𝗖𝘂𝗽𝗶𝗱 𝗖𝗼𝗿𝗻𝗲𝗿 𝟭.𝟬

𝗖𝘂𝗽𝗶𝗱 𝗖𝗼𝗿𝗻𝗲𝗿 𝟭.𝟬 Cupid Corner ပေ့ချ်အကြီး 166k
မရှိတော့ပါဘူးနော်
ဖူးစာဖက်ရှာချင်သူများ
ဒိီပေချ်လေးကနေ ဆက်သွယ်ပါ😍

တကယ်ပါ 😁😁
19/05/2026

တကယ်ပါ 😁😁

10/05/2026

#ကျမရဲ့ခင်ပွန်းဟာ
ကျမရဲ့အချစ်ဆုံးသူငယ်ချင်းနဲ့အတူ
၁၅ ရက်ကြာ ခရီးတခုကို ခိုးထွက်သွားခဲ့တယ်။
သူပြန်လာတဲ့အချိန်မှာတော့
ကျမရဲ့ မေးခွန်းတခွန်းတည်းနဲ့တင်
သူ့ရဲ့မျှော်လင့်ချက်အားလုံးကို
ရိုက်ချိုးပစ်လိုက်နိုင်ခဲ့တယ် -

ကိုကိုနဲ့့ ကျမ လက်ထပ်ခဲ့တာ ၇ နှစ်ရှိပြီ။
မင်္ဂလာဆောင်တဲ့နေ့တုန်းကတော့
သူဟာ ကျမနဲ့ ကျမရဲ့ဟားသမီးတွေကို
တသက်လုံး သစ္စာရှိရှိ စောင့်ရှောက်သွားမယ့်သူလို့
အခိုင်အမာ ယုံကြည်ခဲ့တာပေါ့။
ဒါပေမဲ့ အဲဒီယုံကြည်မှုတွေဟာ
စိတ်ကူးယဉ်မှုသက်သက်သာ ဖြစ်ခဲ့ရတယ်။

ကိုကိုက အိမ်ကို နောက်ကျမှပြန်လာတတ်တာ၊
ဖုန်းကို အမြဲတမ်း Password ခံထားတာတွေ
စလုပ်လာသလို၊
ကျမရဲ့ ကောလိပ်တုန်းက ‘အချစ်ဆုံးသူငယ်ချင်း’
မာယာကလည်း ကျမတို့ဘဝထဲကို
ပိုပိုပြီး ရောက်လာခဲ့တယ်။
အဲဒီအချိန်ကစပြီး
အရာအားလုံး ပြိုလဲပျက်စီးကုန်တော့တာပါပဲ။

လူတိုင်းရဲ့အမြင်မှာတော့
မာယာဟာ ခေတ်ဆန်တဲ့ ရန်ကုန်သူတယောက်ပေါ့။
မာယာဟာ အများအတွက် စံပြပါပဲ။
လှပတယ်၊ ထက်မြက်တယ်၊ စကားပြောကောင်းတယ်။
လူတိုင်းက သူမရဲ့ လွတ်လပ်ပြီး
ကြင်နာတတ်တဲ့ စိတ်ထားကို ချီးကျူးကြပေမဲ့
ကျမကတော့ အမျိုးသမီးတယောက်အနေနဲ့
ရဲတင်းလွန်းသလို ခံစားနေရတယ်။
ကျမရဲ့ အတွင်းစိတ်ကတော့
ကိုကိုပြောသလို
သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးဟာ
ရိုးသားမှုမရှိဘူး လို့သတိပေးနေခဲ့တယ်
ကျမ ဒီအကြောင်းကို အကြိမ်ကြိမ် ပြောဖူးပေမဲ့
သူကတော့ အမြဲတမ်း ရှောင်လွှဲခဲ့သလို၊
နောက်ဆုံးမှာ စိတ်တိုပြီး
ကျမကပဲ အကြောင်းမဲ့ သံသယဝင်တယ်
ဆိုပြီး အပြစ်တင်ခဲ့တယ်။

