Systematic Digital Marketing

Systematic Digital Marketing Your Brand Our Digital
(1)

MYANWEN BEAUTY 2026 🚀International Women’s Day အထိမ်းအမှတ်အနေနဲ့ (7.3.2026) (8.3.2026) နှစ်ရက်တိုင်တိုင် ကျင်းပပြုလုပ်ခဲ...
09/03/2026

MYANWEN BEAUTY 2026 🚀

International Women’s Day အထိမ်းအမှတ်အနေနဲ့ (7.3.2026) (8.3.2026) နှစ်ရက်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့တဲ့ MYANWEN BEAUTY 2026 ပွဲမှ အမှတ်တရပုံရိပ်များကို ဝေမျှပေးပါရစေ…

SYSTEMATiC ၏ ဝန်ဆောင်မှုများကို ယုံကြည်မှုအပြည့်နဲ့ အားပေးခဲ့ကြတဲ့ လုပ်ငန်းရှင်တစ်ဦးတစ်ယောက်ချင်းစီကို ကျေးဇူးအထူးတင်ရှိပါတယ်။

အခုလို ကဏ္ဍစုံ လှပထူးခြားတဲ့ ပွဲလေးဖြစ်မြောက်အောင် အဆင်ပြေချောမွေ့စွာ ကြီးမှူးကျင်းပပေးခဲ့ပါသော MYANWEN ဥက္ကဌနှင့်တကွ MYANWEN ဥက္ကဌနှင့်တကွ ပွဲဖြစ်မြောက်ရေး အဖွဲ့သားများအားလုံးကိုလည်း SYSTEMATiC မှ လေးနက်စွာဖြင့် မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါတယ် 🙏🏻

Hotline No. - 09 777 470 450, 09 780 101 999, 09 428 111 940
Office Address - MICT Park Building 15, 4th Floor, Hlaing Township, Yangon.

ယနေ့ မတ်လ (၂) ရက်နေ့မှာ ကျရောက်သော (၆၄) ကြိမ်မြောက် တောင်သူလယ်သမားနေ့အား 𝐒𝐘𝐒𝐓𝐄𝐌𝐀𝐓𝐢𝐂 𝐃𝐢𝐠𝐢𝐭𝐚𝐥 𝐌𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠 မိသားစုမှလည်း ဂုဏ်...
02/03/2026

ယနေ့ မတ်လ (၂) ရက်နေ့မှာ ကျရောက်သော (၆၄) ကြိမ်မြောက် တောင်သူလယ်သမားနေ့အား 𝐒𝐘𝐒𝐓𝐄𝐌𝐀𝐓𝐢𝐂 𝐃𝐢𝐠𝐢𝐭𝐚𝐥 𝐌𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠 မိသားစုမှလည်း ဂုဏ်ပြု ကြိုဆိုအပ်ပါသည်။



#တောင်သူလယ်သမားနေ့

🎊𝐇𝐚𝐩𝐩𝐲 𝐂𝐡𝐢𝐧𝐞𝐬𝐞 𝐍𝐞𝐰 𝐘𝐞𝐚𝐫 𝟐𝟎𝟐𝟔 🎊၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာ ကျရောက်တဲ့ တရုတ်နှစ်သစ်ကူး မြင်းနှစ်လေးမှာ ကိုယ်၊ စိ...
16/02/2026

🎊𝐇𝐚𝐩𝐩𝐲 𝐂𝐡𝐢𝐧𝐞𝐬𝐞 𝐍𝐞𝐰 𝐘𝐞𝐚𝐫 𝟐𝟎𝟐𝟔 🎊

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာ ကျရောက်တဲ့ တရုတ်နှစ်သစ်ကူး မြင်းနှစ်လေးမှာ ကိုယ်၊ စိတ်နှလုံး သာယာချမ်းမြေ့စွာဖြင့် နှစ်သစ်ကိုပျော်ရွင်စွာ ဖြတ်သန်းနိုင်ပါစေကြောင်း 𝐒𝐘𝐒𝐓𝐄𝐌𝐀𝐓𝐢𝐂 𝐃𝐢𝐠𝐢𝐭𝐚𝐥 𝐌𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠 မိသားစုမှ တောင်းဆုပြုလိုက်ရပါတယ်။


“ကျွန်တော်တို့ တစ်ယောက်ချင်းစီရဲ့ အချိန်ဟာ အကန့်အသတ်ရှိပါတယ်။ ဒါကြောင့် ကိုယ်တကယ်မဖြစ်ချင်တဲ့အရာတွေ၊ တခြားသူတွေရဲ့ မျှော...
30/01/2026

