The Content Bloc The Content Bloc: Building your brand, block by block.

More likes. More shares. More customers. 📈A winning social media strategy is the key ingredient for a thriving restauran...
14/11/2025

More likes. More shares. More customers. 📈

A winning social media strategy is the key ingredient for a thriving restaurant. We'll help you serve up delicious content that fills your tables.

Partner with us and let's get your restaurant buzzing online.

ဆက်သွယ်ရန်
LINE OA: https://lin.ee/Atjgw3U
☎️ +66657087233, +66656591065
📧 [email protected]

ကိုယ့် Brand ရဲ့ Personality က ဘယ်လိုမျိုးလဲ?A Great Logo Makes You Recognizable. A Great Brand Personality Makes You Un...
10/11/2025

ကိုယ့် Brand ရဲ့ Personality က ဘယ်လိုမျိုးလဲ?

A Great Logo Makes You Recognizable. A Great Brand Personality Makes You Unforgettable - Digital Marketing Bootcamp Ep-3

လုပ်ငန်းရှင်အများစုက ကိုယ့် Brand ရဲ့ Logo, Color တွေလို အမြင်ပိုင်းဆိုင်ရာတွေမှာ အဓိကထားပြီး အများကြီး ရင်းနှီးမြှုပ်နှံထားတတ်ကြပါတယ်။ ဒါပေမဲ့ အဲ့ဒီ့ Brand ရဲ့ Logo, Color၊ တစ်ခြားအမြင်ပိုင်းဆိုင်ရာတွေမှာပဲရပ်သွားပြီးတော့ တကယ်အရေးကြီးတဲ့ အပိုင်းတစ်ခုကိုတော့ မေ့ကျန်နေတတ်ပြန်ပါတယ်။

Brand တစ်ခုရဲ့တကယ့် Magic ဆိုတာက ကိုယ့်ရဲ့ brand က customer တွေနဲ့ ဘယ်လို "စကားပြော" မလဲဆိုတာကို သတ်မှတ်လိုက်တဲ့အချိန်မှာမှ စတင်တာပါ။ ဒါက သာမန် Company တစ်ခုနဲ့ လူတွေတကယ်ယုံကြည်ရတဲ့ Brand တစ်ခုရဲ့ အဓိကကွာခြားချက်ပဲဖြစ်ပါတယ်။

အခု Digital Marketing Bootcamp Ep-2 မှာတော့ Brand Personality ကောင်းတစ်ခုရဲ့ အဓိကအစိတ်အပိုင်းတွေကို နာမည်ကြီး Brand ဥပမာတွေနဲ့ အတူတူ လေ့လာကြည့်ရအောင်။

ပထမတစ်ခုကတော့ Brand Voice ပါ။ ဒါက ကိုယ့် Brand ရဲ့ အခြေခံအုတ်မြစ်ပဲဖြစ်ပါတယ်။ ဘယ်တော့မှ မပြောင်းလဲတဲ့ core identity တစ်ခုလို့ပြောလို့ရပါတယ်။ ကိုယ်ဘယ်သူလဲ၊ ဘာကိုယုံကြည်လဲဆိုတာကို စကားလုံးနဲ့ ဖော်ပြထားတာမျိုးဖြစ်ပါတယ်။ ဥပမာအားဖြင့် Apple ရဲ့ Brand Voice က အမြဲတမ်း 'ဆန်းသစ်တယ်၊ ရိုးရှင်းတယ်၊ အရည်အသွေးမြင့်တယ်' ဆိုတဲ့ ခံစားချက်ကို ပေးနေတာဖြစ်ပါတယ်။

ဒုတိယတစ်ခုကတော့ Brand Personality ဖြစ်ပါတယ်။ ကိုယ့် Brand ကသာ လူတစ်ယောက်ဆိုရင် သူက ဘယ်လိုလူမျိုးဖြစ်မလဲ။ ကိုယ့် Brand ရဲ့ လူသားဆန်တဲ့ စရိုက်လက္ခဏာတွေကိုဖော်ပြတဲ့ပုံစံတွေဖြစ်တဲ့ ပညာရှိ တစ်ယောက်လိုလား ဒါမှမဟုတ် တက်ကြွတဲ့ သူငယ်ချင်းတစ်ယောက်လိုလား။ ဥပမာအားဖြင့် Apple က တည်ငြိမ်ပြီး အရာရာကိုသိတဲ့ professional တစ်ယောက်လို ဖြစ်နေချိန်မှာ၊ Coca-Cola ကတော့ ပါတီပွဲတိုင်းရဲ့ အလယ်ဗဟိုမှာရှိတဲ့ အမြဲပျော်နေတတ်တဲ့ သူငယ်ချင်းတစ်ယောက်လို ဖြစ်နေတာတွေက Brand တစ်ခုရဲ့ Personality တွေပဲဖြစ်ပါတယ်။

နောက်ဆုံးတစ်ခုကတော့ Brand Tone ပဲဖြစ်ပါတယ်။ ဒါကတော့ အခြေအနေပေါ်မူတည်ပြီး ပြောင်းလဲရတဲ့ လေသံ (mood) ပဲဖြစ်ပါတယ်။ ကိုယ့် Brand ရဲ့ Voice က အမြဲတမ်းတူနေနိုင်ပေမဲ့၊ လေသံကတော့ ပြောင်းလဲအခြေအနေပေါ်မူတည်ပြီး နိုင်ပါတယ်။ ဥပမာအားဖြင့် Coca-Cola ရဲ့ voice က အမြဲတမ်း "ပျော်ရွှင်မှု" ဖြစ်ပေမဲ့၊ ပွဲတော်ရာသီမှာသုံးတဲ့လေသံက "စည်ကားမှု" ဖြစ်ပြီး၊ CSR campaign တစ်ခုမှာသုံးတဲ့လေသံကတော့ "စာနာမှုနဲ့ မျှဝေမှု" ဖြစ်နေတာတွေကို လေ့လာတွေ့ရှိနိုင်ပါတယ်။

ကိုယ့် Brand ရဲ့ Personality က ဘယ်လိုမျိုးလဲ။ Apple လိုမျိုး ကျွမ်းကျင်ပြီး ပညာရှင်ဝင်ဆန်တဲ့ ပုံစံလား။ ဒါမှမဟုတ် Coca-Cola လိုမျိုး ပျော်စရာကောင်းပြီး ထူးခြားတဲ့ ပုံစံလား။ ရေရှည်တည်မြဲပြီး ရိုးရှင်းထိရောက်တဲ့ Brand Personality တစ်ခုကိုတည်ဆောက်နိုင်ဖို့အတွက် ကျွန်တာ်တို့ The Content Bloc ကိုဆက်သွယ်ပြီး အခမဲ့ဆွေးနွေးနိုင်ပါတယ်။

ဆက်သွယ်ရန်
LINE OA: https://lin.ee/Atjgw3U
☎️ +66657087233, +66656591065
📧 [email protected]

LINE OA ကိုအသုံးချပြီး Customer တွေနဲ့ ခိုင်မာတဲ့ ဆက်ဆံရေးကို တည်ဆောက်လိုက်ပါ!လုပ်ငန်းရှင်တိုင်း Facebook နဲ့ Instagram ...
07/11/2025

LINE OA ကိုအသုံးချပြီး Customer တွေနဲ့ ခိုင်မာတဲ့ ဆက်ဆံရေးကို တည်ဆောက်လိုက်ပါ!

