21/05/2024
အခန်းတွင်းဆေးခြောက်စိုက်မယ်ဆိုရင်
ဘာတွေသိထားသင့်သလဲ 🤗
ဆေးခြောက်ပင်တွေကိုများသောအားဖြင့်
သဘာဝအတိုင်း ရာသီနဲ့စိုက်ပျိုးကြသလို
အခန်းတွင်းမှာ ခေတ်မှီနည်းပညာတွေနဲ့
လည်းစိုက်ပျိုးကြပါတယ်။ အဲဒါကို Indoor
အခန်းတွင်းစိုက်ပျိုးခြင်းလို့ခေါ်ပါတယ်။
အခန်းတွင်းစိုက်ပျိုးရေးဟာကုန်ကျစရိတ်များ
ပြီး အလုပ်အနဲအငယ်ရှုပ်ပေမယ့် အားသာချက်
ကတော့ သန့်ရှင်းပြီးလတ်ဆတ်တဲ့ w**d
တွေကို အချိန်တိုနဲ့ရရှိနိုင်တာပဲဖြစ်ပါတယ်။
Indoor စိုက်ပျိုးရေးဟာ ၃ လ /၄ လနဲ့ရိတ်
သိမ်းနိုင်ပြီး တစ်နှစ်မှာ ၃ ကြိမ်မှ ၅ ကြိမ်ထိ
စိုက်ပျိုးနိုင်ပါတယ်။
Inoor စနစ်မှာ ကဏ္ဍ ၅ ခုအရေးကြီးပါတယ်
ထိုအရာများကိုတစ်ခုခြင်းဆီဖော်ပြပေးသွားပါ
မယ်။
၁။ မျိုးစေ့ရွေးချယ်မှု
အခန်းတွင်းစိုက်ပျိုးမှာဖြစ်တဲ့အတွက် မိမိမှာ
ရှိတဲ့စိုက်ပျိုးမယ့်အခန်းရဲ့အမြင့်၊အကျယ်အဝန်း
နဲ့ အပင်ရဲ့အရွယ်အစားကြီးမားမှုအခြေအနေကို
တွက်ချက်ပြီးစိုက်ပျိုးရမှာဖြစ်တာကြောင့် မျိုးကို
သေချာဂရုစိုက်ရွေးချယ်ဝယ်ယူရမှာပဲဖြစ်ပါတယ်။
တရားဝင်ခွင့်ပြုပေးထားတဲ့တိုင်းပြည်တွေမှာတော့
စနစ်တကျထုတ်လုပ်ထားတဲ့မျိုးစေ့တွေရောင်းပါ
တယ် အဲဒီမျိုးစေ့တွေမှာဘာအမျိုးအစား အပင်
သက်ကဘယ်လောက် အရွယ်အစားကဘယ်လို
ဆိုတာတွေရယ် ထွက်လာမယ့်ပစ္စည်းရဲ့အနေ
အထားကိုပါအတိအကျညွှန်ပြထားလို့ဝယ်ပြီးစိုက်
မယ်ဆိုလွယ်ကူပါတယ်။ Indoor စိုက်ပျိုးရေး
အတွက်အဆင်ပြေတာကတော့အများအားဖြင့်
Indica မျိုးတွေနဲ့ Hybrid မျိုးတွေသာသင့်
တော်ပါတယ်။ အပင်နိမ့်တာကြောင့်ပါ။
၂။လိုအပ်တဲ့မြေခံနှင့်အာဟာရ
မြေချစိုက်ပျိုးတာမဟုတ်တဲ့အတွက် အပင်
အတွက်လိုအပ်မယ့်မြေကြီးပမာဏနဲ့လိုအပ်
မယ့်အာဟာရတွေကိုစနစ်တကျဖြည့်တင်းပေး
ဖို့အရေးကြီးပါတယ်။ အသုံးပြုစိုက်ပျိုးမည့်
မြေဟာ အော်ဂဲနစ်စပ်မြေလိုမျိုးအာဟာရတွေ
ပါဝင်ထည့်သွင်းပြီးသားမြေကြီးမျိုးကိုအသုံးပြု
ရပါမယ်။ နောက်တစ်ခုကအပင်အတွက်အဖူး
အတွက်လိုအပ်မယ့်အာဟာရအားဆေးတွေကို
လည်းဖျန်းဆေး ရေဖျော်လောင်းဆေးတွေနဲ့
စနစ်တကျဇယားနဲ့ ဖြည့်စွက်ပေးရမှာဖြစ်ပါတယ်။
