေနဲ့ ဘောပင်တွေ အလုံအလောက် အဆင်သင့် တင်ထားပါ။ Peak Hour ရောက်ခါမှ ဧည့်သည်က Tissue တောင်းလို့ Waiter က စတိုခန်းထဲ ပြေးယူနေရတာမျိုး မဖြစ်အောင်)။

✅ Peak Hour Positions
ဝန်ထမ်းတိုင်း ကိုယ့်နေရာ ကိုယ် သိနေဖို့ Briefing လုပ်ပါ။ ဒီနေ့ ဘယ်သူက ဘယ် Zone ကို ကိုင်ရမယ်။
Waiter တစ်ဦးကို Table 4/5 ခု။
Runner က Food ချပေး၊ Table Clear လုပ်။
ဆိုင်ရဲ့ အတော်ဆုံး၊ အသွက်ဆုံး ဝန်ထမ်းတွေကို အကျပ်အတည်းဆုံးနေရာတွေမှာပဲ ထားရပါမယ်။

✅ Communication System ချပါ
Peak Hour မှာ ဆိုင်ထဲ အော်နေကြ၊ ပြေးနေကြ ရတယ် ဆိုတာ Communication ကျပ်တည်းနေတာဖြစ်ပါတယ်။
Kitchen နဲ့ Floor ကြားမှာ POS System (သို့) Order Ticket System ထားပါ။
ဝန်ထမ်းအချင်းချင်း နားလည်နိုင်မယ့် လုပ်ငန်းခွင်သုံး Signal Word သတ်မှတ်ပါ။ ( ဥပမာ - ငါးသံပုရာပေါင်း 86 (Eighty-Six)ဖြစ်သွားပြီ လို့ လှမ်းပြောလိုက်တာနဲ့ Waiter အားလုံးက ငါးသံပုရာပေါင်း ကုန်သွားပြီလို့ သိနေရပါမယ်။ 86 (Eighty-Six = Out of Stock) ဆိုတာ ကမ္ဘာ့စားသောက်ဆိုင်လောကမှာ သုံးတဲ့ ကုတ်နံပါတ် (Signal Word) ဖြစ်ပြီး "ဒီဟင်းပွဲ ကုန်သွားပြီ (Out of Stock)" လို့ ဆိုလိုတာ ဖြစ်ပါတယ်)။

✅ Table Turnover Rate မြှင့်ပါ။
Peak Hour မှာ ရောင်းအား တက်ချင်ရင် Table ဘယ်နှစ်ခါ Turnover ဖြစ်လဲဆိုတာပေါ်ပဲ မူတည်ပါတယ်။
Bill ကို Customer မတောင်းခင်ကတည်းက ကြိုပြင်ဆင်ထားပါ။
Table Clear + Reset ကို 5 မိနစ်အတွင်း ပြီးမြောက် စေဖို့ Standard ချပါ။

✅ Kitchen က လုပ်ရကိုင်ရ အရမ်းကြာတဲ့ ဟင်းပွဲအချို့ကို Peak Hour မှာ ခေတ္တရပ်ဆိုင်း ထားရပါမယ်။ အဲဒီ ဟင်းပွဲ တစ်ပွဲကြောင့် ကျန်တဲ့ ဟင်းပွဲတွေ နောက်ကျသွားနိုင်လို့ပါ။ Kitchen က အမြန်ထွက်နိုင်တဲ့ ဟင်းပွဲတွေကို Upselling လုပ်ရပါမယ်။

📍Peak Hour မှာ မန်နေဂျာက Office မှာ ထိုင်နေရမည့်သူ မဟုတ်ပါဘူး။ Floor ပေါ်မှာ Roaming လုပ်ပြီး Bottleneck ဖမ်းရမှာပါ။
ဆိုင်ထဲမှာ လှည့်ပတ်ကြည့်ပြီး အလုပ်ထဲမှာ ပိတ်ဆို့နေတဲ့နေရာကို အမြန်ဆုံး လိုက်ဖြေရှင်းပေးရမည့်သူ ဖြစ်ပါတယ်။ (ဥပမာ - Table တစ်ခုမှာ ဧည့်သည် ထသွားတာ ကြာပြီ၊ Waiter တွေ အလုပ်ရှုပ်နေလို့ စားပွဲမရှင်းနိုင်သေးဘူး။ (ဒါဟာ Bottleneck ပါပဲ) မန်နေဂျာက ဝန်ထမ်းတစ်ယောက်ကို ချက်ချင်းစေခိုင်းပြီး စားပွဲအမြန်ရှင်းခိုင်းရပါမယ်)။

📍နောက်ဆုံးအရေးကြီးတာက အလုပ်ပြီးတာနဲ့
ဒီနေ့ ဘာ ကောင်းခဲ့လဲ၊ ဘာ ပြဿနာ ဖြစ်ခဲ့လဲ၊ နောက်တစ်ကြိမ် ဘာပြင်ရမလဲ ဆိုတာကို ပြန်စစ်ဆေးရပါမယ်။ ဒီအဆင့်ကို မလုပ်ရင် နောက်ထပ် Peak Hour တွေမှာလည်း Same Mistake တွေ ထပ်ဖြစ်နေဦးမှာပါ။

✅ Peak Hour စီမံခန့်ခွဲမှု စနစ်တကျ ရှိသွားတဲ့ ဆိုင်ဟာ ဧည့်သည် ဘယ်လောက်ပဲ ကျကျ ဆူညံပွက်လောရိုက်မနေဘဲ ငြိမ့်ညောင်းစွာနဲ့ အော်ဒါတွေ မြန်မြန်ထွက်၊ စားပွဲတွေ မြန်မြန်လည်ပတ်ပြီး ရောင်းအားနှစ်ဆထက်မက တိုးတက်လာမှာ ဖြစ်ပါတယ်။

#အောင်မြင်တဲ့စားသောက်ဆိုင်တစ်ဆိုင်ဖြစ်လာဖို့


𝐌𝐑. 𝐓𝐇𝐀𝐍𝐓 𝐙𝐈𝐍 𝐓𝐔𝐍
• 𝐁𝐚𝐫 & 𝐑𝐞𝐬𝐭𝐚𝐮𝐫𝐚𝐧𝐭 𝐂𝐨𝐧𝐬𝐮𝐥𝐭𝐚𝐧𝐭

𝐂𝐨𝐧𝐭𝐚𝐜𝐭 :
𝐏𝐡 - 09 758 757 696
𝐕𝐢𝐛𝐞𝐫 𝐏𝐡 - 09 758 757 696
𝐖𝐡𝐚𝐭𝐬𝐀𝐩𝐩 - 09 758 757 696