တနေ့မှာတော့ ကိုကိုက
မြိတ်ကမ်းခြေက ကျွန်းတခုကို
၁၅ ရက်ကြာ စီးပွားရေးခရီးထွက်ရမယ်လို့ ပြောတယ်။
ကျမ ဘာမှမရိပ်မိဘဲ
သူ့ကို ဂရုစိုက်ဖို့ပဲ မှာလိုက်မိတယ်။

ဒါပေမဲ့ တိုက်ဆိုင်စွာနဲ့ပဲ
နောက်ရက်မှာ သူ့ဖုန်းထဲက မက်ဆေ့ခ်ျတခုကို
ကျမ မတော်တဆ မြင်လိုက်ရတယ်။
အဲဒီခရီးစဉ်ဟာ စီးပွားရေးခရီးမဟုတ်ဘဲ
သူနဲ့ မာယာတို့ ကြိုတင်စီစဉ်ထားတဲ့ အပျော်ခရီး
ဖြစ်နေတယ်။

ကျမ ဆွံ့အသွားခဲ့ရတယ်။
ဒါပေမဲ့ ရန်ဖြစ်နေမယ့်အစား
ကျမ နှုတ်ဆိတ်နေဖို့ပဲ ရွေးချယ်လိုက်တယ်။
သူပြန်လာတဲ့အခါ ဘယ်လောက်တောင် လိမ်ဦးမလဲ
ဆိုတာကို စောင့်ကြည့်ချင်လို့ပါ။

အဲဒီ ၁၅ ရက်တာဟာ
ကျမဘဝရဲ့ အရှည်ကြာဆုံးနေ့ရက်တွေပါပဲ။
နေ့ဘက်မှာ အလုပ်လုပ်ရင်း သမီးလေးကို ပြုစုရတာဟာ
တကယ်ကို ခက်ခဲလွန်းလှပါတယ်။
ညဘက်ရောက်ရင်တော့ ရင်ထဲမှာ နာကျင်လွန်းလို့
အသက်ရှူဖို့တောင် ခက်ခဲတဲ့အထိ ခံစားခဲ့ရတယ်။

သမီးလေးက ခဏခဏ မေးတတ်တယ် -
“ မေမေ... ဖေဖေက ဘာလို့ စီးပွားရေးခရီးကို
ဒီလောက်အကြာကြီး သွားနေတာလဲဟင်? ”
ကျမ မျက်နှာလွှဲလိုက်ရုံကလွဲလို့
ဘာမှမတတ်နိုင်ခဲ့ဘူး။
မျက်ရည်တွေကတော့ တိတ်တဆိတ် စီးကျနေခဲ့တယ်။

ကိုကိုပြန်လာတဲ့အခါမှာတော့
သူ့မျက်နှာက ပြုံးရွှင်နေပြီး
နေလောင်ထားတဲ့ အသားအရေနဲ့အတူ
လက်ထဲမှာလည်း မြိတ်က အမှတ်တရပစ္စည်းတွေ
အပြည့်ပါလာတယ်။
ပြီးတော့ ဟန်ဆောင်ပန်ဆောင်နဲ့ -
“ကိုယ် မင်းတို့ သားအမိကို သိပ်လွမ်းနေတာာ”
လို့ပြောတယ်။

ကျမကတော့ သူ့ရှေ့မှာ အေးစက်စက်နဲ့ ထိုင်နေမိတယ်။
သူ လက်ဆောင်ပစ္စည်းတွေကို ချလိုက်တဲ့အချိန်မှာပဲ
သူ့မျက်လုံးတွေကို တည့်တည့်ကြည့်ပြီး
ကျမ မေးလိုက်တယ်။
“ မာယာမှာ ဘာရောဂါရှိလဲ ဆိုတာရှင်သိလား? ”

ဒီမေးခွန်းဟာ ကိုကို့ရဲ့ရင်ဘတ်ကို
ဓားနဲ့ ထိုးလိုက်သလိုပါပဲ။
သူ မှင်သက်သွားပြီး ဝင်းပနေတဲ့ သူ့မျက်နှာဟာ
ချက်ချင်း ဖြူဖျော့သွားတယ်။
“မင်း... မင်း ဘာတွေပြောနေတာလဲ? ”