လုပ်ငန်းရှင်တိုင်း Facebook နဲ့ Instagram ကို စီမံခန့်ခွဲဖို့ Meta Business Suite ရဲ့အစွမ်းကို သိကြပါတယ်။ ဒါပေမဲ့ Customer တွေနဲ့ အနီးကပ်ဆုံး ဆက်ဆံရေး တည်ဆောက်တဲ့နေရာဖြစ်တဲ့ LINE OA မှာရော အကောင်းဆုံးဖြစ်နေပြီလား?

ထိုင်းနိုင်ငံလို ဈေးကွက်မှာ Customer နဲ့ တိုက်ရိုက်စကားပြောဖို့၊ အရောင်းမြှင့်တင်ဖို့အတွက် Meta Business Suite ထက် LINE OA ဟာ အဓိကကျပါတယ်။ ဒီကွက်လပ်ကို ဖြည့်ဆည်းပေးဖို့ ကျွန်တော်တို့ The Content Bloc ကအသင့် ရှိနေပါတယ်။

Meta Business Suite သုံးတာက Facebook နဲ့ IG မှာ post တွေ အချိန်မှန်တင်တာ၊ လူအများကြီးသိအောင် ကြေညာတာတွေအတွက် အရမ်းကောင်းပါတယ်။ ဒါပေမဲ့ customer တွေနဲ့ ပိုမိုရင်းနှီးတဲ့ ဆက်ဆံရေးတွေတည်ဆောက်ချင်တဲ့အခါ၊ Personalize experiences တွေပေးချင်တဲ့ အခါမျိုးတွေမှာတော့ LINE OA ကအကောင်းဆုံးနေရာပဲဖြစ်ပါတယ်။

Meta Business Suite က Marketing Manager ဆိုရင်၊ LINE OA က ကိုယ့်ရဲ့ Customer Service Manager လိုအသုံးချနိုင်မှာဖြစ်ပါတယ်။ ထိုင်းနိုင်ငံ အခြစိုက် မြန်မာလုပ်ငန်းရှင်တွရဲ့ ဒစ်ဂျစ်တယ်မဟာဗျူဟာကို ပြီးပြည့်စုံစေဖို့အတွက်ဆိုရင် ဒီ tool နှစ်ခုစလုံးကို လိုအပ်ပါတယ်။

LINE OA အသုံးချပြီး Customer တစ်ဦးချင်းစီကို အကောင်းဆုံး ဝန်ဆောင်မှုတွေနဲ့ ရေရှည်ဆက်ဆံရေး တည်ဆောက်နိုင်ဖို့အတွက် ကျွန်တော်တို့ The Content Bloc အခုပဲဆက်သွယ်လိုက်ပါ။

ဆက်သွယ်ရန်
LINE OA: https://lin.ee/Atjgw3U

☎️ +66657087233, +66656591065
📧 [email protected]

Digital Marketing Strategy ရေးဆွဲတဲ့အခါ ခန့်မှန်းချက်တွေနဲ့ အလုပ်လုပ်နေတုန်းပဲလား? တပုံစံတည်းဖြစ်နေတဲ့ marketing plan တွ...
05/11/2025

Digital Marketing Strategy ရေးဆွဲတဲ့အခါ ခန့်မှန်းချက်တွေနဲ့ အလုပ်လုပ်နေတုန်းပဲလား?

တပုံစံတည်းဖြစ်နေတဲ့ marketing plan တွေက ကိုယ့်လုပ်ငန်းရဲ့ တကယ့် အားသာချက်၊ အားနည်းချက်တွေကို ထည့်မစဉ်းစားတဲ့အတွက် ရင်းနှီးမြှုပ်နှံမှုတွေ အလဟဿ ဖြစ်စေနိုင်ပါတယ်။

The Content Bloc မှာတော့ client တိုင်းအတွက် proposal မရေးဆွဲခင်မှာ ပြည့်စုံတဲ့ SWOT Analysis ကို အရင်ဆုံး ပြုလုပ်ပါတယ်။

ဒီလို အချက်အလက်ခိုင်မာတဲ့ လေ့လာသုံးသပ်မှုအပေါ် အခြေခံပြီး ရေးဆွဲထားတဲ့ strategy သာလျှင် မိတ်ဆွေတို့ လုပ်ငန်းအတွက် တကယ့်ရလဒ်ကောင်းတွေ ယူဆောင်လာပေးနိုင်မှာဖြစ်ပါတယ်။

ဦးတည်ချက်ရှိပြီး တိကျခိုင်မာတဲ့ Digital Marketing Strategy တစ်ခုအတွက် The Content Bloc ကို အခုပဲ ဆက်သွယ်လိုက်ပါ။

Read More: https://tinyurl.com/u8af43jt

ဆက်သွယ်ရန်
LINE OA: https://lin.ee/Atjgw3U
☎️ +66657087233, +66656591065
📧 [email protected]

Marketing Strategy တိုင်းရဲ့ အခက်ခဲဆုံး အပိုင်း (၃) ပိုင်း။မင်္ဂလာပါ၊ The Content Bloc ရဲ့ Digital Marketing Bootcamp Ep...
03/11/2025

Marketing Strategy တိုင်းရဲ့ အခက်ခဲဆုံး အပိုင်း (၃) ပိုင်း။

မင်္ဂလာပါ၊ The Content Bloc ရဲ့ Digital Marketing Bootcamp Ep 2 ကနေ ကြိုဆိုလိုက်ပါတယ်။

ကျွန်တော်တို့အားလုံး ဒီလိုကြုံဖူးကျပါတယ်။ စိတ်ကူးထဲမှာတော့ ကိုယ့်ရဲ့ Marketing Strategy က အရမ်းကြမ်းနေပြီ။ ဘာလုပ်မယ်၊ ဘယ်လိုလုပ်မယ်ဆိုတဲ့ အစီအစဉ်တွေက တိတိကျကျရှိထားပေမဲ့လည်း တစ်ပတ်၊ နှစ်ပတ်လောက်ကြာတော့ အဲ့ဒီအရှိန်က ဘယ်ရောက်သွားမှန်းမသိ၊ အစီအစဉ်တွေက ဖရိုဖရဲနဲ့ နောက်ဆုံးမှာတော့ မူလနေရာကိုပဲ ပြန်ရောက်သွားသွားရော။

