𝔽𝕠𝕣 𝕌 𝕓𝕪 𝕊𝕚𝕜𝕖𝕙𝕥𝕒𝕨

𝔽𝕠𝕣 𝕌 𝕓𝕪 𝕊𝕚𝕜𝕖𝕙𝕥𝕒𝕨 ข้อมูลติดต่อ แผนที่และเส้นทาง แบบฟอร์มติดต่อ เวลาทำการ บริการ คะแนนรีวิว รูปภาพ วิดีโอ และข่าวสารจาก 𝔽𝕠𝕣 𝕌 𝕓𝕪 𝕊𝕚𝕜𝕖𝕙𝕥𝕒𝕨, โฆษณา/การตลาด, Khao Sok, Nong Yai District, Chon Buri

14/08/2026

“Everyone walked past him… Would you have stopped? 🥺🐶❤️" 𝔽𝕠𝕣 𝕌 𝕓𝕪 𝕊𝕚𝕜𝕖𝕙𝕥𝕒𝕨 Mhem S**e Htaw

13/08/2026

“He waited for someone who never came back… 🥺🐶❤️ Would you have stopped for him?” Mhem S**e Htaw

13/08/2026

Mhem S**e Htaw 𝔽𝕠𝕣 𝕌 𝕓𝕪 𝕊𝕚𝕜𝕖𝕙𝕥𝕒𝕨

13/08/2026

“He was hungry too… but he chose to share. 🥺🐶❤️ Would you help him?” Mhem S**e Htaw

12/08/2026
12/08/2026

“He waited every night… Would you have stopped for him? 🥺🐶❤️” Mhem S**e Htaw

☺️
12/08/2026

☺️

တချို့လူတွေက သင့်ဆီက ထွက်သွားတာ မဟုတ်ပါဘူး... သူတို့ကိုယ်သူတို့ ရှောင်ပြေးနေတာ ဖြစ်နိုင်ပါတယ်။" 📌🩵

◾လူ့ဘဝမှာ... တချို့သော တွေ့ဆုံမှုတွေဟာ ပန်းလို လှပလွန်းလှသလို၊ နှစ်သက်ကြည်နူးစရာလည်း ကောင်းလွန်းလှပါတယ်။ သို့သော်လည်းလည်း တချို့ဆုံတွေ့မှုတွေကတော့... နှလုံးသားထဲမှာ အမာရွတ်လေးတွေ ချန်ထားခဲ့ကြတာလည်း ရှိတတ်ကြတာပေါ့။ တစ်ချိန်တုန်းက... ကိုယ့်အနားမှာ အနီးဆုံးလူတစ်ယောက်ဟာ... တစ်နေ့မှာတော့... ကိုယ့်ဘဝထဲက အဝေးဆုံးလူတစ်ယောက် ဖြစ်သွားနိုင်ပါတယ်။

အဲဒီအချိန်မှာ... လူအများစုကတော့ မေးခွန်းတစ်ခုကိုပဲ ထပ်ခါထပ်ခါ မေးကြတယ်။ "ငါ ဘာများမှားခဲ့လဲ..." "ငါက ဘာကြောင့်များ ဒီလို ဆက်ဆံခံရတာလဲ..."ဆိုပြီး ကိုယ့်နှလုံးသားကို ကိုယ်တိုင် ပြန်စစ်ဆေးကြတယ်။

◾တကယ်တော့ ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်တာက ကောင်းပါတယ်။ ဒါပေမယ့်လည်း... သူများရဲ့ ပြောင်းလဲသွားမှုတိုင်းကို... ကိုယ့်အပြစ်လို့ ယူဆလိုက်ဖို့အထိတော့ လိုအပ်မယ်လို့ မထင်ပါဘူး။

တစ်ခါတလေ... လူတစ်ယောက် ဝေးသွားခြင်းက... ကိုယ့်မှာ တန်ဖိုးမရှိတော့လို့ ယတိပြတ်ပြောဖို့က ခက်ပါတယ်။ ဒါက သူတို့ရဲ့ အတွင်းစိတ်ထဲမှာ... ရင်ဆိုင်ဖို့ ခက်ခဲနေတဲ့ အမှန်တရားတစ်ခု ရှိနေလို့လည်း ဖြစ်နိုင်လို့ပါ။