ကျမ ခပ်ပါးပါးလေး ပြုံးလိုက်တယ်။
ကိုကို လုံးဝမထင်မှတ်ထားတဲ့ အမှန်တရားတခု
ကျမဆီမှာ ရှိနေတယ်။
မာယာ ကုသလို့မရတော့တဲ့
ပြင်းထန်တဲ့ ကူးစက်ရောဂါတခု ရှိနေတာပါ။
ဒါကို ကျမက ရန်ကုန်ဆေးရုံမှာ အလုပ်လုပ်နေတဲ့
သူငယ်ချင်းတယောက်ဆီကနေ
တိုက်တိုက်ဆိုင်ဆိုင် သိခဲ့ရတာပါ။
မာယာဟာ ဆေးကုသမှုတွေ ခံယူခဲ့ရပေမဲ့
ဒါကို လျှို့ဝှက်ထားပြီး
အကျိုးဆက်ကို ဂရုမစိုက်ဘဲ ဖောက်ပြန်ခဲ့တာပါ။

အမြင်အာရုံတွေ ကွယ်နေတဲ့ ကျမရဲ့ ခင်ပွန်းကတော့
အဲဒီ ထောင်ချောက်ကျော့ကွင်းထဲကို
တည့်တည့်ကြီးတိုးဝင်သွားခဲ့တာပေါ့။
“ ကျမ နောက်ဆုံးအကြိမ် မေးမယ်၊ ရှင် သိလား? ”
ကျမရဲ့ အသံက အေးစက်နေပါတယ်။

ကိုကို ဘာစကားမှ မပြောနိုင်တော့ဘူး။
သူ့လက်တွေ တုန်ရင်နေပြီး မျက်လုံးထဲမှာတော့
နောက်ကျနေပြီဖြစ်တဲ့ နောင်တတွေနဲ့အတူ
ထိတ်လန့်မှုတွေ အပြည့်ဖြစ်နေတယ်။
လနည်းငယ်အကြာမှာတော့
အမှန်တရားဟာ အလုံးစုံ ပေါ်ထွက်လာခဲ့တယ်။

ကိုကို့ ကျန်းမာရေး အခြေအနေ ဆိုးရွားလာတာကြောင့်
ဆေးစစ်ချက်သွားယူတဲ့အခါ
သူ့မှာလည်း မာယာ့မှာရှိတဲ့ ရောဂါပိုး ရှိနေကြောင်း
တွေ့လိုက်ရပါတယ်။
ကျမ မအံ့သြပါဘူး။ ခါးသီးမှုကိုပဲ ခံစားရပါတယ်။
ကျမရဲ့ ခင်ပွန်းဖြစ်ခဲ့သူဟာ
သူ့ဘဝကို သူကိုယ်တိုင် ဖျက်ဆီးပစ်လိုက်တာပါ။

ကံကောင်းတာတခုက
ကျမတို့ရဲ့ အိမ်ထောင်ရေး
သံသယတွေနဲ့ အဆင်မပြေတော့ဘူးလို့
ခံစားမိကတည်းက လွန်ခဲ့တဲ့ လအတန်ကြာကတည်းက
ကိုကိုနဲ့ အတူမနေဘဲ ခွဲနေခဲ့တာပါ။
ဒါကြောင့် ကျမနဲ့ ကျမရဲ့ သမီးလေးကတော့
ဘေးကင်းလုံခြုံခဲ့ပါတယ်။
ဒါဟာ ကံကြမ္မာက ကျမတို့ကို ပေးခဲ့တဲ့
နောက်ဆုံးသော အကာအကွယ် ဖြစ်ပါလိမ့်မယ်။

ဆေးစစ်ချက် ရလာတဲ့နေ့မှာတော့
ကိုကိုဟာ ကျမရှေ့မှာ ဒူးထောက်ပြီး
မျက်ရည်တွေနဲ့ တောင်းပန်ခဲ့ပါတယ် -
“ကိုယ် တောင်းပန်ပါတယ်... ကိုယ် မှားသွားတယ်...
ကျေးဇူးပြုပြီး ကိုယ့်ကို ပစ်မသွားပါနဲ့...”

