21/11 Creative Insights, Creative Thoughts & Creative Criticism. Join Our Sub Reddit Channel : www.reddit.com/r/logodesign_myanmar/

04/05/2026

“May the 4th be with you“

ဒီနှစ်တော့ အသစ်မလုပ်ဖြစ်လို့ မနှစ်ကဟာလေးနဲ့ပဲ

21/11

Hopping into the LogoArchive .now trend. Here are some of my selected marks that I did over the years.Hope you guys enjo...
03/05/2026

Hopping into the LogoArchive .now trend. Here are some of my selected marks that I did over the years.

Hope you guys enjoy these.

21/11

Freepik ကနေ Magnific ဘာလဲ၊ ဘယ်လဲ။Freepik ဆိုတာ ကျနော်တို့ Graphic Designer တွေ Creative သမားတွေအတွက် မစိမ်းတဲ့ Stock Ass...
29/04/2026

Freepik ကနေ Magnific ဘာလဲ၊ ဘယ်လဲ။

Freepik ဆိုတာ ကျနော်တို့ Graphic Designer တွေ Creative သမားတွေအတွက် မစိမ်းတဲ့ Stock Assets Website တစ်ခုဖြစ်ပါတယ်။ ကျနော် Design စဆွဲတဲ့အချိန်ကတည်းကစပြီး Subscribe လုပ်ပြီး အခုအချိန်ထိ လိုအပ်တဲ့ Text Effect တွေ Background တွေ Design Assets တွေကို နေ့တိုင်းဝင်ပြီး လိုအပ်တာရှာဖွေမွှေနှောက်လေ့ရှိတဲ့ နေရာတစ်ခုပါ။

Magnific AI ဆိုတာ Javi Lopez ဆိုတဲ့ Developer တစ်ယောက် Founding လုပ်ထားခဲ့တဲ့ Generative AI Enhance & Upscaler Tools တစ်ခုဖြစ်ပြီး Freepik က ပြီးခဲ့တဲ့ 2024 May လမှာ ဝယ်ယူလိုက်တာလို့ သိရပါတယ်။ Magnific ဟာ Midjourney လိုမျိုး AI Tools တွေကို Utlize လုပ်ပြီး Generative Image တွေ Generative AI တွေကို ပိုကောင်း ပိုမြန် သုံးလို့ရတဲ့ ပုံစံမျိုး အလုပ်လုပ်ပါတယ်။

Freepik Website မှာ ကျနော်တို့ Generative Image, Video, Editor, Upscaler, Audio စသဖြင့် အသုံးပြုလို့ရတဲ့အချိန်ကစပြီး Freepik ဟာ Magnific AI ကို သူ့ရဲ့ Business တစ်ခုလုံးမှာ ထည့်သွင်းနေတာပဲဖြစ်ပါတယ်။ အခုမှာတော့ အဲ့ Magnific AI Tools တွေကို Optimize လုပ်ပြီးတော့ Freepik က သူကိုယ်တိုင် ဝယ်ယူထားတဲ့ Magnific AI အဖြစ် Rebrand လုပ်လိုက်တာဖြစ်ပါတယ်။

Freepik ဆိုတဲ့ နာမည်ကလဲ Stock Image တွေကို လွတ်လွတ်လပ်လပ်ရွေးချယ်လို့ရတယ်ဆိုတဲ့ နာမည်လိုမျိုး ရည်ညွှန်းနေတာကြောင့်မို့လို့ Magnific လို့ Rebrand လုပ်လိုက်တာလို့မြင်ပါတယ်။ အရင်က Freepik ရဲ့ AI Tools တွေအကုန်လုံးဟာ Freepik/Pikaso အောက်ကနေ Operate လုပ်နေတာဖြစ်သလို Sitemap တွေလဲရှုပ်နေသလောက်ဖြစ်နေပြီဖြစ်တာမို့လို့ ပိုပြီး စုစုစည်းစည်းလေးဖြစ်အောင် Rebrand လုပ်လိုက်တဲ့ သဘောမှာလဲရှိပါတယ်။

ဘာပဲပြောပြော ကျနော်တို့အတွက် Stock Image ရှာနေရာ Freepik ကတော့ Magnific နာမည်နဲ့ Creative AI Platform တစ်ခုအဖြစ် ကူးပြောင်းသွားပါပြီ။ Magnific အနေနဲ့ AI Creative Suite တွေကို ဦးစားပေးသွားတော့မှာဖြစ်ပြီး Stock Market ကလဲဆက်ရှိနေဦးမှာပါ။ ဒါပေမယ့် ဒုတိယနေရာကိုတော့ ရောက်သွားတာပေါ့လေ။