၃။ ရေပေးဝေမှုစနစ်
အပင်အတွက်အရေးကြီးဆုံးလိုအပ်တဲ့ရေ
စနစ်မှာ အခန်းတွင်းစိုက်ပျိုးရေးကပိုဂရုစိုက်
ရပါတယ်။ ရေကိုအချိန်မှန်ရမယ် ပမာဏမှန်
စွာလောင်းရပါမယ် ။ Indoor setting
တော်တော်များများမှာတော့ရေကိုအချိန်မှတ်
ကိရိယာနဲ့ အော်တိုစနစ်အသုံးပြုပြီးပေးလေ့ရှိ
ကြပါတယ်။ကိုယ်တိုင်လောင်းတာရှားပါတယ်။
၄။ အလင်းရောင်ထိန်းချုပ်မှု
သဘာဝနေအလင်းရောင်ကိုအသုံးမပြုပဲ
စိုက်ပျိုးရမှာဖြစ်လို့ အသုံးပြုမည့်မီးသီး(သို့)
မီးချောင်းရဲ့ အပူချိန်၊အလင်းအားကို လိုအပ်
တဲ့ပမာဏပေးနိုင်မယ့် ပစ္စည်းတွေကိုဝယ်ယူ
သုံးစွဲတတ်ဖို့လိုပါတယ်။ နောက်တစ်ချက်အရေး
ကြီးတာက အလင်း၊အမှောင်ကို အချိန်တိကျစွာ
ပေးဖိုပါပဲ အစေ့ကနေအညှောင့်ထွက်တဲ့အချိန်
မွာ ဘယ်လောက် အပင်ပေါက်ဘဝမှာဘယ်
လောက် ကြီးထွားချိန်မှာဘယ်လောက်နဲ့အဖူး
အပွင့်ချိန်မှာဘယ်လောက်ဆိုတဲ့ အလင်း/အမှောင် အချိန်ကို တိကျစွာထိန်းချုပ်ပေးရပါမယ်။
၅။ အခန်းတွင်းအပူချိန်ထိန်းချုပ်မှု
ပြင်ပလေမရတဲ့အခန်းတွင်းမှာရှင်သန်ရတာ
ဖြစ်တဲ့အတွက် အခန်းရဲ့အပူချိန်နဲ့လေစနစ်ကို
သေချာဂရုစိုက်ပေးရပါမယ်။ အပင်တွေအတွက်
လေသန့်စင်စနစ် Air-con
Air-fan တွေအပြည့်စုံအသုံးပြု
ပေးရမှာဖြစ်သလို အခန်းရဲ့အပူချိန်ကိုအပူချိန်
တိုင်းကိရိယာဖြင့်ကြည့်ရှုပြီး ထိန်းညှိပေးဖို့လို
အပ်ပါတယ်။
ဆေးခြောက်ပင်ကို ရာသီအတိုင်းမဟုတ်ပဲ
အချိန် ၁၂ ပတ်ထဲဖြင့် အစေ့မှအဖူးစုံစေပြီး
ရိတ်သိမ်းရန်အသင့်ဖြစ်စေသည့် Indoor
စနစ်ဖြင့်စိုက်ပျိုးမည်ဆိုပါက လိုအပ်မည့်
အလင်း အမှောင် အပူချိန် ရေ နှင့် အာဟာရ
များကိုအသေးစိတ်ဖော်ပြပေးထားပါတယ်
၁.အစေ့မှအပင်ဖောက်ခြင်းအဆင့်
(Germination Stage)
အလင်း/အမှောင် - 24/0
အပူချိန် - 20-25C
စိုထိုင်းစ - 70%
ရေလိုအပ်မှု - စပရေးဖြင့်စိုစွတ်ရုံသာ
ကြာမြင့်ချိန် - ၁ ပတ်
၂.ပျိုးပင်ပေါက်အဆင့်
(Seedling Stage)
အလင်း/အမှောင် - 18/6
အပူချိန် - 20-25C
စိုထိုင်းစ - 70%
ရေလိုအပ်မှု - 100 ml
အာဟာရလိုအပ်ချက် - N
ကြာမြင့်ချိန် - ၃ ပတ်.