ဒါဟာ ကိုယ်တစ်ယောက်တည်း ကြုံနေရတဲ့ ပြဿနာတော့မဟုတ်ပါဘူး။ Strategy တစ်ခုလိုအပ်မှန်းသိတာနဲ့ အဲ့ဒီ Strategy ကို လက်တွေ့အကောင်အထည်ဖော်ပြီး တစ်စိုက်မတ်မတ် လိုက်နာနိုင်တာက လုံးဝမတူညီတဲ့ ကိစ္စနှစ်ခုပါ။ ဘဘုန်းကြီးဟောသလို “ဘာမှလက်တွေ့မလုပ်ပဲ ထိုင်ပြီးတွေးနေရင်လည်း ဘာမှဖြစ်မလာဘူး” ဆိုတဲ့သဘောပဲဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ Digital Marketing Bootcamp မှာ အများဆုံးဆွေးနွေးဖြစ်တဲ့ အကြောင်းအရာတစ်ခုကတော့ ဒီလို “ရပ်တန့်နေတဲ့" အခြေအနေကနေ ဘယ်လိုရုန်းထွက်ရမလဲဆိုတာပါပဲ။ ဒီနေ့မှာတော့ အကောင်းဆုံး Marketing Plan တွေကိုတောင် လမ်းပျောက်သွားစေတဲ့ အခက်အခဲဆုံး အပိုင်း (၃) ပိုင်းနဲ့၊ အဲ့ဒီစိန်ခေါ်မှုတွေကို ကျော်လွှားနိုင်မယ့် လက်တွေ့ကျတဲ့ ဖြေရှင်းနည်းတွေကို အသေးစိတ် မျှဝေပေးသွားမှာဖြစ်ပါတယ်။

Audience ကို ရှာမတွေ့ခြင်း

ကိုယ်က content တွေ အများကြီး ဖန်တီးနေတယ်၊ post တွေ အဆက်မပြတ် တင်နေတယ်။ ဒါပေမဲ့ ဘာတုံ့ပြန်မှုမှ မရဘဲ လေထဲကိုပဲ အော်ပြောနေရသလိုမျိုး ခံစားနေရတယ်။ ကိုယ့်ရဲ့ content တွေကို ဘယ်သူတွေဖတ်နေလဲ၊ သူတို့က ဘယ်သူတွေလဲ၊ ဘယ်မှာရှိနေလဲဆိုတာကို ရှာမတွေ့ပဲဖြစ်တတ်ပါတယ်။

ဒါတွေကိုဖြေရှင်းနိုင်မယ့်နည်းလမ်းကတော့ ခန့်မှန်းတာကိုရပ်ပြီး တကယ်စပြီးစုံစမ်းကြည့်ပါ။ ရည်ရွယ်ချက်မဲ့ content တွေ ဖန်တီးနေမယ့်အစား၊ ကိုယ်စကားပြောချင်တဲ့သူကို အရင်ဆုံး တိတိကျကျ သတ်မှတ်ဖို့အတွက် Customer Avatar ကို တည်ဆောက်ပါ။ လူတိုင်းအတွက်ဆိုတဲ့ အတွေးကို ခဏမေ့လိုက်ပြီး ကိုယ့်အတွက် အကောင်းဆုံးဖြစ်မယ့် idea customer တစ်ယောက်တည်းကိုပဲ အာရုံစိုက်ပါ။ သူ့ကို နာမည်ပေးပါ၊ အသက်၊ အလုပ်အကိုင်၊ နေ့စဉ်ကြုံတွေ့ရတဲ့ အခက်အခဲ (Pain Points) နဲ့ သူတကယ်လိုချင်တဲ့ ရည်မှန်းချက် (Goals) တွေကို အသေးစိတ်ချရေးပါ။ ကျွန်တော်တို့ Bootcamp Ep 1 မှာ လုပ်ခဲ့သလိုပေါ့။ ဒီ Avatar က ကိုယ့်ရဲ့ content တိုင်းအတွက် လမ်းညွှန်ပေးမယ့် ကြယ်တစ်စင်း ဖြစ်လာပါလိမ့်မယ်။

နောက်တစ်ခုက ကိုယ့်ရဲ့ရှိပြီးသား Customer တွေနဲ့ စကားပြောပါကြည့်တာပဲဖြစ်ပါတယ်။ ကိုယ့်ရဲ့ လက်ရှိ customer တွေထဲက (၃) ဦးလောက်ကိုရွေးပြီး interview လုပ်ကြည့်ပါ။ သူတို့ ဘယ်လိုပြဿနာတွေနဲ့ ရုန်းကန်နေရလဲ၊ အွန်လိုင်းမှာ ဘယ်လို Platforms တွေမှာ အချိန်ဖြုန်းသလဲ မေးကြည့်ပါ။ သူတို့ဆီကရလာတဲ့ အဖြေတိုင်းဟာ ကိုယ့်ရဲ့ နောက်ထပ် marketing campaign တွေအတွက် ရွှေဖြစ်လာနိုင်ပါတယ်။

Goals သေချာရှိမနေခြင်း

Follower များများရချင်တယ် Engagement တက်ချင်တယ်၊ ရောင်းအားတက်ချင်တယ် ဆိုတာတွေက ကိုယ်ဖြစ်ချင်တဲ့ဆန္ဒတွေပဲဖြစ်ပါတယ်။ တကယ့်ရည်မှန်းချက်တွေတော့ မဟုတ်ပါဘူး။ တိကျတဲ့ ပန်းတိုင်မရှိရင် ကိုယ်ကဘယ်ရောက်နေလဲ၊ ကိုယ်လုပ်နေတာတွေက အလုပ်ဖြစ်ရဲ့လားဆိုတာကို ဘယ်တော့မှ တိုင်းတာနိုင်မှာ မဟုတ်ပါဘူး။

ဒါတွေကိုဖြေရှင်းနိုင်မယ့် အကောင်းဆုံးနည်းလမ်းကတော့ S.M.A.R.T. Framework ကို အသုံးပြုဖို့ပဲဖြစ်ပါတယ်။ ဒါက ကိုယ့်ရည်မှန်းချက်ကို တိကျပြီး (Specific)၊ တိုင်းတာလို့ရအောင် (Measurable)၊ လက်တွေ့ကျကျ အောင်မြင်နိုင်အောင် (Achievable)၊ ကိုယ့်လုပ်ငန်းနဲ့ သက်ဆိုင်အောင် (Relevant)၊ အချိန်အပိုင်းအခြားတစ်ခု သတ်မှတ်ပြီး (Time-bound) လုပ်ဆောင်နိုင်ဖို့ တည်ဆောက်ထားတဲ့ Framework တစ်ခုဖြစ်ပါတယ်။ ဥပမာအနေနဲ့၊ "Engagement ပိုရချင်တယ်" ဆိုတဲ့ ဆန္ဒသက်သက်ကနေ "နောက်ရက် ၃၀ အတွင်း Facebook မှာ တစ်ပတ်ကို content (၃) ခုတင်ပြီး၊ post တစ်ခုရဲ့ ပျမ်းမျှ comment အရေအတွက်ကို ဘယ်လောက် Percent ထိတိုးအောင်လုပ်မယ်" ဆိုပြီးလုပ်လိုက်ရင် တကယ့်လက်တွေ့ကျတဲ့ လမ်းပြမြေပုံတစ်ခုအဖြစ် ပြောင်းလဲသွားမှာဖြစ်ပါတယ်။ ဒီလိုတိကျတဲ့ပန်းတိုင်ကသာ ကိုယ်ဘာလုပ်ရမလဲဆိုတာကို ရှင်းရှင်းလင်းလင်း လမ်းညွှန်ပေးနိုင်မှာဖြစ်ပါတယ်။

