အင်းလေးအသံ

အင်းလေးအသံ Voice Of Inle

တောင်ငူတွင် ၇ နှစ်အရွယ် ကလေးငယ်အား အဓမ္မပြုကျင့်သည်ဟု စွပ်စွဲခံရသည့် ဒုလ္လဘဘုန်းကြီးကို ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် ရုံးထု...
27/09/2026

တောင်ငူတွင် ၇ နှစ်အရွယ် ကလေးငယ်အား အဓမ္မပြုကျင့်သည်ဟု စွပ်စွဲခံရသည့် ဒုလ္လဘဘုန်းကြီးကို

ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် ရုံးထုတ်စစ်ဆေး။

အင်းလေး #၂၇-စက်တင်ဘာ-၂၀၂၆

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်တွင် အသက် ၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအား အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့သည်ဟု စွပ်စွဲခံထားရသည့် ဘုန်းကြီး ဦးသီလ (ခ) ဦးနှင်း ကို စက်တင်ဘာ ၂၅ ရက်က တောင်ငူခရိုင်တရားရုံး၌ ရုံးထုတ်စစ်ဆေးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များနှင့် တရားရုံးနှင့် နီးစပ်သူများထံမှ သိရသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် စက်တင်ဘာလ ၄ ရက်က ကင်းဆိပ်ကျေးရွာဘက်သို့ ကန်စွန်းရွက် သွားရောက်ရောင်းချသည့် ဖခင်ဖြစ်သူသည် အသက် ၇ နှစ်အရွယ် သမီးဖြစ်သူအား ၎င်းကိုယ်တိုင် ဝေယျာဝစ္စ လုပ်ကိုင်ပေးနေသည့် ဇလီထောင့်ဘုန်းကြီးကျောင်းတွင် ခေတ္တအပ်နှံထားခဲ့ရာမှ စတင်ခဲ့ခြင်းဖြစ်သည်။

မိခင်ဖြစ်သူက ကလေးငယ်အား ကျောင်းမှ ပြန်လည်ခေါ်ဆောင်လာပြီးနောက် နေအိမ်အရောက်တွင် ကလေးငယ်က ဘုန်းကြီးကျောင်းတွင် ထားခဲ့သည့် အကြိမ်တိုင်း၌ ဘုန်းကြီး ဦးသီလက အဓမ္မပြုကျင့်ခဲ့ကြောင်း ဖွင့်ဟပြောဆိုခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ဒေသခံတစ်ဦးက သူ့အဖေက ကန်စွန်းရွက်သွားရောင်းရင်း သူဝေယျာဝစ္စလုပ်နေတဲ့ ဘုန်းကြီးကျောင်းကို ယုံပြီး အပ်ခဲ့တာ။ အမေဖြစ်သူက သွားခေါ်တော့ အိမ်ရောက်မှ ကလေးက ထားခဲ့တဲ့အချိန်တိုင်း ဘုန်းကြီးက အဓမ္မပြုကျင့်တယ်လို့ ပြောတာ။ အဓမ္မပြုကျင့်တယ်လို့ စွပ်စွဲခံရတဲ့ ဘုန်းကြီးက ငယ်ဖြူမဟုတ်ဘူး၊ ဒုလ္လဘဝတ်ထားတဲ့ ဘုန်းကြီးပါ။ ကလေးကတော့ ထိခိုက်ဒဏ်ရာတွေကြောင့် ဆေးရုံတောင် တင်လိုက်ရတယ် ဟု ပြောကြားသည်။

အဆိုပါဖြစ်စဉ်အား မိခင်ဖြစ်သူက သိရှိပြီးနောက် စက်တင်ဘာလ ၅ ရက်တွင် တောင်ငူမြို့နယ်ရဲစခန်းသို့ သွားရောက်တိုင်ကြားခဲ့သဖြင့် သက်ဆိုင်ရာက ဒုလ္လဘဘုန်းကြီး ဦးသီလ (ခ) ဦးနှင်း အား ဖမ်းဆီးခဲ့ပြီး (ပ) ၁၀၆/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ (မုဒိမ်းမှု) ဖြင့် အမှုဖွင့်အရေးယူခဲ့ခြင်း ဖြစ်သည်။ ထို့နောက် စက်တင်ဘာလ ၂၅ ရက်တွင် တောင်ငူခရိုင်တရားရုံး၌ ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် ကလေးသူငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် ကျူးလွန်မှုများ ဆက်တိုက်ဖြစ်ပွားနေပြီး ပြီးခဲ့သည့် စက်တင်ဘာလ ၂၀ ရက်ကလည်း ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ကျွန်းကလေးကျေးရွာတွင် အသက် ၆ နှစ်အရွယ် သီလရှင်ကလေးငယ်တစ်ဦးအား အဓမ္မပြုကျင့်ခဲ့သည်ဟု စွပ်စွဲခံရသည့် အမျိုးသားတစ်ဦးကို ဖမ်းဆီးအရေးယူထားသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။

အင်းလေး ပျားပင်တောင်ရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၃၀ ကျော် အမိုးလန်ပျက်စီးအင်းလေး #၂၇-စက်တင်ဘာ-၂၀၂၆ရှမ်းပြည်န...
27/09/2026

အင်းလေး ပျားပင်တောင်ရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၃၀ ကျော် အမိုးလန်ပျက်စီး

အင်းလေး #၂၇-စက်တင်ဘာ-၂၀၂၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ ပျားပင်တောင်ကျေးရွာတွင် ယနေ့ စက်တင်ဘာ ၂၇ ရက်၌ လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့ရာ နေအိမ် ၃၂ လုံးခန့် သွပ်မိုးများ လန်ထွက်ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့ မိုးသက်လေပြင်း ပြင်းထန်စွာ တိုက်ခတ်မှုကြောင့် ပျားပင်တောင်ရွာရှိ သစ်သားနေအိမ်များနှင့် ဝါးထရံကာ အိမ်များစွာ၏ အမိုးသွပ်ပြားများ ကွာကျလွင့်စင်သွားခဲ့ပြီး အချို့နေအိမ်များမှာ အတွင်းပိုင်းအထိ ပျက်စီးယိုယွင်းမှုများ ကြုံတွေ့ခဲ့ရသည်။ ထို့အပြင် ယာယီတဲအိမ်နှင့် ဝါးအိမ်အချို့ ပြိုကျပျက်စီးမှုများလည်း ရှိခဲ့သည်။

လေတိုက်တာ အရမ်းကြမ်းတော့ အိမ်ခေါင်မိုးတွေ အကုန်လန်ထွက်ကုန်တယ်။ အိမ် ၃၀ ကျော်လောက် သွပ်တွေ ကွာကျကုန်တာ။ မိုးရွာရင် အိမ်ထဲရေတွေဝင်မှာ စိုးရိမ်နေရတယ် ဟု ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိတွင် လေဘေးသင့်ပြည်သူများသည် အမိုးအကာမဲ့သွားသည့် နေအိမ်များကို အရေးပေါ် ပြန်လည်ပြင်ဆင်ဖာထေးနိုင်ရန် ကြိုးပမ်းနေကြပြီး သွပ်၊ မိုးကာနှင့် အရေးပေါ် အကူအညီများ လိုအပ်လျက်ရှိကြောင်း သိရသည်။

