ZMK Vlog ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก ZMK Vlog, Surat Thani.

17/11/2025
https://go.sdbank.co/app?ref=zawmyokoအပေါ်ကလင့်ကိုနှိပ်ပီး အကောက်ဖွင့်ရင် SDB Bank အကောက်ရမည်။ 🫰🫰🫰🫰🫰SDB ဘဏ်အကောက်ဖွင့်ပီ...
17/11/2025

https://go.sdbank.co/app?ref=zawmyoko
အပေါ်ကလင့်ကိုနှိပ်ပီး အကောက်ဖွင့်ရင် SDB Bank အကောက်ရမည်။ 🫰🫰🫰🫰🫰SDB ဘဏ်အကောက်ဖွင့်ပီးရင် Play Store ကနေ ဒေါင်းလုပ်လုပ်ပါ။ ပီးရင်တော့ အောက်ကလင့်ကနေ နှိပ်ပီးတော့ ပိုလန် Pollens တွေစုဆောင်ူလို့ရပီ။ ပိုလန် (Pollens) တွေကို SDB tokens တွေနဲ့ပြန်လဲပေးမှာမို့ နောက်မကျခင်အမြန်လဲလိုက်ပါနော်။
ကျနော်အကောက်ဆိုရင် 2024 ကနေ စတင်ခဲ့တာ အခု 2025 မှာ သိန်း 100 ကျပ်ကိုပိုင်ဆိုင်ထားနိုင်ပီ။
တော်လှန်ရေးအတွက် အင်အားစုအတွက် စေတနာနဲ့မေတ္တာတွေ ရောင်ပြန်ဟပ်ခဲ့သည်။ 🐝🐝🐝🐝 #အမေစုသက်တော်ရာကျော်ရှည်ပါစေ
Friends for the Hive!
Sign up using the referral link and get FREE 50 pollen!