“ကျွန်တော်တို့ တစ်ယောက်ချင်းစီရဲ့ အချိန်ဟာ အကန့်အသတ်ရှိပါတယ်။ ဒါကြောင့် ကိုယ်တကယ်မဖြစ်ချင်တဲ့အရာတွေ၊ တခြားသူတွေရဲ့ မျှော်လင့်ချက်တွေ၊ တခြားသူတွေ သတ်မှတ်ပေးထားတဲ့ ဘောင်တွေထဲမှာပဲ နေထိုင်ရင်းနဲ့ ကိုယ့်ရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို အကုန်မခံပါနဲ့။”
Steve Jobs ပြောခဲ့တဲ့ ဒီစကားဟာ ကျွန်တော်တို့အားလုံးအတွက် အမြဲတမ်း သတိပေးခေါင်းလောင်းသံတစ်ခုလိုပါပဲ။ အထူးသဖြင့် ကိုယ်ပိုင်လမ်းကြောင်းတစ်ခုကို ဖောက်ထွက်ချင်နေတဲ့ လုပ်ငန်းရှင်တွေနဲ့ လူငယ်တွေအတွက် ပိုလို့တောင် အရေးကြီးပါသေးတယ်။
အများလက်ခံထားတဲ့ စံနှုန်းတွေ၊ တခြားသူတွေရဲ့ ဝေဖန်သံတွေဟာ သင့်ရဲ့ ပင်ကိုယ်အရည်အသွေးနဲ့
အတွင်းစိတ်က လိုလားတောင့်တနေတဲ့ အရာတွေကို လွှမ်းမိုးသွားခွင့်မပြုပါနဲ့။ အောင်မြင်မှုဆိုတာ တခြားသူတွေရဲ့ ခြေရာနောက်ကို လိုက်တာမျိုးမဟုတ်ဘဲ ကိုယ်ယုံကြည်တဲ့ လမ်းကြောင်းပေါ်မှာ ကိုယ်တိုင်ခြေရာသစ်တွေ ထင်ကျန်အောင် ဖန်တီးယူရတာ ဖြစ်ပါတယ်။
ကိုယ့်ရဲ့ ဝါသနာ၊ ကိုယ့်ရဲ့ စိတ်ကူးစိတ်သန်းတွေကို ရဲရဲဝံ့ဝံ့ အကောင်အထည်ဖော်ဖို့ သတ္တိရှိပါ။ သင့်ရဲ့ အချိန်တွေကို တခြားသူတွေရဲ့ စိတ်ကြိုက်ပုံသွင်းမှုအောက်မှာ အဆုံးရှုံးမခံဘဲ ကိုယ်တိုင်ဖန်တီးတဲ့ ဘဝတစ်ခုမှာပဲ အဓိပ္ပာယ်ရှိရှိ အသုံးချလိုက်ပါ။

သင်ရော... ကိုယ့်ရဲ့ စိတ်ကူးအိမ်မက်တွေကို အချိန်မဆွဲဘဲ လက်တွေ့ အကောင်အထည်ဖော်နေပြီလား?

23/01/2026

Zero to Hero Marketing Tips (part - 5)

Customers များစေချင်ရင် ဒီ Content Types 3 ခု ထည့်ပါ!  Social Media မှာ Post တွေတော့ တင်နေပါရဲ့၊ ဒါပေမဲ့ Customer က တိုး...
16/01/2026

Customers များစေချင်ရင် ဒီ Content Types 3 ခု ထည့်ပါ!

Social Media မှာ Post တွေတော့ တင်နေပါရဲ့၊ ဒါပေမဲ့ Customer က တိုးမလာဘူး ဖြစ်နေလား? အဲဒါဆိုရင် သင့်ရဲ့ Content Strategy မှာ "အရောင်း" တစ်ခုတည်းကိုပဲ အာရုံစိုက်နေမိလို့ ဖြစ်နိုင်ပါတယ်။
Customers အသစ်တွေဆွဲဆောင်ဖို့နဲ့ ရှိပြီးသားသူတွေကို ဝယ်သူအဖြစ်ပြောင်းလဲဖို့ အတွက် သင့် Page မှာ ဒီ Content အမျိုးအစား (၃) ခုကို မဖြစ်မနေ ထည့်သွင်းရပါမယ်။

၁။ 💡 Educational Content

လူတွေက အမြဲတမ်း "အဝယ် post “ တွေချည်းကြည့်ရတာ မကြိုက်ပေမယ့် "တစ်ခုခု သိသွားရတာ" ကိုတော့ ကြိုက်ကြပါတယ်။ သင်က ဗဟုသုတတွေ ဝေမျှတဲ့အခါ Customer ရဲ့ စိတ်ထဲမှာ ယုံကြည်မှု (Trust) ကို အလိုလို တည်ဆောက်ပြီးသား ဖြစ်သွားစေပါတယ်။

