APTV

APTV Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from APTV, Ayadaw.

19/10/2025
05/10/2025
23/06/2025
07/06/2025
06/06/2025

ထန်းလက်တစ်မျိုး ပဲစင်းငုံရိုးတစ်ဖုံနဲ့
ကျောတစ်ခင်းစာ စစ်ရှောင်တဲကလေးတွေ...

စစ်ရှောင်ပြည်သူတွေအတွက် ထမင်းတစ်လုတ်အနေနဲ့ပဲဖြစ်ဖြစ် ဆေးတစ်ခွက်အနေနဲ့ပဲဖြစ်ဖြစ် ခွန်အားဖြစ်ကြစေဖို့ စလုံး၊ ဆလိမ်ကမ်ပိန်းလေးရှိနေပါတယ်💞

22/04/2025

ဝက်လက်နယ်၊ မြင်းသည်ရွာရှိ ဓာတ်ဆီဆိုင်အနီးကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ရာ အဆောက်အအုံများ မီးလောင်ပျက်စီးခဲ့
ဧပြီ ၂၂ | စစ်ကိုင်း

မနေ့ ဧပြီ ၂၁ ရက်၊ ည ၁၁ နာရီခွဲခန့်က ဝက်လက်မြို့နယ်၊ မြင်းသည်ကျေးရွာကို စစ်ကောင်စီဂျက်ဖိုက်တာက ဗုံးကြဲချတိုက်ခိုက်ခဲ့ရာ ဓာတ်ဆီဆိုင်တစ်ဆိုင်အနီးမှာ ကျရောက်ပေါက်ကွဲခဲ့ပြီး လောင်စာဆီများ မီးလောင်ကျွမ်းကာ အနီးရှိ သုံးထပ်တိုက်အဆောက်အအုံနှင့် ဈေးဆိုင်ခန်းအချို့ ကူးစက်လောင်ကျွမ်း၍ ပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။
တံတားဦးလေတပ်မှ ပျံတက်လာခဲ့သော စစ်ကောင်စီဂျက်ဖိုက်တာ၏ မနေ့ည တိုက်ခိုက်မှုတွင် မြင်းသည်ကျေးရွာ ပြည်သူများ သေဆုံးမှုမရှိခဲ့သော်လည်း ဒဏ်ရာရရှိသူ ၂ ဦးရှိခဲ့သည်ဟု သိရှိရသည်။

ယမန်နေ့က သပိတ်ကျင်းမြို့နယ်၊ ရေထွက်ကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာတွင်လည်း ဓာတ်ဆီဆိုင်အနီးတွင် ဗုံးကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်၍ လူနေအိမ်များပါ မီးကူးစက်လောင်ကျွမ်းခဲ့ပြီး ပျက်စီးမှုများ ပိုမိုကြီးမားခဲ့သည်။

ရုပ်သံ - CJ

Join Our Telegram :
https://t.me/aptvburma

Subscribe Our Youtube :
https://youtube.com/

သင်္ကြန်အတက်နေ့တွင် အရာတော်မြို့နယ် တောင်ပိုင်းကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူများ ထိခိုက်မှုရှိဧ...
16/04/2025

သင်္ကြန်အတက်နေ့တွင် အရာတော်မြို့နယ် တောင်ပိုင်းကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူများ ထိခိုက်မှုရှိ
ဧပြီ ၁၆ | မုံရွာ

ယနေ့ ဧပြီလ ၁၆ ရက်၊ သင်္ကြန်အတက်နေ့တွင် စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ် တောင်ပိုင်းကျေးရွာများကို စစ်ကောင်စီဂျက်ဖိုက်တာက လေကြောင်းမှ (၄)ကြိမ် ဗုံးကြဲချတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူများ ထိခိုက်မှုရှိခဲ့ကြောင်း ကနဦး သတင်းရရှိသည်။
တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာသည် အရာတော်မြို့နယ်တောင်ပိုင်းတွင် နံနက် ၉း၄၅ နာရီခန့်မှစ၍ ပျံဝဲခဲ့ပြီး ကျေးရွာများအား ဗုံးကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီဂျက်ဖိုက်တာကလေကြောင်းတိုက်ခိုက်ခဲ့ပြီးချင်းပင် အရာတော်မြို့အခြေစိုက် စခတ(၁၀)တပ်ရင်းက မြို့နယ်တွင်းသို့ ဟောင်ဝစ်ဇာလက်နက်ကြီးများဖြင့် ပစ်ခတ်သေးသည်ဟု ဒေသခံများထံမှ သိရှိရသည်။

ဆက်လက်တင်ပြပေးပါမည်။

Photo - Thet Naung

Join Our Telegram :
https://t.me/aptvburma

Subscribe Our Youtube :
https://youtube.com/

ငလျင်ဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ ဆောင်ရန်၊‌ ရှောင်ရန်နှင့် သတိပြုရန်အချက်များ---ငလျင်ဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ ဆောင်ရန်၊‌ ...
28/03/2025