◾𝐖𝐞 𝐌𝐚𝐤𝐞 𝐘𝐨𝐮𝐫 𝐁𝐮𝐬𝐬𝐢𝐧𝐞𝐬𝐬 𝐆𝐫𝐨𝐰

#ဆိုင်ရှင်တွေသိသင့်တာ #မြန်မာဆိုင်ရှင်

✅ "ကြည့်ပြီး သင်ယူ" ဆိုတာ Training မဟုတ်ပါဘူး။📍တစ်ချို့ စားသောက်ဆိုင်တွေမှာ ဝန်ထမ်းအသစ် ဝင်လာတဲ့အချိန် ဘာတွေဖြစ်နေလဲဆိုတ...
25/06/2026

✅ "ကြည့်ပြီး သင်ယူ" ဆိုတာ Training မဟုတ်ပါဘူး။

📍တစ်ချို့ စားသောက်ဆိုင်တွေမှာ ဝန်ထမ်းအသစ် ဝင်လာတဲ့အချိန် ဘာတွေဖြစ်နေလဲဆိုတော့ ...
ပထမနေ့ "ဒီ Senior နဲ့ တွဲပြီး ဘေးကကြည့်နေ"
ဒုတိယနေ့ "ဒီ Table ကို ဝင်လုပ်ကြည့်"
တတိယနေ့ Solo Table ကိုင်ခိုင်းတယ်။ Menu မသိဘဲ Customer ကို ဖြေနေရတယ်။ Service procedure မသိဘဲ မှန်းဆပြီး Serve နေရတယ်။ ဘာမှရေရေရာရာမသိဘဲ Complaint ရပြီး အဲဒီဝန်ထမ်းဟာ အပြစ်တင်ခံရတယ်။
ဒါဟာ ဝန်ထမ်းပြဿနာ မဟုတ်ဘူး၊ System ပြဿနာဖြစ်ပါတယ်။

✅ ဝန်ထမ်းအသစ်ကို ဘာကိုဘယ်လိုလုပ်ရမယ်လို့ တစ်ကြိမ်ပြောပြတာဟာ Training ပေးတာမဟုတ်ဘူး။ Information ပေးတာသာ ဖြစ်တယ်။

📍Training ဟာ System ဖြစ်တယ်။ Repetition ဖြစ်တယ်။ Feedback loop ဖြစ်တယ်။

✅ Staff Training System ဆိုတာ ဘာလဲ?

ဝန်ထမ်းအသစ်တစ်ယောက် ဝင်လာချိန်က စပြီး ဆိုင်ရဲ့ Standard အတိုင်း တကယ် ထိရောက်စွာ လုပ်ဆောင် နိုင်တဲ့အချိန်အထိ မြင်သာတဲ့ Structure တစ်ခုနဲ့ စနစ်တကျ ဖြတ်သန်းစေတဲ့ Process ဖြစ်ပါတယ်။
ပါးစပ်နဲ့ လိုက်ပြောနေသရွေ့ ဝန်ထမ်းက မေ့သွားမှာဖြစ်သလို၊ ပြောတဲ့သူပေါ်မူတည်ပြီး ဆိုင်ရဲ့ Standard တွေ လွဲကုန်ပါလိမ့်မယ်။ ဒါကြောင့် အလုပ်တာဝန်အလိုက် သေချာတိကျတဲ့ System တစ်ခု အရင်တည်ဆောက်ရပါတယ်။

✅ ဝန်ထမ်းအသစ် ရောက်လာရင် Day 1 မှာ ဘာသင်ရမယ်၊ Day 2 မှာ ဘာလုပ်ရမယ်ဆိုတဲ့ အတိအကျ Training Timeline သတ်မှတ်ပါ။ Supervisor က ဘာကို စစ်ရမယ်ဆိုတဲ့ Checklist ရှိရမယ်။ ဘယ်နှစ်ရက်မြောက်ရင် ဘယ်အပိုင်းကို ဖြေရမယ်ဆိုတဲ့ Evaluation ရှိရပါမယ်။ ဥပမာ ⤵

📍Step 1 - Orientation
ဆိုင်ရဲ့ Culture, Rule, Layout, Team မိတ်ဆက်

📍Step 2 - Skills Training
Menu အကုန် သင်ပြ၊ Service sequence step by step၊ Shadow training

📍Step 3 - Supervised Practice
Senior ကြီးကြပ်မှုနဲ့ အမှားတိုင်းကို အမှန်ပြင်ပေးရမယ်။ (အပြစ်တင်ရမှာ မဟုတ်ပါဘူး၊ ဒါဟာ မြေပြင်မှာ အမှားကို ချက်ချင်း လမ်းကြောင်းမှန် ပြန်တည့်မတ်ပေးတဲ့ Feedback Loop ဖြစ်ပါတယ်)

📍Step 4 - Assessment
Menu test + Role play pass ဖြစ်မှ Solo shift.

✅ အဲဒီလိုမျိုး အဆင့်ဆင့် သင်ကြားပြီးတဲ့အခါမှ မန်နေဂျာကနေ Checklist အတိုင်း တကယ်တတ်၊ မတတ် လက်တွေ့ ပြန်စစ်ရပါမယ်။ တကယ်တတ်ပြီဆိုမှ မန်နေဂျာက လက်မှတ်ထိုးပြီး အစမ်းခန့်ကာလ ကနေ အတည်ပြုဝန်ထမ်းအဖြစ် အဆင့်တိုးမြှင့်ပေးရပါမယ်။

✅ ရလဒ်က ဘာဖြစ်မလဲ? ဆိုင်မှာ တော်တဲ့ဝန်ထမ်း ထွက်သွားပါစေ၊ အသစ်ဝင်လာတဲ့သူကို ဒီစနစ် (Training System) ထဲ ထည့်လိုက်ရုံနဲ့ အချိန်တိုအတွင်း အရည်အသွေးတူ ဝန်ထမ်းတစ်ယောက် အလိုအလျောက် ထွက်လာမှာ ဖြစ်ပါတယ်။

📍မိတ်ဆွေရဲ့ ဆိုင်မှာကော ဝန်ထမ်းတွေကို Training ပေးတဲ့အခါ 'ပါးစပ်ပြော' စနစ်နဲ့ပဲ သွားနေတုန်းလား?