ပန်းတောင်း ကပစ-၁၆ တွင် အဆင့်မြင့် RDX ယမ်းချက်လုပ်ရုံ ထပ်မံပေါက်ကွဲ၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးထက်မနည်း သေဆုံးပြီး သတင်းအ...
27/09/2026

ပန်းတောင်း ကပစ-၁၆ တွင် အဆင့်မြင့် RDX ယမ်းချက်လုပ်ရုံ ထပ်မံပေါက်ကွဲ၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးထက်မနည်း သေဆုံးပြီး သတင်းအမှောင်ချထား

အင်းလေး #၂၇-စက်တင်ဘာ-၂၀၂၆

ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်၊ မသုန်ဒေသအခြေစိုက် အမှတ် (၁၆) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၁၆) အတွင်းရှိ ပြင်းအားမြင့်စစ်ဘက်သုံး ယမ်းချက်လုပ်ရုံတွင် ထပ်မံပေါက်ကွဲမှုဖြစ်ပွားပြီး တပ်ဖွဲ့ဝင် ၆ ဦး သေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စက်ရုံတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂၄ ရက် နံနက်ပိုင်းက ကပစ-၁၆ စက်ရုံဝင်းအတွင်းရှိ RDX (Research Department Explosive) 1 Series အလုပ်ရုံတွင် ပိုက်လိုင်းဝရိန်ဆော်ပြုပြင်နေစဉ် ပိုက်အတွင်း ကျန်ရှိနေသည့် ယမ်းမှုန့်အကြွင်းအကျန်များမှတစ်ဆင့် မီးကူးစက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။ အဆိုပါ ပေါက်ကွဲမှုကြောင့် နည်းပညာကျွမ်းကျင် တပ်ကြပ်ကြီးတစ်ဦး မီးလောင်ဒဏ်ရာဖြင့် နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးခဲ့ပြီး၊ အခြားတပ်ဖွဲ့ဝင် ၅ ဦး အပါအဝင် စုစုပေါင်း ၆ ဦး သေဆုံးကာ ၄ ဦးထက်မနည်း ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။

ထိခိုက်ဒဏ်ရာရရှိသူများကို ပြည်မြို့ရှိ စစ်ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ထားပြီး လက်ရှိတွင် စစ်ကောင်စီအရာရှိကြီးများ၏ အမိန့်ဖြင့် ပြင်ပသို့ သတင်းအချက်အလက် ပေါက်ကြားမှုမရှိစေရန် အထူးတင်းကျပ်စွာ သတင်းအမှောင်ချ ပိတ်ပင်ထားကြောင်း သိရသည်။

ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် RDX သည် စစ်ဘက်သုံး ပေါက်ကွဲစေတတ်သော ဓာတုဒြပ်ပေါင်းအမျိုးအစားဖြစ်ပြီး စစ်ကောင်စီ၏ တိုက်ခိုက်ရေးလေယာဉ်သုံး ဗုံးများ၊ ၁၂၀ မမ၊ ၁၅၅ မမ အပါအဝင် လက်နက်ကြီးကျည်ဆန်များနှင့် မိုင်းအမျိုးမျိုးတွင် ထည့်သွင်းအသုံးပြုသည့် အဓိက ယမ်းပြင်းဖြစ်သည်။

ကပစ-၁၆ သည် ပဲခူးရိုးမနှင့် ရခိုင်ရိုးမစပ်ကြားတွင် တည်ရှိပြီး၊ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲများပြင်းထန်နေသည့် ပန်းတောင်းမြို့နယ် ညောင်ကျိုးဒေသနှင့် အနီးဝန်းကျင် စစ်မျက်နှာများသို့ လက်နက်ကြီးကျည်နှင့် ခဲယမ်းများ အဓိက ထောက်ပံ့ပေးနေသည့် စစ်လက်နက်ထုတ်လုပ်ရေး ဗဟိုချက်တစ်ခုလည်း

စက်ရုံမှူး ဗိုလ်မှူးကြီး အောင်နေထွန်း တာဝန်ယူကိုင်တွယ်သည့် ကာလအတွင်း ယခုကဲ့သို့ စက်ရုံအတွင်း ပေါက်ကွဲမှုများ မကြာခဏ ဖြစ်ပွားလျက်ရှိသည်။

ပြီးခဲ့သည့် ဇွန်လ ၃၀ ရက်ကလည်း ကပစ-၁၆ ဝင်းအတွင်းရှိ နိုက်ထရစ်အက်ဆစ်အခြေခံ အဖြူရောင်အငွေ့ထွက်ယမ်း (WNA) ချက်လုပ်သည့် အလုပ်ရုံ ပေါက်ကွဲခဲ့သဖြင့် စစ်ဘက်နည်းပညာကျွမ်းကျင်သူ ၁ ဦး သေဆုံးကာ ၃ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ဖူးသည်။

ကပစ စက်ရုံများတွင် ကုန်ကြမ်းပစ္စည်း အရည်အသွေးကျဆင်းလာခြင်း၊ စက်ယန္တရားများ သက်တမ်းလွန်နေခြင်းနှင့် အတင်းအကျပ် အချိန်မီထုတ်လုပ်ခိုင်းနေရသည့် ဖိအားများကြောင့် နည်းပညာပိုင်းဆိုင်ရာ ဘေးကင်းလုံခြုံမှု ချို့ယွင်းချက်များ ဆက်တိုက်ဖြစ်ပေါ်နေသော်လည်း စစ်ကောင်စီဘက်က ယင်းဆုံးရှုံးမှုများကို အစဉ်တစိုက် ဖုံးကွယ်ထားလေ့ရှိကြောင်း စက်ရုံတွင်း သတင်းရင်းမြစ်များက ထောက်ပြထားသည်။

ဂျပန်က မြန်မာလုပ်သားများအတွက် စနစ်သစ်ဖြင့် ခေါ်ယူရန် ပြင်ဆင်နေသော်လည်း ပြည်တွင်းကန့်သတ်ချက်များကြောင့် လူငယ်များ သွားရော...
27/09/2026

ဂျပန်က မြန်မာလုပ်သားများအတွက် စနစ်သစ်ဖြင့် ခေါ်ယူရန် ပြင်ဆင်နေသော်လည်း ပြည်တွင်းကန့်သတ်

ချက်များကြောင့် လူငယ်များ သွားရောက်နိုင်ရေး စိန်ခေါ်မှုရှိနေ။

အင်းလေး #၂၇-စက်တင်ဘာ-၂၀၂၆

မြန်မာနိုင်ငံတွင် စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကြောင့် ပြည်ပသို့ ထွက်ခွာအလုပ်လုပ်ကိုင်လိုသည့် လူငယ်ထုအကြား စိုးရိမ်မှုများ မြင့်တက်နေချိန်တွင် ဂျပန်နိုင်ငံက လုပ်သားများအား စနစ်သစ်ဖြင့် ခေါ်ယူရန် စီစဉ်နေကြောင်း သိရသည်။