Freepik ရဲ့ Co-Founder ဖြစ်တဲ့ Joaquín Cuenca Abela ပြောသလိုပဲ "The creatives, the dreamers, are about to become more powerful than anyone expected. That's the no-collar economy. And it's already underway." ဆိုတဲ့အတိုင်း Creative တွေ Dreamer တွေဟာ AI Tools တွေရဲ့ အထောက်အပံ့နဲ့ ပိုမိုအားကောင်းလာတော့မှာဖြစ်ပြီး Industrial Evolution အသစ်ဖြစ်တဲ့ No-Collar Economy ကြီးကို ရှေ့လျှောက်မြင်ကြရတော့မယ်ထင်ပါတယ်။



21/11

Design Thinking ဆိုတာ Creative Designer တစ်ယောက်အနေနဲ့ ပြောရရင် "လှတဲ့ ပုံတွေ Design တွေ ဖန်တီးတယ်" ဆိုတာထက် ပိုပါတယ်။ D...
27/04/2026

Design Thinking ဆိုတာ Creative Designer တစ်ယောက်အနေနဲ့ ပြောရရင် "လှတဲ့ ပုံတွေ Design တွေ ဖန်တီးတယ်" ဆိုတာထက် ပိုပါတယ်။ Design Thinking ဟာ "ပြဿနာကို မှန်ကန်စွာ ရှာဖွေပြီး အကောင်းဆုံး ဖြေရှင်းချက် ထုတ်တဲ့ Process" တစ်ခုလို့ပြောလို့ရပါတယ်။ အလွယ်ပြောရရင်တော့ "Problem Solving" ပေါ့။ ကျနော် လက်ရှိ Creative လုပ်ငန်းခွင်တွေမှာ လက်တွေ့အသုံးချနေကြတဲ့ Design Thinking အဆင့် (၅) ဆင့် ကို ရိုးရိုးရှင်းရှင်းလေး ပြောပြပေးပါမယ်။

၁။ Empathize (နားလည်ခြင်း)

Design မဆွဲခင်မှာ ပထမဆုံးထည့်စဉ်းစားရမှာက ကိုယ်ဆွဲမယ့် Design တစ်ခု လှနေဖို့ မိမိုက်နေဖို့က အရေးအကြီးဆုံး မဟုတ်ဘဲ အသုံးပြုသူ (User) ရဲ့ စိတ်ခံစားချက်ကို ဘယ်လို ချိတ်ဆက်ရမလဲ ဆိုတာပါပဲ။

ကျနော်တို့က ဘယ်သူ့အတွက် ဒီ Design ကို ဆွဲပေးမှာလဲ၊ သူတို့မှာ ဘာအခက်အခဲရှိလဲ၊ သူတို့ ဘာကို လိုချင်တာလဲ၊ စတာတွေကို သိဖို့ အလုပ်အပ်တဲ့ Client နဲ့ သေချာစကားပြောရပါမယ်။ ဒါမှမဟုတ်ရင် ကိုယ်တိုင် ကွင်းဆင်းပြီး User Research/ Customer Research/ Market Research လုပ်ရပါမယ်။

ကိုယ်ဆွဲရမယ့် Design က လုပ်ငန်းဘက်ကနေ Customer တွေကို ဘာပေးချင်တာလဲ၊ ဘာတွေပြချင်တာလဲ ဆိုတာတွေကို ဦးစားမပေးဘဲ Element တွေ၊ Effect တွေ၊ စာသားတွေကို စုံနေအောင်ထည့်ပြီးမှ "ကိုယ်ဆွဲထားတာလှရဲ့သားနဲ့ ဘာလို့မကြိုက်ကြတာလဲ" ဆိုတာမျိုးဖြစ်လာတာ ကြုံဖူးကြမှာပါ။ ဒါဟာ ခုနကပြောခဲ့တဲ့ Brand နဲ့ Customer ကြားထဲက ချိတ်ဆက်မှုဆိုတာကို ကျနော်တို့ သေချာမလေ့လာ၊ မသတ်မှတ်ခဲ့မိလို့ပါပဲ။

၂။ Define (အဓိပ္ပာယ်သတ်မှတ်ခြင်း)