၃.အပင်ကြီးထွားဖွံ့ဖြိုးတဲ့အဆင့်
(Vegetative Stage)
အလင်း/အမှောင် - 16/8
အပူချိန် - 20-24C
စိုထိုင်းစ - 50%
ရေလိုအပ်မှု - တစ်ဂါလံ (မနက်/ညေန)
အာဟာရလိုအပ်ချက် - N P K
ကြာမြင့်ချိန် - ၆ ပတ်
၄.ပန်းပွင့်ခြင်းအဆင့်
(Flowering Stage)
အလင်း/အမှောင် - 12/12
အပူချိန် - 20-28C
စိုထိုင်းစ - 40%-50%
ရေလိုအပ်မှု - ၂ လီတာ (မနက်)
အာဟာရလိုအပ်ချက် - K (အနဲလိုဓါတ်များ)
ကြာမြင့်ချိန် - ၆ ပတ်
ဒီဖြစ်စဉ်တွေအတိုင်းအတိအကျပေးနိုင်ဖို့
အတွက် အဓိကအခြေခံလိုအပ်ချက်ကတော့
Grow Kit ကောင်းကောင်းတစ်အခုရှိဖို့လို
အပ်ပါလိမ့်မယ်။
အာဟာရပြည့်ဝပြီးကျန်းမာစေတဲ့အပင်ဖြစ်ဖို့
ဘာတွေဂရုစိုက်ရမလဲ?
အပင်များအားလုံးအတွက်
အဓိကလိုအပၲဲ့ အာဟာရသုံးခု
ကေတာ့ N P K လို့အတိုခေါက်လူသိများတဲ့
နိုက်ထရိုဂျင် ဖော့စဖိတ်နဲ့ ပိုတက်စီယမ်တို့ဖြစ်ပြီး
ဒီဓာတ်တွေဟာ လိုရင်မကောင်းသလို ပိုရင်လည်း
မကောင်းပါဘူး။ ဒါကြောင့်မိမိစိုက်ပျိုးထားတဲ့
ဆေးခြောက်အပင်မှာဖြစ်ပေါ်နေတဲ့
လက္ခဏာကိုကြည့်ပြီး ဘာအာဟာရ
ဓာတ်ချို့တဲ့နေတာလဲ ပိုနေတာလဲဆိုတာ
သိရှိစေနိုင်ဖို့နဲ့ဖြည့်တင်းပေးနိုင်ဖို့ပါ။
N (နိုက်ထရိုဂျင်)
နိုက်ထရိုဂျင်ဟာအပင်ရဲ့အရိုးတွေ
အရွက်တွေကိုဖွံ့ဖြိုးစေပြီး အပင်ကြီး
ထွားမှုအတွက်အဓိကလိုအပ်တဲ့ဓာတ်
ဖြစ်ပါတယ်။ အပင်ကြီးထွားဖွံ့ဖြိုးမှုအဆင့်
Vegetative stage မှာအထူးလိုအပ်ပါတယ်။
P (ဖော့စဖိတ်)
ဖော့စဖိတ်ဓာတ်ကတော့ ကျန်းမာ
သန်စွမ်းပြီးရောဂါကင်းစေရန်အ
တွက် အမြစ်များဖွံ့ဖြိုးမှုကိုအဓိက
အထောက်အပံ့ပေးတဲ့ဓာတ်ပါ။
အမြစ်အားကောင်းတဲ့အတွက်အပင်ကို
ကောင်းစေပြီး ကျန်းမာစေပါတယ်။
K (ပိုတက်ဆီယမ်)