ကျမ သူ့ကို ကြည့်လိုက်ပေမဲ့
ရင်ထဲမှာ ဘာမှမရှိတော့ပါဘူး။
ဒေါသလည်း မရှိတော့သလို၊
အချစ်လည်း မရှိတော့ပါဘူး။
“ ရှင် တောင်းပန်သင့်တာ သမီးလေးကိုပါ။
ကျမကို မဟုတ်ဘူး” လို့
ကျမ အေးအေးဆေးဆေးပဲ ပြောပြီး
သူ့အနားက လှည့်ထွက်လာခဲ့တယ်။

အဲဒီနေ့ကစပြီး ကိုကိုနဲ့ ပတ်သက်လို့
ကျမ ဘာကိုမှ ဂရုမစိုက်တော့ပါဘူး။
ကျမရဲ့ အချစ်တွေအားလုံးကို
အေးအေးချမ်းချမ်း နေထိုင်နေတဲ့ သမီးလေးအတွက်ပဲ
ပေးလိုက်ပါတော့တယ်။

ကိုကိုကတော့ နောင်တတွေနဲ့အတူ
မှောင်မိုက်တဲ့ ဘဝထဲမှာ ဆက်လက် ရှင်သန်နေရဆဲပါ။
“ မာယာမှာ ဘာရောဂါရှိလဲဆိုတာ ရှင်သိလား? ”
ဆိုတဲ့မေးခွန်းဟာ
အမှန်တရားတွေ ပေါ်ပေါက်လာဖို့ အစပြုခဲ့သလို၊
ခိုင်မြဲပါတယ်ဆိုတဲ့ အိမ်ထောင်ရေးတခုကိုလည်း
အဆုံးသတ်ပေးခဲ့ပါတယ်။

ကျမ နားလည်သွားတာတခုကတော့ -
တခါတလေကျရင် သစ္စာဖောက်မှုတွေအတွက်
လက်စားချေနေဖို့ မလိုပါဘူး။
ဘာလို့လဲဆိုတော့ လိမ်ညာလှည့်ဖျားတတ်သူတွေကို
ဘဝကိုယ်တိုင်က
အဆိုးရွားဆုံး နည်းလမ်းနဲ့ အပြစ်ပေးသွားတတ်လို့ပါပဲ။

Credit ( #ဘာသာပြန်)

"အားလုံးပဲ မင်္ဂလာပါရှင်။ ညီမက လက်ရှိမှာ Data Science Major ကို လေ့လာနေတဲ့သူတစ်ယောက်ပါ။ စာလေ့လာတဲ့အခါမှာ ပျင်းစရာမကောင်း...
09/05/2026

"အားလုံးပဲ မင်္ဂလာပါရှင်။ ညီမက လက်ရှိမှာ Data Science Major ကို လေ့လာနေတဲ့သူတစ်ယောက်ပါ။ စာလေ့လာတဲ့အခါမှာ ပျင်းစရာမကောင်းအောင် Study buddy အဖြစ်ရော၊ စကားပြောဖော်အဖြစ်ပါ အတူတူတိုးတက်မယ့် သူငယ်ချင်းအသစ်တွေ ရှာချင်လို့ပါ။

Major ဘာသာရပ်အပြင် ဘာသာစကား လေ့လာတာကိုလည်း ဝါသနာပါလို့ English, Japanese နဲ့ Chinese ဘာသာစကားတွေကိုပါ ကြိုးစားနေပါတယ်။ ညီမကတော့ အေးအေးဆေးဆေးနေတတ်တဲ့သူရော၊ စကားပြောရတာ ဝါသနာပါတဲ့သူရော ဘယ်သူနဲ့မဆို အဆင်ပြေပြေ ပေါင်းသင်းတတ်ပါတယ်။ အထူးသဖြင့် Yangon RI IT college က သူငယ်ချင်းတွေရှိရင် ကျောင်းအကြောင်းတွေလည်း တိုင်ပင်လို့ရတာမို့ ပိုပြီးခင်ချင်ပါတယ်ရှင်။ စိတ်တူကိုယ်တူ ရှိတယ်ဆိုရင် Hi ခဲ့ပေးပါဦးနော်။"