ရလာတဲ့ အချက်အလက်တွေကို စုစည်းပြီး "ဒီ Design နဲ့ ဖြေရှင်းပေးရမယ့် ပြဿနာက ဘာလဲ" ဆိုတာကို သတ်မှတ်တာပါ။ ဥပမာ- "Logo က မလှလို့" ဆိုတာထက် "Logo က Brand ရဲ့ ယုံကြည်မှုကို မဖော်ဆောင်နိုင်လို့" ဆိုတာမျိုး၊ "Design မှာ Product ရဲ့ တိကျတဲ့ အားသာချက်မပြနိုင်တာမျိုး"၊ "တင်ထားတဲ့ Design တွေမှာ တစ်ခုနဲ့တစ်ခု Brand ရဲ့ Visual Recognition မတည်ဆောက်ထားနိုင်တာမျိုး" စတဲ့ တိတိကျကျ Error ကို ရှာဖွေတာမျိုးပါ။

Brand Recognition Strong မဖြစ်တဲ့ လုပ်ငန်းတစ်ခုကို ကြည့်မယ်ဆိုရင် တစ်ရက်နဲ့တစ်ရက်တင်ထားတဲ့ Design တွေမှာ တစ်ခုနဲ့တစ်ခု Brand အရောင်ကအစ Visual Theme တွေ၊ သုံးထားတဲ့ Element တွေ၊ စာသားအချိုးတွေအပြင် Brand Logo အထားအသိုတွေ နေရာဗျောက်တောက်ဖြစ်နေတာမျိုး မြင်ဖူးကြမှာပါ။ ဒါဟာ နေ့တိုင်း Design Post တွေတင်နေပေမယ့် Brand Recognition မရတာမျိုး ဖြစ်သွားစေပါတယ်။

၃။ Ideate (အကြံထုတ်ခြင်း)

ဒီအဆင့်မှာတော့ ဘောင်မခတ်ဘဲ စဉ်းစားရမှာပါ။ Mood Board တည်ဆောက်တာ၊ Brand Guidelines တွေကိုသေချာ Analyze လုပ်ပြီး ဘယ်လို Element တွေအသုံးပြုမလဲ၊ စတာတွေကနေ Design အတွက် ပုံကြမ်း Sketch တွေ အများကြီး ဆွဲကြည့်တာမျိုးလုပ်ရပါတယ်။ ကိုယ်တိုင် ဖုန်းထဲကို Design ထည့်ကြည့်တာမျိုး၊ Mockup တွေ လုပ်ကြည့်တာမျိုး၊ Real World Environment တွေမှာ Design ကို ထည့်ကြည့်တာမျိုး၊ Packaging Design ဆိုရင် Super Marketတွေရဲ့ စင်ပေါ်က အမျိုးအစားတူ Packaging တွေကြားထဲ ထည့်ကြည့်တာမျိုးတွေ လုပ်ကြည့်ပြီးမှ အကောင်းဆုံး ဖြစ်နိုင်မယ့် Design Concept တွေကို ရွေးချယ်ရပါမယ်။

ကျနော်တို့ Super Market တွေထဲက ခေါက်ဆွဲခြောက်ထားတဲ့ အတန်းကို ရောက်ဖူးကြမယ်ထင်ပါတယ်။ အဲ့ဒီမှာဆိုရင် Visual Complex အဖြစ်ဆုံးနေရာလို့ပြောလို့ရသလို ကိုယ်က ခေါက်ဆွဲခြောက် Packaging ဆွဲနေတယ်ဆိုပါစို့ ကိုယ့်ရဲ့ ခေါက်ဆွဲခြောက်အထုတ်တွေကို စင်ပေါ်မှာ တခြား Competitor Brand Packaging တွေကြားထဲကနေ သိသာပြီး မြင်နေရအောင် ဘယ်လိုလုပ်မလဲဆိုတာကို ကြည့်ကြည့်ပြီးတော့မှ ဒီလိုအရောင်တွေကြားထဲ ဘာအရောင်ကမြင်သာမလဲ၊ Brand Guideline နဲ့ရော ကိုက်ညီမလားဆိုတာမျိုးတွေကနေမှ Design Idea တွေကို အကြမ်းထုတ်ကြည့်တာမျိုးပါ။

၄။ Prototype (နမူနာဖန်တီးခြင်း)

အပေါ်မှာ ကိုယ်ရွေးချယ်ထားတဲ့ Concept တွေကို Design Software/ Tools တွေသုံးပြီး စဆွဲကြရပါပြီ။ Concept ကနေ Visualize လုပ်လို့အပြီးမှာ Client ကို Draft အနေနဲ့ ပြဖို့မဟုတ်ရင်တောင် ကိုယ့်ဘာသာကိုယ် ဒီ Design ဟာ အပေါ်မှာ ကိုယ် Study လုပ်ထားတဲ့ အဆင့်တွေနဲ့ အဆင်ပြေမပြေ၊ ကိုယ်ပြချင်တာနဲ့ Client လိုချင်တာတွေရယ် Customer တွေကိုပါ Connection လုပ်နိုင်မလုပ်နိုင် စမ်းကြည့်ဖို့လဲလိုပါတယ်။