Referral code: f42a19aa407fe

Please make sure referral code is filled before submitting the form. 👇👇👇👇👇👇👇👇

https://springbee.campaigns.springdevelopmentbank.com/r/f42a19aa407fe
👇👇👇👇👇👇👇👇👇👇👇👇👇👇👇👇👇👇👇
ဒီနေ့ (နိုဝင်ဘာ ၁၄၊ ၂၀၂၅) မြန်မာစံတော်ချိန် ညနေ၄နာရီ ဆိုရင် SDB တိုကင်တွေကို ကမ္ဘာ့ခရစ်တိုစျေးကွက်တခုဖြစ်တဲ့ MEXC မှာ စတင်ရောင်းဝယ်လို့ ရပါပြီ။ ဒီအကြောင်းကို တိုကင်ဝယ်ထားသူ အများစုက စိတ်ဝင်စားကြတယ်။ "ဘာဆက်လုပ်ရမလဲ။ တိုကင်တွေကို ရောင်းရမလား၊ ထပ်ဝယ်ရမလား၊ ဆက်ကိုင်ထားရမလား" ဆိုပြီး မေးလာကြပါတယ်။
ဒီတိုကင်တွေရောင်းခဲ့တဲ့ ICO1 နဲ့ ICO2 မှာ တက်တက်ကြွကြွ ရောင်းချပေးခဲ့တဲ့သူတဦးအနေနဲ့ ရော၊ ဝယ်ယူကြဖို့ တိုက်တွန်းခဲ့သူတဦးအနေနဲ့ပါ ဒီမေးခွန်းတွေကို ကျနော့်အနေနဲ့ ဖြေပေးဖို့ လိုပါတယ်။ ဒီလိုဖြေတဲ့နေရာမှာ SDB RM တယောက်အနေနဲ့ ဖြေပေးတာထက် ကိုယ်ပိုင် တိုကင်ပေါင်းများစွာ ဝယ်ယူ ပိုင်ဆိုင်ထားသူတဦး အနေနဲ့ ဖြေတာ ပိုပြီးသင့်တော်မယ် ထင်ပါတယ်။ ဒါမှလည်း မျှတမယ်လို့ ထင်ပါတယ်။ (ကျနော်ဟာ ရင်းနှီးမြှုပ်နှံမှု အကြံပေးသူလည်း မဟုတ်တဲ့အတွက် ကျနော်လုပ်သလို တော့ လိုက်လုပ်စရာ မလိုပါဘူး။)
၁။ ရောင်းမလား။
++++++++++++
ကျနော့်အနေနဲ့တော့ မရောင်းပါဘူး။ မရောင်းရတဲ့ အဓိက အကြောင်းအရင်းက ကျနော့်တို့ နိုင်ငံအရေး မအောင်မြင်သေးလို့ပါ။ တိုကင်တွေကို အခုလို နိုင်ငံတကာ စျေးကွက်ပေါ် တင်တယ် ရတဲ့ ရည်ရွယ်ချက်ကလည်း ဒီတိုကင်တွေကို အမှီပြုပြီး နိုင်ငံတကာက ခရစ်တိုရင်းနှီးမြှုပ်နှံသူတွေကနေ တဆင့် ရန်ပုံငွေ ရှာဖို့ပါ။ ဒီတိုကင်တွေ စျေးတက်လာရင် တက်လာသလောက် ကျနော်တို့အရေးအတွက် ငွေပေါ် အကျိုးရှိပါမယ်။ အခုလိုအချိန်မှာ ရောင်းလိုက်ရင် စျေးကျသွားနိုင်သလို ရင်နှီးမြှုပ်နှံသူတွေလည်း ဝယ်ဖို့ လက်တွန့်သွားနိုင်တယ်။ ဒါကတော့ မရောင်းရတဲ့ အဓိက အကြောင်းအရင်းပါ။
"ဒါဆို ဘယ်တော့ ရောင်းမလဲ" လို့ မေးစရာ ရှိပါတယ်။ ကျနော့်အနေနဲ့တော့ အနည်းဆုံး တနှစ်စောင့်ပါမယ်။ တနှစ်ပြည့်တဲ့အခါ ဒီတိုကင်တွေ အတိုင်းအတာတခုအထိ စျေးတက်လာမယ်၊ ကျနော်လည်း ငွေလိုမယ် ဆိုရင် တချို့တဝက်ကို ရောင်းပါမယ်။ ရောင်းတဲ့ပမာဏဟာလည်း ကျနော် ဝယ်ယူစဥ်က ငွေအရင်း ထက် မကျော်တဲ့ ပမာဏကိုပဲ ပြန်ရောင်းမှာပါ။ ငွေမလိုဘူး ဆိုရင်တော့ (လုံးဝ) ပြန်မရောင်းပါ။
၂။ ထပ်ဝယ်မလား။
+++++++++++++