ဂျပန်နိုင်ငံသည် လာမည့်နှစ် ဧပြီလမှစတင်၍ လုပ်သားခေါ်ယူမှု စနစ်သစ်ကို စတင်အကောင်အထည်ဖော်ရန် ရည်ရွယ်ထားပြီး မြန်မာနိုင်ငံရှိ ပြည်ပအလုပ်အကိုင် အေဂျင်စီ ၂၆၂ ခုကိုလည်း ခွင့်ပြုချက်ထုတ်ပေးထားကြောင်း ဖော်ပြထားသည်။ အဆိုပါ စနစ်သစ်အရ ဂျပန်နိုင်ငံသို့ သွားရောက်မည့်သူများသည် ဂျပန်ဘာသာစကား အရည်အချင်းစစ် စာမေးပွဲ N5 သို့မဟုတ် JFT အခြေခံအဆင့် အောင်မြင်ထားရန် လိုအပ်မည်ဖြစ်သည်။ ယင်းစနစ်တွင် လုပ်သားများသည် ဂျပန်နိုင်ငံသို့ ရောက်ရှိလုပ်ကိုင်ပြီး တစ်နှစ်ပြည့်ပါက လုပ်ငန်းခွင် ပြောင်းလဲခွင့်ရရှိမည်ဖြစ်သလို သုံးနှစ်ပြည့်မြောက်ပါက စာမေးပွဲဖြေဆိုကာ ကျွမ်းကျင်လုပ်သားဗီဇာ (Tokutei Ginou) သို့ ကူးပြောင်းလျှောက်ထားခွင့် ရရှိမည်ဖြစ်သည်။

လက်ရှိ ကျင့်သုံးနေသည့် အလုပ်သင်သင်တန်းသားစနစ် (TITP) ကို ၂၀၂၇ ခုနှစ် ဖေဖော်ဝါရီလတွင် အပြီးသတ် ဖျက်သိမ်းမည်ဖြစ်ပြီး၊ လက်ရှိ ဗီဇာလျှောက်ထားပြီးသူများသည် သြဂုတ်လကုန်ပိုင်းအထိ ဆက်လက်ထွက်ခွာခွင့်ရရှိမည်ဟု သိရသည်။ ယခင် အလုပ်သင်စနစ်သည် လူ့အခွင့်အရေး ရှုထောင့်အရ လုပ်သားများကို ဖိနှိပ်ခိုင်းစေသကဲ့သို့ ဖြစ်နေသည့်အတွက် ဂျပန်အစိုးရက ယခုကဲ့သို့ စနစ်သစ်သို့ ပြောင်းလဲပြင်ဆင်ခြင်းဖြစ်ကြောင်း ဆိုသည်။

လက်ရှိအချိန်တွင် အဆိုပါစနစ်သစ်အတွက် နှစ်နိုင်ငံ ဝန်ကြီးဌာနအဆင့် နားလည်မှုစာချွန်လွှာ (MoU) ရေးထိုးနိုင်ရေး ဆက်လက်ဆောင်ရွက်နေဆဲဖြစ်သည်။ သို့သော် မြေပြင်တွင် စစ်ကောင်စီက အသက် ၃၅ နှစ်အောက် အမျိုးသားများကို ပြည်ပထွက်ခွာခွင့် ကန့်သတ်ပိတ်ပင်ထားသလို အမျိုးသမီးလုပ်သား စေလွှတ်မှုတွင်လည်း အေဂျင်စီတစ်ခုလျှင် လူဦးရေ ၁၅ ဦးထက် မကျော်ရသည့် ကန့်သတ်ချက်များ ချမှတ်ထားသည်။ ထို့ကြောင့် ဂျပန်နိုင်ငံဘက်က အသက် ၁၈ မှ ၃၀ နှစ်ကြား လူငယ်လုပ်သားများကို အဓိက လိုလားသော်လည်း အမှန်တကယ် စေလွှတ်နိုင်မည့် အချိုးအစားမှာ ကြီးမားစွာ ကွာဟနေဆဲဖြစ်သည်။

တစ်ဖက်တွင်လည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဂျပန်နိုင်ငံ ကိုယ်စားလှယ်ရုံးက ဂျပန်တွင် ရောက်ရှိလုပ်ကိုင်နေသည့် မြန်မာလုပ်သားများအနေဖြင့် စစ်ကောင်စီထံ နိုင်ငံကူးလက်မှတ် (Passport) သက်တမ်းတိုးရန် မလိုဘဲ ကျွမ်းကျင်လုပ်သားဗီဇာသို့ တိုက်ရိုက်လျှောက်ထားနိုင်ပြီဖြစ်ကြောင်း အသိပေးထားပြီး၊ ဂျပန်အစိုးရကလည်း မြန်မာနိုင်ငံသားများအပေါ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဗီဇာဖြေလျှော့မှုများ ဆောင်ရွက်ပေးလျက်ရှိသည်။

အင်းလေးဒေသအပါအဝင် နိုင်ငံတစ်ဝန်းရှိ စစ်မှုထမ်းဆင့်ခေါ်ခံရမှုအန္တရာယ်နှင့် ရင်ဆိုင်နေရသော လူငယ်များအတွက် ဂျပန်နိုင်ငံ၏ စနစ်သစ်သည် ထွက်ပေါက်တစ်ခု ဖြစ်လာနိုင်သော်လည်း စစ်ကောင်စီ၏ ပြည်ပထွက်ခွာခွင့် ကန့်သတ်ပိတ်ဆို့မှုများကြောင့် လက်တွေ့တွင် ထွက်ခွာခွင့် မည်မျှအထိ ရရှိမည်ကို ဆက်လက်စောင့်ကြည့်ရမည်ဖြစ်သည်။

27/09/2026

အထူးတိုင်းစစ်ဌာန လေကြောင်းတိုက်ခိုက်ခံရမှုအပေါ် သတင်းမီဒီယာများ ပြည်သူ့မျက်နှာနှင့် တော်လှန်ရေး