◾လူတစ်ယောက်ဟာ... ကိုယ်လုပ်ခဲ့တဲ့ အရာနဲ့... ကိုယ့်ကိုယ်ကိုယ် ယုံကြည်ထားတဲ့ ပုံရိပ် မကိုက်ညီတဲ့တော့အခါ... စိတ်အတွင်းမှာ မသက်မသာမှုတစ်ခု ဖြစ်ပေါ်လာပါတယ်။ Psychology မှာ ဒီအခြေအနေကို... Cognitive Dissonance လို့ ခေါ်ပါတယ်။

တချို့လူတွေက... အမှားကို လက်ခံရဲကြတယ်။ တောင်းပန်တတ်ကြတယ်။ ပြန်လည် ပြင်ဆင်တတ်ကြတယ်။ ဒါပေမယ့်လည်း... တချို့လူတွေကတော့... အမှန်တရားနဲ့ မျက်နှာချင်းမဆိုင်ချင်တဲ့အခါ... တိတ်ဆိတ်ခြင်းနောက်မှာ ပုန်းကွယ်သွားတတ်ကြပါတယ်။ ဒီလိုနဲ့ မသိလိုက် မသိဘာသာနဲ့ တဖြည်းဖြည်း စတင်ဝေးကွာသွားတယ်။

◾ဒါပေမယ့်... သူတို့ဘာကြောင့် ဒီလိုလုပ်သလဲဆိုတာထက်... ကိုယ့်စိတ်ကို ဘယ်လို ထိန်းသိမ်းမလဲဆိုတာက ပိုအရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့... သူများရဲ့ နောင်တကို ကိုယ်က သယ်ဆောင်ပေးလို့ မရလို့ပါ။ သူများရဲ့ နားလည်မှုမရှိခြင်းကိုလည်း... ကိုယ့်ဘဝတစ်လျှောက် ပြုပြင်ပေးနေလို့ မဖြစ်နိုင်ပါဘူး။

◾တချို့လူတွေဟာ... ကိုယ့်ဘဝထဲမှာ အမြဲနေဖို့ ဝင်လာတာ မဟုတ်ပါဘူး။ သင်ခန်းစာတစ်ခု ပေးဖို့... ကိုယ့်ကိုယ်ကို ပိုနားလည်လာစေဖို့... ကိုယ့်နှလုံးသားရဲ့ အားနည်းချက်နဲ့ အင်အားကို သိလာစေဖို့... ခဏတာ ဖြတ်သန်းသွားကြတာလည်း ဖြစ်နိုင်ပါတယ်။

◾ရင့်ကျက်လာတဲ့ လူတစ်ယောက်ဟာ... အဖြေမရတဲ့ မေးခွန်းတိုင်းကို လိုက်မေးမနေတော့ပါဘူး။ တောင်းပန်စကား မကြားရရင်လည်း... ကိုယ့်စိတ်ကို ကိုယ် ငြိမ်းချမ်းအောင် လုပ်တတ်လာပါတယ်။

ရှင်းပြချက် မရခဲ့ရင်လည်း... တိတ်ဆိတ်ခြင်းကို အဖြေတစ်မျိုးအဖြစ် လက်ခံတတ်လာပါတယ်။ဒါဟာ အားနည်းခြင်း မဟုတ်ပါဘူး။ ဒါဟာ... Emotional Maturity — စိတ်ရင့်ကျက်ခြင်းရဲ့ အလှတရားပါ။

◾လောကကြီးမှာ အရာအားလုံးဟာ ပြောင်းလဲနေပါတယ်။ လူတွေ ပြောင်းတယ်။ ခံစားချက်တွေ ပြောင်းနေတယ်။ ဆက်ဆံရေးတွေ ပြောင်းလဲကြတယ်။ ဒါကြောင့်... မတည်မြဲတဲ့ အရာတွေကို အမြဲတမ်း တည်မြဲနေမယ်လို့ ဖက်တွယ်ထားခြင်းကသာ... ကိုယ့်စိတ်ကို ပိုနာကျင်စေရနိုင်ပါတယ်။

