09/03/2025
Review တွေ ကိုယ့်ရဲ့ social media platforms တွေမှာ လိုအပ်လား❓❓
💁♀️Reviews တွေက အရောင်းမြှင့်တင်ဖို့အတွက် အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုမှာ ပါတယ်
🫶🏻Social Media Platforms တွေပေါ်မှာ Sale Post တွေအများကြီးတင်တာထက် Review Post တစ်ခုတင်တာက ပိုပြီး မဝယ်ရသေးတဲ့ Customer အသစ်တွေကို ဆွဲဆောင်စေနိုင်တယ်
🤔Sale Post တွေချည်းတင်နေရင် Page ကို follow လုပ်ထားသူတွေ ကြေငြာမြင်ရတဲ့သူတွေအတွက် အရမ်းBoring ဖြစ်ပြီး ကျော်ပစ်တာမျိုး Unfollow လုပ်တာမျိုး ရှိတတ်တယ်
Customer Behaviour အရ Review တွေကြည့်ပြီး ဝယ်ကြတဲ့ Cus တွေလည်းရှိတယ် (eg ကိုယ်က ထိပ်ဆုံးကဘဲ)
ဒီတော့ စစ်မှန်တဲ့ Review တွေကိုစုပါ
✅
‼️Spam Review တွေကို အားမပေးပါဘူးနော် Review အစစ်ဟုတ်မဟုတ် အလွယ်တကူ detect လို့ရတယ်
✅Customer တစ်ယောက် ကိုယ့်ဆီက Service or Product ဝယ်ပြီးတဲ့အခါ after care service ပေးတာမျိုး review တောင်းတာမျိုး လုပ်ပါ
👉Offline Activities / Webinar တွေမှာ Suggestion Box , Feedback Form ဖြည့်ရတာမျိုး ကြုံဖူးပါလိမ့်မယ် ဒါဟာ ကောင်းတဲ့ Follow Up Activity ပါဘဲ
✅Review ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ကိုယ့်အတွက် အမြတ်ပါဘဲ Customer ဘက်က Bad reviews ပေးရင် ပြန်ပြီး analysis လုပ်ပြီး ပြင်သင့်တာမျိုး ပြင်လို့ရတယ်
✅Good Reviews ပေးရင် Social Media Platforms တွေပေါ်မှာ Follower တွေကြား မြင်သာအောင် တင်ပါ ကြေငြာပါ Gallery ထဲ သိမ်းမထားပါနဲ့
eg page မှာ Review Tab ဖွင့်ထားပေးတာမျိုး နောက်တစ်ခု Social Post အနေနဲ့ Testimonial Video သို့ Static Post တင်တာမျိုး Website ရဲ့ HomePage မှာ Reviews အနည်းငယ် ဖော်ပြထားတာမျိုး
👩💻ဒါတွေက ကိုယ့်Page ထဲ ဝင်ကြည့်တွေသူတွေအပေါ် impression မြင့်စေပါတယ်📈