မျက်နှာကို ကြည့်ရန် NUG ပြောရေးဆိုခွင့်ရှိသူ သတိပေ။

အင်းလေး #၂၇-စက်တင်ဘာ-၂၀၂၆

စက်တင်ဘာ ၂၄ ရက် မွန်းလွဲပိုင်းတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ အထူးတိုင်းစစ်ဌာန လေကြောင်းတိုက်ခိုက်ခံရပြီး CDM တပ်ကြပ်ကြီး နေဝင်းအောင် အပါအဝင် PDF ရဲဘော်တချို့ ကျဆုံးခဲ့ရသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ NUG ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က တိုက်ခိုက်မှုအတွင်း ကျဆုံးခဲ့ရသည့် ရဲဘော်များအတွက် ဦးညွှတ်အလေးပြုကြောင်းနှင့် သတင်းမီဒီယာများအနေဖြင့် မြေပြင်လုံခြုံရေးကို ထိခိုက်စေမည့် အချက်အလက်များ ဖော်ပြမှုအပေါ် သတိပြုဆင်ခြင်ရန် မှတ်ချက်ပြု ပြောကြားလိုက်သည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်နှင့် ပတ်သက်၍ NUG အနေဖြင့် တရားဝင် သတင်းထုတ်ပြန်ချက် မထုတ်ပြန်သေးသော်လည်း အကြမ်းဖက်စစ်ကောင်စီတပ်သည် စစ်ရေးပစ်မှတ်များကိုသာမက ပြည်သူများ၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်းနှင့် ဘာသာရေးအဆောက်အအုံများကိုပါ ခွဲခြားမှုမရှိ ပစ်မှတ်ထား တိုက်ခိုက်နေကြောင်း ဦးနေဘုန်းလတ်က ပြောဆိုခဲ့သည်။

ယင်းအပြင် တိုက်ခိုက်မှုဖြစ်စဉ်အပေါ် သတင်းမီဒီယာများ၏ ရေးသားဖော်ပြမှုများနှင့် ပတ်သက်၍ ဦးနေဘုန်းလတ်က အောက်ပါအချက်များကို အလေးထား သုံးသပ်ပြောကြားခဲ့သည် -

မြေပြင်အချက်အလက် အတိအကျဖော်ပြမှုအပေါ် သတိပေးခြင်း
သတင်းမီဒီယာများ သတင်းရယူတင်ပြခြင်းသည် အမှားမဟုတ်သော်လည်း ရှုပ်ထွေးနေသည့် အချိန်အခါမျိုးတွင် မလိုအပ်ဘဲ တည်နေရာ (Location)၊ အမည်စသည့် အချက်အလက်များကို အလျင်စလို အတိအကျ ထုတ်ပြန်ခြင်းသည် မြေပြင်ရှိ ရဲဘော်များနှင့် ပြည်သူများ၏ အသက်အန္တရာယ်ကို ထိခိုက်စေနိုင်ပြီး စစ်ကောင်စီအတွက်သာ အကျိုးရှိသွားစေနိုင်ကြောင်း ထောက်ပြခဲ့သည်။

ပြည်သူ့မျက်နှာနှင့် တော်လှန်ရေးမျက်နှာကို ကြည့်ရန် တိုက်တွန်းခြင်း
သာမန်အခြေအနေနှင့် မတူဘဲ ပြည်သူ့တော်လှန်ရေး ဆင်နွှဲနေရသည့် ကာလဖြစ်သဖြင့် မီဒီယာသမားများအနေဖြင့် တော်လှန်ရေးအင်အားစုများ၏ မျက်နှာကို မကြည့်သည့်တိုင် ပြည်သူ့မျက်နှာနှင့် တော်လှန်ရေးမျက်နှာကို မဖြစ်မနေ ကြည့်ရှုဆင်ခြင်ကြရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

မီဒီယာသမားများကိုလည်း တော်လှန်ရေးရဲဘော်အဖြစ် ရှုမြင်ခြင်း
စစ်အာဏာသိမ်းပြီးချိန်မှစ၍ သတင်းသမား ၂၀၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး ၁၇ ဦးခန့် ထောင်သွင်းအကျဉ်းကျခံနေရဆဲ ဖြစ်သလို နှိပ်စက်သတ်ဖြတ်ခံရ၍ ၉ ဦးခန့် သေဆုံးခဲ့ရကြောင်း၊ စစ်အုပ်စုသည် သတင်းအချက်အလက်အမှန်များ ထွက်ပေါ်လာမည်ကို အလွန်ကြောက်ရွံ့သဖြင့် ဖိနှိပ်နေခြင်းဖြစ်ကြောင်းနှင့် မီဒီယာသမားများသည်လည်း နည်းနာမတူသော်လည်း စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်နေကြသည့် တော်လှန်ရေးရဲဘော်ရဲဘက်များအဖြစ် သဘောထားကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။

ထို့ကြောင့် ရှေ့တန်းမျက်နှာပြင်တွင် အသက်နှင့်ရင်း၍ တော်လှန်နေကြရသူများ၏ လုံခြုံရေးကို ထိခိုက်မှုမရှိစေရန် မီဒီယာများအနေဖြင့် မိမိတို့တင်ပြသည့် သတင်းအချက်အလက်များသည် တော်လှန်ရေးနှင့် ပြည်သူလူထုအတွက် မည်မျှအကျိုးသက်ရောက်မှုရှိသည်ကို အမြဲသတိချပ်ကြရန် တိုက်တွန်းထားသည်။

ပြည်တွင်း အထည်ချုပ်စက်ရုံများ ဆက်တိုက်ပိတ်သိမ်းနေမှုကို ပြည်ပထွက်ပြေးသူများ၏ လှုံ့ဆော်မှုဟု စစ်ကောင်စီ အလုပ်သမားဝန်ကြီး ...
27/09/2026

ပြည်တွင်း အထည်ချုပ်စက်ရုံများ ဆက်တိုက်ပိတ်သိမ်းနေမှုကို ပြည်ပထွက်ပြေးသူများ၏ လှုံ့ဆော်မှုဟု

စစ်ကောင်စီ အလုပ်သမားဝန်ကြီး အပြစ်တင်။

အင်းလေး #၂၇- စက်တင်ဘာ- ၂၀၂၆

မြန်မာနိုင်ငံအတွင်း အထည်ချုပ်စက်ရုံများ အစုလိုက်အပြုံလိုက် ပိတ်သိမ်းနေရခြင်းနှင့် အလုပ်သမားထောင်သောင်းချီ အလုပ်လက်မဲ့ ဖြစ်ပေါ်နေရမှုအပေါ် ပြည်ပထွက်ပြေး တိမ်းရှောင်နေသူများ၏ သတင်းဖြန့်ဝေ သွေးထိုးလှုံ့ဆော်မှုကြောင့်ဖြစ်သည်ဟု စစ်ကောင်စီ၏ အလုပ်သမားဝန်ကြီး ဦးခင်မောင်စိုးက စက်တင်ဘာလ ၂၅ ရက်နေ့တွင် အပြစ်တင်ပြောဆိုလိုက်သည်။

လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ် ကေအေစီခန်းမ၌ ပြုလုပ်သည့် ရန်ကုန်တိုင်းအတွင်းရှိ စက်ရုံများ ပုံမှန်လည်ပတ်ရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲတွင် ၎င်းက ထိုသို့ ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။ အဆိုပါ တွေ့ဆုံပွဲတွင် ဝန်ကြီးက ပြည်တွင်းစက်ရုံများ အော်ဒါကျဆင်းစေရန်နှင့် လုပ်သားများ အလုပ်လက်မဲ့ဖြစ်စေရန် ပြည်ပရောက် အဖျက်အင်အားစုများက မဟုတ်မမှန် သတင်းများဖြင့် လှုံ့ဆော်နေသည်ကို သိရှိနားလည်ရန် လိုကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် အလုပ်သမားများ အလုပ်အကိုင် တည်မြဲရေးကို စောင့်ကြည့် ဆောင်ရွက်ပေးနေကြောင်း ပြောကြားခဲ့သည်။