၂။ ⭐ Social Proof & Reviews

"ကိုယ့် Product ကိုယ် ကောင်းတယ်" လို့ ပြောတာထက် တခြားသူတစ်ယောက်က "ဒီပစ္စည်းက တကယ်ကောင်းတယ်" လို့ ပြောတာက အဆပေါင်းများစွာ ပိုထိရောက်ပါတယ်။ လူတွေမှာ "FOMO (Fear of Missing Out)" ဆိုတဲ့ တခြားသူတွေ သုံးနေတာကို ငါလည်း လိုချင်တယ်ဆိုတဲ့ စိတ်ရှိပါတယ်။ တခြားသူတွေရဲ့ စိတ်ကျေနပ်မှုကို မြင်ရတဲ့အခါ ဝယ်ယူဖို့ ဆုံးဖြတ်ချက်ချရတာ ပိုလွယ်ကူသွားစေပါတယ်။

၃။⏳ Urgency & Exclusive Offers

Customer အများစုက "နောက်မှဝယ်မယ်" ဆိုပြီး ဆိုင်းငံ့ထားတတ်တဲ့ အလေ့အကျင့်ရှိပါတယ်။ ဒီအချက်ကို ကျော်လွှားဖို့အတွက် အချိန်အကန့်အသတ်တစ်ခုကို ဖန်တီးပေးဖို့ လိုပါတယ်။
ဥပမာ "ပထမဆုံး ဝယ်ယူသူ ၁၀ ဦးအတွက်သာ ၅၀% Discount" စတဲ့ content မျိုးလိုအပ်ပါတယ်။
ဒါဟာ Customer ရဲ့ ဆုံးဖြတ်ချက်ချနိုင်စွမ်းကို မြန်ဆန်စေပါတယ်။ လူတွေဟာ အခွင့်အရေးတစ်ခု လက်လွတ်မခံချင်တဲ့ စိတ်ကြောင့် စူးစမ်းရုံအဆင့်ကနေ ဝယ်ယူသူအဆင့်ကို ချက်ချင်း ရောက်ရှိသွားစေမှာပါ။

ဒါဆို သင့် ရဲ့ business မှာ ရော ဒီလို content မျိုးတွေ လိုနေပြီလား?

13/01/2026

Zero to Hero Marketing tips ( part -4)

“Small Business တွေမှာ မှားလေ့ရှိတဲ့ Marketing Mistakes”  လုပ်ငန်းသေးသေးလေးပဲဖြစ်ဖြစ်၊ အလတ်စားပဲဖြစ်ဖြစ် Marketing လုပ်ပ...
08/01/2026

“Small Business တွေမှာ မှားလေ့ရှိတဲ့ Marketing Mistakes”

လုပ်ငန်းသေးသေးလေးပဲဖြစ်ဖြစ်၊ အလတ်စားပဲဖြစ်ဖြစ် Marketing လုပ်ပြီဆိုရင် "ငွေကုန်သလောက် အကျိုးမရှိတာ" အဆိုးဆုံးပါပဲ။ အရင်းအနှီးနည်းတဲ့ Small Business တွေမှာ Marketing Mistake တစ်ခုဟာ လုပ်ငန်းရပ်တန့်သွားစေတဲ့အထိ အန္တရာယ်ကြီးပါတယ်။
ဒီနေ့မှာတော့ လုပ်ငန်းရှင်အများစု မှားတတ်တဲ့ အချက် ၄ ချက်ကို ဝေမျှပေးသွားပါမယ်။

၁။ 🎯 Targeting မရှိဘဲ လူတိုင်းကို ရောင်းဖို့ ကြိုးစားခြင်း

လုပ်ငန်းရှင်အများစုက "ငါ့ Product က လူတိုင်းနဲ့ အဆင်ပြေတယ်" လို့ ထင်တတ်ကြပါတယ်။ ဒါပေမဲ့ လူတိုင်းကို Target ထားတာဟာ ဘယ်သူ့ကိုမှ Target မထားတာနဲ့ အတူတူပါပဲ။

၂။ 📉 ရောင်းဖို့ပဲ ဇောက်ချလုပ်နေခြင်း

Social Media မှာ "ဝယ်ပါ၊ ဝယ်ပါ" ဆိုတဲ့ ပို့စ်တွေချည်းပဲ တင်နေရင် Customer တွေက ငြီးငွေ့ပြီး Unfollow လုပ်သွားပါလိမ့်မယ်။ Promotion ပို့စ်တွေ၊ စျေးနှုန်းတွေချည်းပဲ နေ့တိုင်းတင်နေတာမျိုး မလုပ်သင့်ပါဘူး။

