Pone Nait - ပုံနှိပ်

Pone Nait - ပုံနှိပ် Pone - Nait မှကြိုဆိုပါတယ်။ { လွတ်လပ်မှု ၊ မျှတမှု ၊ သတင်းအချက်အလက်အမျှဝေမှု }

လက်ရှိ စစ်အာဏာရှင်အုပ်ချုပ်မှုအောက်က မြန်မာပြည်နဲ့ သူ့မတိုင်ခင် အုပ်ချုပ်ခဲ့ကြတဲ့ ခေါ်င်းဆောင် နှစ်ဦးရဲ့ ကွာခြားချက်ကတော...
13/08/2026

လက်ရှိ စစ်အာဏာရှင်အုပ်ချုပ်မှုအောက်က မြန်မာပြည်နဲ့ သူ့မတိုင်ခင် အုပ်ချုပ်ခဲ့ကြတဲ့ ခေါ်င်းဆောင် နှစ်ဦးရဲ့ ကွာခြားချက်ကတော့ "လယ်ပြင်မှာ ဆင်သွားသလို" အရမ်းကို သိသာထင်ရှား လွန်းလှပါတယ်။​

၂၀၂၀ ခုနှစ်မှာ NLD အစိုးရ နောက်ဆုံး အုပ်ချုပ်ခဲ့တဲ့ အချိန်နဲ့ ၂၀၂၅ နောက်ဆုံး ရရှိထားတဲ့ ဒေတာတွေအရ ငွေကြေး ဖောင်းပွမှုနှုန်း ဘယ်လောက်ကွာသွားသလဲ။

လက်ရှိ စစ်အာဏာရှင်ရဲ့ လက်ထက်မှာ တိုင်းပြည်အခြေအနေက တစ်နှစ်ထက် တစ်နှစ် ပိုပိုဆိုးလာတာကြောင့် လူနဲ့ စနစ်ကို အချိန်မှီ မပြောင်းနိုင်ရင် မြန်မာပြည် ဒီထက်မက ပိုဆိုးစရာပဲရှိပါတယ်။​

နေပြည်တော် ခြောက်လုံးတန်း ဘာလဲ ၊ ဘယ်လဲ နေပြည်တော်ကတိုက်ခြောက်လုံးတန်းဆိုတာမြန်မာ့နိုင်ငံရေးအသိုင်းအဝိုင်းမှာ အားလုံးသိကြ...
13/08/2026

နေပြည်တော် ခြောက်လုံးတန်း ဘာလဲ ၊ ဘယ်လဲ

နေပြည်တော်ကတိုက်ခြောက်လုံးတန်းဆိုတာမြန်မာ့နိုင်ငံရေးအသိုင်းအဝိုင်းမှာ အားလုံးသိကြပါ တယ်။

မြန်မာနိုင်ငံကိုအုပ်ချုပ်ခဲ့တဲ့ စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေအပါအဝင် ဒုတိယ ဗိုလ်ချုပ်မှူးကြီးမောင်အေး၊ ဗိုလ်ချုပ်ကြီး သီဟသူရတင်အောင်မြင်ဦး၊ ဗိုလ်ချုပ်ကြီး တင်အေး၊ ဗိုလ်ချုပ်ကြီး ရွှေမန်းနဲ့ ဗိုလ်ချုပ်ကြီး သိန်းစိန်တို့ နေထိုင်တဲ့အိမ်ရာတွေဖြစ်ပါတယ်။

ပင်စင်စား ထိပ်ပိုင်းဗိုလ်ချုပ်ကြီးတွေ နေထိုင်တဲ့ ဒီနေရာကို မြန်မာပြည်ထိပ်တန်းခရိုနီကြီးတွေ ဖြစ်တဲ့ ဦးတေဇ ဦးထွန်းမြင့်နိုင်၊ ဦးချစ်ခိုင်တို့က တည်ဆောက်ပေးခဲ့တာပါ။

ရာဇာသင်္ဂဟအဝိုင်း လို့ တရားဝင်ခေါ်ဆိုပြီး ဦးသန်းရွှေရဲ့အိမ်အမှတ် က A1 ဦးမောင်အေး က A2 နဲ့ သီဟသူရတင်အောင်မြင်ဦးအိမ် စသဖြင့် အစဉ်လိုက်ရှိကြပါ တယ်။

ဒီအိမ်တွေဟာ ဧက နဲ့ခြည်ကျယ်ဝန်းပြီး ရေကူးခံ၊ ကောက်ကွင်းနဲ့ အခြားစိတ်အပန်းဖြေ စိမ်ခန်းပစ္စည်းတွေကိုလည်း သူတို့မိသားစုတွေ စိတ်ကြိုက်ထည့်သွင်း တည်ဆောက်ပေးထားရ ပါတယ်။

စစ်ကိုင်းငလျင်ကြီးလှုပ်ခတ်တော့ ခြောက်လုံးတန်းလည်း ငလျင်ဒဏ်ခံရပါတယ် ။ အထိအခိုက်တော့သိပ်မများခဲ့ပါဘူး ။ မျက်နှာကျက်တွေပြိုတာ၊ နံရံတွေကွဲအက်တာတွေဖြစ်ခဲ့ တယ်လို့ သိရပါတယ် ။

စစ်အင်ဂျင်နီယာတွေ သွားပြီးပြင်ပေးရတယ်လို့လည်းသိရပါတယ် ။ ငလျင်လှုပ်ပြီးချိန်မှာ ဦးသန်းရွှေနဲ့ ဦးသိန်းစိန် မိသားစုတို့ဟာ ရန်ကုန်ကို ပြောင်းရွှေ့နေထိုင် တယ်ဆိုတဲ့ ကောလာဟာလတွေလည်း ထွက်ပေါ်လာခဲ့ပါတယ် ။

ခြောက်လုံးတန်းမှာ ဘာဖြစ်နေလဲဆိုတာသိရဖို့ခက်ခဲပါတယ် ။ အရင် နိုင်ငံရေးရာသီဥတုကောင်းတုန်းက တရုတ်၊ စင်ကာပူ၊ ထိုင်းသံ အမတ်တွေနဲ့ စီးပွားရေးသမားကြီးတွေ၊ ထိုင်းခရိုနီကြီးတွေအပါအဝင် ဗိုလ်ချုပ်ဟောင်းတွေဟာ သီတင်းကျွတ်နဲ့ သင်္ကြန်ကာလ တွေမှာ သွားရောက်ဂါရဝပြုတွေ့ဆုံကြပါတယ် ။

