17/03/2026
𝐌𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠 မကောင်းလို့ အရောင်း(𝐒𝐚𝐥𝐞𝐬) ကျသွားတာလား…
ဒါမှမဟုတ် စျေးကွက်(𝐌𝐚𝐫𝐤𝐞𝐭) ပြောင်းသွားတာကို နည်းဗျူဟာ (𝐒𝐭𝐫𝐚𝐭𝐞𝐠𝐲) မပြောင်းသေးတာလား?
တကယ်တော့ စျေးကွက်အခြေအနေ ပြောင်းသွားတဲ့အချိန် စျေးကွက်နည်းဗျူဟာ မပြောင်းတဲ့ လုပ်ငန်းတွေကပဲ အရင် 𝐬𝐭𝐫𝐮𝐠𝐠𝐥𝐞 ဖြစ်တတ်ပါတယ်။
စီးပွားရေးလောကမှာ စျေးကွက် ကို သုံးသပ်တဲ့အခါ သုံးလေ့ရှိတဲ့ 𝐟𝐫𝐚𝐦𝐞𝐰𝐨𝐫𝐤 တစ်ခုရှိပါတယ် ဒါကတော့ တော်တော်များများ တွေ့ဖူးကြတဲ့ 𝐏𝐄𝐒𝐓𝐄𝐋 𝐀𝐧𝐚𝐥𝐲𝐬𝐢𝐬 ပါ။
ဒါက ကိုယ်တွေရဲ့ လုပ်ငန်း ကို အပြင်ဘက်ကနေ သက်ရောက်နေတဲ့ အချက် ၆ ခုကို ကြည့်တဲ့နည်းပါ။
✅ 𝐏 – 𝐏𝐨𝐥𝐢𝐭𝐢𝐜𝐚𝐥 (နိုင်ငံရေး)
စစ်ပွဲ နိုင်ငံရေးအခြေအနေကြောင့် 𝐃𝐢𝐠𝐢𝐭𝐚𝐥 𝐏𝐥𝐚𝐭𝐟𝐨𝐫𝐦 တွေသုံးရတာ ပြောင်းနိုင်ပါတယ်။
𝐕𝐏𝐍 သုံးရတာ၊ 𝐏𝐥𝐚𝐭𝐟𝐨𝐫𝐦 𝐚𝐜𝐜𝐞𝐬𝐬 အခက်အခဲတွေကြောင့်
𝐑𝐞𝐚𝐜𝐡, 𝐀𝐝𝐬 𝐩𝐞𝐫𝐟𝐨𝐫𝐦𝐚𝐧𝐜𝐞, 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 𝐛𝐞𝐡𝐚𝐯𝐢𝐨𝐮𝐫 အကုန်ပြောင်းသွားနိုင်ပါတယ်။ (𝐅𝐨𝐫 𝐞𝐠, 𝐓𝐢𝐤𝐭𝐨𝐤အရွေ့)
✅ 𝐄 – 𝐄𝐜𝐨𝐧𝐨𝐦𝐢𝐜 (စီးပွားရေး)
စီးပွားရေးကျပ်လာတဲ့အခါ 𝐂𝐨𝐧𝐬𝐮𝐦𝐞𝐫 𝐛𝐞𝐡𝐚𝐯𝐢𝐨𝐮𝐫 တစ်ခုလုံးပြောင်းပါတယ်။အကျိုးဆက်အနေနဲ့ 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 တွေရဲ့ ဝယ်လိုအား (𝐏𝐮𝐫𝐜𝐡𝐚𝐬𝐢𝐧𝐠 𝐏𝐨𝐰𝐞𝐫) က အလိုလိုကျလာပါတယ်။
အရင်က လူတွေ
“ကြိုက်လို့ဝယ်” တာများတယ်။
အခုတော့
“တန်လို့ဝယ်” တာများလာပါတယ်။
ဒါကြောင့် 𝐌𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠 𝐦𝐞𝐬𝐬𝐚𝐠𝐞 တွေမှာ
𝐋𝐮𝐱𝐮𝐫𝐲 𝐦𝐞𝐬𝐬𝐚𝐠𝐞 ထက် 𝐕𝐚𝐥𝐮𝐞 𝐦𝐞𝐬𝐬𝐚𝐠𝐞 ပိုအရေးကြီးလာပါတယ်။
✅ 𝐒 – 𝐒𝐨𝐜𝐢𝐚𝐥 (လူမှုရေး)
𝐀𝐭𝐭𝐞𝐧𝐭𝐢𝐨𝐧 𝐬𝐩𝐚𝐧 အရမ်းတိုသွားပါတယ်။
𝐋𝐨𝐧𝐠 𝐚𝐝𝐬 တွေထက်
✨𝐒𝐡𝐨𝐫𝐭 𝐯𝐢𝐝𝐞𝐨
✨𝐑𝐞𝐚𝐥 𝐫𝐞𝐯𝐢𝐞𝐰
✨𝐔𝐆𝐂 𝐜𝐨𝐧𝐭𝐞𝐧𝐭
တွေကိုပဲ လူတွေ ပိုယုံကြည်လာပါတယ်။
အခုခေတ်မှာ