သို့သော် လက်တွေ့မြေပြင်တွင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကြုံတွေ့နေရသည့် အထွေထွေ အကျပ်အတည်းများကြောင့် လုပ်ငန်းများ ရပ်ဆိုင်းနေရခြင်းဖြစ်ကြောင်း ကုန်ထုတ်လုပ်ငန်းရှင်များနှင့် လုပ်သားထုကြားမှ ထောက်ပြလျက်ရှိသည်။ အထူးသဖြင့် နိုင်ငံတကာ စီးပွားရေးပိတ်ဆို့မှုများနှင့် နိုင်ငံရေး မတည်ငြိမ်မှုကြောင့် နိုင်ငံတကာ အမှတ်တံဆိပ်များ၏ ပြည်ပအမှာစာ (Export Orders) များ ထိုးစိုက်ကျဆင်းသွားခြင်း၊ CMP ကုန်ကြမ်း တင်သွင်းရာတွင် စစ်ကောင်စီ၏ တင်းကျပ်လွန်းသော သွင်းကုန်လိုင်စင် မူဝါဒများနှင့် နိုင်ငံခြားငွေ ထိန်းချုပ်မှုများကြောင့် ကုန်ကြမ်းပြတ်လပ်ခြင်းတို့ ဖြစ်ပေါ်နေသည်။

ထို့အပြင် စစ်ကောင်စီက အသက်သွင်းလိုက်သည့် စစ်မှုထမ်းဥပဒေကြောင့် လုပ်ငန်းခွင်အတွင်းရှိ ကျွမ်းကျင်လုပ်သားနှင့် လူငယ်အများအပြား နိုင်ငံစွန့်ခွာ ထွက်ပြေးခဲ့ကြရာ စက်ရုံများတွင် လုပ်သားရှားပါးမှုပြဿနာကို ပြင်းထန်စွာ ရင်ဆိုင်နေရသည်။ စက်ရုံများ လည်ပတ်ရန် မရှိမဖြစ်လိုအပ်သည့် လျှပ်စစ်ဓာတ်အား ပုံမှန်မရရှိခြင်းနှင့် မီးစက်မောင်းရန် ဒီဇယ်လောင်စာဆီကို လွတ်လပ်စွာ ဝယ်ယူခွင့် ကန့်သတ်ထားခြင်းတို့ကလည်း ကုန်ထုတ်လုပ်မှု ကုန်ကျစရိတ်ကို အဆမတန် မြင့်တက်စေကာ စက်ရုံများ ရေရှည်ရပ်တည်ရန် မဖြစ်နိုင်တော့သည့် အခြေအနေသို့ တွန်းပို့လျက်ရှိသည်။

လက်ရှိ ရန်ကုန်တိုင်းအတွင်း ယခု စက်တင်ဘာလနှင့် လာမည့် အောက်တိုဘာလအတွင်း စက်ရုံပေါင်း ၂၀ နီးပါး ပိတ်သိမ်းရန် စစ်ကောင်စီထံ တရားဝင် တင်ပြထားပြီး ဖြစ်သည်။ ၎င်းတို့အနက် ထန်းတပင်မြို့နယ်မှ လုပ်သား ၃,၀၀၀ ကျော်ရှိသည့် တရုတ်နိုင်ငံသားပိုင် TENG HUI (Myanmar) သိုးမွှေးအထည်ချုပ်စက်ရုံနှင့် ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်မှ လုပ်သား ၈၀၀ ခန့်ရှိသည့် Sunrise (Myanmar) အထည်ချုပ်စက်ရုံတို့မှာ အပြီးတိုင် ပိတ်သိမ်းသွားခဲ့ပြီ ဖြစ်သည်။

စက်ရုံပိတ်သိမ်းမှုများကြောင့် အလုပ်ပြုတ်သွားသည့် လုပ်သားများအတွက် အလုပ်သမားဝန်ကြီးဌာနက ပြန်လည်နေရာချထားပေးနေသည်ဟု ဆိုသော်လည်း အမှန်တကယ် လက်တွေ့တွင်မူ အဆင်မပြေမှုများစွာ ရှိနေသည်။

"အထည်ချုပ်စက်ရုံက ပြုတ်တာကို စိုက်ပျိုးရေးဘက် သွားလုပ်ခိုင်းတယ်။ ဒါပေမဲ့ အလုပ်ပြုတ်တဲ့လူက ၃,၀၀၀ ကျော်လောက်ရှိနေပြီး သူတို့ ပြန်ပေးတဲ့ အလုပ်နေရာက ၂၀၀ လောက်ပဲရှိတော့ အကုန်လုံး ပြုံတိုးလုနေရတာပါပဲ" ဟု TENG HUI သိုးမွှေးစက်ရုံမှ အလုပ်လက်မဲ့ဖြစ်သွားရသည့် အလုပ်သမားတစ်ဦးက အခြေအနေကို ဖွင့်ဟပြောဆိုသည်။

ယခုအခါ ရန်ကုန်စက်မှုဇုန်များအတွင်း အဓိက ရင်းနှီးမြှုပ်နှံထားသည့် တရုတ်နိုင်ငံသားပိုင် အထည်ချုပ်နှင့် ဖိနပ်စက်ရုံ အပါအဝင် စက်ရုံ ၂၀ ခန့် ထပ်မံပိတ်သိမ်းသွားပါက လုပ်သားအင်အား ၅၅,၀၀၀ မှ ၆၀,၀၀၀ ခန့်အထိ အလုပ်လက်မဲ့ဘေးနှင့် တိုက်ရိုက် ရင်ဆိုင်ရတော့မည်ဖြစ်ကြောင်း အလုပ်သမားအရေး စောင့်ကြည့်လှုပ်ရှားသူများက ခန့်မှန်းထားသည်။

မြန်မာနိုင်ငံ၏ CMP အထည်ချုပ်ကဏ္ဍသည် ၂၀၂၂ ခုနှစ်တွင် ပို့ကုန်အများဆုံး တင်ပို့နိုင်ခဲ့သော်လည်း စစ်အာဏာသိမ်းမှု၏ နောက်ဆက်တွဲ ဂယက်များကြောင့် ၂၀၂၃ ခုနှစ်တွင် ၁၄ ရာခိုင်နှုန်းနှင့် ၂၀၂၄ ခုနှစ်တွင် ၁၁ ရာခိုင်နှုန်းအထိ ပို့ကုန်တင်ပို့မှု ဆက်တိုက်ထိုးကျခဲ့ရာ နိုင်ငံခြားပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၇၅၀ သန်းခန့်အထိ ဆုံးရှုံးနစ်နာခဲ့ကြောင်း မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်း၏ အချက်အလက်များအရ သိရှိရသည်