၂၀၂၁ စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာတော့ အသွားအလာကျဲသွားပြီး နောက်ပိုင်းမှာ ခြောက်လုံးတန်းရဲ့လုံခြုံရေးအစောင့်တွေကိုလဲလှည်ပစ်လိုက်ပါတယ် ။

တရုတ်ကွန်မြူနစ်ပါတီနဲ့ တရုတ်အစိုးရအဆင့်မြင့်အရာရှိကြီးတွေဟာ လွန်ခဲ့တဲ့နှစ်နှစ်လောက်က ဘဝရှင်မင်းတရားကြီးဆီကိုသွားရောက်တွေ့ဆုံတဲ့အကြောင်း သတင်းတွေမှာဖတ်ရပါတယ် ။ ၂၀၂၄ ၂၅ မှာ ခြောက်လုံးတန်းက အကောင်ကြီးကြီး မာစတာ မိသားစုတွေရဲ့အကြောင်း ဆုံးဆုံးမြုပ်နေပါ တယ်။

ဦးသိန်းစိန်ကိုတော့ တပ်မတော်နေ့ အခမ်းအနားတွေမှာ အကန်တော့ခံအဖြစ် တွေ့ရ ပြီး ဦးတင်အေးကိုမနှစ်ကတွေ့ရပါသေးတယ် ။

ခြောက်လုံးတန်းက အသက် ၇၀ ကျော် ၈၀ တန်းဝင် အငြိမ်းစားဗိုလ်ချုပ်ကြီးတွေ အနေအထားနဲ့ ကျန်းမာရေးဘယ်လိုရှိနေလဲဆိုတာကအစ အားလုံးစိတ်ဝင်စားတဲ့မေးခွန်းပါ ဟိုအဘိုးကြီးတွေမသေသေးဘူးလားဆိုတာမျိုးပေါ့။

ဦးသန်းရွှေအပါအဝင် ပင်စင်စားဗိုလ်ချုပ်ကြီးတွေဟာ စစ်ကောင်စီထံမှာ ခွင့်တိုင်နေရတယ်ဆိုတဲ့ သတင်းလည်းထွက်ပေါ်လာပါတယ် ။

မကြာသေးခင်က ဒုဗိုလ်ချုပ်ကြီးဟောင်း တင်အေး ဟာ ရန်ကုန် ပန်းလှိုင်ဆေးရုံမှာ ဆရာဝန်နဲ့ချိန်းဆိုထားပေမယ့်သွားခွင့်မရခဲ့ပါဘူး ။ ဆေးရုံ ဆရာဝန်နဲ့ တွေ့ဆုံဖို့အတွက် စာရေးပြီးတင်ပြရ ပါတယ် ။

ခွင့်တိုင်စာကို စစ်ကောင်စီဘက်က စစ်ဆေးပြီး ခွင့်ပြုချက်ရဖို့ ၇၂ နာရီစောင့်လိုက်ရတယ်လို့ မိသားစုဝင်တွေကပြောဆိုခဲ့ပါတယ် ။ ခွင့်ပြုချက်ရတော့မှ ရန်ကုန်ဆင်းပြီး ဆရာဝန်နဲ့ တွေ့ရတာပါ ။ ထိပ်တန်းခရိုနီကြီးတွေလည်း နိုင်ငံခြားသွားမယ်ဆိုရင် ခွင့်တိုင်ရပါတယ်လို့ နေပြည်တော်သတင်းရပ်ကွက်ကဆိုပါတယ် ။ ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေမိသားစုလည်း ခွင့်တိုင်နေရသလို ဧည့်သည်အဝင်အထွက် တွေ ကိုလည်း စစ်ဆေးခံနေရပါတယ် ။

ဦးသန်းရွှေ သမက် ဒေါက်တာနေစိုးမောင်ကိုလည်း စစ်ကောင်စီက ပုဒ်မ ၅၀၅ ကနဲ့ ဖမ်းဆီးပြီး ထောင်ဒဏ် ၃ နှစ်ချမှတ်ထားပါတယ် ။ ခြောက်လုံးတန်းမှာ ခွင့်တိုင်စရာမလိုသူတစ်ဦးတော့ရှိပါ တယ် ။ သူကတော့ ဒုတိယဗိုလ်ချုပ်မှူးကြီးဟောင်း မောင်အေးပါ ။ တပ်မတော်ကြီးချုပ် ဖြစ်ခဲ့ပြီး နဝတ၊ နအဖ ဒုဥက္ကဋ္ဌအဖြစ် နှစ်ပေါင်း ၂၀ လောက်တာဝန်ထမ်းဆောင်ခဲ့ပါတယ် ။

ဦးမောင်အေးဟာ ယခုအချိန်မှာတော့ လေဖြတ် ရောဂါကြောင့် လက်တွန်းလှည်းနဲ့ နေထိုင်ရသူ ပါ။ သူဟာတပ်မတော် ကာကွယ်ရေးဦးစီးချုပ် နေရာကို စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကိုပေး ဖို့အတွက် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ ကို မှတ်ချက်ပေးခဲ့သူဖြစ်ပါတယ် ။

မင်းအောင်လှိုင်ဟာ ရာဇာသင်္ဂဟ အဝိုင်းနားက ခြောက်လုံးတန်းမှာပဲ သူ့အတွက်အိမ်တော်ကို လွန်ခဲ့တဲ့နှစ်တွေကစပြီး ဆောက်လုပ်နေပါပြီ ။

ဒါ့အပြင် ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်း အပါအဝင် ဦးမောင်အေး ရဲ့ လူရုံတော်တွေဟာ ယနေ့ မြန်မာ့စစ်တပ်ရဲ့ ထိပ်ပိုင်းနေရာတွေကို ရယူထားကြပြီးဖြစ်ပါတယ် ။

လက်ရှိ ကာကွယ်ရေးဦးစီးချုပ်ရုံးကြီးက ဒုဗိုလ်ချုပ်ကြီး မျိုးမိုးအောင် ဟာ ဦးမောင်အေးရဲ့ လူဖြစ်တယ် လို့သိရပါတယ် ။

၂၀၂၃ မှာအဂတိလိုက်စားမှုနဲ့ အရေးယူခံလိုက်ရတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ညာလက်ရုံး ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းဟာလည်း ဦးမောင်အေးရဲ့ လူဖြစ်ပါ တယ် ။