ငလျင်ဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ ဆောင်ရန်၊‌ ရှောင်ရန်နှင့် သတိပြုရန်အချက်များ
---

ငလျင်ဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ ဆောင်ရန်၊‌ ရှောင်ရန်နှင့် သတိပြုရန်အချက်များကို ပြန်လည်မျှဝေလိုက်ပါသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ MOHADM ဝန်ကြီးဌာန၏ စာမျက်နှာရှိ မတ်လ ၅ ရက်နေ့ ထုတ်ပြန်ချက်မှ ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်။

Join Our Telegram :
https://t.me/aptvburma

Subscribe Our Youtube :
https://youtube.com/

ဗမာပြည်ကွန်မြူနစ်ပါတီ၏ PLA တပ်မတော် တည်ထောင်ခြင်း ၄ နှစ်ပြည့် ကျင်းပမတ် ၁၅ | APTVဗမာပြည်ကွန်မြူနစ်ပါတီ၏ လက်နက်ကိုင်တပ်ဖြ...
15/03/2025

ဗမာပြည်ကွန်မြူနစ်ပါတီ၏ PLA တပ်မတော် တည်ထောင်ခြင်း ၄ နှစ်ပြည့် ကျင်းပ
မတ် ၁၅ | APTV

ဗမာပြည်ကွန်မြူနစ်ပါတီ၏ လက်နက်ကိုင်တပ်ဖြစ်သော ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA ကို ၂၀၂၁ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့တွင် ပြန်လည်ဖွဲ့စည်းတည်ထောင်ခဲ့ရာ ယနေ့တွင် ၄ နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်၍ အထိမ်းအမှတ်အခမ်းအနားကို လွတ်မြောက်ဒေသတခုတွင် ပြုလုပ်ကျင်းပခဲ့ကြောင်း PLA က ထုတ်ပြန်ထားသည်။

PLA ၏ ၄ နှစ်ပြည့် စစ်ရေးပြအခမ်းအနားတွင် အလံ လွှင့်တင်ခြင်း၊ အလံတော်အား တပ်မှူးတပ်သားအပေါင်းမှ အလေးပြုခြင်း၊ ကျဆုံးရဲဘော်များအား သေနတ်ပစ်ဖောက်၍ အလေးပြုခြင်း၊ စစ်ရေးပြ ချီတက်ခြင်း၊ စစ်ဦးစီးချုပ်ကို ချီတက်အလေးပြုခြင်းနှင့် ခေါင်းဆောင်များမှ မိန့်ခွန်းပြောကြားခြင်း စသည့် အစီအစဉ်များဖြင့် ကျင်းပခဲ့ကြောင်းကို PLA က ‌ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အခမ်းအနားနောက်ဆုံး အစီအစဉ်အနေဖြင့် အင်တာနေရှင်နယ်သီချင်းကို သံပြိုင်သီဆို၍ အလေးနီပြုပြီး ၄ နှစ်မြောက် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်နေ့ အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည်ဟု သိရှိရသည်။

ဓာတ်ပုံ - ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA စာမျက်နှာ

Join Our Telegram :
https://t.me/aptvburma

Subscribe Our Youtube :
https://youtube.com/


#ပြည်သူ့လွတ်မြောက်ရေးတပ်မတော်
#ဗကပ #ဗမာပြည်ကွန်မြူနစ်ပါတီ

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ဆက်လက်ချီတက်နေဆဲ အမျိုးသမီးများအားလုံးကို လေးစားစွာ ဂုဏ်ပြုလိုက်ရပါတယ်Photo - ncskJoin...
08/03/2025

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့

ဆက်လက်ချီတက်နေဆဲ အမျိုးသမီးများအားလုံးကို လေးစားစွာ ဂုဏ်ပြုလိုက်ရပါတယ်

Photo - ncsk

Join Our Telegram :
https://t.me/aptvburma

Subscribe Our Youtube :
https://youtube.com/




စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှု အန္တရာယ်ကို ကာကွယ်ရန် ဗုံးခိုကျင်းပြုလုပ်နည်း---ပြန်လည်မျှဝေ...
24/02/2025

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှု အန္တရာယ်ကို ကာကွယ်ရန် ဗုံးခိုကျင်းပြုလုပ်နည်း
---

ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။

---

Join Our Telegram :
https://t.me/aptvburma

Subscribe Our Youtube :
https://youtube.com/

စစ်ကောင်စီ၏ စက်တပ်လေထီး(Paramotor)အန္တရာယ်ကို သတိပြုကာကွယ်နိုင်ရန်---ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။---Join Our Telegram :ht...
23/02/2025

စစ်ကောင်စီ၏ စက်တပ်လေထီး(Paramotor)အန္တရာယ်ကို သတိပြုကာကွယ်နိုင်ရန်
---

ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။

---
Join Our Telegram :
https://t.me/aptvburma

Subscribe Our Youtube :
https://youtube.com/

Address

Ayadaw

Alerts

Be the first to know and let us send you an email when APTV posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to APTV:

Share