#အောင်မြင်တဲ့စားသောက်ဆိုင်တစ်ဆိုင်ဖြစ်လာဖို့


𝐌𝐑. 𝐓𝐇𝐀𝐍𝐓 𝐙𝐈𝐍 𝐓𝐔𝐍
• 𝐁𝐚𝐫 & 𝐑𝐞𝐬𝐭𝐚𝐮𝐫𝐚𝐧𝐭 𝐂𝐨𝐧𝐬𝐮𝐥𝐭𝐚𝐧𝐭

𝐂𝐨𝐧𝐭𝐚𝐜𝐭 :
𝐏𝐡 - 09 758 757 696
𝐕𝐢𝐛𝐞𝐫 𝐏𝐡 - 09 758 757 696
𝐖𝐡𝐚𝐭𝐬𝐀𝐩𝐩 - 09 758 757 696

◾𝐖𝐞 𝐌𝐚𝐤𝐞 𝐘𝐨𝐮𝐫 𝐁𝐮𝐬𝐬𝐢𝐧𝐞𝐬𝐬 𝐆𝐫𝐨𝐰

​ ​ ​

" ၃ လ ပြည့်ရင် လစာတိုးမယ် ...  ဘယ်လိုတိုးတာလဲ? "✅ ဝန်ထမ်းကောင်းမကောင်း ငါသိတယ်၊ ကြည့်ရင် မြင်တယ်။ ဒါပေမဲ့ "ကြည့်ရင်မြင်တ...
18/06/2026

" ၃ လ ပြည့်ရင် လစာတိုးမယ် ... ဘယ်လိုတိုးတာလဲ? "

✅ ဝန်ထမ်းကောင်းမကောင်း ငါသိတယ်၊ ကြည့်ရင် မြင်တယ်။ ဒါပေမဲ့ "ကြည့်ရင်မြင်တယ်" ဆိုတာ Data မဟုတ်ဘူး၊ Feeling ဖြစ်တယ်။ Feeling နဲ့ Manage လုပ်တဲ့ ဆိုင်ဟာ ဆိုင်ရှင် (သို့) မန်နေဂျာ ရဲ့ Mood အပေါ် မူတည်ပြီး ဝန်ထမ်းကောင်း/ဆိုး ဆုံးဖြတ်နေတာနဲ့ တူပါတယ်။

✅ KPI ဆိုတာ ဘာလဲ?
KPI (Key Performance Indicator) ဟာ ဝန်ထမ်းတစ်ယောက်ရဲ့ Performance ကို တိတိကျကျ တိုင်းတာနိုင်တဲ့ Indicator တွေဖြစ်တယ်။ "ကောင်းတယ်" ဒါမှမဟုတ် "ညံ့တယ်" ဆိုတဲ့ Subjective ဆုံးဖြတ်ချက် မဟုတ်ဘဲ၊ ကိန်းဂဏန်းနဲ့ ဖော်ပြနိုင်တဲ့ Objective Result ဖြစ်ပါတယ်။

✅ စားသောက်ဆိုင် ဝန်ထမ်းတွေအတွက် KPI ဘယ်လိုသတ်မှတ်မလဲ? Position အလိုက် KPI မတူကြပါဘူး။

➡ ဥပမာ - Waiter / Waitress KPI
▸ Punctuality — 5 မှတ် သတ်မတ်ထားတယ်ဆိုရင်...
5 မှတ်: တစ်လလုံး အလုပ်နောက်ကျခြင်း လုံးဝမရှိသူ 0 ကြိမ်။
​4 မှတ်: တစ်လအတွင်း အလုပ်နောက်ကျမှု စုစုပေါင်း 1 ကြိမ်မှ 2 ကြိမ် ။
​3 မှတ်: တစ်လအတွင်း အလုပ်နောက်ကျမှု စုစုပေါင်း 3 ကြိမ်မှ 4 ကြိမ် ။
​2 မှတ်: တစ်လအတွင်း အလုပ်နောက်ကျမှု 5 ကြိမ်မှ 6 ကြိမ်။
​1 မှတ်: တစ်လအတွင်း အလုပ်နောက်ကျမှု 7+ ကြိမ်နှင့်အထက် ။
✅ တစ်လအတွင်း အလုပ်နောက်ကျတာ၊ Uniform သန့်ရှင်းမှု မပြည့်စုံတာ၊ ဧည့်သည်ဆီက Complaint တက်ခံရတာ၊ ဆိုင်ရဲ့ SOP လုပ်ထုံးလုပ်နည်းတွေကို ဘယ်လောက်ရာခိုင်နှုန်း လိုက်နာလဲ? စတာတွေကို တိကျတဲ့ ဒေတာအမှား/အမှန် ကြိမ်ရေတွေနဲ့ တွက်ချက်ပြီး လချုပ်ရာခိုင်နှုန်း (%) ထုတ်လိုက်တာကို KPI လို့ ခေါ်ပါတယ်။ (📍Comment တွင် KPI နမူနာကြည့်ရန်)

✅ အဲဒါမှ လကုန်ရင် ဘယ်သူက Grade A ရတဲ့ ထိပ်တန်းဝန်ထမ်း၊ ဘယ်သူကတော့ Grade D နဲ့ သတိပေးရမယ့် ဝန်ထမ်းဆိုတာ သိရမှာ ဖြစ်ပါတယ်။

✅ လကုန်ရင် Grade A ရတဲ့ ဝန်ထမ်းက Bonus ဘယ်လောက်ရမယ်၊📍သုံးလတိတိ Grade A ရတဲ့ ဝန်ထမ်းက လစာဘယ်လောက်တိုးမယ် ဆိုပြီးတော့ သတ်မှတ်ရတာဖြစ်ပါတယ်။ ဝန်ထမ်းကောင်းတွေကို ထိုက်ထိုက်တန်တန် ပေးပြီး ဆိုင်မှာ မြဲအောင် ထိန်းထားနိုင်သလို၊ ညံ့တဲ့သူတွေကိုလည်း ဘယ်အပိုင်းမှာ ပြင်ရမယ်ဆိုတာ လမ်းညွှန်ပေးနိုင်ပါတယ်။