စစ်ခေါင်းဆောင်အပေါ်မှာ ဒုတိယ ဗိုလ်ချုပ်မှူးကြီးဟောင်း မောင်အေးရဲ့ ကျေးဇူး တွေ အများကြီးရှိခဲ့ပါတယ် ။ အာဏာရှင်ဟောင်း ဦးသန်းရွှေက ဦးမောင်အေးဟာ သူ့ကို တစ်ကွက်ကျော်သွားတာကို နောက်ကျမှသိရှိ သဘောပေါက်သွားတယ်လို့ဆိုကြပါတယ် ။

ခြောက်လုံးတန်းမှာ ဗိုလ်ချုပ်ကြီးအေးလို့ တပည့်သာဝကတွေက ချစ်စနိုးနဲ့ခေါ်ဝေါ်သူ တစ်ဦးပဲ ခွင့်တိုင်စရာမလိုဘဲ ကျန်တဲ့သူတွေကတော့ ခွင့်တိုင်ရသူစာရင်းဝင်တွေဖြစ်သွားပြီလို့ ဆိုရမှာ ဖြစ်ပါတယ်။

ဒါဟာဘာကိုပြသနေသလိုဆိုတော့ သမတအတုမင်းအောင်လှိုင်ဟာ ဘယ်သူ့ကိုမှအယုံကြည်အရှိတော့လို့ပဲဖြစ်ပါတယ် ။ ဒါကိုထောက်ရှုခြင်းအားဖြင့် စစ်တပ်အတွင်းအာခံမှုနဲ့တန်ပြန်အာဏာသိမ်းမှုကိုစိုးရိမ်ထိမ့်လန့်နေရတယ်ဆိုတာမြင်တွေ့ရမှာဖြစ်ပါတယ်။

ဒါကြောင့်လဲသူအယုံကြည်ရဆုံးစိတ်ချရဆုံးလူဖြစ်မယ့်ရဲဝင်းဦးကိုတပ်ချုပ်နေရာခန့်အပ်တယ်ဆိုတာအထင်းသားမြင်နိုင်ပါတယ် စိုးဝင်းကိုပထုတ်လိုက်တာကအသိသာဆုံးပဲမဟုတ်ပါလားခင်ဗျာ။

တိုင်းပြည်ရဲ့ သယံဇာတအနှစ်တွေသူတို့စားသုံးဖို့ခွဲဝေရာမှာ မညီမျှမှုတွေများလာတဲ့တစ်နေ့ ထပြီးခွက်စောင်းခုပ် အရိုးလုရင်းကိုက်ကြလိမ့်မယ်ဆိုတာသေခြာသလောက်ဖြစ်လာတဲ့အနေထားမို့အကွက်တွေရွှေ့ပြီးသူယုံကြည်ရသူတွေကိုသာအနားမှာကပ်ထားတာသာဖြစ်ပါတယ်ခင်ဗျာ။

ဆရာ မင်းသုခ ရှိကကူးယူဖော်ပြသည်။

မကြွေသောကြယ် (သို့မဟုတ်) ပဒို မန်းရှာလားဖန်း------------------------------------------------မန်းရှာလားဖန်းကို ၁၉၄၃ ခုနှစ...
12/08/2026

မကြွေသောကြယ် (သို့မဟုတ်) ပဒို မန်းရှာလားဖန်း
------------------------------------------------

မန်းရှာလားဖန်းကို ၁၉၄၃ ခုနှစ် ဇူလိုင်လ (၅) ရက်နေ့မှာ ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်၊ တောကျောင်းရွာမှာ အဖ မန်းဘသော်၊ အမိ ဂါ့နမ်တင်တို့က မွေးဖွားခဲ့တယ်။

မွေးချင်းမောင်နှမ သုံးယောက်အနက် ဒုတိယမြောက်သား ဖြစ်တယ်။ ကရင့်လက်နက်ကိုင်တော်လှန်ရေး စတင်ခဲ့တဲ့ ၁၉၄၉ ခုနှစ်မှာ မန်းရှာဟာ (၆) နှစ်သားအရွယ် လူမမယ် သိတတ်စအရွယ် ရှိပါသေးတယ်။

မြစ်ဝကျွန်းပေါ်တိုင်းဟာ ကရင်အမျိုးသားတွေနဲ့ ဗမာအမျိုးသားတွေဟာ ရှေးအစဉ်အဆက်ထဲက အတူတကွ ရောနှောနေထိုင်ခဲ့ကြတဲ့ ဒေသကြီးတခုလည်းဖြစ်ပါတယ်။ ချစ်ချစ်ခင်ခင်နဲ့ အပြန် အလှန် ကူးလူးဆက်ဆံမှုတွေ ရှိခဲ့ပါတယ်။

ကရင့်တော်လှန်ရေးစတင်တာနဲ့ တပြိုင်တည်းမှာ ဖဆပလအစိုးရဟာ ကရင်-ဗမာလူမျိုးရေး အဓိကရုဏ်းကို ဖန်တီးပြီးတော့ ကရင့်တော်လှန်ရေးကို လမ်းမှားရောက်အောင် တွန်းပို့ခဲ့ပါတယ်။

လူမျိုးရေးအဓိကရုဏ်းရဲ့ ဆိုးရွားတဲ့ဒဏ်ကို မြစ်ဝကျွန်းပေါ်မှာနေထိုင်ကြတဲ့ ကရင့်အမျိုးသားတွေနဲ့ ဗမာအမျိုးသားတွေဟာ ကြီးမားဆိုးရွားစွာ ခံခဲ့ကြရပါတယ်။

အစဉ်အဆက်က ရှိခဲ့ကြတဲ့ ချစ်ခင် ရင်းနှီးမှုတွေ ရုတ်တရက် ပျောက်ကွယ်သွားပြီးတော့ အမုန်းတရားတွေဟာ ဘယ်ကနေဘယ်လို ရောက်လာမှန်းတောင် မသိလိုက်ကြတော့ပါဘူး။

ကရင်ရွာ ဗမာရွာ အပြန်အလှန်မီးရှို့ကြတယ်။ ကရင်-ဗမာ အပြန်အလှန်သတ်ကြတယ်။ မြစ်ချောင်းအင်းအိုင်ပေါများတဲ့ မြစ်ဝကျွန်းပေါ်ဒေသ မြစ်ရိုးချောင်းရိုးတလျှောက်မှာ အပြစ်မဲ့တဲ့ ကရင်ပြည်သူတွေ ဗမာပြည်သူတွေရဲ့ အလောင်းဟာ ဒီရေအတက်အကျမှာ စုန်ဆန်မျောခဲ့ကြပါတယ်။

