DAI CELE

DAI CELE ( Unity is strength = စည်းလုံးခြင်းသည် အင်အား)
( ပြိုင်တူတွန်းလျှင်ရွေ့နိုင်ပါသည်။)

ခင်ဖောင်ကျေးရွာနှစ်(50 )ပြည့်ရွှေရတု သဘင် ပွဲတော် ကြီးမှမြင်တွေ့ရသော Dai ( ဒိုင် ) pacawng, Cawngpyang Nglami တို့၏ပုံရိ...
16/04/2026

ခင်ဖောင်ကျေးရွာနှစ်(50 )ပြည့်

ရွှေရတု သဘင် ပွဲတော် ကြီးမှ

မြင်တွေ့ရသော Dai ( ဒိုင် ) pacawng,

Cawngpyang Nglami တို့၏

ပုံရိပ်တစ်ချို့ # photo Credit #

DAI (ဒိုင်) ပျိုမေတို့ရဲ့ သဘာဝအလှ**********************************တောင်ပေါ်သူတွေမို့ ဖြူစင်တယ်ပင်ကိုယ်အလှတရားလေးတွေနဲ့ရ...
14/04/2026

DAI (ဒိုင်) ပျိုမေတို့ရဲ့ သဘာဝအလှ
*********************************

*တောင်ပေါ်သူတွေမို့ ဖြူစင်တယ်
ပင်ကိုယ်အလှတရားလေးတွေနဲ့
ရိုးရာဝတ်စုံတွေ ဆင်မြန်းကြတဲ့အခါ
ဒိုင်ပျိုမေတို့က တည်ငြိမ်လို့နေ။

*နဖူးထက်က ဆံရစ်လေးတွေရယ်
ကိုယ်စီဆင်မြန်းထားတဲ့ ရိုးရာတွေနဲ့
ရိုးရှင်းတဲ့ အလှတရားတွေက
ငေးကြည့်သူတွေကို အေးချမ်းစေတယ်။

*ဒိုင်တောင်တန်းရဲ့ သဘာဝအလှလိုပဲ
ဟန်ဆောင်မှုမပါတဲ့ ပျိုမေတို့အပြုံးက
ဘယ်တော့မှ ရိုးမသွားနိုင်တဲ့
တောင်ပေါ်သူတွေရဲ့ ပုံရိပ်ပါပဲ။

Photo Credit #

* မိမိ( DAI ) ရိုးရာဝတ်စုံကိုမြတ်နိုးတန်ဖိုးထားကြပါ*     ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~* ဒီကိစ္စကိုပြောဖို့ အကြိမ်က...
10/04/2026

* မိမိ( DAI ) ရိုးရာဝတ်စုံကိုမြတ်နိုးတန်ဖိုးထားကြပါ*
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

* ဒီကိစ္စကိုပြောဖို့ အကြိမ်ကြိမ် စဉ်စားခဲ့ပေမဲ့ မပြောဖြစ်ခဲ့ဘူး😁… ဒီတစ်ခါတော့ပြောပြီကွာ….

*ကျွန်တော်တို့ DAI လူမျိုးတွေမှာ…နေ့ထူးနေ့မြတ်၊ ပွဲတော်ကြီးတွေ ရောက်ပြီဆိုရင်.. တွေ့ရတတ်တာက..အဝတ်အစား မှားဝတ်ကြတာ..မကြာခနတွေ့ရတတ်တယ်… အားလုံးကိုတော့မဆိုလိုပါ😁🤗

*ဆိုလိုချင်တာက ကိုယ့်ရဲ့ Dai ရိုးရာဝတ်စုံရှိရဲ့သားနဲ့ တစ်ခြားချစ်ရတဲ့လူမျိုးတွေရဲ့ဝတ်စုံတွေဝတ်ပြီး ပွဲတက်ကြတာကိုပြောချင်တာပါ.. လူမျိုးရေးခွဲခြားပြောဆိုခြင်းမျိုးလုံးဝမဟုတ်ပါ🙏🙏.. တစ်ချို့ကအကြောင်းအမျိုးမျိုးကြောင့်မဝတ်ဖြစ်တာလည်းဖြစ်နိုင်ပါတယ်..

*ဒီလို နေ့ထူးနေ့မြတ်၊ ပွဲတော်ကြီးတွေ မှာမှ ကိုယ့်ရဲ့ဝတ်စုံကို ဝတ်ပြီး ကိုယ်ဟာ DAI လူမျိုးတစ်ယောက်ဖြစ်ကြောင်းဂုဏ်ယူစွာနဲ့မချပြနိုင်ရင်..ဘယ်အချိန်မှာချပြတော့မှာလဲ?