✅ ဒီဆိုင်မှာ ဒီလိုလုပ်နိုင်ရင် ဒီလိုရမယ် ဆိုတာကို ဝန်ထမ်းတွေ သိသွားတဲ့အခါ သူတို့အသိစိတ်နဲ့သူတို့ စည်းကမ်းကို အပြည့်အဝ လိုက်နာလာကြပါတယ်။ KPI ရှိမှ ဝန်ထမ်းက "ငါ ဘာကို ဦးတည်ရမလဲ" ဆိုတာကို သိသလို KPI ရှိမှ မိတ်ဆွေက ဒီဝန်ထမ်း ကောင်းသလား၊ ညံ့သလား ဆိုတာကို Data နဲ့ပြောနိုင်မှာ ဖြစ်ပါတယ်။

✅ KPI သတ်မှတ်တဲ့ခါ SMART rule ကို လိုက်နာရပါမယ်။
S - Specific (တိတိကျကျ ဖြစ်ရမယ်)
M - Measurable (တိုင်းတာလို့ ရရမယ်)
A - Achievable (လက်တွေ့ ဖြစ်နိုင်ခြေ ရှိရမယ်)
R - Relevant (ဆိုင်ရာ လုပ်ငန်းခွင်နဲ့ ကိုက်ညီ ဆက်စပ်ရမယ်)
T - Time-bound (တိကျတဲ့ အချိန်ကာလ သတ်မှတ်ချက် ရှိရမယ်)

✅ KPI မရှိရင် မန်နေဂျာတွေ၊ ဆိုင်ရှင်တွေက ကိုယ့်ရှေ့မှာ အလုပ်လုပ်ပြတဲ့ ဝန်ထမ်း (မျက်နှာလိုမျက်နှာရလုပ်သူ) ကို အမှတ်ပိုပေးမိပြီး၊ တကယ့်နောက်ကွယ်မှာ တိတ်တဆိတ် အလုပ်ကြိုးစားနေတဲ့ ဝန်ထမ်းတွေကို မျက်ကွယ်ပြုမိတတ်ပါတယ်။ KPI စနစ် ရှိလာတဲ့အခါမှာ ဘက်လိုက်မှုမရှိ၊ အငြင်းပွားစရာမလိုဘဲ တရားမျှတမှု ရှိစေပါတယ်။

တိုးတက်မှုကို မတိုင်းတာနိုင်ရင်၊ အဲဒီလုပ်ငန်းကို စီမံခန့်ခွဲလို့ မရပါဘူး။

📍 မိတ်ဆွေရဲ့ ဆိုင်မှာ ဝန်ထမ်းတွေ အတွက် KPI စနစ် ရှိပြီးပြီလား? ဆိုင်မှာ အသင့်သုံး Auto Format တွေ လိုအပ်ရင် ကျွန်တော့်ကို ဆက်သွယ်လိုက်။

#အောင်မြင်တဲ့စားသောက်ဆိုင်တစ်ဆိုင်ဖြစ်လာဖို့


𝐌𝐑. 𝐓𝐇𝐀𝐍𝐓 𝐙𝐈𝐍 𝐓𝐔𝐍
• 𝐁𝐚𝐫 & 𝐑𝐞𝐬𝐭𝐚𝐮𝐫𝐚𝐧𝐭 𝐂𝐨𝐧𝐬𝐮𝐥𝐭𝐚𝐧𝐭

𝐂𝐨𝐧𝐭𝐚𝐜𝐭 :
𝐏𝐡 - 09 758 757 696
𝐕𝐢𝐛𝐞𝐫 𝐏𝐡 - 09 758 757 696
𝐖𝐡𝐚𝐭𝐬𝐀𝐩𝐩 - 09 758 757 696

◾𝐖𝐞 𝐌𝐚𝐤𝐞 𝐘𝐨𝐮𝐫 𝐁𝐮𝐬𝐬𝐢𝐧𝐞𝐬𝐬 𝐆𝐫𝐨𝐰

#ဆိုင်ရှင်တွေသိသင့်တာ

✅ စားသောက်ဆိုင်တစ်ဆိုင်မှာ ဝန်ထမ်းတစ်ယောက်က တော်တယ်၊ Skill ရှိတယ် ဒါပေမယ့် စိတ်ဓာတ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်ရှိနေတာကိ...
15/06/2026

✅ စားသောက်ဆိုင်တစ်ဆိုင်မှာ ဝန်ထမ်းတစ်ယောက်က တော်တယ်၊ Skill ရှိတယ် ဒါပေမယ့် စိတ်ဓာတ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်ရှိနေတာကို "လူမရှိလို့၊ တော်လို့" ဆိုတဲ့ အကြောင်းပြချက်နဲ့ ဆက်ထားမယ်ဆိုရင် Long-term မှာ ဆိုင်အတွက် ဆုံးရှုံးမှုတွေကြုံရပါလိမ့်မယ်။ ကျွမ်းကျင်မှု (Skill) ကို Training ပေးလို့ရပေမယ့်၊ စိတ်ဓာတ် (Attitude) ကိုတော့ Training ပေးလို့ မရပါဘူး။

📍ဒီလို ဝန်ထမ်း (၇) မျိုး မိတ်ဆွေတို့ ဆိုင်မှာ ရှိနေပြီလား? နောက်ဆုံး (၃) မျိုးက အဆိုးဆုံး။

✅ အမှားတွေ လုပ်ပြီး အမြဲအကြောင်းပြချက်ပေးသူ
- တစ်ကြိမ် အမှားလုပ်တာက သင်ယူလိုက်ရင် ပြဿနာမဟုတ်ဘူး။ တစ်ကြိမ်ပြီး တစ်ကြိမ် အမှားလုပ်ပြီး အမြဲအကြောင်းပြချက်ပေးနေတဲ့ ဝန်ထမ်းဟာ Accountability မရှိဘူး။ Accountability မရှိသူက ပြဿနာကို ဖြေရှင်းမည့်အစား ပိုကြီးစေမည်သာ၊ အမှားလုပ်တာထက် ပိုဆိုးတာက အမှားကို လက်မခံဘဲ အကြောင်းပြချက် ပတ်ရှာနေခြင်း ဖြစ်ပါတယ်။