゚viralシ

05/05/2026

ငါနဲ့ ငါ့ ရည်းစားဟောင်း တွေပဲအေးတယ်
သူတို့လဲ ငါ့မကောင်းကြောင်း မတင်ဘူး
ငါလဲ သူတို့မကောင်းကြောင်း မတင်ဘူး
နှစ်ဖက်လုံး ကောင်းမှမကောင်းကြတာ:3

02/05/2026

ကျနော် လိုချင်တဲ့ type ကတော့

၂ ထပ် တိုက်ဗျ

အပေါ်ထပ် ဝရံတာမှာ ဘော်ဒါတွေစုပီး
Beer သောက်လို့ရအောင် 😁

"သူငယ်ချင်းဟောင်းလေးကို ရှာဖွေခြင်း" ၁၀ တန်းတက်ခဲ့စဉ်က အမှတ်တရတွေနဲ့အတူ ၂၀၀၆ ခုနှစ်ကတည်းက အဆက်အသွယ် ပြတ်သွားခဲ့တဲ့ သူငယ်...
02/05/2026

"သူငယ်ချင်းဟောင်းလေးကို ရှာဖွေခြင်း"

၁၀ တန်းတက်ခဲ့စဉ်က အမှတ်တရတွေနဲ့အတူ ၂၀၀၆ ခုနှစ်ကတည်းက အဆက်အသွယ် ပြတ်သွားခဲ့တဲ့ သူငယ်ချင်းမလေး Y.M.A ကို ပြန်ရှာနေပါတယ်။

သူမရဲ့ မွေးနေ့က မေလ ၁၀ ရက် ၁၉၈၆ ခုနှစ်ပါ။ ကျွန်မတို့ ရန်ကုန်၊ လှိုင်မြို့နယ်မှာ ဆယ်တန်းအတူတူ အောင်ခဲ့ကြတာ ဖြစ်ပါတယ်။ အချိန်တွေ ဘယ်လောက်ပဲ ပြောင်းသွားပါစေ၊ အတူတူ ဖြတ်သန်းခဲ့တဲ့ အမှတ်တရတွေကတော့ အခုထိ ပုံရိပ်ထင်ကျန်နေဆဲပါ။

ဒီပို့စ်လေးကို မြင်ဖြစ်ရင်ပဲဖြစ်ဖြစ်၊ သတင်းစကား ကြားဖြစ်ရင်ပဲဖြစ်ဖြစ် ပြန်လည်ဆက်သွယ်ပေးဖို့ မျှော်လင့်နေပါတယ်။ သူငယ်ချင်းကို မှတ်မိတဲ့သူတွေ ရှိရင်လည်း ကူညီပြီး Mention ခေါ်ပေးကြပါဦး


28/04/2026

တစ်ခုလပ်

မိန်းမတစ်ယောက်က အိမ်ထောင်ကွဲသွားပြီဆိုရင် တစ်ခုလပ်ဆိုတဲ့ နာမည်နဲ့ လူအတော်များများက အထင်သေး အမြင်သေးနဲ့ ဆက်ဆံချင်ကြတာသဘာဝတစ်ခုလို ဖြစ်နေတာနော်။

အဲဒီ အထဲမှာအများစုက မိန်းမတွေဖြစ်တယ်။
မိန်းမတစ်ယောက် အိမ်ထောင်ကွဲသွားပြီဆိုရင် အဲ့ဒီမိန်းမက တန်ဖိုးမဲ့သွားပြီဆိုတဲ့ အတွေးတိမ်တိမ်နဲ့တွေးတတ်ကြတယ်။

အဲ့ဒီလိုလူတွေရဲ့ ဦးနှောက်ထဲမှာ လိင်ပိုင်းဆိုင်ရာအတွေးမျိုးပဲရှိနေလို့ပါ။ပြောရရင် သုပ်ပိုး နားထင်တက်စောင့်နေတဲ့ လူစားမျိုးတွေပေါ့။

