Let’s go together

Let’s go together Let’s go together - Entertainment Blog

မိန်းကလေးအများစုက ကိုယ့်ထက် အသက်ကြီးသူကို ပိုင်ဆိုင်ခွင့်ရရင် အကိုလို အဖေလိုကြင်နာမှုရမယ်လို့  ယုံကြည်ကြတယ်။🌹ကိုယ့်ထက် ပ...
01/01/2023

မိန်းကလေးအများစုက
ကိုယ့်ထက် အသက်ကြီးသူကို
ပိုင်ဆိုင်ခွင့်ရရင် အကိုလို အဖေလို
ကြင်နာမှုရမယ်လို့ ယုံကြည်ကြတယ်။🌹

ကိုယ့်ထက် ပညာတတ်သူကို ရရင်
အဖက်ဖက်က ကိုယ့်ကို
လမ်းညွှန်ပေးနိုင်မယ်လို့ ယုံကြည်ကြတယ်။🌹

ကိုယ့်ထက် ငွေကြေး ချမ်းသာသူကိုရရင်
ပေါပေါများများ သုံးရမယ်
စိတ်ချမ်းသာမယ်လို့ ယုံကြည်ကြတယ်။🌹

ကိုယ့်ထက် ရာထူးပါဝါကြီးသူကို ရရင်
အရာရှိကတော် ဆိုတဲ့ ဂုဏ်ပုဒ်မှာ
တင့်တယ်တယ်လို့ ယုံကြည်ကြပြန်တယ်။🌹

တကယ်တော့
ယောက်ျားတစ်ယောက်ကို ပိုင်ဆိုင်ခွင့်ရပြီး
စိတ်ရောလူပါ အေးချမ်းစေဖို့ရာ
တစ်ဘဝစာ အတွက် လက်တွဲဖို့ရာမှာ
အသက်ကြီးခြင်း ငယ်ခြင်း
ပညာတတ်ခြင်းမတတ်ခြင်း
ရာထူးရှိခြင်း မရှိခြင်း
ပိုက်ဆံရှိခြင်း မရှိခြင်းနဲ့ မဆိုင်ပါဘူး။🌹

ယောက်ျားတစ်ယောက်ဟာ
ကိုယ်ပိုင် အရည်အချင်းရှိရမယ်။
ရှိတဲ့အရည်အချင်း အပေါ်မှာ မူတည်ပြီး
ကောင်းမွန်သော ဘဝ ရပ်တည်မှုအတွက်
အသုံးချတတ်ရမယ်။
စစ်မှန်တဲ့ မေတ္တာစိတ် ရှိမယ်။🌹

အဓိက
အမေ နှမချင်း ကိုယ်ချင်းစာစိတ်
အပြည့်အဝရှိတဲ့ သူကို ပိုင်ဆိုင်ခွင့်ရမယ်ဆို
မင်းဟာကံကောင်းသူပါပဲ။🌹

#အေးချမ်းမလေး

respect ဆိုတာ 🤝ကြီးတာ ၊ ငယ်တာနဲ့ မဆိုင်ဘူး။ပညာတတ်တာ ၊ မတတ်တာနဲ့မဆိုင်ဘူး ။ရာထူးရှိတာ ၊ မရှိတာနဲ့ မဆိုင်ဘူး ။respect ဆိုတ...
01/01/2023

respect ဆိုတာ 🤝
ကြီးတာ ၊ ငယ်တာနဲ့ မဆိုင်ဘူး။
ပညာတတ်တာ ၊ မတတ်တာနဲ့မဆိုင်ဘူး ။
ရာထူးရှိတာ ၊ မရှိတာနဲ့ မဆိုင်ဘူး ။

respect ဆိုတာ အချင်းချင်းကြားမှာ
ထားသင့် ၊ ထားအပ် ၊ ထားထိုက်တဲ့အရာ ။

ကိုယ်က တစ်ခြားသူကို respect မထားရင်
ကိုယ့်ကိုလည်း သူများက respect ထားလိမ့်မယ်မဟုတ်ပါ ။

respect ထားတယ်ဆိုတာ
လူသားပီသမှု့ ၊ တစ်ဖက်သားကိုငဲ့ညာမှု့ ၊
ကြီးသူကိုရိုသေမှု့ ၊ ရွယ်တူကိုအလေးထားမှု့ ၊
ငယ်သူကို ငဲ့ညှာသနားမှု့ အားလုံးပါဝင်ပါတယ် ။