တစ်စိုက်မတ်မတ် မလုပ်ဆောင်နိုင်ခြင်း

Marketing Strategy တွေကို သတ်ပစ်တတ်တဲ့ အကြီးမားဆုံးအရာကတော့ တစ်စိုက်မတ်မတ် မလုပ်နိုင်ခြင်းပဲဖြစ်ပါတယ်။ အစပိုင်းမှာ အရှိန်အပြည့်နဲ့ စတင်ခဲ့ပေမဲ့ အလုပ်တွေများလာတာနဲ့အမျှ အစီအစဉ်တွေက တဖြည်းဖြည်း ပျောက်သွားတာမျိုးတွေ ဖြစ်လာတတ်ပါတယ်။ ဒီပြဿနာရဲ့ အဖြေကတော့ စိတ်ဓာတ်ခွန်အား (motivation) ပိုရှိဖို့မဟုတ်ဘဲ၊ တကယ်အလုပ်ဖြစ်စေမယ့် System တစ်ခု တည်ဆောက်ဖို့ပဲဖြစ်ပါတယ်။ ဥပမာအားဖြင့်၊ "ဒီနေ့ ဘာတင်ရမလဲ" ဆိုတဲ့ အချိန်ကုန်စေတဲ့ မေးခွန်းကို နေ့တိုင်းမေးနေမယ့်အစား၊ ကိုယ့်ရဲ့ အဓိက Content Pillar ၃-၄ ခုကို ကြိုတင်သတ်မှတ်ထားခြင်းဖြင့် ခေါင်းစားမှုကို ဖယ်ရှားနိုင်ပါတယ်။ ဒါ့အပြင်၊ပြက္ခဒိန်မှာ တစ်ပတ်ကို ၁-၂ နာရီလောက်ကို ဖျက်လို့မရတဲ့ "Marketing Time" အဖြစ် အခိုင်အမာသတ်မှတ်ပြီး၊ အဲ့ဒီအချိန်ကို အရေးကြီးဆုံး client meeting တစ်ခုလို အာရုံစိုက်လုပ်ဆောင်ခြင်းဖြင့် ကိုယ့်ရဲ့ consistency ကို တည်ဆောက်သွားနိုင်မှာ ဖြစ်ပါတယ်။

နောက်ဆုံးမှာတော့ တကယ်တမ်း လိုက်နာနိုင်မယ့် လက်တွေ့ကျတဲ့ strategy တစ်ခုသာ ဖြစ်ပါတယ်။ ဒီစိန်ခေါ်မှု ၃ ခုထဲမှာ အခု ဘယ်အရာနဲ့ အများဆုံး ရင်ဆိုင်နေရလဲ။ ဒီနေ့ မျှဝေပေးခဲ့တဲ့ ဖြေရှင်းနည်းတွေထဲက တစ်ခုကို ဒီတစ်ပတ်အတွင်း စပြီး အကောင်အထည်ဖော်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။

တစ်ကြိမ်မှာ ခြေတစ်လှမ်းပဲ လှမ်းဖို့လိုပါတယ်။ ပထမခြေလှမ်းကစပြီး အဆုံးထိ The Content Bloc Team က ကူညီပေးဖို့ အဆင်သင့်ရှိနေပါတယ်။ ကိုယ့်ရဲ့လုပ်ငန်းကို Digital Marketing နဲ့ မဟာဗျူဟာကျကျ မြှင့်တင်နိုင်ဖို့အတွက် ဒီနေပဲဆက်သွယ်လိုက်တော့နော်!

LINE vs LINE OA ဘာကွာခြားလဲ?🤔 အခုအချိန်ထိ မိတ်ဆွေတို့လုပ်ငန်းအတွက် LINE Personal Account  ကိုပဲသုံးနေတုန်းလား? Personal ...
01/11/2025

LINE vs LINE OA ဘာကွာခြားလဲ?

🤔 အခုအချိန်ထိ မိတ်ဆွေတို့လုပ်ငန်းအတွက် LINE Personal Account ကိုပဲသုံးနေတုန်းလား?

Personal Account နဲ့ Official Account (OA) ရဲ့ ကွာခြားချက်ကို သိထားပြီး ကောင်းကောင်းအသုံးချတတ်ရင် ကိုယ့်လုပ်ငန်းအောင်မြင်ဖို့အတွက် အဓိကသော့ချက်တစ်ခုဖြစ်လာနိုင်ပါတယ်။

💡 ထိုင်းနိုင်ငံလို LINE အသုံးပြုတာများတဲ့ နေရာမှာ ကိုယ့်လုပ်ငန်းကို အောင်မြင်ကျော်ကြားစေဖို့အတွက် LINE OA ကိုသုံးဖို့အတွက်တိုက်တွန်းလိုက်ပါတယ်။

ကျွန်တော်တို့ The Content Bloc မှာတော့ LINE OA Account Set up ကနေစပြီး သူ့ရဲ့ Features တွေအားလုံးကို ဘတ် (၈၀၀၀) နဲ့ ဝန်ဆောင်မှုကို စျေးနှုန်းချိုသာစွာဖြင့်ရယူနိုင်ပါပြီ။

ဆက်သွယ်ရန်
LINE OA: https://lin.ee/Atjgw3U
☎️ +66657087233, +66656591065
📧 [email protected]

Soical Media တွေမှာ မိတ်ဆွေလုပ်နေတဲ့ Content တွေကို ဘယ်သူမှ စိတ်မဝင်စားဘူးလို့ ခံစားနေရလား?မင်္ဂလာပါ၊ The Content Bloc ရ...
30/10/2025

Soical Media တွေမှာ မိတ်ဆွေလုပ်နေတဲ့ Content တွေကို ဘယ်သူမှ စိတ်မဝင်စားဘူးလို့ ခံစားနေရလား?

