07/10/2025
“ဘဝတကွေ့… ခဏအတွေ့မှာ သာယာလို့ထင်… ထိုအရာကို .. အချစ်ဟု ခေါ်မလား”
ဆောင်းရာသီဟု ဆိုသော်လည်း နေလည်ခင်း အလင်းရောင်က စူးရှလှ၏..။ အအေး ၂ လုံး .. လူ ၂ ဦး ထိုင်ခုံ ၂ လုံး စားပွဲတစ်လုံး နှင့် တစ်လံသာသာရှိသော နေရာအဝန်းအဝိုင်းလေးတစ်ခု ငြိမ်သက်လို့နေလေသည်။ ငြိမ်သက်မှုကို ထိုးဖောက် ပေါက်ခွဲ လိုက်သည်က ပန်းမြတ်သဇင်…။
“ဘယ်လို လုပ်ကြမလဲ အစ်ကို… ပန်းမြတ်တော့ စိတ်ညစ်တာပဲ”
သောက်လက်စ ဆေးလိပ် မီးခိုးများ အကြားမှ ခပ်ပြင်းပြင်း လေပူတစ်ချက် မှုတ်ထုတ်လိုက်သည်..။
“ခက်တယ်.. ပန်းမြတ်ရယ်… ကိုတို့က ကျောင်းမှ မပြီးသေးတာ..”
“ကို … အဲ့စကားတော့ မပြောနဲ့ နှစ်ယောက်လုံး မှားခဲ့လို့လေ… ပန်းမြတ် တစ်ယောက်တည်းကြောင့် မဟုတ်ဘူး..”
ထိုစကားသံ ဒေါသကြောင့် နဲနဲ ကျယ်သွားသည်ထင်….။ မလှမ်းမကမ်း စားပွဲမှ ထိုင်နေသော ကောင်မလေး ၂ ယောက် လှည့်ကြည့်သည်။
“ကဲပါ ပန်းမြတ်ရယ် … အာလုံး ကို့တာဝန်ထား…”
“ဒါဆိုလဲ …ပြီးရော … မေမေက သူနဲ့ လာတွေ့ပါတဲ့”
“ဘာ…!!!!!!!”
စောစောက ကောင်မလေး ၂ ယောက် ထပ်လှည့်ကြည့်ပြန်သည်။ အောင်ခန့် အသံလျှော့ရင်း…….”
👉 အပြည့်အစုံ မန့်မှာ ဖတ်ပါရှင့်.’”