* အခုခေတ်လူငယ်တွေမှာ.. သူငယ်ချင်းအချင်းချင်း ကိုယ့်ရဲ့ရိုးရာဝတ်စုံလက်ဆောင်ပေးကြတာတွေခေတ်စားလာတယ်.. ဒါကလက်ခံလို့ရတယ်..အဲ့ဒီလက်ဆောင်ကို..ကျန်တဲ့အချိန်တွေမှာဝတ်ဖို့အချိန်တွေအများကြီးရှိရဲ့သားနဲ့ကိုယ့်ရဲ့ရိုးရာချပြရမယ့်အချိန်ကျမှ..သူများဝတ်စုံကြီးနဲ့ ဒေါင်းယောင်ဆောင်သောကျီးလို ပွဲတက်တဲ့သူတစ်ချို့လည်းတွေ့ရပြန်တယ်😁…

* တစ်ချို့ကဒီလိုပြောတတ်ကြတယ်.. ဝတ်တဲ့သူများလို့မဝတ်ချင်ဘူး…ဘာညာပြောတတ်ကြတယ်🤣..အဲ့ဒီလူတွေကိုလည်း ကျေးဇူးပြု၍ကိုယ့်ရိုးရာကိုမြတ်နိုးတန်ဖိုးထာတဲ့အနေနဲ့ ဝတ်ပေးပါလို့ပဲ တောင်းဆိုချင်တယ်😁🤗

*တစ်ချို့ယောကျ်ားလေးတွေလည်း ..တစ်ခြားရိုးရာကုတ်အီင်္ကျီတွေ ဝတ်မည့်အစား Dai ရိုးရာကုတ်အီင်္ကျီတွေကိုဂုဏ်ယူဝံ့ကြွားစွာဝတ်လိုက်ကြစမ်းပါ..လို့အားပေးချင်ပါတယ်😁😁..

* အထူးသဖြင့်ငါတို့ရဲ့သွေးချင်းညီအစ်တွေက.. သူတို့ဝတ်စုံကို ငါတို့ကဝတ်ပေးစရာမလိုအောင်.. လူတွေကသိပြီးသားပါ.. ငါတို့ DAI ရိုးရာဝတ်စုံကို ချင်းအမျိုးသားနေ့မျိုးမှာ ဝတ်ပြီး ဘာဝတ်စုံလဲလို့ လိုက်မေးရင်…မသိသေးတဲ့သူတွေပဲများမှာ… 😁😁

*အဲ့ဒါကြောင့် အခြေအနေနဲ့ အချိန်အခါကိုကြည့်ပြီးဝတ်စားတတ်ဖို့လည်းအရမ်းအရေးကြီးပါတယ်..အခုချိန်ကစပြီးငါတို့ Dai ရိုးရာဝတ်စုံကို Dai လူမျိုးတိုင်းကမြတ်နိုးတန်ဖိုးထားဝတ်ဆင်နိုင်ကြပါစေလို့.. မေတ္တာဖြင့်😍😍😍

DAI လူမျိုးအားလုံးကိုချစ်ပါတယ်ဗျာ….😍😍

Photo CRD #

03/03/2026

Follower 200 ပြည့်ဖို့ ၁၅ ယောက်လိုသေးသည်။ 😁

03/03/2026

ငါတို့ Dai လူမျိုးတွေထဲက.. ကဏ္ဌအသီးသီးမှာထူးချွန်တဲ့..အသိတွေရှိရင် Dai Cele Messenger မှာ အချက်လက်အပြည့်စုံနဲ့လာပို့ပေးကြပါ🙏😍

**ဝမ်းမြောက်ဂုဏ်ယူခြင်း**************************USA နိုင်ငံ Michigan ပြည်နယ် Battle Creek မြို့တွင်ပြုလုပ်ကျင်းပသည့် (၇...
02/03/2026

**ဝမ်းမြောက်ဂုဏ်ယူခြင်း**
************************

USA နိုင်ငံ Michigan ပြည်နယ် Battle Creek မြို့တွင်

ပြုလုပ်ကျင်းပသည့် (၇၈) နှစ်မြောက်ချင်းအမျိုးသားနေ့

Miss & Mister ပြိုင်တွင် Winner ဆုကို ဆွတ်ခူးရရှိသွားတဲ့

Miss Song May lee အားအထူးဂုဏ်ယူမိပါသည်။👸👏

ဤကဲ့သို့​အောင်မြင်မှုအ​ပေါ် မိမိတို့ ဒိုင် (DAI) လူမျိုးများ

အ​နေဖြင့် ဝမ်း​မြောက်ဂုဏ်ယူပါ​ကြောင်းနှင့် ရှေ့ဆက်

အနာဂတ်မှာ ဒီထက်မက​အောင်မြင်မှု​တွေ့ ထပ်မံဆွတ်ခူး

နိုင်ပါ​စေ​လို့ဆု​တောင်း​ပေးပါ​ကြောင်း မှတ်တမ်းတင်အပ်

ပါသည်။👸👏🙏😇😍 # DAI CELE # 2026 #

Miss Winner👸👏 Share ပေးကြပါ🙏

17/05/2025
ထူလ်းပီ🤤🤤😋
29/03/2024

ထူလ်းပီ🤤🤤😋

08/03/2024

Dai Idol

Video ဖန်းတီးသူကို
Credit ပေးပါသည်👏

23/02/2024

ဟာသ

မူရင်းဖန်တီးသူကို

# Credit ပေးပါသည်။

Address

*

Telephone

+12064808840

Website

Alerts

Be the first to know and let us send you an email when DAI CELE posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Advertising & Marketing Company?

Share