✅ Customer ကို ကြည့်မရသူ
- ဆိုင်မှာကြုံဖူးလား? Customer လာပြီ ဆိုတာနဲ့ " လာကြပြန်ပြီ အလုပ်ရှုပ်ဦးမယ်" ဆိုတဲ့ ဝန်ထမ်းမျိုး။ ကိုယ့်ဆိုင်မှာ စိတ်ကျေနပ်မှုရသွားတဲ့ Customer တစ်ဦးက နောက်ထပ် (၅) ဦးကို ပြောတယ်၊ စိတ်ကျေနပ်မှု မရသွားတဲ့ Customer တစ်ဦးက နောက်ထပ် (၁၀) ဦးကို ပြောတတ်တယ်။

✅ ဧည့်သည်တွေကို ခွဲခြားဆက်ဆံတတ်သူ
- ဧည့်သည်ရဲ့ ဝတ်စားဆင်ယင်မှု၊ ကားအကောင်း/အညံ့ကို ကြည့်ပြီး Tips ရနိုင်မယ့် VIP ဧည့်သည်ဆိုရင် ဖားပြတယ်၊ သာမန်အရပ်သား ဧည့်သည်ဆိုရင် မျက်နှာသေနဲ့ ဝန်ဆောင်မှု ညံ့ဖျင်းစွာ ဆက်ဆံတတ်သူ ဖြစ်ပါတယ်။

✅ အခွင့်အရေးရရင် ရသလို အချောင်ခိုတတ်သူ
- မန်နေဂျာ ဒါမှမဟုတ် ဆိုင်ရှင် မျက်စိအောက်မှာရှိရင် အလုပ်အရမ်းလုပ်ပြပြီး၊ ကွယ်ရာရောက်တာနဲ့ အိမ်သာထဲဝင် ဖုန်းပွတ်မယ်၊ ဆိုင်နောက်ဖေးမှာ ခိုးနားမယ်၊ အလုပ်ချိန်ပြည့်ဖို့ နာရီကိုပဲ ထိုင်ကြည့်နေတတ်သူ ဖြစ်ပါတယ်။ သူအလုပ်မလုပ်တဲ့အတွက် ကျန်တဲ့ ဝန်ထမ်းကောင်းတွေက Double အလုပ်လုပ်ပေးရပြီး "သူလည်း အချောင်ခိုတာပဲ၊ ငါကော ဘာလို့ အပင်ပန်းခံရမှာလဲ" ဆိုတဲ့ အလုပ်ခိုချင်စိတ် ကူးစက်ရောဂါကို Team ထဲ ဖြန့်ဝေတတ်ပါတယ်။

❌ Skill ရှိတယ်၊ Attitude မကောင်းသူ
- လုပ်ကိုင်ရည်ကတော့ ကောင်းတယ် ဒါပေမယ့် စိတ်ဓာတ်မကောင်းဘူး၊ ကျွမ်းကျင်မှု (Skill) ကို Training ပေးလို့ရပေမယ့်၊ စိတ်ဓာတ် (Attitude) ကိုတော့ Training ပေးလို့ မရပါဘူး။

❌ Performance ကောင်းတယ် ဒါပေမယ့် ဆိုင်ရဲ့ Culture ဖျက်ဆီးသူ
- Customer တွေ သူ့ကိုပဲ နှစ်သက်ကြတယ်။ ရောင်းအားကောင်းတယ်။ ဒါပေမယ့် မန်နေဂျာကို မထီမဲ့မြင်ပြုတယ်၊ ဆိုင်ထဲမှာ အတင်းဖြန့်တယ်၊ ဝန်ထမ်းအချင်းချင်း ခွဲခြားပေါင်းတယ်၊ ဒီဝန်ထမ်းကြောင့် ကောင်းတဲ့ဝန်ထမ်းတွေ ထွက်သွားနိုင်တယ်။ သူတစ်ယောက်တည်း အရောင်းတွေ တက်နေနိုင်ပေမဲ့ ဆိုင်ထဲမှာ အုပ်စုကွဲပြီး ဆိုင်ရဲ့ စည်းလုံးမှုကို ဖျက်ဆီးပါတယ်။

❌ လုပ်ငန်းအတွေ့အကြုံရှိတယ် ဒါပေမယ့် မပြောင်းလဲချင်သူ
- "ငါ အရှေ့မှာ (၅) နှစ်လုပ်ဖူးတယ်" ဆိုပြီး ဆိုင်ရဲ့ SOP ကို မလိုက်နာ၊ Training မဝင်ချင်၊ "ငါ ပိုသိတယ်" ဆိုပြီး ပယ်ချနေတဲ့ ဝန်ထမ်း၊ Experience ဟာ Growth ကို Guarantee မပေးပါဘူး။ ဆိုင်တိုးတက်ဖို့ စနစ်အသစ်တွေ ချမှတ်တဲ့အခါ လိုက်မပြောင်းလဲဘဲ ရှေးရိုးစွဲအတိုင်း ဇွတ်လုပ်နေသူဟာ ဆိုင်ကို ရှေ့မဆက်နိုင်အောင် ဆွဲချနေတဲ့သူ ဖြစ်ပါတယ်။

✅ ဆိုင်တစ်ဆိုင်ကောင်းမကောင်း ဝန်ထမ်းတွေကပဲ ဆုံးဖြတ်ပေးတာဖြစ်ပါတယ်။ စားသောက်ဆိုင်လုပ်ငန်းဟာ Team Sport ဖြစ်တယ်၊ Solo Player ကြောင့် ဆိုင်မအောင်မြင်လာနိုင်ဘူး။ "One Team, One Dream" ဖြစ်ရပါမယ်။

