Online Business Service

  • Home
  • Online Business Service

Online Business Service Boost Service, 1 Month Content Calendar, စျေးကွက်ဗျူဟာ, Disable ပြဿနာ, Ads Account, Businesss Manager

28/04/2022

Visa ကဒ် အခက်အခဲရှိလို့ Zoom ဝယ်ဖို့အခက်အခဲရှိသူများ Zoom Pro အကောင့် Dollar စျေးနဲ့ ဝယ်ပေးပါတယ်

💯 Online Shop တွေပိုရောင်းရချင်ရင် ဒီ အချက် ( ၇ ) ချက်ကိုလုပ်ပါ 💢ကျွန်တော်တို့ရောင်းချသူတွေအနေနဲ့ကတော့ရောင်းချင်တာ သဘာ၀ပ...
24/02/2022

💯 Online Shop တွေပိုရောင်းရချင်ရင် ဒီ အချက် ( ၇ ) ချက်ကိုလုပ်ပါ 💢

ကျွန်တော်တို့ရောင်းချသူတွေအနေနဲ့ကတော့
ရောင်းချင်တာ သဘာ၀ပါ ...

ဒါပေမယ့် ရောင်းချင်နေတဲ့သူများစွာထဲမှာ မိမိရောင်းတာကို
ဝယ်ဖို့ဆိုတာ တော်တော်လေးကို စိန်ခေါ်မှုတွေများပါတယ်...

ဒါကြောင့်မို့ ကျွန်တော့်အနေနဲ့ လက်တွေ့အသုံးချဖူးထားတွေ ရယ် ဖတ်မှတ်ထား သင်ယူထားတဲ့ထဲကနေ
အထိရောက်ဆုံးဖြစ်မယ့်အကြောင်းအရာလေးတွေကို လိုတိုရှင်းဖေါ်ပြပေးပါ့မယ် ...

✅ ( ၁ ) ကုန်ပစ္စည်းတွေကိုမရောင်းပါနဲ့ အိပ်မက်တွေကိုရောင်းပါ

ဒါလေးကတော့ကျွန်တော်ရောင်းတာပါ ...
စျေးကတော့ဘယ်လောက်ပါ ..ဘာတွေအသုံးဝင်ပါတယ် ...
စတဲ့ မိမိဘက်ကနေ စဉ်းစားပြီး ပြောတာမျိုးထက်
ဝယ်သူအနေနဲ့ မိမိ ရောင်းတဲ့ အရာကို ဝယ်ပြီးတဲ့အခါမှာ
ဖြစ်လာမယ့် အကြီးဆုံး အကျိုးကျေးဇူးကိုသာ စပြောပါ ...

ဆိုလိုတာကတော့ သူတို့တာ ကျွန်တော်တို့ ရဲ့ Product တွေ ကို ဝယ်မိလိုက်ရင် တော့
သူတို့ ရည်မှန်းထားတာတွေဖြစ်လာမယ် ...
သူတို့ ခက်ခဲနေတာတွေ ပြေလည်သွားမယ်
သူတို့ ရဲ့ စိတ်ကူးတွေကိုအကောင်အထည်ဖေါ်လို့ရသွားမယ် စတာတွေကို ပြောပြပေးဖို့လိုပါတယ်...

Dream Formula လေး ကတော့
Benefit + Emotion + Advantages + Feature = Dream

Benefit
ဝယ်သူတွေကို မိမိရဲ့ Prodcut ကိုသာ ဝယ်လိုက်ရင် သူရရှိမယ့် အကျိုးကျေးဇူးတွေကို ပထမဦးစွာဖေါ်ပြရပါမယ် ...

Emotion
သူတို့ရမယ့်အကျိုးကျေးဇူးတွေကို သူတို့စိတ်ကူးကြည့် ပုံဖေါ်ကြည့်လို့ရအောင် ဖေါ်ပြပြောပြပေးရပါမယ် ...

Advantage
မိမိတို့ရဲ့ အားသာချက်များ ... Product/ Service ချင်းတူခဲ့ရင်တော့ မိမိတို့ဆီက
ဝယ်မှသာ ရရှိနိုင်တဲ့အားသာချက်တွေကို ဖေါ်ပြပေးရပါတယ်...

