09/26/2026
We have no words for this loss. Today, we honor those who sacrificed their lives for Burma’s freedom. Their courage and their dreams will never be forgotten. 🕯️
https://www.facebook.com/photo.php?fbid=1722759713186072&set=a.685043473624373&type=3&mibextid=wwXIfr
မနေ့က ဆရာကြီး နေဝင်းအောင် ကျဆုံးမှုကို ကြားသိရတဲ့အတွက် အင်မတန်မှ ဝမ်းနည်းစိတ်မကောင်းဖြစ်ရပါတယ်။ သူဟာ တော်လှန်ရေးအစဦးကတည်းက CDM ပါဝင်လာခဲ့သူတစ်ဦးဖြစ်တဲ့အပြင် တော်လှန်ရေးဘက်တော်သားများနဲ့ ပြည်သူများ အသက်ဘေးမှ ကင်းရှင်းဖို့အတွက် လေကြောင်းရန်ကာကွယ်ရေး ပညာပေးမှုများကို စွမ်းစွမ်းတမံ လုပ်ဆောင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။
ကိုယ်ရွေးချယ်ထားတဲ့လမ်းကို သစ္စာမဖောက်ဘဲ အသက်ပေးပြီး ပြည်သူတွေဘက်က ပါဝင်ပေးတဲ့ ကိုနေဝင်းအောင်လို စစ်သားကောင်းတွေကို အမြဲဂုဏ်ယူနေမှာပါ။
ပြည်သူတွေဘက်မှာ မားမားမတ်မတ်ရပ်ပြီး အသက်စွန့်ခဲ့တဲ့ ကိုနေဝင်းအောင်ရဲ့ နာမည်ဟာ ဘယ်တော့မှ သေဆုံးသွားမှာမဟုတ််််််ပါဘူး အမြဲ အမှတ်ရနေမှာပါ။
မြင့်မြတ်စွာကျဆုံးသွားတဲ့ ကိုနေဝင်းအောင် ကောင်းရာမွန်ရာ ရောက်ဖို့ ဆုတောင်းပေးသလို ကိုနေဝင်းအောင်နဲ့ အတူကျဆုံးသွားတဲ့ ဂုဏ်သိက္ခာရှိတဲ့ ရဲဘော်တွေအားလုံးကို အလေးပြုလိုက်ရပါတယ်။
I was deeply saddened to learn yesterday of the death of Sayagyi Nay Win Aung. Having joined the Civil Disobedience Movement at the very start of the revolution, and having educated and guided fellow resistance forces on air defense precautions, he was someone who went far beyond the call of duty.
I will always be proud of true professional soldiers like Ko Nay Win Aung, who remained faithful to their chosen path and gave their lives to stand with the people.
As an exemplary soldier who stood steadfastly by the people to the end, Ko Nay Win Aung's name will never die, and his legacy will always be remembered.
I pray that Ko Nay Win Aung rests in peace. I salute him and all the honorable comrades who fell alongside him.