Logo Design ဆိုရင် အဝေးကကြည့်ရင် အနီးကကြည့်ရင် Brand ကို မှတ်မိနိုင်/မမှတ်မိနိုင်၊ အရောင်တွေ အဆင်ပြေမပြေ၊ Box Packaging တွေဆိုရင် Die-cut တွေ ခေါက်ရ ကပ်ရတာ အဆင်ပြေမပြေ၊ ဗူးထဲထည့်တဲ့ Item က ဗူးနဲ့ ဆန့်မဆန့်၊ ကြော်ငြာ Design တွေဆိုရင် ဘာကိုဦးစားပေးပြောတာလဲဆိုတာ ထင်ရှားမှုရှိမရှိ၊ ဖုန်းပွတ်နေရင်း/ လမ်းသွားနေရင်း မြင်ကွင်းထဲ မြင်နိုင်မမြင်နိုင် စသဖြင့် ကိုယ့် Design Draft တွေကို စမ်းသပ်ကြည့်တာမျိုးပါ။

၅။ Test (စမ်းသပ်ခြင်း)

ကိုယ်ဖန်တီးထားတဲ့ Design တွေကို ကိုယ်မဟုတ်တဲ့ တခြားသူတွေကိုပြကြည့်တာမျိုး၊ Client ကို ပြပြီး Feedback ယူတာမျိုးတွေ လုပ်ရပါမယ်။ ကိုယ့်ရဲ့ Design Direction ကို သူတို့ နားလည်ရဲ့လား၊ ကိုယ်အဓိကထားပြီး Brand နဲ့ User ကြားထဲမှာ လုပ်ထားတဲ့ Connection တွေကို မြင်ကြရဲ့လား၊ ကိုယ်ထုတ်ထားတဲ့ Design Layout/ Die-cut/ ခေါက်ချိုးပုံစံတွေ အသုံးပြုရတာ အဆင်ပြေရဲ့လား စသဖြင့်ပေါ့။

အဲ့ဒီကနေမှရလာတဲ့ Feedback တွေအပေါ်မူတည်ပြီး ပြင်ဆင်စရာရှိတာတွေ ပြန်ပြင်ရတာမျိုး၊ လိုအပ်နေတဲ့နေရာလေးတွေ ပြန်ညှိရတာမျိုး၊ တစ်ခုခုလွဲမှားသွားတာလေးတွေရှိရင် ပြန်လုပ်ရတာမျိုးတွေ လုပ်ရပါမယ်။ တကယ်လို့ လုံးဝကြီး ကိုယ့်ရဲ့ Design Idea/ Design Direction တွေကို မမြင်ကြဘူးဆိုရင်တော့ ဟိုး ပထမအဆင့်ဆီကို ပြန်သွားပြီး လုပ်ငန်းက လိုချင်နေတဲ့/ Client ကလိုချင်နေတဲ့ ပြဿနာရဲ့အဖြေကို ပြန်သတ်မှတ်တာမျိုးတွေပါ လုပ်ရပါလိမ့်မယ်။

နိဂုံးချုပ်အနေနဲ့ကတော့ Design Thinking ကို သေသေချာချာအသုံးချတတ်သွားရင် ကျွန်တော်တို့က "Designer" သက်သက်မဟုတ်တော့ဘဲ "Problem Solver" တွေ ဖြစ်လာပါမယ်။ ကျနော့် အတွေ့အကြုံအရ ပြောရရင် Design Thinking နဲ့ တဆင့်ချင်းသွားတဲ့ Design Project တွေက ပိုပြီး ခိုင်မာသလို၊ Client ရဲ့ စိတ်ကျေနပ်မှုကိုလဲ ပိုရနိုင်သလို၊ Market ထဲမှာ Environment ထဲမှာ တကယ်ထိရောက်တဲ့ Design တွေ ဖြစ်သွားစေပါတယ်။ Design Thinking ဟာ Design တွေးခေါ်မှုပညာရပ်တစ်ခုတင်မဟုတ်ဘဲ၊ လူသားတွေအပေါ် ဗဟိုပြုပြီး ပြဿနာတွေကိုဖြေရှင်းတဲ့ နည်းစနစ်တစ်ခုလို့ သတ်မှတ်လို့ရမယ် ထင်ပါတယ်။