Feature
မိမိတို့ ထုတ်ကုန်ရဲ့ အင်္ဂါရပ်တွေ ဖြစ်တဲ့
ဘာတွေပါတယ်
ဘာနဲ့လုပ်ထားတယ်
ဘယ်လိုလုပ်ထားတယ် စတာတွေကို စနစ်တကျဖေါ်ပြပေးခြင်းဖြင့်

ဝယ်သူရဲ့ Dream ကို ရောင်းပေးနိုင်မှာဖြစ်ပါတယ်....

✅ ( ၂ ) မိမိတို့ရဲ့ အောင်မြင်မှုနဲ့ ဖေါက်သည်ဟောင်းတွေရဲ့ စိတ်ကျေနပ်မှုတွေကိုဖေါ်ပြပေးပါ

မိမိတို့ လုပ်ငန်းရဲ့ အောင်မြင်မှုတွေ အကြောင်း
Milestone တွေအကြောင်း
ဖေါက်သည်ဟောင်းတွေရဲ အဆင်ပြေကြောင်း Feedback တွေ Review တွေ
Messenger ထဲမှာ ပြောထားတဲ့ စိတ်ကျေနပ်မှုတွေ အကြောင်းကို အခါအားလျော်စွာ ပြန်ည်ဖေါ်ပြပေးပါ ...

✅ ( ၃ ) အရေးတစ်ကြီး ဝယ်မှဖြစ်မယ်ဆိုတဲ့ ခံစားချက်ကိုပေးပါ
လူတွေကလက်လွတ်မှာကိုကြောက်ကြပါတယ်...

လျော့စျေးနဲ့ပေးမယ်ဆိုရင် နောက်ဆုံး ရက်စွဲကိုဖေါ်ပြပေးထားပါ ...
ဝယ်ယူမည့်သူတွေရဲ့ အခက်အခဲပြဿနာတွေကို သေချာသိနေပြီး သူတို့ ဝယ်လိုက်တာနဲ့ သူတို့ခံစားနေရတာတွေကို ပျောက်သွားမယ် အဆင်ပြေသွားမယ်
ကုန်ခါနီးပြီ
အခု ဝယ်ထားပါ
ဘယ်လောက်ပဲကျန်ပါတော့တယ်

စတာတွေကို ​ဖေါ်ပြပေးပါ ...
တကယ်လည်းကောင်းနေပါစေ ...
တကယ်လည်းအကုန်မြန်ပါစေ ..
အကုန်မမြန်သေးရင်တောင် လိုအပ်ရင် မရောင်းပဲ တောင့်ထားစောင့်စိုင်းခိုင်းထားလို့ရပါတယ်...

တစ်ချို့အပိုတွေပါဆိုပြီး မဝယ်တဲ့သူတွေရှိပါတယ်...
သူတို့ က ဘယ်လိုလုပ်လုပ် ဝယ်မှာမဟုတ်ပါဘူး ...

ဒါကြောင့် ထွက်ခါနီးကားကို ပြေးတက်သလိုမျိုး လီဘာနင်းထားပါ ...

✅ ( ၄ ) စုံစမ်းမေးမြန်းသူတွေနှင့် ရင်းရင်းနှီးနှီး ရှိပါစေ ..

မြန်မာလူမျိုးတွေအနေနဲ့ ခင်ရာဆွေမျိုး မြိန်ရာဟင်းကောင်းဆိုသလို
မိမိနဲ့ ခင်သွားပြီဆိုရင်
စျေးသင့်မယ်
အရည်အသွေးလက်ခံရတယ်ဆိုရင် မိမိထံကနေ ဝယ်ဖို့ပိုများစေပါတယ်...

✅ ( ၅ ) ဝယ်ယူရတာ ရှင်းလင်းလွယ်ကူပါစေ

ဝယ်သူတွေ အတွက် ရှင်းလင်းတဲ့ဖေါ်ပြမှု
ငွေပေးချေရတာလွယ်ကူစေမှု
မှာယူရသည့် Process လွယ်ကူစေမှု

စတာတွကို ဂရုစိုက်ရပါမယ် ...

ရှုပ်ထွေးတဲ့အဆင့်ဆင့်လုပ်ဆောင်မှုတွေ မလုပ်ပါနဲ့ ... လိုအပ်ရင် ဖုန်းနဲ့ သေချာရှင်းပြပေးပါ ...

✅ ( ၆ ) မငြင်းနိုင်လောက်လောက် ကမ်းလှမ်းမှုတွေ ပေးပါ ...