ပိုတက်ဆီယမ်ကတော့ အပင်မှာ
အပွင့်အဖူးဝင်ချိန်မှစပြီးအရေးကြီး
တဲ့ဓာတ်ပါ အဖူးကောင်းကောင်းရ
စေချင်ရင် အဖူးစဖူးချိန်ကစပြီးဒီ
အာဟာရကိုဖြည့်တင်းပေးရပါမယ်။
Flowering stage အတွက်တော့
အထူးလိုအပ်ချက်ပါပဲ
Ca (ကယ်ဆီယမ်)
ကယ်ဆီယမ်ကတော့ လူမှာလည်း
လိုအပ်သလိုအပင်တွေမှာလည်း
လိုအပ်ပါတယ် သူ့ကိုတော့အနဲလို
ဓာတ်အုပ်စုအနေနဲ့အခြား N P K
များနှင့်အတူဖြည့်တင်းပေးနိုင်ပါတယ်။
Cu (ကော့ပါး)
ကော့ပါးဓာတ်ချို့တဲ့ရင် အပင်ဟာ
ရောဂါဘယနဲ့ပိုးမွှားဒဏ်ကိုခုခံနိုင်
စွမ်းမရှိဖြစ်စေပါတယ် သူလည်းအနဲ
လိုပါပဲ ကျန်တဲ့ အဓိကအာဟာရမ်ား
ဖြစ်တဲ့ N P K တို့နဲ့အတူဖြည့်တင်း
ပေးရပါတယ်။
အနဲလိုအုပ်စုထဲမှာတော့ အခြားသော
မဂ္ဂနီဆီယမ် ဘိုရွန် ဆာဖာ ဇင့် တို့လည်း
ပါဝင်တာကြောင့် ဒီဓာတ်တွေဟာလည်းအပင်
အတွက်မရှိမဖြစ်တွေဖြစ်ပါတယ်။
ဒီအာဟာရဓာတ်တွေကို သဘာဝမြေသြစာ
များမှရရှိနိုင်သလို ဓာတုမြေသြစာများမှလည်း
ရရှိနိုင်ပါတယ် ဒါပေမယ့် ဝိအပင်တေ့ဟာ
သဘာဝကိုပိုမိုမြတ်နိုးကြတာမို့ နွားချေး လင်းနို့ချေး
အုန်းဆံ အရိုးမှုန့် လက်ဖက်ခြောက်ဖက် ကြက်ဥ
အကာအစရွိတဲ့ အော်ဂဲနစ်အာဟာရတွေဖြင့်
ကျွေးမွေးတာကိုပို့ကြိုက်ပါလိမ့်မယ်။
စိုက်ပျိုးပုံနည်းစနစ်အသေးစိတ်များကို
Youtube နှင့်Google မှာလေ့လာနိုင်ပြီး
လိုအပ်မယ့် ကိရိယာမ်ားကို Amazon
,Alibaba,e-Bay တို့မွာ မှာယူနိုင်သလို
ပြည်တွင်းမှာလည်း Indoor ပစ္စည်းတွေ
ရောင်းချနေတဲ့ page တွေရှိနေပြီး အသေးစိတ်ကို လေ့လာမေးမြန် ဝယ်ယူနိုင်ကြပြီဆိုတာကို သတင်းကောင်းပါးလိုက်ရပါတယ်။
Just for Knowledge
photo and original writer
Credit....
ကူးယူဖော်ပြခြင်းဖြစ်ပါတယ်။