စာဖတ်သူမိတ်ဆွေတို့ရော ကျနော်ပြောပြထားတဲ့ Design Thinking အပေါ် လိုအပ်ချက်လေးတွေရှိနေတာမြင်မိရင် Comment မှာ ဖြည့်ပေးသွားလို့ရပါတယ်နော်ဗျ။ ဒါမှမဟုတ် Design Thinking ကို အသုံးချဖြစ်နေတာမျိုး၊ လုပ်ငန်းခွင်မှာ မသုံးရသေးတာမျိုး၊ ကိုယ့် Design အမြင်တွေ စသဖြင့်လဲ အားမနာတမ်း Comment လေးတွေ ရေးသွားလို့ရပါတယ်နော်။

21/11

Spider-Noir - TV Series Myanmarize Titleမင်းသားကြီး Nicolas Cage ကို Ben Reily အဖြစ်မြင်တွေ့ရမယ့် Spider-Noir TV Series ...
26/04/2026

Spider-Noir - TV Series Myanmarize Title

မင်းသားကြီး Nicolas Cage ကို Ben Reily အဖြစ်မြင်တွေ့ရမယ့် Spider-Noir TV Series ကို May လထဲမှာ Amazon Prime ကနေ Release လုပ်တော့မှာပဲဖြစ်ပါတယ်။

Spider-Man Noir Comic ကို အခြေခံထားတဲ့ ဒီ Spider-Noir ဟာဆိုရင် မူရင်း Spider-Man Noir ဖြစ်တဲ့ Peter Parker အနေနဲ့မဟုတ်ဘဲ Ben Reily ဆိုတဲ့ Peter Parker Clone ရဲ့ နာမည်ကို သုံးထားပါတယ်။ 1930 Black & White Style နဲ့အပြင် Vibrant Color နဲ့ပါကြည့်လို့ရမယ့် ဒီ Series မှာတော့ Main Villain တွေ အဖြစ် Silvermane, Sandman, Tombstone နဲ့ Magawatt တို့ကို Trailer မှာ Tease လုပ်ထားသလို အသက်ကြီးပြီး ရင့်ကျက်နေတဲ့ Nicolas Cage ရဲ့ Spider-Noir ကို ပုံစံအသစ်နဲ့မြင်ရဦးမှာပါ။

Spider-Noir ကို Myanmarize Title လုပ်ဖို့ စဉ်းစားတော့ Noir ကို /nwɑːr/ (နွါး/နိုဝါး) ဆိုပြီး အသံထွက်ကြတဲ့အထဲမှာ နွါး က တိရစ္ဆာန် နွားလို့ ပိုပြီးမြင်မိမှာစိုးတာကြောင့် နိုဝါး ကိုအသုံးပြုထားပါတယ်။

21/11

#မြန်မာ

ရည်ရွယ်ချက် (Purpose) ဦးတည်ချက် (Direction) တွေမရှိဘဲ Design ဆွဲလို့ ရပါသလား။ဆိုတော့ ကျနော်တို့ Design တစ်ခုအတွက် စပြီး ...
22/04/2026

ရည်ရွယ်ချက် (Purpose) ဦးတည်ချက် (Direction) တွေမရှိဘဲ Design ဆွဲလို့ ရပါသလား။

ဆိုတော့ ကျနော်တို့ Design တစ်ခုအတွက် စပြီး Frame တစ်ခု ချလိုက်ပြီဆိုကတည်းက ဒီ Design ဟာ Client တို့ အလုပ်ရှင်တို့အတွက် မဟုတ်ဘဲ ကိုယ့်အတွက်ကိုယ်ဆိုရင်တောင် ဒါဟာ Purpose ပါသွားပါပြီ။ ဒီနေရာမှာတင် ရည်ရွယ်ချက်က အလိုလို ရှိနေပါပြီ။ ကိုယ်က ဒီ Design ကို ကိုယ့် Portfolio အတွက် လေ့ကျင့်တာလား။ ကိုယ့်ရဲ့ Social Media မှာ တင်ပြီး မိတ်ဆွေ သူငယ်ချင်းတွေ အပြင် Client တွေကိုပါ အလုပ်လာအပ်စေချင်တာလားဆိုတာနဲ့တင် ရည်ရွယ်ချက်တစ်ခု ဖြစ်သွားပါပြီ။

ဒါ ဘာ Design ကိုဆွဲချင်တယ်၊ ဘယ်လို Design ဆွဲမယ်ဆိုတာ မပါသေးဘူးနော်။

ကိုယ်က အခုမှ သင်တန်းဆင်းမို့လို့ Design Tools တွေကို သိပ်မသိသေးလို့ Pinterest က ပုံတစ်ပုံ Behance က ပုံတစ်ပုံကို ယူပြီး သူတို့ဘယ်လိုလုပ်ထားတယ်၊ ဘာ Tools တွေ Filter တွေ သုံးထားတယ်၊ ဘယ်လို Manipulation လုပ်ထားတယ်ဆိုတာ လေ့ကျင့်တယ်ဆိုရင်တောင် ဒါဟာ ကိုယ့် Self Learning အတွက် ဆိုတဲ့ ရည်ရွယ်ချက်တစ်ခုကို တည်ဆောက်ပြီးနေပါပြီ။