📍ဒီလို ဝန်ထမ်းတွေကို ဘာလုပ်မလဲ?
- ဆုံးဖြတ်ချက်မချခင် Warning ပေး၊ Support ပေး၊ Chance ပေး၊ ဒါလဲ မပြောင်းလဲရင် Action ယူပါ။ ဆိုင်မှာ ကောင်းမွန်တဲ့ "စနစ်" တစ်ခုကို တည်ဆောက်ပါ။ ဝန်ထမ်းတွေရဲ့ Performance ကို တိကျတဲ့ KPI တွေနဲ့ တိုင်းတာပါ။ စိတ်ဓာတ်မကောင်းတဲ့ ဝန်ထမ်းကို ဖယ်ထုတ်လိုက်တဲ့အခါ ဆိုင်ရဲ့ လေထုက ပေါ့ပါးသွားပြီး၊ ဝန်ထမ်းကောင်းတွေ ပိုမို အားစိုက်ထုတ်လာတာကို မိတ်ဆွေ ကိုယ်တိုင် မြင်တွေ့ရပါလိမ့်မယ်။

#အောင်မြင်တဲ့စားသောက်ဆိုင်တစ်ဆိုင်ဖြစ်လာဖို့


𝐌𝐑. 𝐓𝐇𝐀𝐍𝐓 𝐙𝐈𝐍 𝐓𝐔𝐍
• 𝐁𝐚𝐫 & 𝐑𝐞𝐬𝐭𝐚𝐮𝐫𝐚𝐧𝐭 𝐂𝐨𝐧𝐬𝐮𝐥𝐭𝐚𝐧𝐭

𝐂𝐨𝐧𝐭𝐚𝐜𝐭 :
𝐏𝐡 - 09 758 757 696
𝐕𝐢𝐛𝐞𝐫 𝐏𝐡 - 09 758 757 696
𝐖𝐡𝐚𝐭𝐬𝐀𝐩𝐩 - 09 758 757 696

◾𝐖𝐞 𝐌𝐚𝐤𝐞 𝐘𝐨𝐮𝐫 𝐁𝐮𝐬𝐬𝐢𝐧𝐞𝐬𝐬 𝐆𝐫𝐨𝐰

#ဆိုင်ရှင်တွေသိသင့်တာ #မြန်မာဆိုင်ရှင်

✅ ဝန်ထမ်းကောင်းကောင်းရဖို့ ခဲယဉ်းတယ်၊ ဒါ အမှန်မဟုတ်ဘူး။ ဝန်ထမ်းကောင်းကောင်း ထိန်းဆည်းနိုင်တဲ့ ဆိုင်မျိုး မဖြစ်သေးတာသာ ဖြ...
10/06/2026

✅ ဝန်ထမ်းကောင်းကောင်းရဖို့ ခဲယဉ်းတယ်၊ ဒါ အမှန်မဟုတ်ဘူး။ ဝန်ထမ်းကောင်းကောင်း ထိန်းဆည်းနိုင်တဲ့ ဆိုင်မျိုး မဖြစ်သေးတာသာ ဖြစ်ပါတယ်။

✅ ဝန်ထမ်းမကြာခဏ ထွက်တဲ့ ဆိုင်တွေမှာ ဒီ (၅) ချက်ထဲက တစ်ချက်ချက် ချို့ယွင်းနေလေ့ ရှိတယ်။ နောက်ဆုံးတစ်ချက်ကို ဆိုင်ရှင်အများဆုံး လစ်လျူရှုထားကြတယ်။

▶ ဝန်ထမ်းတွေဟာ လစာထက် "ငါ ဒီမှာလုပ်ရင် ဘာတိုးတက်လာမလဲ" ဆိုတဲ့ မေးခွန်းကို ပိုစဉ်းစားတယ်။ ဆိုင်ထဲမှာ Waiter → Senior Waiter → Team Leader ဆိုတဲ့ Career Path မရှိရင် သိပ်မကြာခင် ထွက်သွားပါလိမ့်မယ်။

▶ "ဒီနေ့ မင်း Table ၅ ကို သပ်ရပ်အောင် Handle လုပ်တာ ကောင်းတယ်" ဆိုတဲ့ စကားတစ်ခွန်းက ဝန်ထမ်းကို တစ်ပတ်ကြာ Motivation ပေးနိုင်တယ်။ Recognition မပေးဘဲ Instruction ပဲ ပေးနေရင် သိပ်မကြာခင် ထွက်သွားပါလိမ့်မယ်။ ကောင်းကောင်းလုပ်နိုင်တာကို မချီးကျူးဘဲ မလုပ်နိုင်တာကိုပဲ ပြောနေရင် ဝန်ထမ်းတွေ စိတ်ဓာတ်ကျလာတတ်ပါတယ်။

▶ ဆိုင်ရဲ့ Culture ညံ့ဖျင်းတာ - ဆိုင်ထဲမှာ Gossip ရှိတာ၊ Manager က favorite ခွဲတာ၊ ဒါတွေကို လစာတိုးမယ်ဆိုတဲ့အရာနဲ့ ဖုံးကွယ်လို့ မရဘူး။ Manager က လူတချို့ကိုပဲ ကောင်းကောင်းဆက်ဆံတာကို ကွက်ကွက်ကွင်းကွင်း မြင်နေရရင် ကောင်းတဲ့ ဝန်ထမ်းတွေ အရင်ဆုံး ထွက်သွားတယ်။ ကောင်းတဲ့ ဝန်ထမ်းတွေ ဆိုင် Culture ကြောင့် ထွက်လေ့ ရှိတယ်။

▶ Schedule မညီမျှတာ - နောက်ကျမှ Schedule ပြောင်းတာ၊ Overtime လုပ်ရပေမယ့် Extra Pay မပေးတာ၊ ဒါတွေဟာ လစာပေးနေပေမဲ့ Respect မပေးတာနဲ့ အတူတူပဲ။

▶ ဝင်ဝင်ချင်း Training မပေးဘဲ "ကြည့် သင်ယူ" ဆိုတာ ဝန်ထမ်းကို ပထမနေ့ကတည်းက Fail ဖြစ်အောင် ချပစ်တာနဲ့ အတူတူပဲ။ ဆိုင်ထဲ ဝင်လာတဲ့ ပထမ ၇ ရက် Onboarding Experience က ကြာကြာနေမနေကို ၇၀% ဆုံးဖြတ်တယ်။
(မိတ်ဆွေ ဝန်ထမ်းဖြစ်ဖူးရင် အဲဒီ ခံစားချက်တွေကို နားလည်ပါလိမ့်မယ်)