မင်္ဂလာပါ၊ The Content Bloc ရဲ့ Digital Marketing Bootcamp ကနေ ကြိုဆိုလိုက်ပါတယ်။

မိတ်ဆွေက Content တွေ အများကြီး ဖန်တီးနေပေမဲ့ ဘာတုံ့ပြန်မှုမှမရဘဲ တိတ်ဆိတ်နေတယ်လို့ ခံစားရဖူးလား။ ဟုတ်ပါတယ်၊ ကျွန်တော်တို့အားလုံး ဒီလိုကြုံဖူးကြပါတယ်။ အများအားဖြင့် ပြဿနာက မိတ်ဆွေပြောနေ/လုပ်နေတဲ့ အကြောင်းအရာကြောင့် မဟုတ်တတ်ပါဘူး။ တကယ့်ပြဿနာက ကိုကိုယ်တိုင် ဘယ်သူ့ကို ပြောနေမှန်း အတိအကျမသိလို့ပဲဖြစ်ပါတယ်။

ဒါကိုပဲ ဒီနေ့ Digital Marketing Bootcamp ရဲ့ Ep 1 မှာ ကျွန်တော်တို့အတူ ဖြေရှင်းဖို့အတွက် အဆုံးထိဖတ်ကြည့်ဖို့အတွက် တိုက်တွန်းချင်ပါတယ်။

နောက်ထပ် content တစ်ခု မလုပ်ခင်မှာ၊ မိတ်ဆွေအတွက် အကောင်းဆုံး customer တစ်ဦးရဲ့ Profile ကို စိတ်ကူးထဲမှာ ပုံဖော်ကြည့်စေချင်ပါတယ်။ ဆိုလိုတာက၊ တကယ်ကို အသေးစိတ်ကျကျ ပုံဖော်ကြည့်တာကို ပြောတာပါ။ ကျွန်တော်တို့က "Customer Avatar" လို့ခေါ်တဲ့အရာကို တည်ဆောက်သွားကြမှာဖြစ်ပါတယ်။

ဖြစ်သလို ခန့်မှန်းတာမျိုး မဟုတ်ပဲ ဇာတ်လမ်းတစ်ပုဒ်အတွက် ဇာတ်ကောင်တစ်ယောက် ဖန်တီးသလိုမျိုး စဉ်းစားကြည့်ပါ။ ဘယ်သူတွေကို ကိုယ့်ရဲ့ Brand ကိုသိစေချင်လဲဆိုတာကို ရှင်းရှင်းလင်းလင်း သိမြင်သွားပြီဆိုရင် မိတ်ဆွေရဲ့ Marketing က သူငယ်ချင်းတစ်ယောက်နဲ့ စကားပြောနေရသလိုမျိုး ခံစားလာရမှာပဲဖြစ်ပါတယ်။

ဒါဆိုရင် ကျွန်တော်တို့နဲ့အတူတူ “Customer Avatar” အကြမ်းဖျင်း ပုံဖော်ကြည့်လိုက်ရအောင်။

👤 ပထမဆုံးအနေနဲ့ သူတို့က ဘယ်သူတွေလဲ။ သူတို့ကို နာမည်တစ်ခု ပေးလိုက်ရအောင်။ “Marketing Manager Soe Gyi” လား ဒါမှမဟုတ် "Startup Kyaw Gyi လား။ သူတို့ရဲ့ အသက်ဘယ်လောက်လဲ။ ဘယ်မှာနေလဲ။ မိတ်ဆွေက သူတို့ကို တကယ့်လူတစ်ယောက်လို ပုံဖော်နိုင်လေ ကိုယ့်ရဲ့ Marketing အတွက် ပိုကောင်းလေပဲဖြစ်ပါတယ်။

😩 နောက်တစ်ခု၊ သူတို့ကို တကယ် စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ ပြဿနာတွေက ဘာလဲ။ သူတို့ကို စိတ်အညစ်စေဆုံးအရာတွေက ဘာတွေများလဲ။ သူတို့ အသည်းအသန် ဖြေရှင်းဖို့ ကြိုးစားနေတဲ့ ပြဿနာက ဘာလဲ။ ဒီနေရာက ကိုယ်ဝင်လာပြီးတော့ သူတို့ရဲ့ ပြဿနာတွေကို ဖြေရှင်းပေးနိုင်တယ်ဆိုတဲ့အရာကို ချပြရမယ့် နေရာပဲဖြစ်ပါတယ်။

🎯 ဒါဆို သူတို့က တကယ်တမ်း ဘာကိုလိုချင်တာလဲ။ သူတို့ရဲ့ ရည်မှန်းချက်တွေက ဘာဖြစ်မလဲ။ သူတို့ရဲ့ကမ္ဘာမှာ အောင်မြင်မှုဆိုတာ ဘယ်လိုပုံစံမျိုးလဲ။ ဒါတွေကို သိထားမယ်ဆိုရင် သူတို့ရဲ့ မျှော်လင့်ချက်တွေကို ချိတ်ဆက်ပြီး တိုက်ရိုက်ပြောဆိုနိုင်မယ့် content တွေကိုဖန်တီးဖို့ အကူအညီပေးမှာဖြစ်ပါတယ်။

💻 နောက်ဆုံးအနေနဲ့၊ သူတို့တွေအွန်လိုင်းမှာ ဘယ်နေရာတွေမှာ အချိန်ဖြုန်းကြသလဲ။ သူတို့ ဖုန်းသုံးပြီး scroll လုပ်နေချိန်မှာ ဘယ်နေရာတွေမှာ ရှိနေတတ်လဲ။ သီးသန့် Facebook လား။ Tik Tok လား။ YouTube က သင်ခန်းစာတွေကို အဆက်မပြတ် ကြည့်နေတာလား။ အဲ့ဒီနေရာတွေဟာ မိတ်ဆွေရဲ့ Content တွေရှိနေရမယ့် နေရာတွေပဲဖြစ်ပါတယ်။

ကိုယ့်ရဲ့ “Customer Avatar” ကိုသိသွားပြီဆိုရင် အရင်ကလို ရည်ရွယ်ချက်မဲ့ အော်ပြောနေတာမျိုး မဟုတ်တော့ပဲ ကိုယ့်ရဲ့အကူအညီကို တကယ်လိုအပ်နေတဲ့သူတစ်ယောက်နဲ့ စစ်မှန်တဲ့ Communication တစ်ခုကိုစတင်နေတာပဲ ဖြစ်ပါတယ်။

ဒါကို လက်တွေ့ကျကျ လုပ်ကြည့်နိုင်ဖို့အတွက် The Content Bloc Team က အစကနေအဆုံးထိ ကူညီပေးဖို့ အဆင်သင့်ရှိနေပါတယ်။ ကိုယ့်ရဲ့လုပ်ငန်းကို Digital Marketing နဲ့ မဟာဗျူဟာကျကျ မြှင့်တင်နိုင်ဖို့အတွက် ဒီနေပဲဆက်သွယ်လိုက်တော့နော်!