Client / အလုပ် အတွက် Design Frame တစ်ခုထိုင်တယ်ဆိုရင်တော့ ဒီ Design ဟာ Information ပေးတာလား၊ Product အကြောင်း ပြချင်တာလား၊ Marketing အတွက်လား၊ Brand Recognition ဖြစ်ဖို့အတွက် Visual လားဆိုတာ ထပ်ခွဲရပါတော့မယ်။ ပြီးရင် ဒီ Design က Billboard မှာတင်မှာလား? အဲ့လိုဆိုရင် Design နဲ့ ထည့်မယ့်စာကို အများကြီးမဟုတ်ဘဲ စက္ကန့်ပိုင်းလေးနဲ့ မီးပွိုင့်မိတုန်း ဖတ်မိစေမယ့် အနေအထားကို ထည့်စဉ်းစားတာမျိုး၊ Social Media အတွက်ဆိုရင် ရှုပ်ယှက်ခတ်နေတဲ့ Feeds တွေကြားထဲမှာ ခဏလောက်ရပ်ပြီး ဖတ်ကြည့်ချင်စရာ ကောင်းအောင် ဘာတွေကို အသားပေးပြီးဆွဲမယ်ဆိုတာမျိုးတွေက Design ရဲ့ ဦးတည်ချက် (Direction) ဖြစ်ပါတယ်။

Design Direction တွေ စဉ်းစားပြီးပြီဆိုရင်တော့ ကျနော် အရင်က အမြဲ ပြောဖူးတဲ့ Who/ What, When, Where, Why & How ဆိုတာတွေကို Design စဉ်းစားနေရင်း၊ ဆွဲနေရင်းနဲ့ မေးရပါတော့မယ်။ အခု Design ကို ဘယ်လိုလူတွေကို ကြည့်စေချင်တာလဲ၊ ဘာပစ္စည်း၊ ဘာဝန်ဆောင်မှု၊ ဘာလုပ်ငန်းအတွက် ဆွဲနေတာလဲ၊ ဘယ်အချိန်မှာ ဒီ Design ကို တင်ရမှာလဲ၊ ဘယ်နေရာတွေမှာ ဒီ Design ကို မြင်ရမှာလဲ၊ ဘာကြောင့် ဒီ Design ရဲ့ပုံစံ၊ Element တွေ၊ အရောင်တွေ၊ အထားအသိုတွေကို အခုလိုသုံးထားပြီး ဘယ်လိုပုံစံနဲ့ ပြင်မလဲ ဆင်မလဲစသဖြင့် Design တစ်ခုအတွက် Direction ကို တည်ဆောက်ကြရပါတယ်။

ဆိုကြပါစို့။ ကလေးကစားစရာ ပစ္စည်းတစ်ခုကို အချိုရည်ကြော်ငြာလိုမျိုး Billboard Design ဆွဲမယ်ဆိုရင် ဒီပစ္စည်းကို အဓိကထားပြီး ဝယ်ကြမယ့် ကလေးမိဘတွေက ကိုယ့် Design ကို အချိန်တစ်ခုပေးပြီး ရပ်ကြည့် သွားကြပါ့မလား ဆိုတာမျိုးပေါ့။ Billboard Design တစ်ခုဆိုပေမယ့် မီးပွိုင့်မိနေတဲ့ စက္ကန့် ၄၀ လောက်မှာ ဖတ်မကုန်နိုင်တဲ့ စာသားတွေ အများကြီး ထည့်ထားတယ်ဆိုရင်ရော နေပူနေတဲ့အချိန် လူက အိုက်စပ်နေတဲ့အချိန်မှာ အဲ့ဒီ Billboard ပေါ်က ကြော်ငြာကို မှတ်မိကြပါ့မလား။ Product တစ်ခုရဲ့ Main Function ကို အသားမပေးဘဲ သူ့မှာရှိသမျှ Function တွေ အကုန်လုံးကို Social Media Feeds ပွတ်ဆွဲရင် မြင်ရမယ့် ခဏတာ အချိန်လေးမှာ ပုံရော စာရော ရှုပ်ယှက်ခတ်နေတာပဲဆိုပြီး ကိုယ်ကိုယ်တိုင်ရော တစ်ခါတလေ ဖြစ်သွားဖူးတယ်မလား။