✅ ဒီ (၅) ချက်ထဲ မိတ်ဆွေဆိုင်မှာ ဘယ်နှစ်ချက် ရှိနေလဲ? အရင်ရှာလိုက်ပါ။

✅ ပြီးရင် ဘာလုပ်မလဲ?
ရိုးရှင်းတယ်၊ System ချမှတ်ပါ။
ကြာကြာနေစေချင်ရင်၊ ဒီ (၃) ချက်ကနေ စပါ။

▶ Staff turnover rate ကို ၃ လတစ်ကြိမ်စစ်ပါ။
▶ Exit interview မဖြစ်မနေ လုပ်ပြီး ထွက်ရတဲ့ အကြောင်းအရင်းကို မှတ်တမ်းတင်ပါ။
▶ ဝန်ထမ်း တစ်ယောက်ချင်းနဲ့ One-on-One Check-in လုပ်ပါ။

✅ အဲဒါဆိုရင် ဆိုင်ထဲမှာ ကြုံနေရတဲ့ အခက်အခဲတွေ၊ အချင်းချင်း မပြောရဲတဲ့ Gossip ကိစ္စတွေ၊ သို့မဟုတ် မန်နေဂျာဆီက လိုချင်တဲ့ ပံ့ပိုးမှုတွေကို လူမသိသူမသိ ပွင့်ပွင့်လင်းလင်း ရင်ဖွင့်တိုင်ပင်နိုင်တဲ့အတွက် ပြဿနာတွေကို အမြစ်ကနေ ကြိုတင်ရှင်းလင်းနိုင်ပါတယ်။

✅ ဝန်ထမ်းတစ်ယောက်ချင်းစီရဲ့ KPI ကို ခွဲခြားသတ်မှတ်ထားပြီး၊ Performance Review system တစ်ခု တည်ဆောက်ထားပါ။ Performance Review မလုပ်ဘဲ ဝန်ထမ်းကို အပြစ်တင်တာဟာ GPS မပါဘဲ ခရီးသွားပြီး လမ်းမှားတာကို ကားကိုအပြစ်တင်တာနဲ့ အတူတူပါပဲ။
📍Performance Review ဆိုတာ ဘာလဲ? ဝန်ထမ်းတစ်ယောက်ချင်းစီရဲ့ KPI ကို ဘယ်လို ခွဲခြားသတ်မှတ်ရမလဲ ဆိုတာတွေကို ကျွန်တော့်ရဲ့ ... ⤵

📍 𝐍𝐞𝐱𝐭 - 𝐆𝐞𝐧 𝐑𝐞𝐬𝐭𝐚𝐮𝐫𝐚𝐧𝐭 𝐋𝐞𝐚𝐝𝐞𝐫𝐬𝐡𝐢𝐩 𝐁𝐚𝐭𝐜𝐡 - 2
(Zoom Online Class Coming Soon)

မှာ လေ့လာနိုင်တော့မှာပါ။
✅ ဒီသင်တန်းမှာ စားသောက်ဆိုင်တိုင်းအတွက် မရှိမဖြစ်လိုအပ်တဲ့ အသင့်သုံး SOP စာအုပ် SOP PDF File (Fill-in-the-blank Template) နဲ့ ဝန်ထမ်းတစ်ဦးချင်းရဲ့ အရည်အချင်းကို Data နဲ့ တွက်ချက်ပေးမယ့် KPI Excel Sheet (Auto-Grading Automation) တွေကိုပါ လက်ဆောင်ပေးသွားမှာပါ။

#အောင်မြင်တဲ့စားသောက်ဆိုင်တစ်ဆိုင်ဖြစ်လာဖို့


𝐌𝐑. 𝐓𝐇𝐀𝐍𝐓 𝐙𝐈𝐍 𝐓𝐔𝐍
• 𝐁𝐚𝐫 & 𝐑𝐞𝐬𝐭𝐚𝐮𝐫𝐚𝐧𝐭 𝐂𝐨𝐧𝐬𝐮𝐥𝐭𝐚𝐧𝐭

𝐂𝐨𝐧𝐭𝐚𝐜𝐭 :
𝐏𝐡 - 09 758 757 696
𝐕𝐢𝐛𝐞𝐫 𝐏𝐡 - 09 758 757 696
𝐖𝐡𝐚𝐭𝐬𝐀𝐩𝐩 - 09 758 757 696

◾𝐖𝐞 𝐌𝐚𝐤𝐞 𝐘𝐨𝐮𝐫 𝐁𝐮𝐬𝐬𝐢𝐧𝐞𝐬𝐬 𝐆𝐫𝐨𝐰

📍ခဏခဏခေါ်တဲ့ အစည်းအဝေးတွေဟာ နောက်ပိုင်းမှာ အလေးအနက်မရှိတော့ဘဲ ဆူဆူညံညံနဲ့ အချိန်ကုန်ရုံပဲ ဖြစ်သွားတတ်ပါတယ်။✅ စားသောက်ဆို...
30/05/2026

📍ခဏခဏခေါ်တဲ့ အစည်းအဝေးတွေဟာ နောက်ပိုင်းမှာ အလေးအနက်မရှိတော့ဘဲ ဆူဆူညံညံနဲ့ အချိန်ကုန်ရုံပဲ ဖြစ်သွားတတ်ပါတယ်။

✅ စားသောက်ဆိုင်ဝန်ထမ်းတွေဟာ တစ်နေ့လုံး ခြေထောက်မနားတမ်း လှုပ်ရှားရုန်းကန်နေရသူတွေဖြစ်လို့ သူတို့ရဲ့ အနားယူချိန်ကို အရေးမကြီးတဲ့ အစည်းအဝေးတွေနဲ့ လာဖြုန်းတီးတဲ့အခါ လုပ်ငန်းခွင်ကို စိတ်ပျက်လာတတ်ကြပါတယ်။

✅ ဆိုင်မှာ ပြဿနာအသေးအမွှားလေးတစ်ခု ဖြစ်လိုက်တိုင်း၊ ဒါမှမဟုတ် စိတ်ကူးပေါက်တိုင်း ဝန်ထမ်းတွေကို လူစုပြီး "အစည်းအဝေး" ဆိုကာ ခဏခဏ ခေါ်တတ်တဲ့ အလေ့အထက ဝန်ထမ်းတွေကို ပင်ပန်းစေရုံတင်မကဘဲ ဆိုင်ရဲ့ အလုပ်လုပ်နှုန်း (Productivity) ကိုပါ ထိုးကျစေပါတယ်။