ယောကျာ်းတစ်ယောက်ရဲ့ ယူလိုက်လို့ အဲ့ဒီမိန်းမ တန်ဖိုးကျကြေးဆိုရင်
အပျိုလို့ နာမည်ခံယူထားပြီး တည်းခိုခန်းထဲ မသိမသာ အဝင်အထွက်လုပ်နေကြတဲ့ အမည်ခံအပျိုတွေကို ဘယ်လိုပြောရမလဲ။

တစ်ခုလပ်ဆိုတဲ့ မိန်းမတွေဆိုတာ တရားဝင် အိမ်ထောင်တစ်ခုကိုတည်ဆောက်ခဲ့ပြီး မိန်းမတစ်ယောက်ရဲ့ သည်းခံနိုင်မှုတွေ ဂိတ်ဆုံးသွားလို့သာ တစ်ခုလပ်ဆိုတဲ့နာမည်ကို မလိုချင်ဘဲ သူတို့ ယူခဲ့ကြရတာပါ။

ဘယ်မိန်းမကမှ တစ်ခုလပ်ဆိုတဲ့နာမည်ကို လွယ်လွယ်နဲ့ မယူကြသလို ဘယ်မိန်းမကမှလည်း ဒီနာမည်ကို မလိုချင်ကြပါဘူး။

တစ်ခုလပ် မိန်းမတစ်ယောက်ဖြစ်တိုင်း အထင်သေးဖို့ စိတ်ကူးရှိမယ်ဆိုရင် အရင်ဆုံး ကိုယ့်ကိုယ်ကိုယ်ပြန်ကြည့်ပါ။

ငါရော ဘယ်လောက်များ သန့်လဲ။ငါရော သူ့လို
တစ်ခုလပ်ဖြစ်မလာနိုင်ဘူးလား။ကံကြမ္မာဆိုတာ မြင်ရတဲ့အရာမဟုတ်လို့ အထင်သေးမစောပါနဲ့။ငါသာ သူ့လို တစ်ခုလပ်ဘဝကိုရောက်ခဲ့ရင် ငါသူ့လိုရော ရပ်တည်နိုင်ပါ့မလား ဆိုတဲ့ အတွေးမျိုး တွေးသင့်ပါတယ်။

လောကဒဏ်ကို အန်တုပြီး လောကကြီးကို ဒူးမထောက်အရှုံးမပေးတဲ့ single mom ဆိုတဲ့ တစ်ခုလပ် မိန်းမသားတွေဟာ လင်ရှိမိန်းမတွေထက် ပိုပြီး လောကကြီးကို ရင်ဆိုင်ရဲတဲ့ သတ္တိတွေရှိကြတယ်။

တစ်ချို့သောမိန်းမတွေ၊တစ်ချို့‌သောယောကျာ်းတွေက တစ်ခုလပ်မိန်းမတစ်ယောက်လောက်မှ
အရည်ချင်းမရှိဘဲ မရပ်တည်နိုင်ဘဘဲ သူများကို အထင်သေးချင်စိတ်နဲ့ သူတို့ လက်ရှိဘဝကိုတောင် မေ့နေတတ်ကြတယ်။

တစ်ခုလပ် မိန်းမတစ်ယောက်က လူပျိုကောင်လေးတစ်ယောက်ကို ချစ်ခင်စုံမက်ခွင့် မရှိရဘူးလား။

တစ်ခုလပ် ယောကျာ်းတစ်ယောက်က အပျိုမိန်းကလေးတစ်ယောက်ကို ချစ်ခင်စုံမက်ပြီး လက်ထပ်တယ်ဆိုရင်
သူတို့က ဖူးစာပါလို့ ကံကောင်းလို့တဲ့ ပြောကြတယ်။
ဒီမိန်းကလေးနဲ့တော့ ကံကောင်းမှာပါ စသည်ဖြင့်အပေါင်းလက္ခဏာနဲ့ ပြောတတ်ကြတယ်။အချစ်နဲ့ ဖူးစာဆိုတာ ထူးဆန်တယ်ဆိုတာတောင်ပါလိုက်သေးတယ်။

တစ်ခုလပ် မိန်းမတစ်ယောက်က လူပျိုကောင်လေးတစ်ယောက်ကို လက်ထပ်မယ်ဆိုရင် လူအတော်များများက နှခေါင်းရှုတ် ဝေဖန်အပြစ်တင်ကြတယ်။