ဒီတကြိမ်မှာ အများကြီး ထပ်မဝယ်နိုင်ပေမဲ့ စျေးကွက်ထဲ ဝင်လာတဲ့ အထိမ်းအမှတ်နဲ့ ဒီနေ့ နည်းနည်း ထပ်ဝယ်ပါ့မယ်။ ဒါမှလည်း စောင့်ကြည့်နေတဲ့ နိုင်ငံတကာက ရောင်းနှီးမြှုပ်နှံသူတွေ အနေနဲ့ ဝယ်ချင်လာမယ်၊ အားပိုတက်လာပါလိမ့်မယ်။ ICO1 နဲ့ ICO2 မှာ မဝယ်ဖြစ်တဲ့သူတွေ၊ ဝယ်ချင်သလောက် မဝယ်ဖြစ်ခဲ့သူတွေအနေနဲ့လည်း အခုလို စျေးကွက်ထဲ စဝင်ချိန်မှာ ဝယ်နိုင်ရင် အချိန်ကောင်းမီနိုင်ပါတယ်။
နောက်ပြီး ကျနော့်အနေနဲ့ ငွေစုသလို နည်းနည်းစီ လစဥ်ဝယ်ဖို့လည်း စဥ်းစားထားပါတယ်။ ဥပမာ တလ ဒေါ်လာ ၅၀ဖိုးဆိုရင် ဘယ်စျေးပေါက်ပေါက် ၅၀ဖိုး ဝယ်မယ်။ ဒီလိုဝယ်ခြင်းဟာ ရေရှည်ရင်းနှီးမြှုပ်နှံခြင်းတခုပါ။ နောင်တချိန်မှာ ကိုယ့်အတွက် ပင်စင်တခုလို ငွေစုတဲ့သဘောပါ။ ကိုယ်လစဥ် တတ်နိုင်တဲ့ ပမာဏတခုကို သတ်မှတ်ဝယ်ပါ့မယ်။
၃။ ဆက်ကိုင်ထားမလား။
++++++++++++++++
ကျနော့်ကတော့ ဒီတိုကင်တွေကို ဆက်ကိုင်ထားပါမယ်။ ဘယ်အချိန်အထိလဲ ဆိုရင် ကျနော် အလုပ်မလုပ်နိုင်တော့တဲ့အချိန်၊ အလုပ်မလုပ်ချင်တော့တဲ့အချိန်၊ ပင်စင်ယူတဲ့အချိန်အထိပါ။ ကျနော်တို့ နိုင်ငံအရေးပြီးသွားလည်း ဆက်ကိုင်ထားမှာပါ။ အကြောင်းကြောင်းကြောင့် အရေးပေါ် ငွေလိုလာတယ် ဆိုရင်တော့ အပေါ်မှာ ပြောခဲ့သလို ဝယ်ထားခဲ့တဲ့ ငွေအရင်းပမာဏရရုံ ပြန်ရောင်းပါမယ်။ မလိုဘူးဆိုရင်တော့ အလုပ်မလုပ်တော့တဲ့အချိန်ရောက်မှ အသုံးစရိတ်ရအောင် နည်းနည်းစီ ပြန်ရောင်းမယ်။
ဒီနေရာမှာ ကြုံလို့ ရင်းနှီးမြှုပ်နှံမှု ဂရုကြီး Warren Buffett ပြောတဲ့စကား လက်ဆင့်ကမ်းချင်ပါတယ်။ သူကတော့ ရေရှည် ရင်းနှီးမြှုပ်နှံမှုလုပ်ပြီး ကမ္ဘာအချမ်းသာဆုံး စာရင်းဝင်သူ တဦးပါ။ သူက ဒီလို ဆိုပါတယ်။ "တခုခုကို ဝယ်ဖို့ စျေးလည်းကြိုက်တယ်၊ ရင်းနှီးမြှုပ်နှံချင်တယ် ဆိုရင် ကိုယ် အခုဝယ်မယ့်ငွေပမာဏကို နောင်၁၀နှစ် မသုံးဘဲ နေနိုင်သလား လို့ ကိုယ့်ဘာသာ အရင်မေးပါ။ နေနိုင်တယ် ဆိုရင် စိတ်ပြတ်သားစွာ ရင်းနှီးမြှုပ်နှံထားလိုက်ပါ။ ၁၀နှစ် ကိုင်မထားနိုင်ဘူးဆိုရင်တော့ ၁၀မိနစ်တောင် ကိုင်မထားပါနဲ့" တဲ့။ ကျနော်ကတော့ ဒီတိုကင်တွေ အပေါ် ယုံကြည်စွာနဲ့ ၁၀နှစ် မက စိတ်ပြတ်နိုင်ပါတယ်။
အတိုချုံး ပြောရရင် "မရောင်းဘူး။ နည်းနည်းစီ ထပ်ဝယ်မယ်။ အလုပ်မလုပ်တော့တဲ့အချိန်အထိ ဆက်ကိုင်ထားမယ်။" လို့ ကျနော်ကတော့ ဆုံးဖြတ်ထားတယ်။ ကျနော့်ကို အကြံဉာဏ်တောင်းကြသူတွေကိုလည်း ဒီအကြံပဲ ပေးပါတယ်။ ဒါပေမဲ့ လူတိုင်းမှာ ကိုယ်ပိုင်အခြေအနေတွေနဲ့ ဆိုတော့ မိမိဘာသာ ဆုံးဖြတ်ကြဖို့ပဲ တိုက်တွန်းပါတယ်။