ဘာတွေအပိုရမလဲ
ဘာတွေအာမခံချက်ရှိမလဲ
ဘာတွေသက်သာခွင့်ရလည်း
ဘယ်လို After Sale Service တွေရှိမလဲ
သွေပေးချေမှု စနစ်တွေ ကို သက်တောင့်သက်တာရှိစေတာမျိုးတွေ ကဲ့သို့
ဆင့်ကာဆင့်ကာ ခံစားခွင့် ရနိုင်ခွင့် သက်သာခွင့် တွေကို ဖန်တီးပေးပါ ....

✅ ( ၇ ) မိမိတို့ရဲ့ ဘယ်မှာမှမရနိုင်တာ သူများနှင့်မတူတာ တွေကို ဝယ်သူကြွေပါစေ

မိမိရဲ့ရောင်းကုန်တွေ ဝန်ဆောင်မှုတွေကို
သူတို့ အတွက် ဘယ်မှာမှ တူတူရှာမရအောင် ဖန်တီးပေးထားပါ ...

ပစ္စည်းတူနေရင်တောင်
ပစ္စည်းတွေကို ပေါင်းပြီး စျေးသက်သာအောင်လုပ်ပေးတာ ...
ဖေါ်ပြတဲ့ပုံစံ က
သာမန်ထက်ပိုပါစေ ..

Content
Graphic
Video
Celebrity
Influencer စတာတွေကို မိမိလုပ်ငန်းအတွက် ပူးတွဲသုံး ပြီး ဝယ်သူတွေရဲ့ ဝယ်လိုစိတ်ကို
ဖမ်းစားပါ
ဖျော်ဖြေပေး ပါ ...

မိတ်ဆွေအနေ နဲ့ဖေါ်ပြခဲ့တဲ့အချက်တွေ က တစ်စုံတစ်ခု အကျိုးရှိသွားမယ်ဆိုရင်တော့ကျွန်တော်တို့ ပျော်ရွှင်ရမှာပါခင်ဗျ ...

Online စီးပွားရေးလုပ်ငန်းရှင်များ
လုပ်ငန်းတွေ ယခုထက်ပိုတိုးတက်ကြပါစေ ...

📱 09967086424

#စုံစုံစေ့စေ့

😁 ဘယ်တော့မှ ဝယ်မှာမဟုတ်သည့် လူ ( ၅ ) မျိုး 🙉ကျွန်တော်တို့ များစွာကြုံပြီးမှ ဒီ အချက်တွေကို ဖေါ်ပြလိုက်ရတာဖြစ်ပါတယ်...Onl...
23/02/2022

😁 ဘယ်တော့မှ ဝယ်မှာမဟုတ်သည့် လူ ( ၅ ) မျိုး 🙉

ကျွန်တော်တို့ များစွာကြုံပြီးမှ ဒီ အချက်တွေကို ဖေါ်ပြလိုက်ရတာဖြစ်ပါတယ်...

Online Shop Owner တစ်ယောက်အနေနှင့် လူတိုင်းကို တန်းဖိုးထား
စိတ်ရှည်စွာနဲ့ ဝန်ဆောင်မှုပေးရမှာ မှန်ပါတယ်...

သို့သော် အချိန် သိပ်မရတဲ့အခါမျိုးတွေမှာ တကယ်ကို ဝယ်ဖို့ များတဲ့သူတွေကိုသာ
အချိန်ပေးပြီး ဝန်ဆောင်မှု ပေးနိုင်မှသာ

မိမိလုပ်ငန်းက အကျိုးအမြတ်များနိုင်မှာဖြစ်ပါတယ် ...

99.99% လောက် မဝယ်ဖို့ သေချာနေတဲ့ သူတွေကတော့

😥 ( ၁ ) ပြန်ပြောပေးမယ်နော်

ဒီလိုစလာပြီဆိုရင်တော့ ပုံမှန်အားဖြင့် ဘယ်တော့မှ ပြန်မပြောတော့ပါဘူး ... ပြန်လည်းမလာတော့ပါဘူး ...

ဖြစ်နိုင်ချေရှိတာကတော့

သူ့ မှာ ဒီပစ္စည်း ကို တကယ်မလိုသေးတာဖြစ်နိုင်ပါတယ်..
နောက်တစ်ခုက ဘာရယ်မဟုတ် အပျင်းပြေမေးတာဖြစ်နိုင်ပါတယ်...
သူ့မှာ ပိုက်ဆံမရှိတာဖြစ်နိုင်ပါတယ်...