အဲ့လိုလေးတွေပါပဲ။ ကျနော်တို့ Creative Industry ထဲက ဘယ် Role မှာပဲ ရှိနေကြပါစေ၊ ပုံတစ်ခုဆွဲဆွဲ၊ စာတစ်ကြောင်းရေးရေး၊ Design တစ်ခုပဲဆွဲဆွဲ စလိုက်ပြီဆိုတာနဲ့ ရည်ရွယ်ချက်က ကပ်ပါလာပြီးသားလို့တော့ ကျနော်က ယူဆပါတယ်။ အဲ့ဒီကနေမှ ကိုယ်လုပ်နေတဲ့အရာအတွက် Direction ကတော့ နောက်မှကပ်ပါလာလို့လဲ ရတယ်လို့မြင်မိပါတယ်။

ကျနော်တို့ဆီမှာက Tools ကိုသိရင် Design စဆွဲလို့ရတယ်လို့ ယူဆကြတဲ့သူတွေများလာတော့ Design Thinking ကိုသိမှ Design ကို စဆွဲလို့ ရမယ်ဆိုတဲ့ အကြောင်းကို သိပ်ပြီး မမြင်ကြတော့တာလို့ထင်မိပါတယ်။ အဲ့အကြောင်းအရာကိုတော့ နောက်တစ်ခေါက်ကြမှ ကျယ်ကျယ်ပြန့်ပြန့်လေး ထပ်ရေးပါဦးမယ်ခင်ဗျ။

စာဖတ်နေတဲ့ မိတ်ဆွေတို့ရော ဘယ်လိုထင်မြင်ယူဆကြသလဲဆိုတာရယ် ကိုယ်တိုင် ဘယ်လိုမျိုး လုပ်နေကြသလဲဆိုတာရယ်ကို Comment မှာ အတူတူ လေဖန်သွားလို့ ရပါတယ်နော်ဗျ။

21/11

Street Fighter - Movie Myanmarize TitleReady, Set, Fight! ဆိုတာနဲ့ ငယ်ငယ်တုန်းက ခလုတ်တွေပျက်တဲ့အထိ တဂျောက်ဂျောက်နှိပ်ပြီ...
18/04/2026

Street Fighter - Movie Myanmarize Title

Ready, Set, Fight! ဆိုတာနဲ့ ငယ်ငယ်တုန်းက ခလုတ်တွေပျက်တဲ့အထိ တဂျောက်ဂျောက်နှိပ်ပြီးဆော့ခဲ့ရတဲ့ Street Fighter Game ကတော့ Live Action Movie အနေနဲ့ ဒီနှစ် 2026 October 16 ရက်နေ့မှာ မြိုင်မြိုင်ဆိုင်ဆိုင်ကြီး ကြည့်ရတော့မှာပါ။

Legendary Pictures နဲ့ Paramount Pictures တို့ ပူးပေါင်းရိုက်ကူးထားတဲ့ ဒီ Street Fighter Movie ဟာဆိုရင် Ryu, Ken နဲ့ Chun-Li တို့ကို အဓိက အသားပေးထားတာဖြစ်ပြီး World Warriors Tournament ကိုဝင်ပြိုင်ရင်း Tournament နောက်ကွယ်က သာမန်မဟုတ်တဲ့ ကိစ္စရပ်တွေနဲ့ ကြုံတွေ့ကြရမှာပါ။

Ken Masters အဖြစ် Noah Centineo, Ryu အဖြစ် Andrew Koji, Chun-Li အဖြစ် Callina Liang, Akuma အဖြစ် Roman Reigns, M.Bison အဖြစ် David Dastmalchian, Guile အဖြစ် Cody Rhodes, Blanka အဖြစ် Jason Momoa တို့အပြင် 50 Cent လဲပါဝင်ထားသလို နောက်ထပ် Street Fighter Character တွေအများကြီးကိုမှ အမိုက်စား Actor များစွာလဲ ပါဝင်ထားပါသေးတယ်။

Character Poster တွေထွက်လာတဲ့အခါမှာတော့ အတော်လေး အားရစရာဖြစ်နေသလို Trailler ကလဲ Character တွေကို မြိုင်မြိုင်ဆိုင်ဆိုင်ပြထားခဲ့တာဖြစ်နေတော့ Street Fighter Game Fan တွေအတွက် အတော်လေးမျှော်လင့်နေကြတဲ့ ရုပ်ရှင်တစ်ခုလဲဖြစ်နေပါတယ်။