ခန့်မှန်းပြီးလုပ်မနေဘဲ၊ မဟာဗျူဟာကျကျ စတင်လိုက်ပါ။ဆိုရှယ်မီဒီယာပေါ်မှာ ဖြစ်သလိုတင်ပြီး အကောင်းဆုံးဖြစ်လာဖို့ မျှော်လင့်နေ...
27/10/2025

ခန့်မှန်းပြီးလုပ်မနေဘဲ၊ မဟာဗျူဟာကျကျ စတင်လိုက်ပါ။

ဆိုရှယ်မီဒီယာပေါ်မှာ ဖြစ်သလိုတင်ပြီး အကောင်းဆုံးဖြစ်လာဖို့ မျှော်လင့်နေရတာကို ငြီးငွေ့နေပြီလား။ အခြေခံကျကျ ပြန်လည်စတင်ဖို့ အချိန်တန်ပါပြီ။

ကျွန်တော်တို့ The Content Bloc ကနေပြီးတော့ ဗန်ကောက်က စီးပွားရေးလုပ်ငန်းရှင်များအတွက် "Digital Marketing Bootcamp" ကို စတင်တော့မှာပဲဖြစ်ပါတယ်။ ဒီ Bootcamp လေးက Digital Marketing လုပ်ဆောင်ရာမှာရေရှည်တိုးတက်မှုအတွက် မိတ်ဆွေတို့လိုအပ်တဲ့ အခြေခံကျွမ်းကျင်မှုတွေကို ပေးစွမ်းနိုင်ဖို့ ဖန်တီးထားတဲ့ အခမဲ့ Educational Series တစ်ခုပဲ ဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ ပထမဆုံးအပတ်မှာတော့ Marketing မှာ အခြေခံအကျဆုံးနဲ့ အရေးကြီးဆုံးအစိတ်အပိုင်းဖြစ်တဲ့ Foundation ကို တည်ဆောက်သွားမှာဖြစ်ပါတယ်။ အဲ့ဒီအုတ်မြစ်ကတော့ မဟာဗျူဟာ (Strategy) တည်ဆောက်ခြင်းပဲ ဖြစ်ပါတယ်။

ကောင်းမွန်တဲ့ Marketing တိုင်းဟာ ဖြစ်သလိုတင်တဲ့ post တွေကနေ မဟုတ်ဘဲ ခိုင်မာတဲ့ မဟာဗျူဟာ တစ်ခုကနေ စတင်ပါတယ်။ ဒီတစ်ပတ်မှာတော့ မိတ်ဆွေတို့ လုပ်ငန်းအတွက် တကယ်အလုပ်ဖြစ်မယ့် မားကက်တင်း မဟာဗျူဟာတစ်ခု တည်ဆောက်ခြင်းရဲ့ အဓိကအချက်တွေကို ဆွေးနွေးသွားမှာဖြစ်ပါတယ်။

မိတ်ဆွေရဲ့ Marketing အုတ်မြစ်ကို တည်ဆောက်ဖို့ အသင့်ဖြစ်ပြီလား။ The Content Bloc နဲ့အတူ လေ့လာနိုင်ဖို့ Page ကို Follow လုပ်ထားဖို့ကိုလည်း မမေ့နဲ့နော်။

Boost လုပ်ရမလား Ads Campaign run ရမလား ❓ဒါက Facebook ကြော်ငြာလောကမှာ လူတော်တော်များများ ရှုပ်ထွေးတတ်တဲ့ အချက်တစ်ခုဖြစ်ပါ...
23/06/2025

Boost လုပ်ရမလား Ads Campaign run ရမလား ❓

ဒါက Facebook ကြော်ငြာလောကမှာ လူတော်တော်များများ ရှုပ်ထွေးတတ်တဲ့ အချက်တစ်ခုဖြစ်ပါတယ်။ ဒီကွာခြားချက်ကို သေချာနားလည်ထားပြီး ကိုယ့်ရဲ့ဘတ်ဂျက်ကို အကျိုးရှိရှိသုံးနိုင်ဖို့အတွက် အလွန်အရေးကြီးပါတယ်။

အဓိကကွာခြားချက်
မြင်သာတဲ့ ဥပမာလေးနဲ့ပြောပြမယ်နော်
Boos Post လုပ်ခြင်း ဆိုတာက ခလုတ်တစ်ချက်နှိပ်လိုက်ရုံနဲ့ အလွယ်တကူ ဓာတ်ပုံရိုက်လို့ရတဲ့ Point-and-Shoot ကင်မရာလေးတစ်လုံးနဲ့ တူပါတယ်။ သိပ်အားစိုက်စရာမလိုဘဲ ရလဒ်တစ်ခုကို မြန်မြန်ဆန်ဆန် ရရှိစေပါတယ်။
Ad Campaign ပြုလုပ်ခြင်း ဆိုတာကတော့ ပညာရှင်သုံး DSLR ကင်မရာလိုမျိုးပါပဲ။ လေ့လာရတာ နည်းနည်းပိုခက်ပေမယ့် ကိုယ်လိုချင်တဲ့ အကောင်းဆုံးလက်ရာတစ်ခုရဖို့အတွက် အသေးစိတ်အချက်အလက်တိုင်းကို (မှန်ဘီလူး၊ အလင်းဝင်ပေါက်၊ Shutter Speed) အပြည့်အဝ ထိန်းချုပ်နိုင်စွမ်းရှိပါတယ်။

📌အားသာချက်နဲ့ အားနည်းချက်လေးတွေကို ဆက်လက်ဖော်ပြပေးသွားပါမယ်

Boost Post လုပ်ခြင်း

"Boost Post" ဆိုတာက ကိုယ့်ရဲ့ page ပေါ်က ကိုယ်တင်ထားတဲ့ Post တွေရဲ့အောက်မှာ ပေါ်နေတတ်ပါတယ်။ ဒါဟာ အခြေခံအကျဆုံးနဲ့ အလွယ်ကူဆုံး ကြော်ငြာပုံစံတစ်ခုဖြစ်ပါတယ်။
ကိုယ့် Page Timeline ပေါ်က တင်ထားပြီးသား Post တစ်ခုကို ပုံမှန်ထက် လူအများကြီးပိုမြင်အောင် ပိုက်ဆံသုံးပြီး ကြော်ငြာတာဖြစ်ပါတယ်။
အဓိကရည်ရွယ်ချက် ကတော့ Engagement (Like, Comment, Share များများရရှိရေး) နဲ့ Reach (လူများများဆီရောက်ရှိရေး) ဖြစ်ပါတယ်။

ဘယ်သူတွေအတွက်လဲ
Facebook Ads ကို စတင်လေ့လာသူတွေ၊ အချိန်သိပ်မပေးနိုင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ၊ ဒါမှမဟုတ် ရှုပ်ထွေးတဲ့ tool တွေမသုံးဘဲ ကိုယ့်ရဲ့သတင်းစကားတစ်ခုကို လူသိမြန်မြန်ဆန်ဆန်များများသိစေချင်သူတွေအတွက် ဖြစ်ပါတယ်။

အားသာချက်များ
1️⃣ အလွန်လွယ်ကူခြင်း: Budget (ဘတ်ဂျက်)၊ ကြာချိန် (Duration) နဲ့ အခြေခံ Audience (ပရိသတ်) ကို သတ်မှတ်ဖို့အတွက် ကလစ်အနည်းငယ်နှိပ်လိုက်ရုံပါပဲ။
2️⃣ မြန်ဆန်ခြင်း: တစ်မိနစ်အတွင်းမှာ Boost Post တစ်ခုကို စတင်နိုင်ပါတယ်။
3️⃣ Social Proof အတွက်ကောင်းခြင်း: ကိုယ့်ရဲ့ announcement post တွေ၊ ပွဲလမ်းသဘင်တွေ၊ ဒါမှမဟုတ် လူကြိုက်များတဲ့ Post တွေကို လူပိုမြင်စေပြီး ကိုယ့် Brand ကို လူပိုသိလာအောင်၊ ပိုပြီးယုံကြည်မှုရှိလာအောင် လုပ်ဆောင်ရာမှာ အသုံးဝင်ပါတယ်။