ပုံ အလုပ်သမား၀န်ကြီးမောင်မောင်စိုး

26/09/2026

ဘန်ကောက်တွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုကြောင့် စိုင်းစိုင်းခမ်းလှိုင်တို့၏ ရှိုးပွဲကျင်း

ပမည့်ရက် ပရိသတ်များ အခက်အခဲနှင့် ရင်ဆိုင်နေရ။

အင်းလေး #၂၆-စက်တင်ဘာ-၂၀ ၂၆

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်နှင့် ဆင်ခြေဖုံးဒေသများတွင် မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုကြောင့် မြို့တွင်းလမ်းမကြီးများပေါ် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေပြီး ယနေ့ စက်တင်ဘာ ၂၆ ရက်တွင် ကျင်းပရန် စီစဉ်ထားသည့် မြန်မာအဆိုတော် စိုင်းစိုင်းခမ်းလှိုင် အပါအဝင် အနုပညာရှင်များ ပါဝင်မည့် "A Night in Bangkok" တေးဂီတဖျော်ဖြေပွဲသို့ သွားရောက်မည့် ပရိသတ်များ သွားလာရေး အခက်အခဲနှင့် ရင်ဆိုင်နေရသည်။

စက်တင်ဘာ ၂၅ ရက်မှစတင်၍ မိုးသည်းထန်စွာရွာသွန်းခဲ့ရာ မြို့တွင်း အဓိကလမ်းမကြီးများ၊ လူနေရပ်ကွက်များနှင့် လမ်းသွယ်အချို့တွင် ရေဝင်ရောက်မှုများ မြင့်တက်လာခဲ့သည်။ ယင်းကြောင့် မော်တော်ယာဉ်နှင့် ဆိုင်ကယ်များ သွားလာရန် ခက်ခဲခြင်း၊ အချို့ရပ်ကွက်များတွင် ပို့ဆောင်ရေး (Delivery) ဝန်ဆောင်မှုများ ယာယီနှောင့်နှေးခြင်းနှင့် အခြေခံစားသောက်ကုန် စတိုးဆိုင်များသို့ သွားရောက်ဝယ်ယူရန် အခက်အခဲဖြစ်ပေါ်ခြင်းတို့ ကြုံတွေ့နေရကြောင်း ဒေသခံများနှင့် ထိုင်းရောက် မြန်မာလုပ်သားများက ဆိုသည်။

ထိုင်းမိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနကလည်း အပူပိုင်းမုတ်သုံလေနှင့် မိုးတိမ်တိုက်များ အားကောင်းနေခြင်းကြောင့် လာမည့်ရက်များအတွင်း ဘန်ကောက်မြို့အပါအဝင် မြို့နယ်အများအပြားတွင် မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းနိုင်ကြောင်း သတိပေးချက်များ ထုတ်ပြန်ထားသည်။

ယနေ့ညတွင် စိုင်းစိုင်းခမ်းလှိုင်၊ ဘန်နီဖြိုး၊ ရဲလေးနှင့် ဘော့ဘီဆောက်ဆာတို့ ပူးပေါင်းဖျော်ဖြေမည့် "A Night in Bangkok" ရှိုးပွဲအတွက် လက်မှတ်ဝယ်ယူထားသည့် ပရိသတ်များမှာ လက်ရှိ ရေကြီးမှုနှင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုများကြောင့် ပွဲကျင်းပမည့်နေရာသို့ သွားရောက်ရန် စိုးရိမ်မှုများ ဖြစ်ပေါ်နေသည်။

ဘန်ကောက်ရောက် မြန်မာပရိသတ်တစ်ဦးက "ရှိုးပွဲကြည့်ဖို့ လက်မှတ်ကြိုဝယ်ထားပေမဲ့ လက်ရှိ မိုးရွာပြီး ရေတွေကြီးနေလို့ အပြင်ထွက်ဖို့တောင် မလွယ်တဲ့ အခြေအနေ ဖြစ်နေတယ်။ ပွဲအစီအစဉ် ဘယ်လိုဖြစ်မလဲဆိုတာ စောင့်ကြည့်နေရတယ်" ဟု ၎င်း၏ အခက်အခဲကို ပြောဆိုထားသည်။

လက်ရှိအခြေအနေများအရ ပွဲစီစဉ်သူများဘက်မှ ဖျော်ဖြေပွဲ အစီအစဉ်နှင့် ပတ်သက်သည့် အသေးစိတ် ထုတ်ပြန်ချက်များကို ပရိသတ်များက စောင့်ကြည့်နေကြပြီး ဒေသတွင်း မိုးလေဝသနှင့် ရေကြီးမှု အန္တရာယ်ကြောင့် ဘန်ကောက်ရောက် ပြည်သူများအနေဖြင့်လည်း ဘေးကင်းလုံခြုံရေး သတိပြုနေထိုင်ကြရန် တိုက်တွန်းထားသည်။

တိုင်းစစ်ဌာနချုပ် လေကြောင်းတိုက်ခိုက်ခံရမှုတွင် CDM တပ်ကြပ်ကြီး နေဝင်းအောင် အပါအဝင် ကျဆုံးသူများကို အာဇာနည်အဖြစ် NUG သတ်...
26/09/2026

တိုင်းစစ်ဌာနချုပ် လေကြောင်းတိုက်ခိုက်ခံရမှုတွင် CDM တပ်ကြပ်ကြီး နေဝင်းအောင် အပါအဝင် ကျဆုံး

သူများကို အာဇာနည်အဖြစ် NUG သတ်မှတ်။

အင်းလေး #၂၆-စက်တင်ဘာ -၂၀၂၆

ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်အစပ်ရှိ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ တောင်ပိုင်းစစ်ဒေသ တိုင်းစစ်ဌာနချုပ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ကျဆုံးသွားခဲ့ရသည့် CDM တပ်ကြပ်ကြီး နေဝင်းအောင် အပါအဝင် ရဲဘော်များကို နွေဦးတော်လှန်ရေး၏ အာဇာနည်များအဖြစ် သတ်မှတ်ဂုဏ်ပြုကြောင်း NUG အစိုးရအဖွဲ့ဝင် ပညာရေးနှင့် ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ထုတ်ဖော်ပြောဆိုလိုက်သည်။

စစ်အာဏာရှင်ကို ဆန့်ကျင်ပြီး ပြည်သူ့ဘက်သို့ ရပ်တည်ကာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ခဲ့သူ တပ်ကြပ်ကြီး နေဝင်းအောင် ကျဆုံးခဲ့ရမှုအပေါ် မိသားစုဝင်များ၊ တော်လှန်ရေးအင်အားစုများနှင့်အတူ ထပ်တူထပ်မျှ ဝမ်းနည်းပူဆွေးရကြောင်းနှင့် ကျဆုံးသွားသည့် အာဇာနည်များနှင့်အတူ နွေဦးတော်လှန်ရေး အာဇာနည်တစ်ဦးအဖြစ် ဦးညွှတ်အလေးပြုကြောင်း ဝန်ကြီးက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ရေးသားထားသည်။