မန်းရှာတို့ တောကျောင်းရွာကြီးဟာလည်း မီးရှို့ခံရပြီးတော့ ရွာသူရွာသားတွေဟာ ကိုယ်လွတ်ရုန်းပြီး ထွက်ပြေးတိမ်းရှောင်ရပါတယ်။

အဲဒီအချိန်တုန်းက မန်းရှာတို့အဖေဟာ ကရင့်တော်လှန်ရေးကို အားပေးကူညီမှုနဲ့ အဖမ်းဆီးခံနေရတဲ့အတွက် မန်းရှာမိခင်ကြီးဟာ သူတို့မောင်နှမ သုံး ယောက်ကို စောင့်ရှောက်ထွက်ပြေးခဲ့ရပါတယ်။

မန်းရှာတို့ မိခင်ကြီးဟာ ခြေထောက်မှာ ငုတ်စူးတဲ့ ဒဏ်ရာရရှိခဲ့ပါတယ်။ သူ့ညီမလေးဟာ ပြေးရင်းလွှားရင်း ကျောက်ကြီးရောဂါပေါက်ပြီး လမ်းမှာ ကွယ်လွန်ဆုံးပါးသွားခဲ့ရပါတယ်။

ကရင့်တော်လှန်ရေးရဲ့ လှိုင်းဂယက်တွေ ပြည်တွင်းစစ်နဲ့ လူမျိုးရေးအဓိကရုဏ်းရဲ့ ဆိုးရွားတဲ့ ဒဏ်တွေဟာ သိတတ်စလူမမယ် မန်းရှာရဲ့ ဦးနှောက်နဲ့ နှလုံးသားမှာ စွဲထင်ကျန်ရစ်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။

၁၉၅၉-၆၀ ခုနှစ်မှာ ပန်းတနော်မြို့နယ် ယင်းတိုက်ကုန်းအလယ်တန်းကျောင်းမှာ မူလတန်းနဲ့ အလယ်တန်းပညာကို သင်ယူခဲ့တယ်။

ပန်းတနော်အထက်တန်းကျောင်းမှာ (၈) တန်း အောင်ပြီးတော့ ရန်ကုန်မြို့မှာ အထက်တန်းအောင်မြင်ခဲ့တယ်။
၁၉၆၂ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်မှာ တက်ရောက်ပညာသင်ကြားတဲ့နှစ်မှာပဲ ဆဲဗင်းဇူလိုင်အရေး တော်ပုံမှာ ပါဝင်လှုပ်ရှားခဲ့ပါတယ်။

၁၉၆၆ ခုနှစ်မှာ တက္ကသိုလ် ဝိဇ္ဇာတန်းကို သမိုင်းအဓိကဘာသာနဲ့ ဘွဲ့ရရှိခဲ့သည်။

တက္ကသိုလ်၌ ပညာသင်ကြားနေစဉ် ၁၉၆၃ ခုနှစ် နှစ်ကုန်ပိုင်းလောက်မှာ ကရင် အမျိုးသားအစည်းအရုံး ကေအန်ယူနှင့် ဆက်သွယ်မိပြီး ၁၉၆၆ ခုနှစ်အထိ ကေအန်ယူ၏ မြေအောက်လှုပ်ရှားမှု တာဝန်တွေကို ထမ်းဆောင်ခဲ့သည်။

၁၉၆၇ ခုနှစ်မှာ ပဲခူးရိုးမ ကရင့်တော်လှန်ရေးနယ်မြေကို ရောက်ရှိပြီး ကရင်အမျိုးသားအစည်းအရုံးရဲ့ တာဝန်တွေကို ထမ်းဆောင်ခဲ့တယ်။

၁၉၆၈ ခုနှစ်မှာ ကေအန်ယူပီပါတီ ဗိုလ်မှူးဘောဒွင် ဦးဆောင်တဲ့ တံခွန်နီစစ်ကြောင်းမှာ မန်းရှာ ပါဝင်ခဲ့တယ်။ တံခွန်နီစစ်ကြောင်းဟာ ရှမ်းပြည်နယ် အလယ်ပိုင်းလောက်သာ ရောက်ခဲ့ပါတယ်။

ရန်သူပိတ်ဆို့မှုတွေကြောင့် ရှေ့ဆက်ချီတက်လို့ မရဘဲ ပြန်လှည့်လာခဲ့ရပါတယ်။ ဗိုလ်မှူးဘော်ဒွင်လည်း လမ်းခုလတ်မှာ ကျဆုံးခဲ့ပါတယ်။

၁၉၆၉ ခုနှစ်မှာ ဗိုလ်အေးဟန်ခေါင်းဆောင်တဲ့ မြောက်ပိုင်းချီစစ်ကြောင်းကို ထပ်မံကြိုးစားပြန်ုတယ်။ ထူးခြားတဲ့ ဖြစ်ရပ်တခုကတော့ ဗိုလ်အေးဟန်ခေါင်းဆောင်တဲ့ အဲဒီအဖွဲ့ဟာ တော်လှန်ရေး နယ်မြေထဲကနေ ချီတက်သွားတာမဟုတ်လို့ပါဘဲ။

ရုပ်ဖျက်ပြီးတော့ မီးရထားနဲ့ တောင်ငူကနေ မန္တလေး။ အဲဒီကနေမှတဆင့် မြစ်ကြီးနားမရောက်ခင် နမ္မတီးအလွန် မရမ်းဘူတာအထိ မီးရထားနဲ့ တောက်လျှောက်သွားခဲ့ပါတယ်။ မရမ်းဘူတာက ဆင်းပြီးတော့ ကေအိုင်အေ တပ်ရင်း (၁၁) တပ်ရင်းမှူး ဗိုလ်မှူးဇော်ဆိုင်း (ယခုကေအိုင်အို နိုင်ငံခြားရေးတာဝန်ခံ ဗိုလ်မှူးကြီးဇော်ဆိုင်း) က ကြိုဆိုလက်ခံ စောင့်ရှောက်ပို့ဆောင်ခဲ့ပါတယ်။

ဗိုလ်အေးဟန်ခေါင်းဆောင်တဲ့အဖွဲ့ဟာ တရုတ်ပြည်ယူနန်နဲ့ တိုင်းမြို့တော် ပေါက်ဆန်းမြို့အထိ ရောက်ရှိခဲ့တယ်။ တရုတ်ပြည်ရဲ့ စစ်ရေး၊ နိုင်ငံရေး အကူအညီတွေ ရယူဖို့ ကြိုးပမ်းခဲ့တယ်။ ဒါပေမယ့် လက်တွေ့ကျတဲ့ အကူအညီ ပြောပလောက်အောင် ဘာမှ မရရှိခဲ့ပါဘူး။