အားနည်းချက်များ
1️⃣ အကန့်အသတ်များခြင်း: သင်ဟာ Engagement, Messages (စာပို့တာ), ဒါမှမဟုတ် Website Clicks အတွက်ပဲ အဓိကထား ကြော်ငြာနိုင်ပါတယ်။ Conversions (ဥပမာ - ပစ္စည်းရောင်းရခြင်း၊ lead ရရှိခြင်း၊ sign-up လုပ်ခြင်း) လိုမျိုး အရေးကြီးတဲ့ စီးပွားရေးရည်မှန်းချက်တွေအတွက် ကြော်ငြာလို့မရပါဘူး။
2️⃣ အခြေခံကျတဲ့ Targeting: တည်နေရာ၊ အသက်၊ ကျား/မ နဲ့ အခြေခံစိတ်ဝင်စားမှုတချို့ကိုပဲ Target ထားနိုင်ပါတယ်။ Ads Manager မှာလို အသေးစိတ်ကျတဲ့ Targeting မျိုး လုပ်လို့မရပါဘူး။
3️⃣ Placement ကန့်သတ်ချက်: သင့်ကြော်ငြာကို ဘယ်နေရာတွေမှာ (ဥပမာ - Instagram Stories, Reels, Messenger) ပြမလဲဆိုတာကို ထိန်းချုပ်ခွင့် သိပ်မရှိပါဘူး။ Facebook algorithm ကပဲ အလိုအလျောက် ရွေးချယ်ပေးသွားတာများပါတယ်။
4️⃣ A/B Testing လုပ်မရခြင်း: ပုံတစ်မျိုးနဲ့တစ်မျိုး၊ စာတစ်မျိုးနဲ့တစ်မျိုး၊ audience တစ်မျိုးနဲ့တစ်မျိုး ဘယ်ဟာပိုကောင်းလဲဆိုတာကို ယှဉ်ပြီးစမ်းသပ်လို့ မလွယ်ကူပါဘူး။

Facebook Ad Campaign ပြုလုပ်ခြင်း

Ads Manager ဆိုတာကတော့ သီးသန့်စီးပွားရေးရည်မှန်းချက်တွေနဲ့ ရှုပ်ထွေးတဲ့ကြော်ငြာတွေကို အစအဆုံးဖန်တီး၊ စီမံခန့်ခွဲနိုင်တဲ့ Facebook ရဲ့ professional bussiness tool ဖြစ်ပါတယ်။

Ads Campaign မှာက အဆင့်သုံးဆင့်ပါတဲ့ တိကျတဲ့ကြော်ငြာဖွဲ့စည်းပုံကို အသုံးပြုထားပါတယ် - Campaign (Objective)၊ Ad Set (audience၊ place၊ budget)၊ Ad (ကြော်ငြာပုံစံ)။
ကိုယ်ဖြစ်စေချင်တဲ့ ဘယ် objective မဆို ဖြစ်နိုင်ပါတယ်။ ဒါဟာ အဓိကကွာခြားချက်ပါပဲ။ Conversions (အရောင်း)၊ Lead Generation (Customer ရှာဖွေခြင်း)၊ App Installs, Traffic, Video Views စတဲ့ objective ပေါင်းများစွာထဲက စိတ်ကြိုက်ရွေးချယ်နိုင်ပါတယ်။

ဘယ်သူတွေအတွက်လဲ
ကြော်ငြာကနေ တကယ်တိုင်းတာလို့ရတဲ့ ရင်းနှီးမြှုပ်နှံမှုအပေါ် ပြန်ရတဲ့အကျိုးအမြတ် (ROI) ကို လိုချင်တဲ့ marketer တွေ၊ agency တွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တိုင်းအတွက် ဖြစ်ပါတယ်။

အားသာချက်များ
1️⃣ Objective ကို အပြည့်အဝထိန်းချုပ်နိုင်ခြင်း: Facebook algorithm ကို သင်ဘာလိုချင်လဲ အတိအကျပြောနိုင်ပါတယ် (ဥပမာ - "ဒီ Post ကို Like မယ့်လူကိုရှာပေး" ဆိုတာထက် "ဒီပစ္စည်းကို ဝယ်နိုင်ခြေအရှိဆုံးလူကို ရှာပေး" ဆိုတာမျိုး)။
2️⃣ Advanced Targeting: ဒါက အဓိကအချက်ပါပဲ။ Audiences က (သင့်ရဲ့ website ကိုဝင်ကြည့်ဖူးသူ၊ page မှာ post တွေကို like/comment ပေးဖူးသူ၊ သင့် email list ထဲမှာပါသူတွေကို ပြန်ပြီးကြော်ငြာပြတာ) နဲ့ Lookalike Audiences သင့်ရဲဲဲ့ customer တွေနဲ့ ပုံစံတူတဲ့ လူသစ်တွေကို ရှာဖွေတာ) တို့ကို သုံးနိုင်ပါတယ်။
3️⃣ Placement ကို အပြည့်အဝထိန်းချုပ်နိုင်ခြင်း: သင့်ကြော်ငြာကို Facebook, Instagram, Messenger နဲ့ Audience Network တွေရဲ့ ဘယ်နေရာမှာမဆို စိတ်ကြိုက်ရွေးချယ်ဖော်ပြနိုင်ပါတယ်။
4️⃣ Ads ကို ပုံစံအမျိုးမျိုးနှင့် စမ်းသပ်နိုင်ခြင်း: Carousel, Video, Collection Ads လိုမျိုး ကြော်ငြာပုံစံအစုံကို ဖန်တီးနိုင်ပြီး A/B Testing တွေလုပ်နိုင်ပါတယ်။ (ပုံ၊ စာ၊ ခေါင်းစဉ်၊ audience စတာတွေကို ယှဉ်ပြီးစမ်းသပ်ခြင်းဖြင့် အကောင်းဆုံးရလဒ်ရအောင်နဲ့ ကုန်ကျစရိတ်သက်သာအောင် လုပ်နိုင်ပါတယ်)။
အားနည်းချက်များ:
1️⃣ လေ့လာရတာပိုခက်ခြင်း: စတင်လေ့လာသူတွေအတွက် ရှုပ်ထွေးတယ်လို့ ခံစားရနိုင်ပါတယ်။
2️⃣ အချိန်ပိုပေးရခြင်း: ကောင်းမွန်တဲ့ campaign တစ်ခုတည်ဆောက်ဖို့အတွက် Boost Post လုပ်တာထက် ပိုပြီးအချိန်နဲ့ စဉ်းစားဉာဏ်ကို သုံးရပါတယ်။

ဘယ်ဟာက ပိုပြီး Performance ပိုကောင်းသလဲ?