ထို့အပြင် တော်လှန်ရေးတာဝန် ထမ်းဆောင်ရင်း အသက်ပေးလှူသွားခဲ့ကြသည့် အာဇာနည်များ၏ ကျန်ရစ်သူမိသားစုဝင်များကိုလည်း အကောင်းဆုံး စောင့်ရှောက်ထောက်ပံ့သွားနိုင်ရန် စီစဉ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ၎င်းက အသိပေးထားသည်။

အဆိုပါ တိုင်းစစ်ဌာနချုပ် ဗုံးကြဲတိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ အာဏာသိမ်းစစ်ကောင်စီဘက်ကလည်း အတွင်းသတင်းပေး (ဒလန်/ဖရဲသီး) အချက်အလက်များအရ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု မနေ့က သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် CDM တပ်ကြပ်ကြီး နေဝင်းအောင် ကျဆုံးခဲ့ပြီး ကိုတင်လင်းအောင်အပြင် NUG ၏ တောင်ပိုင်းစစ်ဒေသ တိုင်းကွပ်ကဲရေးမှူး အောင်စံရှား အပါအဝင် ခေါင်းဆောင်အချို့နှင့် အဖွဲ့ဝင်များ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်ဟု ဖော်ပြထားသည်။ ယင်းအပြင် CDM ပြုလုပ်ခဲ့သည့် တပ်မတော်သားများကို နိုင်ငံတော်နှင့် တပ်မတော်အပေါ် သစ္စာဖောက်သူများအဖြစ် စွပ်စွဲပြောဆိုထားကာ နယ်မြေတည်ငြိမ်ရေးအတွက် စစ်ဆင်ရေးများကို ဆက်လက်တိုးမြှင့်သွားမည်ဟု ခြိမ်းခြောက်ထုတ်ပြန်ထားသည်။

စစ်ကောင်စီသည် မြေပြင်စစ်မျက်နှာများတွင် အထိနာနေချိန်၌ တော်လှန်ရေးတပ်ဖွဲ့များ၏ အခြေစိုက်စခန်းများ၊ စစ်ဒေသကွပ်ကဲရေးရုံးများနှင့် အရပ်ဘက်ပစ်မှတ်များကို လေကြောင်းအင်အား အလွန်အကျွံသုံးကာ ပစ်မှတ်ထားတိုက်ခိုက်မှုများ ပိုမိုပြုလုပ်လာလျက်ရှိသည်။

မြန်မာ့အရေး မေ့လျော့မသွားစေရန် နိုင်ငံတကာကို သတိပေးရပ်တည်ပေးသည့် တီမောသမ္မတကို NUG ယာယီသမ္မတ ကျေးဇူးတင်စကားဆို။အင်းလေး #...
26/09/2026

မြန်မာ့အရေး မေ့လျော့မသွားစေရန် နိုင်ငံတကာကို သတိပေးရပ်တည်ပေးသည့် တီမောသမ္မတကို

NUG ယာယီသမ္မတ ကျေးဇူးတင်စကားဆို။

အင်းလေး #၂၆-စက်တင်ဘာ-၂၀၂၆

မြန်မာနိုင်ငံ၏ ပကတိအခြေအနေများကို နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မေ့လျော့မသွားစေရန် စဉ်ဆက်မပြတ် သတိပေးတိုက်တွန်းပြီး ပြည်သူများနှင့်အတူ ခိုင်မာစွာရပ်တည်ပေးနေသည့် တီမောလက်စ်တေ (အရှေ့တီမော) သမ္မတ မစ္စတာ ဇိုဆေး ရာမို့စ်-ဟော်တာ အား အထူးပင်ကျေးဇူးတင်ရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်သည်။

ကုလသမဂ္ဂ အထွေထွေညီလာခံအပါအဝင် နိုင်ငံတကာစင်မြင့်များတွင် မြန်မာ့ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှု အကျပ်အတည်းများအပေါ် တီမောသမ္မတက အစဉ်တစိုက် ထုတ်ဖော်ပြောဆိုပေးနေခြင်းနှင့် ပတ်သက်၍ ယာယီသမ္မတ ဒူဝါလရှီးလက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ထိုသို့ ထုတ်ဖော်ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ယာယီသမ္မတ ဒူဝါလရှီးလက "မြန်မာနိုင်ငံကို မေ့လျော့မသွားစေဖို့ ကမ္ဘာကြီးကို သတိပေးနေပြီး ကြှနျုပျတို့နဲ့အတူ ရပ်တည်ပေးနေတဲ့အတွက် သမ္မတ ရာမို့စ်-ဟော်တာကို ကျေးဇူးတင်ရှိပါတယ်" ဟု အသိအမှတ်ပြု ရေးသားထားသည်။

ထို့အပြင် မြန်မာပြည်သူများအပေါ် တီမောသမ္မတ၏ ခိုင်မာသည့် ထောက်ခံအားပေးမှု၊ စည်းလုံးညီညွတ်မှုတို့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ကြောင်းနှင့် လွန်ခဲ့သည့်နှစ်များအတွင်း သမ္မတ မစ္စတာ ရာမို့စ်-ဟော်တာနှင့် တွေ့ဆုံဆွေးနွေးခွင့်ရခဲ့သည့် အခွင့်အရေးကိုလည်း အမြတ်တနိုး တန်ဖိုးထားကြောင်း ထည့်သွင်းဖော်ပြထားသည်။

တီမောသမ္မတသည် မြန်မာနိုင်ငံ၏ မိတ်ဆွေကောင်းတစ်ဦး ဖြစ်ရုံသာမက ဖိနှိပ်ခံပြည်သူများ၏ ဂုဏ်သိက္ခာနှင့် အနာဂတ်မျှော်မှန်းချက်များအတွက် ရဲဝံ့စွာ ရပ်တည်ပေးသည့် ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်ကြောင်း၊ မြန်မာပြည်သူများအပေါ် ထားရှိသည့် ကရုဏာတရား၊ ဦးဆောင်မှုနှင့် အခိုင်အမာ ကတိကဝတ်ပြုမှုများအတွက်လည်း ကျေးဇူးတင်ထိုက်ပေသည်ဟု NUG ယာယီသမ္မတက ဆိုသည်။

ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင်တစ်ဦးဖြစ်သည့် တီမောသမ္မတ မစ္စတာ ဇိုဆေး ရာမို့စ်-ဟော်တာ ဦးဆောင်သော တီမောလက်စ်တေအစိုးရသည် မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဒီမိုကရေစီလိုလားသည့် အင်အားစုများ၊ NUG အစိုးရတို့နှင့် ပွင့်လင်းစွာ ထိတွေ့ဆက်ဆံခဲ့သည့် အရှေ့တောင်အာရှနိုင်ငံတစ်ခုဖြစ်ပြီး အာဆီယံနှင့် ကုလသမဂ္ဂ စင်မြင့်များတွင်လည်း မြန်မာ့အရေးနှင့်စပ်လျဉ်း၍ ထဲထဲဝင်ဝင် ဝေဖန်ထောက်ပြ တိုက်တွန်းလေ့ရှိသည်။