ဒီခရီးစဉ်မှာ ယခု ကေအန်ယူမှာ ဗဟိုကော်မတီဝင်တဦးဖြစ်တဲ့ ပဒိုစောသမိန်ထွန်းလည်း ပါရှိခဲ့ပါတယ်။

၁၉၇၂ ခုနှစ်မှာ ကေအန်ယူပီ အထွေထွေအတွင်းရေးမှူး ဆရာကြီးစကောလယ်တော ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ မြောက်ပိုင်းကို ထပ်မံချီတက်ခဲ့ပြန်ပါတယ်။

တရုတ်ပြည် ယူနန်နယ်အထိ ရောက်ခဲ့ပါတယ်။ တရုတ်ပြည်ကတော့ ဗမာပြည်ကွန်မြူနစ်ပါတီကနေတဆင့် အကူအညီရယူဖို့ သဘောထားပေးပါတယ်။

ကေအန်ယူပီကိုယ်စားလှယ်အဖွဲ့ဟာ ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီဟာ အဲဒီကာလတုန်းက စိန်နားနှောင်းအရောင်နဲ့ ပါးပြောင်ပြီး စိတ်ကြီးဝင်နေတဲ့ ကာလမို့ ဘာတခုမှ ရေရေရာရာ တိုးတက်မှုမရှိခဲ့ပါဘူး။

ဒီနေရာမှာ မှတ်မှတ်ရရအဖြစ်အပျက်လေးတခု ဖြစ်ခဲ့ပါတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ ကေအန်ယူပီ ကိုယ်စားလှယ်အဖွဲ့ ဆွေးနွေးကြစဉ်မှာ မန်းရှာက ဗမာပြည်သမိုင်းဆိုင်ရာ ကိစ္စတွေ ဆွေးနွေးတင်ပြပါတယ်။ ဒီမှာတင် သခင်ဗသိန်းတင်က မန်းရှာကို ထပ်ပြီးဟောက်ပါတယ်။ “ဗမာပြည် သမိုင်းတွေမှာ မင်းကိုယ်တိုင် မှီခဲ့၊ ပါခဲ့လို့လား” ဆိုပြီးတော့ သဟောက်သဟန်လုပ်ပါတယ်။ မြောက်ပိုင်းချီခဲ့တဲ့ (၆၈၊ ၆၉၊ ၇၂) ဒီခရီးတွေမှာ မန်းရှာလားဖန်းဟာ သုံးကြိမ်စလုံးပါဝင်ခဲ့ပါတယ်။ (၆၉၊ ၇၂) ခရီးစဉ်မှာ ပဒိုစောသမိန်ထွန်းပါရှိခဲ့ပါတယ်။

စစ်ပြီးခေတ် လက်ဝဲလက်ယာနိုင်ငံရေး အယူအဆတွေဟာ နိုင်ငံတကာမှာ လွှမ်းမိုး ရိုက်ခတ်မှုရှိသလို ကရင့်တော်လှန်ရေးမှာလည်း လက်ဝဲလက်ယာ ဂယက်ရိုက်ခတ်မှုတွေ ရှိခဲ့ပါတယ်။

လက်ဝဲလက်ယာနိုင်ငံရေး အယူအဆတွေကြောင့် ကရင့်တော်လှန်ရေးအတွင်းမှာ အမျိုးသား စည်းလုံးညီညွတ်ရေး ပြိုကွဲခဲ့ပါတယ်။

ကရင့်အမျိုးသားစည်းလုံးညီညွွတ်ရေး ပြိုကွဲခဲ့တဲ့အတွက် ကရင့်တော်လှန်ရေးမှာလည်း ထိခိုက်နစ်နာဆုံးရှုံးမှုတွေ ကြီးမားစွာ ကြုံတွေ့ခဲ့ရပါတယ်။

အမျိုးသား စည်းလုံးညီညွတ်ရေး ပြိုကွဲခဲ့ရတဲ့ သင်ခန်းစာကို အလေးအနက်သဘောထားကြပြီးတော့ ကရင့်တော်လှန်ရေးခေါင်းဆောင်တွေဟာ အမျိုးသားစည်းလုံးညီညွတ်ရေးကို ပြန်လည်တည် ဆောက်ဖို့ ကြိုးပမ်းခဲ့ကြပါတယ်။

ဒါကြောင့်မို့ ၁၉၇၄ ခုနှစ် (၉) ကြိမ်မြောက် ကေအန်ယူ ကွန်ဂရက်မှ ကရင့်အမျိုးသားစည်းလုံးညီညွတ်ရေး ပြန်လည်တည်ဆောက်ဖို့ တညီတညွတ်တည်း သဘောထားပေးပြီး ဆုံးဖြတ်ခဲ့ကြပါတယ်။

၁၉၇၅ ခုနှစ်မှာ ပဲခူးရိုးမအခြေခံခဲ့တဲ့ ဗိုလ်မှူးမြမောင် ဆရာကြီးစကောလယ်တော ခေါင်းဆောင်တဲ့ ကေအန်ယူပီနဲ့ အရှေ့တိုင်းဥက္ကဋ္ဌ မန်းဘဇန်၊ ဗိုလ်ချုပ်မြခေါင်းဆောင်တဲ့ ကေအန်ယူတို့ဟာ အမျိုးသားစည်းလုံးညီညွတ်ရေးကို ပြန်လည်တည်ဆောက်နိုင်ခဲ့ပါတယ်။

မန်းရှာကို ၁၉၇၅ ခုနှစ်မှာ သူနဲ့တရွာတည်းသား ကျောင်းနေဖက်သူငယ်ချင်း ကရင့်တော်လှန်ရေးရဲမေ နန့်ကျင်ရွှေနဲ့ ကေအန်ယူညောင်လေးပင်ခရိုင်မှာ လက်ထပ်ခဲ့ပါတယ်။ သားသမီး (၄) ဦး ထွန်းကားခဲ့ပါတယ်။ စောစေးစေး၊ နမ့်ဘွားဘွားဖန်း၊ နမ့်ဇိုယာဖန်း၊ စလုံးဖန်းတို့ ဖြစ်ကြပါတယ်။