တကယ်လို့များ ရောင်းမယ်၊ ထပ်ဝယ်မယ် ဆိုရင် သတိထားစရာတွေ တော့ ပြောပြချင်ပါတယ်။ ရောင်းဖို့၊ ဝယ်ဖို့ တရားဝင် နည်းလမ်း ၂ခု ရှိပါတယ်။
တနည်းကတော့ MEXC စျေးကွက်မှာ တိုက်ရိုက် ရောင်းဝယ်ခြင်းပါ။ ခရစ်တိုငွေကြေးနဲ့ မရင်းနှီးသူတွေတော့ ဒီကိစ္စက အနည်းငယ် ရှုပ်ထွေးနိုင်ပါတယ်။ သူတို့ဆီမှာ အကောင့်ဖွင့်ရမယ်။ KYC လုပ်ရမယ်။ ရောင်းမယ်ဆိုရင် ကိုယ့်ရောင်းပိုင်ခွင့်ရှိတဲ့ တိုကင်တွေကို SDB ကနေ MEXC အကောင့်ထဲ လွှဲရမယ်။ ပြီးရင် ရောင်းရမယ်။ အမှားအယွင်းတွေ ဖြစ်ရင် ကိုယ့်တိုကင်တွေ ဆုံးရှုံးနိုင်တာမို့လို့ မကျွမ်းကျင်ရင် မလုပ်ဖို့ အကြံပေးချင်တယ်။
နောက်တနည်းကတော့ SDB ကောင်တာ ကနေ ရောင်းဝယ်ပါ။ ဒါကတော့ ရှင်းပါတယ်။ တရားဝင် SDB Counter page ကို သွားဆက်သွယ်ပြီး ရောင်းနိုင်၊ ဝယ်နိုင်ပါတယ်။ ဒါကတော့ အမှားအယွင်းနည်းတာမို့လို့ ဒီနည်းကို ပိုပြီးအားပေးပါတယ်။ (SDB ကောင်တာကနေ ရောင်းဝယ်တယ်ဆိုရင်တော့ ဝန်ဆောင်ခတော့ ရှိပါလိမ့်မယ်။) Page အတုအပကိုလည်း ဂရုစိုက်သင့်ပါတယ်။
လူတဦးနဲ့ တဦးလည်း ကြိုက်ရောင်းကြိုက်ဝယ် လုပ်လို့ ရတယ် ဆိုပေမဲ့ လူလိမ်တွေ ပေါတဲ့ခေတ်ဆိုတော့ ကိုယ်နဲ့ မသိသူထံက အရောင်းအဝယ် မလုပ်သင့်ပါဘူး။ "SDB RM ပါ၊ ရောင်းဝယ်ပေးပါ့မယ်" ဆိုပြီး ယောင်ဆောင်လိမ်သွားတာလည်း ဖြစ်နိုင်ပါတယ်။ ဒါကိုတော့ အထူးသတိပြုစေချင်ပါတယ်။ ကိုယ့် SDB အကောင့်ရဲ့ လုံခြုံရေးကိုလည်း အထူးဂရုပြုပါ။ password, pin တွေကိုလည်း ဖြစ်နိုင်ရင် မကြာခဏ ပြောင်းပေးပါ။ ကိုယ့်အကောင့် လုံခြုံရေး ကျိုးပေါက်သွားရင် ကိုယ့်တိုကင်တွေကို မသမာသူက ထုတ်ယူသွားလို့ ရပါတယ်။ ဒါကိုလည်း အထူးသတိပြုစေချင်ပါတယ်။
ကိုယ်ပိုင်ငွေနဲ့ ဝယ်ထားတဲ့ တိုကင်တွေ ဖြစ်တဲ့အတွက် ကိုယ်ပိုင် စိတ်ချဆုံးဖြတ်ကြပါ။ ကျနော်အနေနဲ့လည်း ကိုယ်ဘာသာ တွေးတတ်သလောက်၊ တွေးနိုင်သလောက် ဘာလုပ်မယ် ဆိုတာ ဆုံးဖြတ်ထားပြီးသားပါ။ ခရစ်တိုအကြောင်း အများကြီး သိသူ မဟုတ်ပေမဲ့ ခရစ်တိုလောကမှာ စိတ်ရှည်စောင့်စားနိုင်ရင် အကျိုးအမြတ်ကောင်း ရနိုင်ပါတယ်။
ကျနော့်အနေတော့ ဒီတိုကင်တွေ ဝယ်စုရခြင်းမှာ ငွေကြေးအကျိုးအမြတ်ရဖို့ ဆိုတာထက် ကျနော်တို့နိုင်ငံအရေး အကျိုးအမြတ် ရဖို့ ကို ပိုပြီး ဦးတည်ပါတယ်။ ဒီအရေး မအောင်မြင်ခဲ့ရင် ငွေကြေး အများကြီး မြတ်လည်း ကျနော့်အတွက်တော့ အဓိပ္ပာယ် သိပ်မရှိလှပါ။ အနာဂတ် မြန်မာနိုင်ငံအတွက် ဒီအရေးမှာ ကိုယ်ပါဝင်နိုင်တဲ့ ငွေကြေးအတိုင်းအတာနဲ့ တဒေါင့်တနေရာမှ ပါဝင်ခြင်းသာ ဖြစ်ပါကြောင်း။
__________________
AKMoe 2025/11/14
Credit