တကယ့်စီးပွားရေးရည်မှန်းချက်တွေ (ဥပမာ - အရောင်းတက်ဖို့၊ lead ရဖို့) အတွက်ဆိုရင်တော့ Ads Manager ကနေပြုလုပ်တဲ့ Ad Campaign က အဆပေါင်းများစွာ ပိုပြီးထိရောက်မှုရှိပါတယ်။

ဘာကြောင့်လဲဆိုတော့:

သင်က Post တစ်ခုကို Boost လုပ်ပြီး "Engagement" အတွက်ပဲ ကြော်ငြာတဲ့အခါ Facebook ရဲ့ algorithm ဟာ Like နဲ့ Comment ပေးတတ်တဲ့လူတွေကို ရှာဖွေရာမှာ သိပ်တော်ပါတယ်။ ဒါပေမဲ့ အဲ့ဒီလူတွေဟာ ဝက်ဘ်ဆိုက်ထဲဝင်ပြီး ပစ္စည်းဝယ်တတ်တဲ့လူတွေနဲ့ မတူညီတတ်ပါဘူး။

Ads Manager ထဲမှာ Conversion Campaign တစ်ခုဖန်တီးပြီး သင့် website မှာ Meta Pixel ကို ထည့်သွင်းထားတဲ့အခါ သင်က algorithm ကို ဒီလိုပြောလိုက်တာနဲ့တူတူပါပဲ - "Like လုပ်တဲ့လူတွေကို ထားလိုက်။ အရင်က ငါ့ဆီက ပစ္စည်းတကယ်ဝယ်ဖူးတဲ့လူတွေနဲ့ ပုံစံတူတဲ့လူတွေကိုပဲ ရှာပေး။" ဒါဟာ သင့်ကြော်ငြာဘတ်ဂျက်ကို အဆပေါင်းများစွာ ပိုပြီးအကျိုးရှိရှိနဲ့ ထိထိရောက်ရောက် အသုံးပြုခြင်းဖြစ်ပါတယ်။

အကောင်းဆုံးနည်းလမ်းကတော့ နှစ်ခုလုံးကို ပေါင်းစပ်အသုံးပြုတာပါပဲ။ ပုံမှန် organic post တင်ပြီး ကိုယ့်ပရိသတ်က ဘယ်လို content မျိုးကို ကြိုက်လဲဆိုတာ စမ်းသပ်ပါ။ အကယ်၍ post တစ်ခုက organic engagement အများကြီးရလာပြီဆို အဲဒီ Post ကို Boost လုပ်ရုံသက်သက်နဲ့ မရပ်လိုက်ပါနဲ့။
အဲဒီအစား အောင်မြင်နေတဲ့ အဲဒီ Post ရဲ့ ပုံစံနဲ့အကြောင်းအရာ (Winning Creative) ကိုယူပြီး Ads Manager မှာ Conversion Objective (ဥပမာ - ပစ္စည်းတကယ်ရောင်းရစေဖို့ ဒါမှမဟုတ် တခြားတိကျတဲ့objective) နဲ့အတူ စနစ်ကျတဲ့ Ad Campaign တစ်ခုကို အစအဆုံး ပြန်လည်တည်ဆောက်လိုက်ပါ။

ဒီလိုမျိုး Boosting နဲ့ Ads Campaign Services တွေအတွက် လုပ်ငန်းရှင်တွေကိုယ်စား ခေါင်းရှုပ်ခံစဉ်းစားပေးမဲ့ THE CONTENT BLOC ကို အခုပဲ ဆက်သွယ်လိုက်နော်
Free Consultation Service ရှိတဲ့အတွက် ကိုယ့်ရဲ့လုပ်ငန်းနဲ့ပတ်သက်ပြီး တိုင်ပင်ဆွေးနွေးလို့လည်းရပါတယ်။
ကိုယ့်ရဲ့ Digital Presence ကို ကောင်းကောင်း အသုံးချဖို့အတွက် THE CONTENT BLOC နဲ့အတူ လက်တွဲပြီး ကိုယ့်ရဲ့ Business Goal တွေကို အကောင်အထည် ဖော်နိုင်ပြီဖြစ်ပါတယ်။

ဆက်သွယ်ရန်
☎️ +66657087233, +66656591065
📧 [email protected]
📱 (Line)

Unlock Your Business Growth with LINE 🗝️Business Owner တွေအနေနဲ့ Line Official Account ကို ဘာကြောင့် သုံးသင့်တာလဲ ❓💚 Dir...
03/06/2025

Unlock Your Business Growth with LINE 🗝️

Business Owner တွေအနေနဲ့ Line Official Account ကို ဘာကြောင့် သုံးသင့်တာလဲ ❓

💚 Direct Marketing
LINE မှာ Broadcast Message တွေပို့ရင် ကိုယ့် Customers တွေအားလုံးဆီကို ရောက်ပါတယ်။ (ဥပမာ။ ။Facebook မှာ ဆိုရင် ကိုယ့် page ရဲ့ followers အားလုံးကို page မှာတင်တဲ့ posts တွေ အားလုံး မရောက်နိုင်ပါဘူး။)

💚 Marketing Cost
Line Official Account Basic Version က အခမဲ့ ဖြစ်ပါတယ်။ သူ့ရဲ့ Organic Reach ကလည်း ကိုယ်နဲ့ Friends ဖြစ်တဲ့သူအားလုံးဆီကို ရောက်တာမို့ တခြား Platform တွေထက် ပိုထိရောက်တယ်။ အဲ့ဒါကြောင့် marketing cost ကို လျှော့ချနိုင်တယ်။

💚 User Engagement
ထိုင်းမှာ LINE က daily life ရဲ့ မပါမဖြစ် social app တစ်ခုဖြစ်တဲ့အတွက် အသုံးပြုသူနှုန်းက မြင့်မားပါတယ်။ ထိုင်းရောက်မြန်မာလုပ်ငန်းရှင်တွေအတွက် ကိုယ့်ရဲ့ target market က ထိုင်းမှာဆိုရင် LINE က အကောင်းဆုံးရွေးချယ်မှု တစ်ခုပါ။

💚 Business Features
LINE official Account က လုပ်ငန်းတွေအတွက် features အပြည့်အစုံပါပါတယ်။ ဥပမာအားဖြင့် Coupon features ပါတဲ့အတွက် discount code နဲ့ special offer တွေပေးပြီး customer retention အတွက် အသုံးချလို့ရပါတယ်။

LINE Official Account အတွက် The Content Bloc မှာ Service များကို ရယူနိုင်ပါပြီ။

ဆက်သွယ်ရန်
☎️ +66657087233, +66656591065
📧 [email protected]
📱 (LINE)

ที่อยู่

Bangkok
10160

เวลาทำการ

จันทร์ 09:00 - 17:00
อังคาร 09:00 - 17:00
พุธ 09:00 - 17:00
พฤหัสบดี 09:00 - 17:00
ศุกร์ 09:00 - 17:00

เว็บไซต์

https://saisetportfolio.my.canva.site/the-content-bloc-com

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ The Content Blocผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์