➖➖➖➖➖➖➖➖➖➖➖➖

♡𝑪𝒓𝒆𝒅𝒊𝒕 ➪

စိတ်မြန်လက်မြန် လွှတ်ခနဲ ပြောတတ်တဲ့ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်ရန်=======================================ဒေါသ ပါးနိုင်သမျှ ...
01/01/2023

စိတ်မြန်လက်မြန် လွှတ်ခနဲ ပြောတတ်တဲ့ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်ရန်
=======================================

ဒေါသ ပါးနိုင်သမျှ ပါးအောင်နေပါ
အဲ့ဒီဒေါသက သင့်ကိုသာ နာကျင်စေပါတယ်
တကယ်လက်တွေ့ကျကျစဉ်းစားကြည့်ရင်....
ဒေါသဖြစ်လာတဲ့အခါ အဲဒီဒေါသရဲ့ဆိုးကျိုးကိုဦးစွာခံစားရတာကကိုယ်အရင်ပါပဲ...
ပြီးမှ သူများတွေဆီ ကူးစက္တာပါ။

ဒေါသဟာကြောက်စရာကောင်းပါတယ်....
သူငယ်ချင်းကြားမှာရှိတဲ့
ဖြူစင်တဲ့ ချစ်ခြင်းမေတ္တာတရားတွေ...
မိသားစုကြားမှာရှိတဲ့ ဖြူစင်တဲ့ နှောင်ဖွဲ့မှုသံယောဇဉ်တွေ...
ချစ်သူခင်သူတွေကြားက
သံယောဇဉ်တရားတွေ...
ကိုယ့်ပတ်ဝန်းကျင်က
လူတွေနဲ့ ကောင်းတဲ့ဆက်ဆံရေးတွေ...
ဆရာတပည့်ကြားမှာရှိတဲ့
ချစ်ခြင်းမေတ္တာတရားတွေစတဲ့...
လူသားတွေရဲ့ကောင်းတဲ့အရည်အသွေး၊ တန်ဖိုးတွေကိုဖျက်ဆီးပစ်တာဟာဒေါသပါ။

ဒေါသကြောင့်.......
သူငယ်ချင်းကောင်းတွေ ဆုံးရှုံးသွားနိုင်တယ်။
မိတ်ဆွေကောင်းတွေ ဆုံးရှုံးသွားနိုင်တယ်။
ခ်စ်သူ ခင်သူအချင်းချင်း
ဆက်ဆံရေးကောင်းတွေ ဆုံးရှုံးသွားနိုင်တယ်။
ဆရာကောင်းတွေ ဆုံးရှုံးသွားနိုင်တယ်။
ချစ်ခြင်းမေတ္တာတွေ ဆုံးရှုံးသွားနိုင်တယ်။
အရာအားလုံးကို ဆုံးရှုံးသွားနိုင်တယ်။

အထူးသဖြင့် သင့်ရဲ့ဖြူစင်နေတဲ့စိတ်ကို
တောင် ဆုံးရှုံးသွားနိုင်တယ်။
ဒါကြောင့်....
ဒေါသကိုအနိုင်ယူနိုင်အောင်ကြိုးစားပါ
ဒေါသကြောင့်သင့်မှာရှိတဲ့
ကောင်းတဲ့စိတ်အရည်အသွေးတွေ၊ တန်ဖိုးတွေ၊ သိက္ခာတွေ၊ မိတ်ဆွေကောင်းတွေ၊ သူငယ်ချင်းကောင်းတွေ၊ ဆရာကောင်းတွေ၊ချစ်သူခင်သူတွေ၊
မိသားစုကောင်းတွေ၊ ချစ်ခြင်းမေတ္တာတရား
တွေကို....ဆုံးရှုံးမခံပါနဲ့။

တကယ်တော့ ဘဝဆိုတာဟာ မမြဲတဲ့အတွက်ဒေါသနဲ့အသက်ရှင်နေရတာဟာ မတန်ပါဘူး။
ဒေါသဖြစ်လာရင် ငါ့မွာရွိတဲ့ ကောင်းတာတွေအားလုံးကို ဆုံးရှုံးသွားနိုင်တယ်လို့ " သတိရ " ပါ။