ဒါပေမယ့် မိမိရဲ့ စျေးနှုန်းကြောင့်ဖြစ်စေ
ပြိုင်ဘက်ရဲ့ ဝန်ဆောင်မှုနဲ့ စျေးနှုန်တွေကြောင့် မိမိထံက မဝယ်ချင်လို့ စကားလှအောင်ပြောသွားတာဖြစ်နိုင်ပါတယ်...

ဒါကြောင့်မို့ မိမိဘက်က သေချာနေရမှာက
သက်မှတ်ထားတဲ့စျေးနှုန်း
ရောင်းချတဲ့ပစ္စည်းတွေရဲ့ Quality
စတာတွေက သူများထက်သာနေဖို့ အရေး ကြီးတယ်ဆိုတာကို ပထမ Post ဖြစ်တဲ့ Online Shop များအတွက်အကြံပြုချက် (၇ ) ချက်မှာ ပြောခဲ့တာဖြစ်ပါတယ် ....

😥 ( ၂ ) မေးခွန်းတွေအများကြီးမေးသူ

သင့်အနေနဲ့ Post တွေမှာ
မိမိရဲ့ Prodcut အကြောင်း စုံလင်မှု
စျေးနှုန်း
အသုံးဝင်ပုံ
စတာတွေကို စနစ်တကျဖြေထားပါရဲ့

ထပ်မေးနေတာမျိုးတွေ က တော့ သေချာပါတယ် ... သူစိတ်မဝင်စားပါဘူး ...

ကျွန်တော်တို့အတွေ့အကြုံအရ တကယ် ဝယ်မယ့်သူတွေက မေးခွန်း ၁ ခုကနေ ၂ ခုသာမေးမြန်းတက်ကြပါတယ်...

များသောအားဖြင့် သူတို့မေးခွန်းတွေဟာ အဓိပ္ပါယ်ရှိတက်ပါတယ် ...
သူတို့ ဝယ်ပြီးရင် သူတို့ စိုးရိမ်တဲ့အကြောင်းအရာ တစ်ခုသို့မဟုတ် နှစ်ခုများ ရှိနေနိုင်မလားကို မေးတက်ပါတယ်...

သူတို့လိုအပ်ချက် နဲ့ ကိုက်ညီမှုရှိမရှိကို ရှင်းလင်းစွာမေးတက်ပါတယ်ပါတယ်....

ဒီလို မေးခွန်းမျိုးမေးတဲ့သူတွေက ဝယ်ဖို့များပါတယ်... မဝယ်ဖြစ်သေးရင်တောင် စိတ်ရှည်ရှည်ဖြေတဲ့အတွက် ကျေးဇူးတင်ပါတယ်ဆိုပြီးပြောသွားတက်ကြပါသေးတယ်...

ဒီလိုလူမျိုးဆိုရင်တော့ Follow Up လုပ်ဖို့ သူ့ကို ပြန်မေးထားလိုက်ပါ .. သူပြောတဲ့အချိန်မှာ သူ့ကိုပြန်လည်မေးမြန်းကြည့်ပါ ..

ရတက်ပါတယ် ...သို့သော် နောက်တစ်ခေါက်မှာ သူမအားသေးလို့ ဆိုတာမျိုး တွေ
ပိုက်ဆံမရှိသေးလို့ဆိုတာမျိုးတွေ အကြောင်းပြရင်တော့
လက်လျော့လိုက်ပါတော့ ....

😥 ( ၃ ) စိတ်မရှည်ပဲ အသေးစိတ်ကို ပြောပြပေးပါ လို့ ပြောလာတဲ့သူ

တစ်ချို့တွေဆိုရင် စာဖတ်ရတာစိတ်မရှည်လို့ ဖုန်းနဲ့ပြောပြပေးပါ ဆိုပြီး ဖုန်းခေါ်တက်ကြတယ် ...Messesnger ကနေ အသေးစိတ်ပြောပြပေးပါဆိုပြီး ပြောတက်ကြတယ် ...

