18/04/2026
Street Fighter - Movie Myanmarize Title
Ready, Set, Fight! ဆိုတာနဲ့ ငယ်ငယ်တုန်းက ခလုတ်တွေပျက်တဲ့အထိ တဂျောက်ဂျောက်နှိပ်ပြီးဆော့ခဲ့ရတဲ့ Street Fighter Game ကတော့ Live Action Movie အနေနဲ့ ဒီနှစ် 2026 October 16 ရက်နေ့မှာ မြိုင်မြိုင်ဆိုင်ဆိုင်ကြီး ကြည့်ရတော့မှာပါ။
Legendary Pictures နဲ့ Paramount Pictures တို့ ပူးပေါင်းရိုက်ကူးထားတဲ့ ဒီ Street Fighter Movie ဟာဆိုရင် Ryu, Ken နဲ့ Chun-Li တို့ကို အဓိက အသားပေးထားတာဖြစ်ပြီး World Warriors Tournament ကိုဝင်ပြိုင်ရင်း Tournament နောက်ကွယ်က သာမန်မဟုတ်တဲ့ ကိစ္စရပ်တွေနဲ့ ကြုံတွေ့ကြရမှာပါ။
Ken Masters အဖြစ် Noah Centineo, Ryu အဖြစ် Andrew Koji, Chun-Li အဖြစ် Callina Liang, Akuma အဖြစ် Roman Reigns, M.Bison အဖြစ် David Dastmalchian, Guile အဖြစ် Cody Rhodes, Blanka အဖြစ် Jason Momoa တို့အပြင် 50 Cent လဲပါဝင်ထားသလို နောက်ထပ် Street Fighter Character တွေအများကြီးကိုမှ အမိုက်စား Actor များစွာလဲ ပါဝင်ထားပါသေးတယ်။
Character Poster တွေထွက်လာတဲ့အခါမှာတော့ အတော်လေး အားရစရာဖြစ်နေသလို Trailler ကလဲ Character တွေကို မြိုင်မြိုင်ဆိုင်ဆိုင်ပြထားခဲ့တာဖြစ်နေတော့ Street Fighter Game Fan တွေအတွက် အတော်လေးမျှော်လင့်နေကြတဲ့ ရုပ်ရှင်တစ်ခုလဲဖြစ်နေပါတယ်။
ဒါပေမယ့် Trailer အရ Chun-Li က WWT အတွက် Warrior တွေကို လိုက်စုဆောင်းနေတယ်လို့ပြသွားတော့ ကျနော့စိတ်ထဲ Mortal Kombat ကို Street Fighter Character တွေနဲ့များ ပြန်ရိုက်ထားသလိုမျိုးတော့ ထင်မိသွားတယ်။ ဒါပေမယ့် သူ့ Story Telling ကတော့ ဘယ်လိုတွေလာမလဲဆိုတာကတော့ စောင့်ကြည့်ရဦးမှာပေါ့လေ။
Street Fighter ကိုတော့ ကျနော် "လမ်းဘေးဖိုက်တာ" အဖြစ် Myanmarize Title လေးဖန်တီးဖြစ်ထားပါတယ်ခင်ဗျ။ ဘော်ဒါတို့ရော Street Fighter Game နဲ့ပတ်သက်ပြီး အမှတ်တရလေးတွေရှိရင် ပြောပြသွားကြပါဦး။
21/11
#မြန်မာ