◾တကယ်က ခွင့်လွှတ်ခြင်းဆိုတာ... သူတို့လုပ်ခဲ့တာ မှန်တယ်လို့ လက်ခံလိုက်ခြင်းမျိုးကို ပြောတာမဟုတ်ပါဘူး။ ဖြစ်ခဲ့တဲ့အရာတွေကြောင့်... ကိုယ့်နှလုံးသားကို ဆက်ပြီး နာကျင်ခွင့် မပေးတော့ခြင်းပါ။ လွှတ်ချခြင်းဆိုတာ... သူတို့ကို လွတ်ပေးလိုက်ခြင်းထက်... ကိုယ့်စိတ်ကို ပြန်လွတ်မြောက်စေခြင်းသာ ဖြစ်ပါတယ်။

◾တစ်နေ့မှာ...ကိုယ်ဟာ နောက်ကို ပြန်ကြည့်တဲ့အခါ... "သူ ဘာကြောင့် ငါ့ကို ဒီလိုလုပ်ခဲ့တာလဲ" ဆိုတာထက်... "ဒီအတွေ့အကြုံက ငါ့ကို ဘယ်လိုလူတစ်ယောက် ဖြစ်လာစေခဲ့သလဲ" ဆိုတာကို ပိုမြင်လာပါလိမ့်မယ်။

အဲဒီအခါ... နာကျင်မှုဟာ ပညာဖြစ်လာမယ်။ ဆုံးရှုံးမှုဟာ ရင့်ကျက်မှုဖြစ်လာမယ်။ တိတ်ဆိတ်မှုဟာ ကိုယ့်ကိုယ်ကို ပြန်တွေ့တဲ့ နေရာဖြစ်လာမယ်။

◾ဒါကြောင့်မို့... တစ်ယောက်ယောက်က သင့်ကို ရှောင်နေတယ်ဆိုရင်... ကိုယ့်တန်ဖိုးကို မသံသယဝင်ပါနဲ့။ လူတစ်ယောက်ရဲ့ ထွက်ခွာခြင်းဟာ... သင့်ရဲ့ အလင်းကို မဖျက်နိုင်ပါဘူး။ သင်ဟာ... သင်ထားခဲ့တဲ့ မေတ္တာနဲ့ တန်ဖိုးရှိပါတယ်။ သင်ပေးခဲ့တဲ့ ကြင်နာမှုနဲ့ လှပ နေပါလိမ့်မယ်။

ပြောလိုတာက... ဘဝရဲ့ အကြီးဆုံးအောင်မြင်မှုဆိုတာ... လူတိုင်း ကိုယ့်အနားမှာ ရှိနေခြင်း မဟုတ်ပါဘူး။ ဘယ်သူတွေ ထွက်သွားသွား... ကိုယ့်နှလုံးသားထဲက မေတ္တာ၊ သနားခြင်းနဲ့ ငြိမ်းချမ်းမှုကို မဆုံးရှုံးသွားခြင်းပါ။

ချစ်ခြင်းများစွာဖြင့်။
— Professor Dr Sai Naw Jar
"ထွက်သွားခွင့် ပြုပေးလိုက်ပါ။"
Friday. 7. August. 2026

12/08/2026

“He brought her the only gift he could find. 🌹🐶❤️ Would you keep this flower forever?” Mhem S**e Htaw

11/08/2026
11/08/2026

Mhem S**e Htaw

ที่อยู่

Khao Sok, Nong Yai District
Chon Buri
20190

เว็บไซต์

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ 𝔽𝕠𝕣 𝕌 𝕓𝕪 𝕊𝕚𝕜𝕖𝕙𝕥𝕒𝕨 โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

ทางลัด

แชร์

หมวดหมู่