လူအမျိုုးမျိုးရှိနိုင်ပေမယ့် ဖုန်းခေါ်သူတိုင်းကိုမဆိုလိုပါ....ခုနပြောသလို
သေချာရေးထားရှင်းပြထားရဲ့နဲ့
ဖုန်းနဲ့ အသေးစိတ်ပြောပြပေးပါဆိုတာမျိုးက
သူသိချင်တာတွေပဲကွပ်မေးတာ
မဆိုင်တဲ့စိုးရိမ်စိတ်လွန်ကဲတာ စတာတွေက မဝယ်မယ့်သူမျိုးတွေများပါတယ်..

😥 ( ၄ ) ပေါချောင်ကောင်းကိုသာ အမြဲရှာသူ မျှော်လင့်ချက်များလွန်းသူ

တစ်ချို့ကြတော့ တကယ့်ကို စစ်စစ်ပေါက်ပေါက် ကတ်ကတ်သက်သက်
စျေးစစ်တာ
ချေးများတာ
ပေးတဲ့စျေးထက် ပိုလိုချင်တာ ဒါမျိုးတွေကတော့
မိမိဘက်ကလွန်စွာ
အလျော့ပေးရောင်းချင်လွန်းလို့ လိုက်လျောလွန်းမှသာ ဝယ်တက်ကြတဲ့သူအမျိုးအစားတွေဖြစ်ပါတယ် ....

😥 ( ၅ ) အကောင့်အတုတွေနဲ့ စုံစမ်းလာသူ

( ချွင်းချက် ) တစ်ချို့လျှို့ဝှက်စရာလိုလို့ လူသိမခံချင်ပဲ စုံစမ်းပြီး ဝယ်တာမျိုးတွေရှိပါတယ် ...လူတိုင်းကိုမဆိုလိုပါ ...

သို့သော် အကောင့်တု အများစုက မဝယ်ကြတာများပါတယ်..
ပြိုင်ဘက်တွေဖြစ်စေ
ပြိုင်ဘက်သူငယ်ချင်းမိတ်ဆွေတွေဖြစ်စေ သူတို့ကမေးမြန်းစုံစမ်းဖို့သက်သက်သာ
မိမိထံရောက်လာတက်ကြတာပါ ...

ဖေါ်ပြခဲ့ သူ ( ၅ ) မျိုးကတော့ မဝယ်ဖို့ တော်တော်များတဲ့ သူတွေပဲဖြစ်ပါတယ် ..

သို့သော် ကျွန်တော်တို့ ရောင်းသူအနေ နှင့် စုံစမ်းမေးမြန်းမှုမှန်သမျှ ကို တက်နိုင်သလောက် တန်ဖိုးထားဖို့လိုအပ်ပါတယ် ...

ဒီအချက်လေးတွေကတော့ အချိန်နဲ့အလုပ်လုပ်နေရတဲ့သူများအတွက် အချိန်မလောက်ငှတဲ့အခါတွေမှာ ဦးစားမပေးပဲ
တကယ် အလားလာကောင်းတဲ့သူတွေကို ပိုပြီး ဝန်ဆောင်ပေးနိုင်အောင် ဖေါ်ပြပေးလိုက်ရပါတယ်...

သို့သော် လူတိုင်းကို Respect ထားဖို့တော့လေးစားစွာ အကြံပြုလိုက်ရပါတယ်...

လုပ်ငန်းတွေအောင်မြင် တိုးတက်ကြပါစေခင်ဗျ ...

📱 09967086424

#စုံစုံစေ့စေ့

💯 Online Shop များအတွက် အကြံပြုချက် ( ၇ ) ချက် 💢Online Shop တစ်ခု Online Business တစ်ခုစတင်အကောင်အထည်ဖေါ်တော့ဖို့ ရည်ရွယ...
22/02/2022

💯 Online Shop များအတွက် အကြံပြုချက် ( ၇ ) ချက် 💢

Online Shop တစ်ခု Online Business တစ်ခုစတင်အကောင်အထည်ဖေါ်တော့ဖို့ ရည်ရွယ်ထားရင်ဖြစ်စေ ..

လက်ရှိမှာ Online Shop တစ်ခုကို လုပ်နေတဲ့ သူများအတွက် အကြံပြုချက်လေးတွေ မျှဝေလိုက်ပါတယ်...

ပုံလေးတွေ တစ်ပုံချင်းထောက်ကြည့်ပေး ပါ ...

📱 09967086424

#စုံစုံစေ့စေ့ ်

Address

122, Bagayar Street

11111

Website

Alerts

Be the first to know and let us send you an email when Online Business Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Advertising & Marketing Company?

Share