ဒါပေမယ့် Trailer အရ Chun-Li က WWT အတွက် Warrior တွေကို လိုက်စုဆောင်းနေတယ်လို့ပြသွားတော့ ကျနော့စိတ်ထဲ Mortal Kombat ကို Street Fighter Character တွေနဲ့များ ပြန်ရိုက်ထားသလိုမျိုးတော့ ထင်မိသွားတယ်။ ဒါပေမယ့် သူ့ Story Telling ကတော့ ဘယ်လိုတွေလာမလဲဆိုတာကတော့ စောင့်ကြည့်ရဦးမှာပေါ့လေ။

Street Fighter ကိုတော့ ကျနော် "လမ်းဘေးဖိုက်တာ" အဖြစ် Myanmarize Title လေးဖန်တီးဖြစ်ထားပါတယ်ခင်ဗျ။ ဘော်ဒါတို့ရော Street Fighter Game နဲ့ပတ်သက်ပြီး အမှတ်တရလေးတွေရှိရင် ပြောပြသွားကြပါဦး။

21/11

#မြန်မာ

My updated portfolio for 2026 which included some selected projects from late 2024 to early 2026. I have also included s...
17/04/2026

My updated portfolio for 2026 which included some selected projects from late 2024 to early 2026. I have also included some of the projects that has never been posted on any platform.

Feel free to contact me for any creative design services.

2024 နှစ်ကုန်ကနေ 2026 နှစ်ဆန်းပိုင်းအထိ လုပ်ခဲ့တဲ့ Project တွေနဲ့ Portfolio မှာရော Social မှာရော တစ်ခါမှမတင်ဖူးသေးတဲ့ Project တွေပါထည့်ဖြစ်သွားတဲ့ 2026 အတွက် 21/11 ရဲ့ Portfolio လေးပါခင်ဗျာ



Doraemon - Anime Series Myanmarize TitleFujiko Fujio ဆိုတဲ့ Duo Artist Group Name အောက်ကနေ Manga Artist Hiroshi Fujimoto...
16/04/2026

Doraemon - Anime Series Myanmarize Title

Fujiko Fujio ဆိုတဲ့ Duo Artist Group Name အောက်ကနေ Manga Artist Hiroshi Fujimoto နဲ့ Motoo Abiko တို့အတူ ပူးပေါင်း ဖန်တီးထားတဲ့ Doraemon ဆိုတဲ့ ကြောင်ပြာစက်ရုပ်လေးဟာဆိုရင် ကျနော်တို့ရဲ့ ငယ်ဘဝကို ပျော်စရာကောင်းစေခဲ့တဲ့ Anime တစ်ခုလို့ပြောလို့ရမယ်ထင်ပါတယ်။

Doraemon ရဲ့ မူလအရောင်ဟာ ရွှေငါးတွေအပေါ်အခြေခံထားတဲ့ ရွှေဝါရောင်ဖြစ်ပြီး Doraemon ဆိုတဲ့နာမည်လေးဟာလဲ Stray Cat တွေကို အခြေခံပြီးဖြစ်လာတာလို့ဆိုပါတယ်။ Doraemon ကို 2113 ခုနှစ် 22 ရာစုမှာရှိနေတဲ့ Sawashi Nobi ကဖန်တီးထားတာဖြစ်ပြီး Nobita နဲ့ Shizuka တို့ရဲ့ မျိုးဆက်ဖြစ်သူပါ။ သူဟာ Doraemon ကို အချိန်နောက်ပြန်ပို့ပြီး သူ့ရဲ့အဘေးဖြစ်သူ Nobita ကိုစောင့်ရှောက်ဖို့အတွက် စေလွှတ်ထားတာဖြစ်ပါတယ်။

ဗိုက်မှာ ထူးခြားဆန်းပြား ပစ္စည်းအစုံအလင်တွေ ရှိနေပြီး တစ်ခုပြီးတစ်ခုထုတ်ကာ Nobita ရဲ့ ကျောင်းသားဘဝ လူငယ်လေးဘဝကို အထောက်အကူပြုပေးရာက ဖြစ်လာတဲ့ ကမောက်ကမ အဖြစ်အပျက်လေးတွေက ကြည့်ရှုသူတွေအတွက် ဟာသဆန်ပြီး ပျော်စရာလဲကောင်းစေပါတယ်။

Doraemon ကိုတော့ ကျနော် မြန်မာမှာခေါ်နေကြအတိုင်း "ဒိုရေမွန်" လို့ပဲ Myanmarize Title လေးဖန်တီးထားပါတယ်ခင်ဗျာ။

21/11

#မြန်မာ

ที่อยู่

Chiang Mai

เบอร์โทรศัพท์

+959456030321

เว็บไซต์

https://www.behance.net/saimoondesign, https://www.tiktok.com/@21.11creative

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ 21/11ผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง 21/11:

แชร์