အဲ့ဒီအထဲမှာ မိန်းမချင်းတွေက ပိုများတယ်။
ဘာ့ကြောင့်လဲ၊ဘာ့အတွက်လဲ။

တစ်ခုလပ်ဖြစ်သွားတဲ့ မိန်းမတစ်ယောက်က သူ့ဘဝကို အသစ်က ပြန်စခွင့်မရှိရဘူးလား။
တစ်ခုလပ်ဖြစ်သွားတဲ့ မိန်းမတစ်ယောက်က သူ့ဘဝကို သူပြန်တည်ဆောက်ခွင့် မရှိရဘူးလား။
တစ်ခုလပ် မိန်းမတစ်ယောက်က တစ်ခုလပ် ယောက်ကျားကိုပဲ လက်ထပ်ရမယ်တဲ့လား။

တစ်ခုလပ် မိန်းမတစ်ယောက်က အိမ်ထောင်ကွဲ
ယောကျာ်းကိုပဲ ရွေးချယ်ခွင့်ရှိရမယ်တဲ့လား။
တစ်ခုလပ် မိန်းမတစ်ယောက်မှာ သူ့ရဲ့ ကိုယ်ပိုင် ရွေးချယ်ခွင့်တွေရော မရှိရတော့ဘူးလား။
တစ်ခုလပ်မိန်းမတစ်ယောက်နှင့် တစ်ခုလပ် ယောကျာ်းတစ်ယောက်က ဘာများကွာခြားမှုရှိလဲ။

အဖို အမ ခွဲခြားဆက်ဆံတာကိုကြတော့ မလိုချင်ဘူးဆိုပြီး ထိုင်အော်နေကြတဲ့ မိန်းမအတော်တော်များများကပဲ
သူတို့ကိုယ်တိုင်ကခွဲခြားဆက်ဆံနေကြတာ သူတို့ကိုယ် သူတို့ သတိပြုမိမယ်မထင်ဘူး။

ဒါကလည်း သူကိုယ်တိုင်က ခွဲခြားဆက်ဆံခံရပြီး ကြီးပြင်းလာတဲ့ ပတ်ဝန်းကျင် အသိုင်းအဝိုင်းမှာ နေသားကျသွားလို့ အကျင့်ပါသွားတယ်ပဲ ထင်ပါတယ်။

အိမ်ထောင် တစ်ခါကွဲရုံနဲ့ မိန်းမသားတွေက ဘဝကို အရှုံးပေးလိုက်ရတော့မှာလား။
အိမ်ထောင်တစ်ခါကွဲရုံနဲ့ လူ့ဘောင် လူ့အသိုင်းဝိုင်းထဲ မိန်းမသားတွေ ဝင်မဆံ့ရတော့ဘူးလား။

တစ်ကယ်တမ်း အထင်သေးရမှာ နှာခေါင်းရှုတ်ရမှာက အိမ်ထောင်သည်ဘဝမှာ အိမ်ထောင်းရေးဖောက်ပြန်တဲ့သူမျိုးဖြစ်ပြီး အိမ်ထောင်သည်မှန်း သိသိလျက်နဲ့ သူများလင် သူများ မယားကို ကြာခိုတဲ့ မိန်းမတွေ ယောကျာ်းတွေပဲ ရွံစရာကောင်းတာပါ။

သူများ လင်မှန်းသိသိလျက်နဲ့ ကြာကူလီလုပ်ပြီး သူတော်စင်ယောင်ဆောင်နေတဲ့ မိန်းမတွေထက်စာရင်
အပျိုအမည်ခံပြီး တည်းခိုခန်းတက်နေတဲ့ မိန်းမတွေထက်စာရင် တစ်ခုလပ်ဆိုတဲ့ မိန်းမတွေကမှ
ပိုလေးစား တန်ဖိုးထားစရာကောင်းပါတယ်။

တစ်ခုလပ်ဖြစ်တိုင်း သိမ်ငယ်နေစရာမလိုအပ်သလို
လူတောမတိုးဝံ့စရာလည်း လိုမယ်မထင်ဘူး။
တစ်ခုလပ်မိန်းမတစ်ယောက်လည်း လူပျိုကောင်လေးတစ်ယောက်နဲ ထိုက်တန်ပါတယ်။