#မူရင်းရေးသားဖော်ပြသူအားလေးစားစွာခရက်ဒစ်ပေးပါသည်ခင်များ

#လေးစားစွာဖြင့်ပြန်လည်မျှဝေပါသည်

#အလင်းသစ်

ရန်ကုန်မြို့ကိုစောင့်ရှောက်တော်မူသော နတ်မင်းကြီး၄ပါးမှော်ဘီဘိုးဘိုးကြီး၊ ဆူးလေဘိုးဘိုးကြီး၊ ဗိုလ်တစ်ထောင်ဘိုးဘိုးကြီး၊ သ...
01/01/2023

ရန်ကုန်မြို့ကိုစောင့်ရှောက်တော်မူသော နတ်မင်းကြီး၄ပါး

မှော်ဘီဘိုးဘိုးကြီး၊ ဆူးလေဘိုးဘိုးကြီး၊ ဗိုလ်တစ်ထောင်ဘိုးဘိုးကြီး၊ သင်္ကန်းကျွန်းဘိုးဘိုးကြီး… ထိုဘိုးဘိုးကြီးလေးပါးမှာ မြတ်စွာဘုရားပွင့်တော်မူချိန်မှ ယခု့တိုင် သာသနာစောင့်သက်တော်ရှည် နတ်မင်းကြီးများဖြစ်ကြောင်း ဘုရားသမိုင်းတချို့တွင် ဖတ်ရှု့မှတ်သားရပါသည်။
ဥက္ကလာပမင်းကြီးနှင့် ကုန်သည်ညီနောင်တို့ ဘုရားဗျာဒိတ်တော်အရ ရွှေတိဂုံစေတီတည်ထားရန်နေရာဖြစ်သော သိဂုင်္တ္တရကုန်းတော်ကို စူးစမ်းရှာဖွေကြရာ မတွေ့မရရှိဖြစ်နေ၍ တိုင်းသူပြည်သားများ အကူအညီဖြင့် ရှာဖွေကြပြန်ပါသည်။ ထိုအခါတွင်လည်း မည်သူမျှ ရှာမတွေ့ကြပေ။ လူ့လောကတွင် ထိုကုန်းတော်ကိုသိသူမရှိသဖြင့် ဥက္ကလာပမင်းကြီးသည် ခမည်းတော်သိကြားမင်းအား အကူညီတောင်းရလေသည်။
သိကြားမင်းသည်လည်း အသက်ငယ်သောကြောင့် ယခင်ရှေးဘုရားသုံးဆူတို့၏ တောင်ဝှေးတော်၊ ရေစစ်တော်၊ ရေသနုပ်တော်တို့ ကိန်းဝပ်ရာ သိဂုင်္တ္တရကုန်းတော်ကို မသိဖြစ်လေသည်။ ထို့နောက်အသက်ရှည်သော ကမ္ဘာနတ်ကြီး ၅ ပါး တို့ကို ပင့်ဖိတ်၍ မေးမြန်းရလေသည်။
၎င်းကမ္ဘာဦးနတ်ကြီး(၅)ပါးတို့သည် သာမန်နတ်မျိုး နတ်နွယ်မဟုတ်၊ ဘဒ္ဒကမ္ဘာတွင် ပွင့်တော်မူသည့် ဘုရားရှင်များအား မှီလိုက်သော နတ်များ သက်တော်ရှည်နတ်များ ဖြစ်ကြသည်။

ကမ္ဘာသက်တော်ရှည်နတ်မင်းကြီးငါးပါးတို့တွင်

#ဝေဠုသုမနအမည်ရှိဆူးလေနတ်၊

#ရောဟဏီအမည်ရှိဗိုလ်တထောင်နတ်

#ဒက္ခိဏအမည်ရှိသင်္ကန်းကျွန်းနတ်

#အမြိဿနတ်အမည်ရှိမှော်ဘီနတ်ကြီး

စုစုပေါင်းလေးပါးတို့ရောက်ရှိလာသည်ဟု ဘုရားသမိုင်းတချို့တွင်ဖတ်မှတ်ခဲ့ရပါသည် ။

ဝေဠုသုမနနတ်မင်းကြီး(ဆူးလေဘိုဘိုးကြီး)