𝐏𝐞𝐫𝐟𝐞𝐜𝐭 𝐚𝐝 ထက် 𝐀𝐮𝐭𝐡𝐞𝐧𝐭𝐢𝐜 𝐜𝐨𝐧𝐭𝐞𝐧𝐭 က ပိုပြီးလွှမ်းမိုးလာပါတယ်။အရင်လို 𝐬𝐡𝐨𝐩𝐩𝐢𝐧𝐠 မဟုတ်ဘဲ “စိတ်ချရတဲ့ 𝐛𝐫𝐚𝐧𝐝” ကိုပဲ ရွေးဝယ်လာကြတယ်။
✅𝐓 – 𝐓𝐞𝐜𝐡𝐧𝐨𝐥𝐨𝐠𝐢𝐜𝐚𝐥 (နည်းပညာ)
𝐀𝐈 𝐭𝐨𝐨𝐥𝐬 တွေကြောင့် 𝐌𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠 လုပ်ပုံလုပ်နည်းတွေ အရမ်းမြန်မြန်ပြောင်းနေပါတယ်။
𝐂𝐨𝐧𝐭𝐞𝐧𝐭 ဖန်တီးတာ
𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 အကြိုက်ကို နားလည်တာ
ကြော်ငြာတွေကို ပိုကောင်းအောင်ပြင်တာ
ဒီအရာတွေကို 𝐀𝐈 နဲ့လုပ်တဲ့ လုပ်ငန်းတွေက 𝐬𝐩𝐞𝐞𝐝 + 𝐢𝐧𝐬𝐢𝐠𝐡𝐭 နှစ်ခုလုံးမှာ ခြေတစ်လှမ်းသာလာပါတယ်။
✅ 𝐄 – 𝐄𝐧𝐯𝐢𝐫𝐨𝐧𝐦𝐞𝐧𝐭𝐚𝐥 (ပတ်ဝန်းကျင်)
ဖောက်သည် စားသုံးသူတွေက လုပ်ငန်း ရဲ့ 𝐯𝐚𝐥𝐮𝐞 ကိုလည်း ကြည့်လာပါတယ်။
𝐄𝐜𝐨-𝐟𝐫𝐢𝐞𝐧𝐝𝐥𝐲 𝐩𝐚𝐜𝐤𝐚𝐠𝐢𝐧𝐠 ဖြစ်ရဲ့လား?
𝐂𝐨𝐦𝐦𝐮𝐧𝐢𝐭𝐲 𝐬𝐮𝐩𝐩𝐨𝐫𝐭 ရှိရဲ့လား?
တာဝန်ယူမှု တာဝန်ခံမှုရှိတဲ့ လုပ်ငန်း ဖြစ်ရဲ့လား?
ဒီလို 𝐚𝐜𝐭𝐢𝐨𝐧𝐬 တွေက လုပ်ငန်းပုံရိပ်နဲ့ ယုံကြည်မှု ကို တိုးစေပါတယ်။
✅ 𝐋 – 𝐋𝐞𝐠𝐚𝐥 (ဥပဒေ)
𝐃𝐚𝐭𝐚 𝐩𝐫𝐢𝐯𝐚𝐜𝐲
𝐂𝐨𝐩𝐲𝐫𝐢𝐠𝐡𝐭
𝐏𝐥𝐚𝐭𝐟𝐨𝐫𝐦 𝐩𝐨𝐥𝐢𝐜𝐢𝐞𝐬
ဒီအချက်တွေက 𝐌𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠 လုပ်တဲ့အခါ မဖြစ်မနေ သိထားရမယ့် 𝐫𝐮𝐥𝐞𝐬 တွေပါ။
‼️𝐌𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠 ဆိုတာ 𝐀𝐝𝐬 𝐫𝐮𝐧 လုပ်တာတစ်ခုတည်းမဟုတ်ပါဘူး။အရင်ကလို 𝐀𝐝𝐬 𝐫𝐮𝐧 ရုံနဲ့လည်း အရောင်းတက်မလာတော့ပါဘူး။
လက်ရှိဖြစ်နေတဲ့ စျေးကွက်အခြေအနေကိုနားလည်ပြီး နည်းဗျူဟာ ပြောင်းနိုင်တာက ကိုယ့်စီးပွားရေး 𝐋𝐨𝐧𝐠-𝐭𝐞𝐫𝐦 𝐠𝐫𝐨𝐰𝐭𝐡 အတွက် အရေးကြီးဆုံးပါ။
ဆိုတော့ကား စျေးကွက်(𝐌𝐚𝐫𝐤𝐞𝐭) မပြောင်းဘူးဆိုရင် ဗျူဟာ ( 𝐒𝐭𝐫𝐚𝐭𝐞𝐠𝐲) မပြောင်းလည်းရပါတယ်။
ဒါပေမယ့် စျေးကွက် (𝐌𝐚𝐫𝐤𝐞𝐭) ပြောင်းသွားတဲ့အချိန် ဗျူဟာ (𝐒𝐭𝐫𝐚𝐭𝐞𝐠𝐲) မပြောင်းတဲ့ ကိုယ့်လုပ်ငန်းစီးပွားရေးတွေက အမြဲနောက်ကျသွားတတ်မှာကို သတိပြုတတ်ရပါမယ်။