03/01/2014
Job interview formula - what school doesn't teach you!
အလုပ်လျှောက်ရန် ပြင်ဆင်နေသူများ ဒီထဲမှာ ပါတဲ့အချက် လေးတွေကို သာဖတ်ထား မှတ်သားရင် ၅၀ ရာခိုင်နှုန်း အလုပ် ရဖို့ သေချာနေပါပြီ။
အဲ့ဒီအတွက်ကျွန်မတို့တွေ အလုပ်လျှောက်လို့အင်တာဗျူးဝင်တဲ့အခါမှာ ဘာတွေမေးလေ့ရှိသလဲ လေ့လာကြည့်ကြရအောင်နော်။
မြန်မာနိုင်ငံမှာနိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု တွေ ဒီလာမဲ့နှစ်ပိုင်းအတွင်းမှာ အများအပြား ဝင်ရောက်လာမယ်ဆိုတာကို ကျွန်မတို့တတွေ မြင်တွေ့ရမှာအသေအချာပါ။ ဒီကုမ္ပဏီတွေ မှာလုပ်ဖို့ အတွက်ဆိုရင် အင်္ဂလိပ် ဘာသာစကားပြောစွမ်းရည်က စကားပြောလာပါပြီ။ အဲ့ဒီတော့ ဒီမေးခွန်းတွေကို အင်္ဂလိပ်လိုပါနားလည် ထားရင်မကောင်းဘူးလားနော်။
အောက်ကမးခွန်း (8) ခုကတော့အလုပ် အင်တာဗျူးတွေမှာအများဆုံး မေးတတ်တဲ့မေးခွန်းများဖြစ်ပါတယ်။
Entry level Interview (with 1-2 yrs experience)
Important Tips (Body Language)
အရင်ဆုံးပြုံးပြပါ။ ကိုယ့်ကို အင်တာဗျူးတဲ့သူနဲ့ လက်ဆွဲ နှုတ်ဆက်တဲ့ အခါလက်ကို ပျော့ ပျော့ ဆုပ်ကိုင်ပြီးမနှုတ်ဆက်မိပါစေနဲ့။ အလွန်မှားတဲ့ body language အပြုအမူပါ။ သူ့လက်ကို သေချာ တင်းတင်း (firmly) ဆုပ်ကိုင်ပြီး နှုတ်ဆက်ပါ။ ခါးကိုမတ်မတ် ထားပြီးထိုင်ပါ။
(1) Tell me more about yourself. သင့်အကြောင်းကို အနည်းငယ်ပြောပြပါ။
ဒီအဖြေကို တော့ကိုယ်သာအကောင်းဆုံးဖြေနိုင်မှာပါ။ ကိုယ့်ရဲ့ skills ကို စဉ်းစားပြီးချရေးထားပါ။
Tip - ဒီနေရာမှာ ၁ မိနစ်ခန့်ဘဲပြောဖို့အချိန်ရှိပါတယ်။ အဲ့ဒါကြောင့် အဲ့ဒီ ၁မိနစ်မှာထိထိမိမိပြောဖို့ ကြိုတင်ပြင်ဆင်ထားပါ။ အင်တာဗျူးတဲ့ သူ ဒီနေရာမှာ ခဏခဏကြားနေ ကြစကားလုံးတွေက တော့ “hard-working, mission, vision” ပါ။ အဲ့ဒါတွေကို ဖြစ်နိုင်ရင်မသုံးပါနဲ့။ Approach differently.
Sample answer
I would describe myself as someone who is very dedicated and has high expectation for my results. I handle my duties very well even with minimum supervision.
ကျွန်တော်အလုပ်ကို ကြိုးကြိုးစားစားလုပ်သလို ကိုယ်လုပ်တဲ့အလုပ်ရဲ့ result ကိုလည်းအမြဲအမြင့်ဆုံးမှာဘဲ မှန်းထားပါတယ်။ ကျွန်တော်က ကြီးကြပ်အုပ်ချုပ်တဲ့ သူမရှိလည်း ကျွန်တော့်တာဝန်ကို ကျေပွန်အောင်လုပ်ပါတယ်။
(2) What interests you about this job? ဒီအလုပ်ကိုဘာကြောင့်စိတ်ဝင်စားတာလဲ။
Sample Answer
The job’s description perfectly fits my education background and I have always been interested to work in _____ field. I am also computer literate, highly motivated and people person.
ဒီအလုပ်က ကျွန်တော်ရဲ့ ပညာအရည်အချင်းနဲ့လည်းကိုက်ညီမှုရှိတယ်။ _____ ထဲမှာလည်း အမြဲစိတ်ဝင်စားခဲ့ပါတယ်။ ကျွန်တော် ကွန်ပျူတာကိုလည်း ကျွမ်းကျင်သလို အလုပ်ကိုလည်း တက်တက်ကြွကြွ လုပ်တတ်ပါတယ်။ လူတွေနဲ့ပေါင်းသင်းဆက်ဆံ လုပ်ကိုင်ရတာကိုလည်း သဘောကျပါတယ်။
(3) Why did you leave your last job? ဘာကြောင့်ပြီးခဲ့တဲ့ အလုပ်ကနေထွက်လာတာလဲ။
Sample answer
I left my last job because I was ready for a new challenge and I really want to grow my career life.