ထိုနတ်ကြီးများ ရောက်လာ၍ သိကြားမင်းသည် သိဂုင်္တ္တရကုန်းတော်ကို သိမြင်ကြဘူးလား ဟုနတ်မင်းကြီးများကို မေးတော်မူရာ ဝေဠုသုမနရုက္ခစိုးနတ်ကြီး ပြောဆိုသည်မှာ…
“ကျွန်ုပ် ရှေးအထက်က ဘီလူး ဖြစ်သည်။ ကကုသန်မြတ်စွာဘုရား ကြွလာသည်ကို မြင်၍ ဖမ်းစားမည်ဟုလိုက်လျှင် ဘုရားသခင်ကလည်း ကျွနုပ်ကိုတရားဟော၍ သရဏဂုံ ပဉ္စသီလ တို့ကို ချီးမြောက်ပြီးလျှင် လက်တော်၌ပါသော တောင်ဝှေးတော်ကို ချီးမြှင့်ပေးသွားတော်မူခဲ့သည်။ ထိုတောင်ဝှေးတော်ကို သိဂုင်္တ္တရကုန်းတော်ရှိ ကညင်ပင်ကြီးအောက်တွင် မြုပ်ထားပါသည်”ဟု ဆိုလေသည်။
ပွင့်တော်မူပြီးသော ဘုရားလေးဆူ (သံ ဂုံ ပ မ)ဟု ပူဇော်ထားကြသောကြောင့် ကကုသန် မြတ်စွာဘုရားကို တွေ့မြင်ဖူးမြှော်ခဲ့ဖူးသော ဝေဠုသုမနနတ်မင်းကြီး(ယခုအခေါ် ဆူးလေဘိုးဘိုးကြီး) သည် သက်တော်အရှည်ဆုံး ဖြစ်ပါသည်ဟုဆိုကြပါသည်။
(တချို့သောသမိုင်းစာအုပ်တို့တွင် ကကုသန်မြတ်စွာဘုရားကို ဖူးမျှော်တွေ့ရပြီး မြတ်စွဘုရား၏တောင်ဝှေးတော်ပေးသောနတ်မှာ မှော်ဘီနတ်ကြီးဟု ဖော်ပြထားသည်။)

ရောဟဏီနတ်မင်းကြီ(ဗိုလ်တစ်ထောင်ဘိုးဘိုးကြီး)

ဘိုးဘိုးကြီး၏ အတိတ်သမိုင်းမှာ ဘီလူးဘဝ ဖြစ်ခဲ့ပါသည်။ ဘီလူးဘဝတွင် ပွင့်တော်မူသော မြတ်စွာဘုရားနှင့်တွေ့ပြီး အကျွတ်တရားရမှ ရုက္ခဒေဝနတ်မင်းဖြစ်လာပါသည်။
ထိုမှတဖန် သက်တော်ရှည် ကမ္ဘာစောင့်နတ်မင်းကြီး “ရောဟဏီ”ဟု အသိအမှတ်ပြု့ထားပြီး ရောဟဏီနတ်မင်းကြီး(ယခုအခါဗိုလ်တထောင်ဘိုးဘိုးကြီး)ဟု့ ခေါ်တွင်ခဲ့ပါသည်။
ကောဏဂုံံ ဘုရားသခင်ကြွလာတော်မူသည်ကို ဖမ်းစားမည်ဆိုပြီး လိုက်သွားရာ ရှင်တော်ဘုရား တရားဟော၍ သရဏဂုံ ပဉ္စသီလတို့ကို ချီးမြှောက်ခဲ့ပြီး ဓမ္မကရိုက်ရေစစ်တော် ပေးသွားတော်မူခဲ့သည်။ ထိုဓမ္မကရိုက်ရေစစ်တော်ကို သိဂုင်္တ္တရကုန်းတော်ရှိ ကညင်ပင်အောက်တွင် မြုပ်ထားသည်ဟု့ဆို၏။

ဒက္ခိဏနတ်ကြီးး (သင်္ကန်းကျွန်းဘိုးဘိုးကြီး)