မန်းရှာဟာ အရာကိစ္စတိုင်းကို အလေးအနက်ထားတတ်တဲ့ သူ့ရဲ့ပင်ကိုစရိုက်ရှိပါတယ်။ သူ့ရဲ့ငယ်နာမည်က မန်းချစ်ရွှေဖြစ်ပါတယ်။ ကရင့်တော်လှန်ရေးထဲ ရောက်ရှိချိန်မှာတော့ မန်းရှာလားဖန်းဆိုတဲ့ နာမည်ကို သူမှည့်ပါတယ်။ ဒီနာမည်မှာ တလုံးချင်း အဓိပ္ပာယ်ရှိပါတယ်။ မန်းဆိုတာက ပိုးကရင်တွေရဲ့ ရှေ့နာမည်ပါ။ ရှာဆိုတာက ကြယ်လို့အဓိပ္ပာယ်ရပါတယ်။ “လား” ဆိုတာက လမင်းလို့အဓိပ္ပာယ်ရပါတယ်။ “ဖန်း” ဆိုတာက အလင်းရောင်လို့အဓိပ္ပာယ်ရပါတယ်။ (မန်းရှာလားဖန်း) ဆိုတဲ့ နာမည်တခုလုံးရဲ့ အဓိပ္ပာယ်က ကြယ်လတို့ရဲ့ အရောင်လို့ အဓိပ္ပာယ် ရပါတယ်။

ကြယ်တို့ရဲ့အလင်းရောင်ဟာ ကြည်လင်ရွှန်းမြအေးချမ်းလှပါတယ်။ မန်းရှာလားဖန်းကို ထိတွေ့ ဆက်ဆံပေါင်းသင်းခဲ့ရတဲ့ ခေါင်းဆောင်များ၊ ရဲဘော်များ၊ ပြည်သူအားလုံးဟာ နှလုံးစိတ်ဝမ်း အေးချမ်းမှုကို ခံစားခဲ့ရတယ်ဆိုတာ အားလုံးကိုယ်တွေ့ပဲ ဖြစ်ပါတယ်။ ပြီးတော့ နောက်ဆုံးနာမည် (ဖန်း) ဆိုတာ နောက်ထပ်အဓိပ္ပာယ်တမျိုး ရှိပါသေးတယ်။

မြစ်ဝကျွန်းပေါ်တိုင်း ပန်းတနော်သားတွေ လေးစားဂုဏ်ယူရတဲ့ ပန်းတနော်သားဖြစ်တဲ့ မြစ်ဝကျွန်းပေါ်တိုင်းတပ်မဟာ (၄) တပ်မဟာမှူး ဗိုလ်မှူးကြီးဖန်းရှောင်းရဲ့ နာမည် ဖန်းကိုယူပြီး မှည့်ထားတာ ဖြစ်ပါတယ်။ ဗိုလ်မှူးကြီးဖန်းရှောင်းဟာ စစ်ရေး၊ နိုင်ငံရေးမှာ ထူးချွန်ပြောင်မြောက်တဲ့ ခေါင်းဆောင်တဦး ဖြစ်ပါတယ်။

မန်းရှာဟာ သူ့သားသမီးတွေရဲ့ နာမည်အဆုံးမှာ ဖန်းဆိုတဲ့ နာမည်ကိုမှဲ့ထားတာတွေ့ရပါတယ်။ သူ့သားသမီးတွေကို တော်လှန်ရေးအမွေဆက်ခံဖို့ သူ့မှာ ပြင်းပြတဲ့ဆန္ဒ ရှိပါတယ်။ သူ့သမီးငယ် ဇိုယာဖန်းဆိုတဲ့နာမည်ဟာ ဒုတိယကမ္ကာစစ်တုန်းက ဂျာမန်တွေကို ခုခံတိုက်ခိုက်ခဲ့တဲ့ ဆိုဗီယက် လူငယ် အာဇာနည်သူရဲကောင်း မောင်နှမနှစ်ယောက်ဖြစ်တဲ့ ဇိုယာနဲ့ ရှိုယာတို့ရဲ့ နာမည်ကိုယူပြီး မှဲ့ထားတာ ဖြစ်ပါတယ်။

မန်းရှာဟာ ၁၉၈၄ ခုနှစ်မှာ ဗဟိုကော်မတီဝင်တဦး ဖြစ်ပါတယ်။ အဲဒီနေ့ထဲမှာပဲ အမျိုးသား ဒီမိုကရေစီတပ်ပေါင်းစု (အန်ဒီအက်ဖ်) ဗဟိုသဘာပတိအဖွဲ့ဝင်တဦးလည်း ဖြစ်ပါတယ်။

၁၉၈၄ ခုနှစ်မှာ ကရင်နီနယ်စပ် ရှမ်းပြည်တောင်ပိုင်း၊ ရှမ်းပြည်မြောက်ပိုင်း၊ ကချင်ပြည်နယ်နယ်စပ်အထိ မြောက်ပိုင်းစည်းရုံးရေးခရီးစဉ်မှာ ကေအန်ပီပီ၊ ကေအန်ယူ၊ အေအယ်လ်ပီ၊ ပီအန်အို၊ ပီအက်စ် အယ်လ်ပီ၊ အန်အမ်အက်စ်ပီ၊ ကေအိုင်အို၊ အက်စ်အက်စ်ပီပီစတဲ့အဖွဲ့တွေက တိုင်းရင်းသား ခေါင်းဆောင်ကြီးများနဲ့အတူ ဒုတိယစစ်ရေးခေါင်းဆောင်တဦးအဖြစ် ပါဝင်ခဲ့ပါတယ်။

အဲဒီခရီးစဉ်မှာ အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု အန်ဒီအက်ဖ်ရဲ့ တိုင်းရင်းသားလူမျိုးများ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေး ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး လုပ်ငန်းတွေကို ဒေသခံ တိုင်းရင်းသားခေါင်းဆောင်များ၊ ပြည်သူများကို တက်တက်ကြွကြွ ဆွေးနွေးဦးဆောင် ပါဝင်ခဲ့ပါတယ်။

၁၉၈၄ ခုနှစ် မြောက်ပိုင်းချီ (မဒတ) ကိုယ်စားလှယ်အဖွဲ့ဟာ ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ စစ်ရေး မဟာမိတ်စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ မြောက်ပိုင်းချီ (မဒတ) ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်ဟာ ကေအန်ယူဗဟိုကော်မတီဝင် ဆရာကြီး ဦးစိုးအောင်ဖြစ်ပြီးတော့ ကေအန်ပီပီဥက္ကဋ္ဌ ဖဲဖူးဖဲက ဒုတိယအဖွဲ့ခေါင်းဆောင်ဖြစ်ပါတယ်။