📍အထူးသဖြင့် ဆိုင်ပိတ်ချိန် ဒါမှမဟုတ် နားရက်တွေမှာ ခဏခဏ အစည်းအဝေးခေါ်ရင် ဝန်ထမ်းတွေက ဆိုင်ကို "ကိုယ့်ကိုယ်ပိုင်အချိန်ကို လုယူတဲ့နေရာ" လို့ သတ်မှတ်ပြီး အလုပ်အပေါ် စိတ်ကုန် လာတတ်ပါတယ်။

📍Group Chat ထဲမှာ စာတိုလေးတစ်စောင် ပို့လိုက်တာနဲ့ ပြီးမယ့်ကိစ္စကို တစ်ဆိုင်လုံးက ဝန်ထမ်းတွေကို အလုပ်ရှုပ်ခံပြီး လူစုခေါ်ပြောခြင်းက အချိန်ဖြုန်းခြင်းသာ ဖြစ်ပါတယ်။

📍ဝန်ဆောင်မှုပေးသူ က အော်ဒါမှားလို့ ဧည့်သည်က Complaint တက်သွားတာမျိုးကို ညဘက်ဆိုင်ပိတ်ချိန်မှာ ဝန်ထမ်းအားလုံးကို ထိုင်စောင့်ခိုင်းပြီး အစည်းအဝေးလုပ်ကာ ဆူပူတာမျိုးက အပြစ်မရှိတဲ့ တခြားဝန်ထမ်းတွေပါ အိပ်ရေးပျက်၊ စိတ်ညစ်ရစေပါတယ်။

📍ကြိုတင်ပြင်ဆင်မှု (Agenda) မရှိဘဲ ခေါင်းစဉ်မဲ့ အစည်းအဝေးလုပ်တာ၊ အစည်းအဝေးခေါ်ပြီးမှ ဘာပြောရမှန်းမသိဘဲ ရှေးဟောင်းနှောင်းဖြစ်တွေ ပြန်ပြောနေတာ၊ အထက်လူကြီး က သူရဲ့ စိတ်ခံစားချက် (ဒေါသ) ကို လာရောက်ပုံချတာမျိုးက အစည်းအဝေးမဟုတ်ဘဲ ဝန်ထမ်းတွေရဲ့ အနားယူချိန်ကို လေးစားမှု မထားရာရောက်ပါတယ်။

✅ အစည်းအဝေး ခဏခဏခေါ်နေရတာဟာ ဆိုင်မှာ ဆက်သွယ်ရေးစနစ် (Communication System) မရှိလို့ ဖြစ်ပါတယ်။

📍အစည်းအဝေးဆိုတာ အရေးကြီးတဲ့၊ တန်ဖိုးရှိတဲ့ လုပ်ငန်းဗျူဟာတွေ ချမှတ်ဖို့အတွက်ပဲ ဖြစ်ရပါမယ်။ - ဆိုင်ရဲ့ ရေရှည်ရပ်တည်မှုကို ထိခိုက်စေနိုင်တဲ့ ကိစ္စတွေ၊ ဝန်ထမ်းစည်းမျဉ်းတွေနဲ့ ဆိုင်ဖွဲ့စည်းပုံ အပြောင်းအလဲ ရှိလာတဲ့အချိန်မျိုးတွေ၊ ဆိုင်မှာ စနစ်အသစ် (SOP အသစ်) သုံးတော့မယ့်အချိန် ဒါမှမဟုတ် မီနူးအသစ်တွေ ထွက်လို့ ဝန်ထမ်းတွေကို လက်တွေ့သင်ကြားပေးဖို့ လိုအပ်တဲ့အချိန်မျိုးတွေ ဖြစ်သင့်ပါတယ်။

✅ နေ့စဥ်ပြဿနာတွေမှာ သက်ဆိုင်ရာ ဌာနခေါင်းဆောင်တွေနဲ့ပဲ ဆွေးနွေးတိုင်ပင်တာ၊ မှားနေတာတွေကို ပြန်လည်တည့်မတ်ပေးတာမျိုးတွေ လုပ်ရပါမယ်။
📍နေ့စဉ်အချက်အလက်တွေ၊ လိုက်နာရမယ့် အပြောင်းအလဲတွေကို BOH နဲ့ FOH ထဲက ဝန်ထမ်းတွေအမြဲမြင်နိုင်တဲ့ Notice Board ပေါ်မှာ ကပ်ထားတာမျိုး ဒါမှမဟုတ် Group Chat ထဲမှာ ပုံသေ Read-Only Notice အဖြစ် တင်ထားတာမျိုးတွေလုပ်ရပါမယ်။

📍ကြာရှည်တဲ့ အစည်းအဝေးများအစား စနစ်ကျတဲ့ Daily Briefing SOP တွေနဲ့ တိကျတဲ့ ဆက်သွယ်ရေးစနစ်တွေကို တည်ဆောက်ထားဖို့ လိုပါတယ်။

#အောင်မြင်တဲ့စားသောက်ဆိုင်တစ်ဆိုင်ဖြစ်လာဖို့


𝐌𝐑. 𝐓𝐇𝐀𝐍𝐓 𝐙𝐈𝐍 𝐓𝐔𝐍
- 𝐁𝐚𝐫 & 𝐑𝐞𝐬𝐭𝐚𝐮𝐫𝐚𝐧𝐭 𝐂𝐨𝐧𝐬𝐮𝐥𝐭𝐚𝐧𝐭

𝐂𝐨𝐧𝐭𝐚𝐜𝐭 :
𝐏𝐡 - 09 758 757 696
𝐕𝐢𝐛𝐞𝐫 𝐏𝐡 - 09 758 757 696
𝐖𝐡𝐚𝐭𝐬𝐀𝐩𝐩 - 09 758 757 696

◾𝐖𝐞 𝐌𝐚𝐤𝐞 𝐘𝐨𝐮𝐫 𝐁𝐮𝐬𝐬𝐢𝐧𝐞𝐬𝐬 𝐆𝐫𝐨𝐰

​

Address

Krung Thep Maha Nakhon
Myawadi
10100

Telephone

+959758757696

Website

Alerts

Be the first to know and let us send you an email when The Provider posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to The Provider:

Shortcuts

Share