လူတစ်ယောက်ရဲ့ တန်ဖိုးဆိုတာ ပျိုတာ အိုတာနဲ့
မသက်ဆိုင်ပါဘူး။
တစ်ကယ်တော့
သိက္ခာရှိရှိနဲ့ ကိုယ့်ဘဝကိုယ် တန်ဖိုးထားပြီး
လောကကြီးကို အရှုံးမပေးဘဲ ကြိုးစား ရုန်းကန်နေကြတဲ့ သူတိုင်းက တန်ဖိုးရှိပါတယ်။

Credit

For Long or Short terms RSဖတ်ရတယ့်သူစိတ်မရှုပ်အောင်စာကိုလိုရင်းပဲရေးပါမယ်။ 39 Male Single ပါ။ RS မရှိတာ 2 နှစ်ရှိပါပြီ။ ...
28/04/2026

For Long or Short terms RS
ဖတ်ရတယ့်သူစိတ်မရှုပ်အောင်စာကိုလိုရင်းပဲရေးပါမယ်။ 39 Male Single ပါ။ RS မရှိတာ 2 နှစ်ရှိပါပြီ။ ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းရှိပြီး လက်ရှိ ပြည်ပ နဲ့ ရန်ကုန် ကို သွားလိုက်လာလိုက်နေပါတယ်။ အရပ် 5 8, Weight 180lb, fair complex ပါ။ Mix Race လူမျိုးထဲကပါ။ အရက်/ ဘီယာ မသောက်ပါ။ ဒီလောက်ဆို မြင်လောက်ပြီလို့ထင်ပါတယ်။

လိုချင်တယ့် type ကို ပြောရရင် 18- 30 ထဲက ပါ။ open type ကိုပိုသဘောကြပါတယ်။ အရက် ဘီယာ ကိုမသောက်တော့ သူလဲ မသောက်ရင် ပိုအဆင်ပြေပါတယ်။ Chubby type လေးဆိုပိုသဘောကြပါတယ်။ အဆင်ပြေမယ်လို့ထင်ရင် Tele မာ လာစကားပြောကြည့်ပါ။ လင့်ပေးထားပါတယ်။



25/04/2026

သူများတွေလိုMorning Kissလိုချင်တာ
ငါ့ဘဝကMorning Sickပဲရတယ်
တစ်နေ့တစ်နေ့နိုးလာတာနဲ့ တစ်ကိုယ်လုံဆင်အနင်းခံထားရသလ်ိုပဲညောင်းတာ
အရိုးတွေပါညောင်းတယ်

25/04/2026

ယောကျာ်းလေးတွေရဲ့အကြိုက်ဟာ
ကိ~တ်မှ၊ဖြူမှ၊
ချေတံသွယ်မှ
စလင်း ဖြစ်မှ၊နိုက်အောက် ရမှ
Out fitလန်းမှ
ဘာရမှ ညာရမှ စသည်ဖြင့် စသဖြင့်တွေ
ရှူပ်ပွေလွန်းလှပေမဲ့....
အမျိုးသမီးထုကြီးရဲ့ အကြိုက်ကတော့
ရှင်းပါတယ်"သူတို့ကို ၊အဖက်မလုပ်တဲ့ကောင်မှ" 😁

25/04/2026

နောက်ပိုင်းတွဲတဲ့ relationship တွေကို private ပဲထားတော့တယ်။
ဘယ်သူ့ကိုမှ ပေးမသိတော့ဘူး။ သူငယ်ချင်းတွေကိုလဲ ပေးမသိဘူး၊ တွဲနေတဲ့သူကိုလဲ ပေးမသိဘူး။
စိတ်ကူးထဲမှာဘဲ တွဲနေလိုက်တော့တယ်။ 😁

ที่อยู่

Khaosan Street
Bangkok
10200

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ 𝗖𝘂𝗽𝗶𝗱 𝗖𝗼𝗿𝗻𝗲𝗿 𝟭.𝟬ผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์