စစ်ရေးတာဝန်ခံက ကေအန်ပီပီအထွေထွေအတွင်းရေးမှူး ခူးရီမာန်ထူးဖြစ်ပါတယ်။ မန်းရှာက ဒုစစ်ရေးတာဝန်ခံဖြစ်ပါတယ်။ ခေါင်းဆောင်မှုအစဉ်အရကြည့်ရင် မန်းရှာဟာ နံပါတ် (၄) အဆင့်မှာ ရှိပါတယ်။ မြောက်ပိုင်းချီ (မဒတ) ကိုယ်စားလှယ်အဖွဲ့ဟာ ၁၉၈၆ ခုနှစ်မှာ ကေအန်ယူဌာနချုပ် မာနယ်ပလောကို ပြန်ရောက်လာတဲ့အချိန်မှာ ဗကပနဲ့ စစ်ရေး မဟာမိတ်စာချုပ်ချုပ်ခဲ့တဲ့အပေါ် မန်းရှာကို အရေးယူခဲ့ပါတယ်။ ဗဟိုကော်မတီဝင်အဖြစ်ကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။ သာမန်ရဲဘော်တဦးအဖြစ် ရောက်သွားပါတယ်။

မန်းရှာဟာ ဒီနိုင်ငံရေး လောကဓံကို အတော့ကို ခံစားရပါတယ်။ ဟိုးရှေ့တန်းတွေမှာ ကျောပိုးအိတ်တလုံးနဲ့ ရဲဘော် တယောက်ရဲ့တာဝန်ကို ထမ်းရွက်ခဲ့ရပါသေးတယ်။ အနိမ့်မှာ ဝိုင်းထောင်းတတ်တဲ့ လောက သဘာဝအတိုင်း မန်းရှာကို ဒီထက်ကြီးလေးတဲ့ ပြစ်ဒဏ်တွေပေးဖို့ တချို့က ကြိုးစားကြပါ သေးတယ်။

၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံကြီးပေါ်ပေါက်လာတဲ့အချိန်မှာ တပ်ပေါင်းစုခေါင်းဆောင်များ၊ ကေအန်ယူခေါင်းဆောင်များရဲ့ အကြံပေးတိုက်တွန်းမှုအရ ဗိုလ်ချုပ်ကြီးစောဘိုမြက မန်းရှာကို ကိုယ်ရေးအရာရှိအဖြစ် တာဝန်ပေးအပ်ခံခဲ့ရပါတယ်။ ၁၉၈၈ ခုနှစ် လူထုအရေးတော်ပုံကြီးက တော်လှန်ရေးနယ်မြေကို ရောက်ရှိလာတဲ့ ကျောင်းသားများ စုစည်းညီညွတ်ရေးနဲ့ ပေါင်းစည်း ရေးလုပ်ငန်းများကို အင်တိုက်အားတိုက်ဆောင်ရွက်သူတဦးလည်း ဖြစ်ပါတယ်။

၁၉၈၈ ခုနှစ် မြန်မာပြည်ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ချုပ် (ဒီအေဘီ) စတင်ဖွဲ့စည်းရာမှာ ခေါင်းဆောင်တဦးအဖြစ် ပါဝင်ခဲ့ပါတယ်။ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တဦးအဖြစ် တိုင်းရင်းသားအင်အားစုများနဲ့ ဒီမိုကရေစီအင်အားစုများ စုစည်းရေးနဲ့ ညီညွတ်ရေးတို့ကို ကြိုးပမ်းဆောင်ရွက်ခဲ့သူတဦးလည်း ဖြစ်ပါတယ်။

၁၉၉၁ ခုနှစ် ၁ဝကြိမ်မြောက် ကေအန်ယူ ကွန်ဂရက်မှာ မန်းရှာဟာ ဗဟိုကော်မတီဝင်အဖြစ် ပြန်လည်အရွေးချယ်ခံခဲ့ရပါတယ်။

၁၉၉၂ ခုနှစ် စက်တင်ဘာလ (၂၂) ရက်နေ့မှာ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီ (အဲန်စီယူဘီ) ကို စတင်ဖွဲ့စည်းရာမှာ ပါဝင်ခဲ့ပြီး တွဲဖက်အထွေထွေအတွင်းရေးမှူး (၃) အဖြစ် တာဝန်ထမ်းဆောင်ခဲ့တယ်။

ကွယ်လွန်ချိန်အထိ အတွင်းရေးမှူးအဖွဲ့ဝင်အဖြစ် တာဝန်ယူခဲ့ပါတယ်။ ၁၉၉၅ ခုနှစ် (၁၁) ကြိမ်မြောက် ကေအန်ယူကွန်ဂရက်မှာ တွဲဖက်အထွေထွေအတွင်းရေးမှူး (၁) အဖြစ် ရွေးကောက်တင်မြောက်ခြင်း ခံခဲ့ရပါတယ်။ ၂၀၀၀ ခုနှစ် (၁၂) ကြိမ်မြောက် ကေအဲန်ယူကွန်ဂရက်မှာ ကေအန်ယူအထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ရွေးကောက်တင် မြောက်ခြင်း ခံခဲ့ရပါတယ်။ ၂၀၀၄ ခုနှစ် (၁၃) ကြိမ်မြောက် ကေအဲန်ယူကွန်ဂရက်မှာ အထွေထွေ အတွင်းရေးမှူးချုပ်အဖြစ် ထပ်မံရွေးချယ်ခံခဲ့ရပါတယ်။

၁၉၉၅ ခုနှစ် ဒီဇင်ဘာလကနေ ၁၉၉၆ ခုနှစ် နှစ်ကုန်အထိ ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူနဲ့ နဝတတို့တွေ့ဆုံဆွေးနွေးပွဲ (၄) ကြိမ်ပြုလုပ်ခဲ့ရာမှာ ၁၉၉၆ ခုနှစ် ဖေဖော်ဝါရီလ မော်လမြိုင်မြို့မှာ ပြုလုပ်ခဲ့တဲ့ ဒုတိယအကြိမ်ဆွေးနွေးပွဲမှာ အဖွဲ့ခေါင်းဆောင်။