လုပ်လို့ရပီ မမြင်ချင်တဲ့သူတွေကိုလေ ။ လုပ်လိုက်တော့နော် ။
13/11/2025

လုပ်လို့ရပီ မမြင်ချင်တဲ့သူတွေကိုလေ ။ လုပ်လိုက်တော့နော် ။

29/10/2025

မြန်မာနိုင်ငံသားတွေထဲမှာ ကိုယ့်အမေကလွဲပီး အမေဒေါ်အောင်ဆန်းစုကြည်ကို အမေစုလို့ ခေါ်တာ သင်ရောပါလား။ ကျနော်ကတော့ အမေစုလို့ခေါ်တဲ့ထဲပါတယ်။ ပါတဲ့ သူများပါ ရှယ်ရန်။ အမေစုကို အမေစု ကျန်းမာပါစေလို့ ခေါ်ပေးခဲ့ပါ။
ပီးရင် ပြန်ရှယ်လိုက်ပါ။ အမေစုကိုချစ်တဲ့သူများ သာ
🥰🥰🥰🥰🙏🙏🙏🙏🙏
#အမေစု #အမေ #အမေဒေါ်အောင်ဆန်းစုကြည် #အစေစုကျမ္မာပါစေ #အမေစုသက်တော်ရာကျော်ရှည်ပါစေ

27/10/2025

ဒေါင်းငါးဖော် အငြိမ့်ပွဲလေးကို တော်လှန်ပြည်သူများ အားပေးကြည့်ရှူ့ရအောင် တင်ဆက်ပေးလိုက်ပါတယ်။
#ဒေါင်းငါးဖော် #ပြည်သူ့အစိုးNUG

28/09/2025

အတူတူ နားဆင်ကြမယ်နော် ။

25/09/2025

ဒေါင်းငါးဖော် အငြိမ့်ဟာသပွဲ
゚viralシviralシfypシ゚viralシalシ

21/06/2025

#ဒေါင်းငါးဖော်
ဖျော်ဖြေရေး ကော့ဖငန်းကျွန်း အမေစုမွေးနေ့ အထိမ်းအမှတ်
#ကော့ဖငန်းကျွန်း ゚viralシviralシfypシ゚viralシalシ #အမေ #အမေစု #သက်တော်ရာကျော်ရှည်ပါစေ🙏

ที่อยู่

Surat Thani

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ ZMK Vlogผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง ZMK Vlog:

แชร์