ဥဒုမ္ဗရ (ခေါ် ) ဒက္ခိဏနတ်ကြီးမှာ ယခုအခါ သင်္ကန်းကျွန်းဘိုးဘိုးကြီး ဖြစ်ပါသည်။ရွှေတိဂုံစေတီသမိုင်းတွင် ကဿပဘုရားရှင်ပေးသနားတော်မူသည့် ရေသနုပ်သင်္ကန်းတော် တို့၏ တည်ရှိရာနေရာမြတ်ကို ညွှန်ပြသည်ဟု ဖော်ပြထားပါသည်။
ထိုနတ်ကြီးမှာ ရှေးဘဝက ဘီလူးဖြစ်ခဲ့၍ ကဿပမြတ်စွာဘုရား ကြွလာသည်ကို မြင်လျှင် ဖမ်းစားမည်ဟူ၍ လိုက်လေရာ ရှင်တော်ဘုရားတရားဟောကြား၍ သရဏဂုံ ပဉ္စသီလတို့ကို ချီးမြှောက်ပြီး ရေသနုပ်တော်ကို ပေးသနားတော်မူသည်ဟု သိရပါသည်။

အမြိဿနတ်ကြီး(မှော်ဘီဘိုးဘိုးကြီး)

မှော်ဘီဘိုးဘိုးကြီးသည် ယခင်ပွင့်တော်မူပြီးသောဘုရား ၃ ဆူ ၏ ပရိဘောဂဓာတ်တော်များနှင့် ယခုပွင့်တော်မူသော ဂေါတမမြတ်စွာဘုရား၏ဆံတော်ကို စောင့်ရှောက်ရသည်ဟုဆိုပါသည်။
တောင်ဝှေးတော်သည် ဆူးလေနတ်၏ဦးခေါင်းထက်၊ ဓမ္မကရိုက်ရေစစ်တော်သည် ရောဟဏီဘိုးဘိုးကြီး၏ ဦးခေါင်းထက်၊ ရေသနုပ်တော်သည် ဥဒုမ္ဗရရုက္ခစိုး (ခေါ် ) ဒက္ခိဏနတ်ကြီးပေါ်ကျ၏။ မှော်ဘီနတ်ကြီးသည် ဆံတော်ဓာတ်တော်ကို စောင့်ရှောက်ပေးသည်ဟုဆိုကြပါသည်။

၁။ ဆူးလေနတ်မင်းကြီးထံမှ ရရှိသော ကကုဿန်မြတ်စွာဘုရားရှင်၏ တောင်ဝှေးတော်

၂။ ရောဟဏီမည်သော ဗိုလ်တထောင်နတ်မင်းကြီးထံမှ ရရှိသည့် ကောဏဂုံမြတ်စွာဘုရားရှင်၏ ရေစစ်တော်

၃။ ဒက္ခိဏ မည်သော သင်္ကန်းကျွန်း ကျိုက္ကဆံ နတ်မင်းကြီးထံမှ ရရှိသည့် ကဿပမြတ်စွာဘုရားရှင်၏ ရေသနုပ်သင်္ကန်းတော်မြတ်

၄။ တဖုဿနှင့် ဘလ္လိက ညီနောင်တို့ထံမှ ရရှိသော ဂေါတမမြတ်စွာဘုရားရှင်၏ ဆံတော်မြတ်(၈)ဆူအား မဟာသက္ကရာဇ် ၁၀၃-ခုနှစ်၊ တပေါင်း လပြည့်နေ့၌ရွှေတိဂုံစေတီတော်ဌာပနာတိုက် အတွင်းထည့်သွင်းတော်မူခဲ့ပါတယ်။

ထိုဆံတော်ဓာတ်တို့ကို ‘အမြိဿရ’ မည်သော မှော်ဘီနတ်မင်းကြီးက စောင့်ရှောက်ရသည်ဟု အချို့သောဘုရားသမိုင်းနှင့် ရွှေတိဂုံသမိုင်းတို့က ရေးသားဖေါ်ပြကြပါတယ်။

ယခုထက်တိုင် ၎င်းနတ်မင်းကြီးလေးပါးတို့သည် ရန်ကုန်မြို့နှင့်တကွ၊ မကောင်းသူပယ်၍ ကောင်းသူတို့၏အကျိုးစီးပွားတို့ကို စောင့်ရှောက်ပေးလျက်ရှိကြောင်း၊ အချို့သောယုံကြည်သူတို့မှ ကိုးကွယ်အားထားလျှက် ပူဇော်ပသလေ့ရှိကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။

Credit မနောမယဂျာနယ် မှကူးယူဖော်ပြပါသည်။

Happy New Year 2023
31/12/2022

Happy New Year 2023

ที่อยู่

Sukumvit Road
Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Let’s go togetherผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์