၁၉၉၆ခုနှစ် ဇွန်လ တတိယအကြိမ် မော်လမြိုင်မှာ ပြုလုပ်တဲ့ ဆွေးနွေးပွဲမှာ ဗိုလ်ချုပ်ကြီးတာမလာဘောက အဖွဲ့ခေါင်းဆောင်။ မန်းရှာက ဒုတိယခေါင်းဆောင် ၁၉၉၆ ခုနှစ် နိုဝင်ဘာလ စတုတ္ထအကြိမ် ဆွေးနွေးပွဲမှာ ဗိုလ်ချုပ်ကြီးတာမလာဘောက အဖွဲ့ခေါင်းဆောင်၊ မန်းရှာက ဒုတိယခေါင်းဆောင်အဖြစ် ဆောင်ရွက်ခဲ့ပါတယ်။

ကေအန်ယူနဲ့ နဝတတွေ့ဆုံဆွေးနွေးပွဲတွေမှာ နဝတကိုင်ဆွဲထားတဲ့ လက်နက်ကိုင်လမ်းစဉ်စွန့်ပြီး တရားဥပဒေဘောင်ထဲ ဝင်ရောက်ရေးဆိုတဲ့ လက်နက်ချအညံ့ခံရေး လမ်းစဉ်ကို ပြတ်ပြတ်သားသား ဆန့်ကျင်ခဲ့တယ်။

နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ ကေအန်ယူရဲ့ ချမှတ်ထားတဲ့ မူအပေါ်မှာ ခိုင်ခိုင်မာမာရပ်တည်ခဲ့တယ်။ နဝတဟာ ကေအန်ယူကို လက်နက်ချအညံ့ခံရေး ဘောင်ထဲကို ရောက်အောင် ကျုံးမသွင်းနိုင်ခဲ့တဲ့အတွက် မန်းရှာအပေါ်မှာ အညှိုးကြီးခဲ့ပါတယ်။ မန်းရှာရှိနေသမျှ ကေအန်ယူကို ဘယ်တော့မှ လှည့်စားဖြားယောင်းဖို့မရနိုင်ဘူးလို့ နဝတက သတ်မှတ်ခဲ့ပါတယ်။

ကရင့်တော်လှန်ရေး နှစ် (၆၀) ရှည်ကြာတဲ့ခရီးတလျှောက်မှာ အမျိုးသားနဲ့ တော်လှန်ရေးအတွက် ပေးဆပ်စွန့်လွှတ်ခဲ့ရတဲ့ ကရင့်တော်လှန်ရေးရဲ့ သားကောင်းကြီးများဟာ မနည်းတော့ပါဘူး။

ကရင့်တော်လှန်ရေးရဲ့ အစခရီးမှာ ကရင့်အမျိုးသားဦးစီးဦးဆောင်ဖြစ်တဲ့ ကော်ခိုစောဘဦးကြီး၊ ဗိုလ်ချုပ်စိုင်းကေ၊ စကောမောလေး၊ ဗိုလ်ချုပ်မင်းမောင်၊ ဗိုလ်ကျင်ဖေ၊ ယခုမန်းရှာလားဖန်းစတဲ့ ကရင့်တော်လှန်ရေးအဆင့်မြင့်ခေါင်းဆောင်တွေ ဖြစ်ကြပါတယ်။

မရေမတွက်နိုင်တဲ့ ကရင့်တော်လှန်ရေးဟာ အာဇာနည်အထောင်အသောင်းတွေဟာလည်း မွန်မြတ်လှတဲ့ သူတို့ရဲ့အသက်တွေကို ရဲရဲရက်ရက်ပေးလှူခဲ့ကြပါပြီ။ ဒီအာဇာနည်များရဲ့ ကိုယ်ကျိုးစွန့်လွှတ်ပေးဆပ်မှုတွေကို ပြန် ပြောင်းတွေးလိုက်တိုင်း ကျနော်တို့ရင်မှာ ကြေကွဲဝမ်းနည်းပါတယ်။

အသက်ထင်ရှားရှိနေကြသေးတဲ့ ကျနော်တို့အားလုံးဟာ ဒီအာဇာနည်သူရဲကောင်းများရဲ့ အသက်ပေးပြီး သွေးနဲ့ခင်းခဲ့တဲ့လမ်း အတိုင်း ခိုင်မာတဲ့ ဇွဲသန္နိဌာန်ချပြီး ပြည်သူတရပ်လုံးလွတ်မြောက်တဲ့တိုင်အောင် တိုက်ပွဲဝင်သွားကြရပါမယ်။ ကေအန်ယူ ကရင်အမျိုးသားအစည်းအရုံး အထွေထွေအတွင်းရေးမှူး ပဒိုမန်းရှာ လားဖန်းအား မကျဆုံးမီ နှစ်ပတ်အလို ကရင်အမျိုးသားစည်းလုံးညီညွတ်ရေး နှီးနှောဖလှယ်ပွဲမှာ နောက်ဆုံးမိန့်ခွန်းပြောသွားပါတယ်။

"တော်လှန်ရေးကို ဆုံးခန်းတိုင် ဆင်နွှဲသွားကြရမယ်" လို့ မှာကြားသွားပါတယ်။

ဘဝနိဂုံး

ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့ရှိ နေအိမ်အတွင်း ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ညနေ ၄ နာရီခွဲ လောက်တွင် မသမာသူလူတစု၏ သေနတ်သမား နှစ်ဦး ဝင်ရောက် လုပ်ကြံသတ်ဖြတ်ခြင်းကို ခံခဲ့သည်။

ရင်အုံတွင် သေနတ်ဒဏ်ရာ နှစ်ချက်၊ ညာဘက်လက်တွင် သေနတ်ဒဏ်ရာတစ်ချက်ဖြင့် နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။ သေဆုံးချိန်မှာ အသက် ၆၄ နှစ်ရှိပြီဖြစ်ပြီး စောစေးစေး၊ နမ့်ဘွားဘွားဖန်း၊ နမ့်ဇိုယာဖန်းနှင့် စလုံ့ဖန်း တို့ သားသမီး လေးယောက် ကျန်ရစ်ခဲ့သည်။

ကိုးကား - ကရင်သမိုင်း၊ Karen vibes


#ပဒိုမန်းရှာလားဖန်း
#ကရင်အမျိုးသားအာဇာနည်နေ့

#ပုံနှိပ်

ဇနီးဖြစ်သူ နန့်ကျင်ရွှေ ကတော့ သူမကွယ်လွန်ခင် တနှစ် အလိုမှာဘဲ ကျန်းမာရေးနဲ့ ဆုံးပါးသွားနှင့်ခဲ့သည်။

photo credit to Artstrike

ที่อยู่

Ban Waen, Hang D**g
Chiang Mai
50230

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Pone Nait - ပုံနှိပ်ผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์