23/07/2026
Telegram Ads တွေက အဓိကအနေနဲ့ နေရာ 3 ခုမှာအလုပ်လုပ်တယ်
Channel, Bot, Search ဒီ 3 နေရာမှာပေါ့ Facebook Ads လိုမျိုးပြောမယ်ဆိုရင် Placement လို့ပြောလို့ရမယ် အဓိက က Channel မှာပေါ်မည့် Ads, Bot မှာပေါ်မည့် Ads, Search မှာပေါ်မည့် Ads ဒီ (3) ခုမှာ မတူတာလေးတွေရှိတယ်
အကြမ်းအားဖြင့် Telegram မှာကလောလောဆယ်အထိ နေရာ (Placements) 3 ခုမှာ Objectives 4 ခုကို ပြပေးလို့ရတယ်
Objectives 4 ခုဆိုတာက
⁃ Bots
⁃ Channels
⁃ Accounts
⁃ Posts
ဒီ 4 မျိုးကို Telegram မှာကြော်ငြာလို့ရတယ် 1 မျိုးချင်းစီတိုင်းမှာ မတူညီတဲ့ Objectives လေးတွေရှိတယ်
Bot ကိုကြော်ငြာတယ်ဆိုတာ
Bot ကို Starts လုပ်လာဖို့၊ CRM ထဲမှာ Broadcast ပစ်စရာ Contacts တွေရလာဖို့ Bot ကို Starts လုပ်ပြီးစာတွေပို့လာဖို့ ဒီလိုမျိုး Action တွေဖြစ်လာဖို့ကိုသွားချင်တဲ့အခါ URL you want to promote ဆိုတာထဲမှာ Bot Link ကိုထည့်ပြီးတော့ Bot ကိုကြော်ငြာလို့ရတယ်
ကြော်ငြာတယ်ဆိုတာက ခုနက ပြောခဲ့သလိုနေရာ 3 ခု Placement 3 ခုမှာကြော်ငြာလို့ရတယ်
Account ကိုကြော်ငြာတယ်ဆိုတာ
Account ကိုကြော်ငြာတယ်ဆိုတာက Bot ကိုကြော်ငြာတာနဲ့ ဆင်တူတယ် Bot ကိုသုံးဖို့အတွက် CRM Setup တွေရှိထားဖို့လိုတဲ့နေရာမှာ ကိုယ်က Bot တွေ CRM တွေ မလုပ်ရသေးဘူးဆိုရင် ကိုယ့်ရဲ့အကောင့်ကို လူတွေမြင်အောင် လူတွေဆက်သွယ်လာအောင် Placement 3 ခုလုံးမှာကြော်ငြာလို့ရတယ် မျက်လုံးထဲမြင်အောင်ပြောရရင် Facebook မှာ Message အနေနဲ့ Boost တာနဲ့ဆင်တူတယ်
Channel ကိုကြော်ငြာတယ်ဆိုတာ
Channel ကိုကြော်ငြာတယ်ဆိုတဲ့အတိုင်း ကိုယ့်ရဲ့ Community တွေ Channel တွေကို ကိုယ် Target ထားချင်တဲ့လူတွေ Join လုပ်လာဖို့ ကိုယ့် Channel ထဲက Content တွေနဲ့ ရင်းနှီးလာဖို့ Boost လုပ်တာမျိုးဖြစ်ပါတယ် Existing Fans များလာအောင်ရည်ရွယ်တာဖြစ်တဲ့ Facebook နဲ့ ယှဉ်ပြီးမြင်သာအောင်ပြောရရင်တော့ Page Like များအောင် Follower များလာအောင် Boost လုပ်တဲ့ သဘောပါပဲ
Post ကိုကြော်ငြာတယ်ဆိုတာ
ကိုယ့်ရဲ့Channel ထဲမှာတင်ထားတဲ့ Post တခုခုကို လူတွေပိုပြီးမြင်စေချင်တဲ့အခါမှာ Post ကို Boost လုပ်လို့ရပါတယ် ပြောင်းလဲသွားတဲ့အချက်တခုအနေနဲ့က Post တွေကို Search Ad အနေနဲ့ကြော်ငြာလို့ရနိုင်မှာမဟုတ်ဘဲ Channel နဲ့ Bot Placment တွေမှာသာကြော်ငြာနိုင်မှာဖြစ်ပါတယ်
ဒီအချက်လေးတွေကို နားလည်ထားရင်တော့ Telegram မှာကြော်ငြာဖို့အတွက် ကိုယ်သွားချင်တဲ့ Objective နဲ့ ကြော်ငြာတွေရဲ့ Objective အပေါ်မှာချိန်ထိုးပြီး စဉ်းစားရတာပိုလွယ်လာလိမ့်မယ်လို့မျှော်လင့်ပါတယ်
#ဒီမှာဘုစ်