ကျွန်တော်ကအလုပ်ရဲ့ စိန်ခေါ်မှုတွေကို ဆီးကြိုဖို့အဆင်သင့်ပြင်ထားပြီးပါပီ။ ပြီးတော့ ဒီလုပ်ငန်းနဲ့ပတ်သတ်ပြီး အကောင်းဆုံးလုပ်ကိုင်နိုင်သူ ၁ယောက်ဖြစ်လာချင်ပါတယ်။
Tip – ဒီနေရာမှာပြီးခဲ့တဲ့အလုပ်ကမကောင်းကြောင်းလုံးဝမပြောမိစေပါနဲ့။ ဥပမာ သူဌေးနဲ့အဆင်မပြေလို့၊ လုပ်ဖော်ကိုင်ဘက်နဲ့စကားများလို့။ လစာနည်းလို့။ အလုပ်မတရားခိုင်းလို့ အစရှိသဖြင့်ပါ။
(4) What do you know about our company? မင်းဒီအလုပ်အကြောင်းကိုဘယ်လောက်သိထားလဲ။
Tip – ကိုယ်အလုပ်လျှောက်တဲ့ကုမ္ပဏီအကြောင်းကို background research လုပ်ထားပါ။ သူငယ်ချင်းတွေ အဲ့ဒီမှာလုပ်ရင်ကြိုမေးကြည့်ပါ။ ကိုယ့်ရဲ့ အလုပ်အပေါ်စိတ်ဝင်တစားရှိမှုကို ပြနိုင်တာသူများထက် နှာတဖျားသာပါတယ်။
(5) What salary range are you looking for? လစာ ဘယ်လောက် ရဖို့မျော်မှန်းထားလဲ။
I am looking for _______ .
ကျွန်တော်လစာကိုတော့ ______ မျော်လင့်ထားပါတယ်။
(6) What are your strengths (or weaknesses)? မင်းရဲ့ အားသာချက်ကို ပြောပြပါ။/ (သို့) မင်းရဲ့ အားနည်းချက်ကို ပြောပြပါ။
Sample Answer
Strengths – I am a fast learner and my organizational skills are excellent. I also work very well with people as I enjoy their company.
ကျွန်တော်က သင်ယူတဲ့နေရာမှာမြန် မြန်တတ်လွယ်ပါတယ်။ အလုပ်နဲ့ပတ်သက်တဲ့အစီအစဉ်တွေကိုလည်း
အမြဲအကောင်းဆုံးဖြစ်အောင်စီစဉ်ပါတယ်။ လူတွေနဲ့ပေါင်းသင်းဆက်ဆံရတာကို လည်းပျော်မွေ့တဲ့အတွက် လူအများနဲ့ အလုပ်လုပ်တဲ့အခါ ကျွန်တော့် အတွက်အရမ်း ဆင်ပြေပါတယ်။
My weakness is I am a perfectionist and I will not stop working until my task reaches to perfection. Sometimes it takes more energy and time.
ကျွန်တော့်အားနည်းချက်ကတော့ အလုပ် ၁ ခုကိုစိတ်တိုင်းကျတဲ့အထိ အကောင်းဆုံးဖြစ်အောင်လုပ်တဲ့အတွက် တခါတလေ အချိန်ရောလူ အင်အားပါပိုကုန်ပါတယ်။
Tip – Weakness ကိုမေးရင် "perfectionist” ဆိုတဲ့ အကြောင်းပြချက်က အသင့်တော်ဆုံးပါ။ (y)
(7) Why do you think that you are suitable for this position? / Why should we hire you?
မင်းကိုယ်မင်းဒီ အလုပ်နဲ့သင့်တော်တယ်လို့ဘာလို့ထင်တာလဲ။ / တို့ကုမ္ပဏီကမင်းကိုဘာလို့ငှားသင့်တာလဲ။
I am always optimistic, creative and timely. I am a people person. I believe my qualities will be an asset for your company.
ကျွန်တော်က တီထွင်ကွန့်မြူးညဏ်လည်းရှိသလို အရာရာကို အကောင်းမြင်တတ် သူတစ်ဦးလည်းဖြစ်ပါတယ်။ ပြီးတော့ကျွန်တော့် အလုပ်ကို အချိန်နဲ့ပြီးစီးအောင်လုပ်တတ်ပါတယ်။
ကျွန်တော်ရဲ့ အရည်အချင်းတွေက ဒီကုမ္ပဏီအတွက်အရမ်းကို အထောက်အကူပြု အကျိုးရှိလိမ့်မယ်လို့ယုံကြည်ပါတယ်။
(8) Do you have any questions for me? မင်းမှာရောငါ့အတွက် မေးစရာမေးခွန်းရှိသေးလား။
Sample answers
Do you provide a formal training program? When will I get to hear from you about this job?
အလုပ်အတွက် ကျွန်တော့်ကို training ပြန်ပေးပါမလား။ ဒီအလုပ်နဲ့ ပတ်သက်ပြီး ကျွန်တော်ဘယ်တော့လောက်သိရပါမလဲ။
General advice
သပ်သပ် ရပ်ရပ် ဝတ်စားသွားပါ။ မိန်းကလေးများ လှလှပပ ပြင်ပြင်ဆင်ဆင် သွားပါ။ ယောက်ျားလေးများ ဆံပင်ညှပ်ပြီး နှုတ်ခမ်းမွှေး/မုတ်ဆိတ် ရိတ်သွားပါ။ ခံတွင်းနံ့ကောင်း အောင် အင်တာဗျူးမဝင်ခင် ၅ မိနစ်လောက်အလိုမှာ ပူရှိန်း (mint) စားပါ။ Good luck!
ဖတ်ပြီးတော့ ကိုယ့်အတွက် အသုံးဝင်တယ်ထင် ရင်သူများတွေလည်းဖတ်ရအောင် ကျေးဇူးပြုပြီး ပြန် share ပေးပါဦးနော်။
Like (y) - Elekey Technologies - (y)