26/09/2026

မြန်မာနိုင်ငံမှတရုတ်ကုမ္ပဏီတခုစတင်ထွက်ခွာ အလုပ်သမား ၈၀၀ ကျော် အလုပ်လက်မဲ့ဖြစ်ပြီ

အင်းလေး #၂၆- စက်တင်ဘာ- ၂၀၂၆

မြန်မာနိုင်ငံအတွင်း စီးပွားရေးအကျပ်အတည်းများ ဆက်တိုက်ကြုံတွေ့နေရချိန်တွင် ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန် (၄) ရှိ တရုတ်နိုင်ငံသားပိုင် Sunrise (Myanmar) Fashion Co.,Ltd အထည်ချုပ်စက်ရုံ ရပ်ဆိုင်းထွက်ခွာသွားပြီဖြစ်ရာ လုပ်သား ၈၀၀ ကျော် အလုပ်လက်မဲ့ဖြစ်ရတော့မည်ဖြစ်ကြောင်း စက်ရုံအလုပ်သမားများထံမှ သိရသည်။

BURTLE၊ ZEROSTAGE နှင့် AIRRICH FWANNEL စသည့် နိုင်ငံတကာအမှတ်တံဆိပ်များ ချုပ်လုပ်တင်ပို့နေသည့် အဆိုပါ တရုတ်ရင်းနှီးမြှုပ်နှံမှုစက်ရုံသည် လာမည့် အောက်တိုဘာလအတွင်း လုပ်ငန်းအားလုံး အပြီးပိတ်သိမ်းမည်ဖြစ်ကြောင်း တရားဝင် အသိပေးကြေညာခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် အလုပ်သမား ၈၀၀ ဝန်းကျင်အတွက် နစ်နာကြေးနှင့် လုပ်သက်အလိုက် လျှော်ကြေးငွေများကို အလုပ်သမားဥပဒေနှင့်အညီ ပေးအပ်နိုင်ရန် သက်ဆိုင်ရာ အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၊ အလုပ်သမားကိုယ်စားလှယ်များနှင့် စက်ရုံတာဝန်ရှိသူများအကြား ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်နေသည်။

"လုပ်သက်ရင့် နှစ်ကြာတဲ့ အလုပ်သမားတွေအတွက် နစ်နာကြေးနဲ့ လုပ်သက်ကြေးရဖို့ ညှိနေကြတယ်။ ဒါပေမဲ့ လုပ်သက်နုတဲ့သူတွေကျတော့ လက်ရှိစာချုပ်နဲ့ ဥပဒေဘောင်အရ ဘာခံစားခွင့်မှ မရနိုင်တဲ့ အခြေအနေဖြစ်နေလို့ အဲဒါကို အဓိကထား ညှိနှိုင်းနေရတယ်" ဟု အဆိုပါစက်ရုံမှ အလုပ်သမားတစ်ဦးက ပြောသည်။

လက်ရှိကာလတွင် ရန်ကုန်စက်မှုဇုန်များအတွင်းရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အထည်ချုပ်လုပ်ငန်းများ ဆက်တိုက်ပိတ်သိမ်းထွက်ခွာနေပြီး ယခု စက်တင်ဘာလအတွင်း၌ပင် ထန်းတပင်မြို့နယ်ရှိ အလုပ်သမား ၃,၀၀၀ ကျော် လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားပိုင် TENG HUI (Myanmar) သိုးမွှေးအထည်ချုပ်စက်ရုံသည်လည်း အော်ဒါမရရှိတော့သဖြင့် အောက်တိုဘာ ၁ ရက်တွင် အပြီးတိုင် ပိတ်သိမ်းရန် ပြင်ဆင်နေသည်။

ထို့အပြင် ရန်ကုန်မြို့တွင်းရှိ တရုတ်နိုင်ငံသားပိုင် အထည်ချုပ်နှင့် ဖိနပ်စက်ရုံ အပါအဝင် လက်ခစား (CMP) စက်ရုံပေါင်း ၂၀ နီးပါးသည်လည်း ပိတ်သိမ်းခွင့်တင်ပြထားပြီးဖြစ်ရာ အဆိုပါစက်ရုံများ အားလုံးရပ်ဆိုင်းသွားပါက အခြေခံလုပ်သား အင်အား ၅ သောင်းခွဲမှ ၆ သောင်းအထိ အလုပ်လက်မဲ့ဘဝသို့ ရောက်ရှိသွားမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း အလုပ်သမားအရေး လှုပ်ရှားသူများက ထောက်ပြထားသည်။

စစ်အာဏာသိမ်းမှုနောက်ဆက်တွဲ ပြည်ပအမှာစာများ ဆိုးရွားစွာ ကျဆင်းလာခြင်း၊ CMP ကုန်ကြမ်းသွင်းကုန်လိုင်စင်ဆိုင်ရာ ကန့်သတ်ချက်များ၊ နိုင်ငံတကာ စီးပွားရေးပိတ်ဆို့မှုများနှင့် လျှပ်စစ်မီးပြတ်တောက်မှုတို့ကြောင့် CMP ကဏ္ဍကြီးတစ်ခုလုံး ဆက်လက်ရပ်တည်ရန် ခက်ခဲလာခြင်းဖြစ်သည်။ တစ်ဖက်တွင်လည်း စစ်မှုထမ်းဥပဒေကြောင့် လူငယ်လုပ်သားရှားပါးမှုနှင့် စက်သုံးဆီဝယ်ယူရခက်ခဲမှုတို့က ရင်းနှီးမြှုပ်နှံသူများ စက်ရုံပိတ်သိမ်းထွက်ခွာစေသည့် အဓိက တွန်းအားများ ဖြစ်လာခဲ့သည်။

မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း၏ ထုတ်ပြန်ချက်အရ CMP ပို့ကုန်ကဏ္ဍသည် ၂၀၂၂ ခုနှစ်တွင် အမြင့်ဆုံးတင်ပို့နိုင်ခဲ့သော်လည်း အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၃ ခုနှစ်တွင် ၁၄ ရာခိုင်နှုန်းနှင့် ၂၀၂၄ ခုနှစ်တွင် ၁၁ ရာခိုင်နှုန်းအထိ နှစ်စဉ်ထိုးကျခဲ့ကာ နိုင်ငံခြားပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၇၅၀ သန်းခန့်အထိ ဆုံးရှုံးခဲ့ရကြောင်း သိရှိရသည်။

Video ယ္ခင်လုပ်ခလစာတောင်းဆိုပွဲ

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ အင်းလေးအသံ โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง အင်းလေးအသံ:

ทางลัด

แชร์