၃။ 🧱 Branding ကို လျစ်လျူရှုခြင်း

Marketing က လူတွေမြင်အောင် လုပ်တာဖြစ်ပြီး Branding ကတော့ လူတွေ ရေရှည်ယုံကြည်အောင် လုပ်တာပါ။ Marketing နဲ့ အတူ Branding ကိုပါ သေချာ တည်ဆောက်ထားမှ လုပ်ငန်းအတွက် ရေရှည် အဆင်ပြေမှာ ဖြစ်ပါတယ်။

၄။ 📊 ရလဒ်တွေကို ပြန်မစစ်ခြင်း

ကြော်ငြာခတွေတော့ သုံးနေတယ်၊ ဒါပေမဲ့ ဘယ် Channel ကနေ Customer ဘယ်နှစ်ယောက်လာလဲဆိုတာ မသိရင် ဒါဟာ အမှောင်ထဲမှာ ရမ်းသမ်းလုပ်နေသလိုပါပဲ။ Ad Insight တွေကို မကြည့်ခြင်း၊ ဘယ် Content က Performance ကောင်းလဲဆိုတာ မမှတ်သားခြင်းမျိူး ရှောင်သင့်ပါတယ်။

ကိုယ့်လုပ်ငန်းကို တရှိန်ထိုးတိုးတက်ချင်တယ်ဆိုရင်တော့ ဒီလို Marketing Mistake မျိူးတွေကို သတိထားဖို့လိုပါတယ် နော်။

04/01/2026

Zero to Hero Marketing Tips (Part - 3 )

"လူတွေက သင် ဘယ်လောက်တော်ကြောင်း၊ သင့် Product က ဘယ်လောက်ကောင်းကြောင်း "ပြောနေတာ ကို စိတ်မဝင်စားကြပါဘူး။ သူတို့တကယ် ဂရုစိ...
01/01/2026

"လူတွေက သင် ဘယ်လောက်တော်ကြောင်း၊ သင့် Product က ဘယ်လောက်ကောင်းကြောင်း "ပြောနေတာ ကို စိတ်မဝင်စားကြပါဘူး။ သူတို့တကယ် ဂရုစိုက်တာက သင် "တကယ်ဘာတွေ ဖန်တီးတည်ဆောက်ထားသလဲ" ဆိုတဲ့ လက်တွေ့အကောင်အထည်ဖော်မှုကိုပဲ ကြည့်ကြတာပါ။

Mark Zuckerberg ရဲ့ ဒီစကားက လုပ်ငန်းရှင်တိုင်းအတွက် အဖိုးတန်တဲ့ သင်ခန်းစာတစ်ခုပါ။ သူပြောသလိုပဲ နေရာ တစ်ခုမှာ အောင်မြင်ချင်တယ်ဆိုရင် စကားလုံးတွေထက် လက်တွေ့ရလဒ် (Result) က ပို အရေးကြီးတာ အမှန်ပါပဲ‌ နော်။

၁။ Idea ကောင်းတာထက် အဲဒီ Idea ကို လက်တွေ့ဖြစ်အောင် လုပ်နိုင်ဖို့က ပိုအရေးကြီးပါတယ်။

၂။ Customer တွေရဲ့ ယုံကြည်မှုကို ရချင်ရင် ကတိတွေအများကြီး ပေးနေမယ့်အစား အရည်အသွေးရှိတဲ့ Product နဲ့ Service ကိုပဲ လက်တွေ့ပြလိုက်ပါ။

၃။ စျေးကွက်ထဲမှာ နေရာရချင်ရင် စကားအပြောကောင်းရုံနဲ့ မရပါဘူး။ ကိုယ့်ရဲ့ Brand ကို ခိုင်မာအောင် လက်တွေ့တည်ဆောက်ပါ။

သင်ရော... စကားလုံးတွေနောက်မှာပဲ အချိန်ကုန်နေတာလား? ဒါမှမဟုတ် တစ်ခုခုကို လက်တွေ့ အကောင်အထည်ဖော် နေပြီလား?

𝑯𝒂𝒑𝒑𝒚 𝑵𝒆𝒘 𝒀𝒆𝒂𝒓 ✨၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ၊ (၁) ရက်နေ့လေးမှစ၍ ကိုယ့်စိတ်ကူးအိပ်မက်များ၊ ရည်မှန်းချက် ပန်းတိုင်များကို အမြန်ဆ...
01/01/2026

𝑯𝒂𝒑𝒑𝒚 𝑵𝒆𝒘 𝒀𝒆𝒂𝒓 ✨

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ၊ (၁) ရက်နေ့လေးမှစ၍ ကိုယ့်စိတ်ကူးအိပ်မက်များ၊ ရည်မှန်းချက် ပန်းတိုင်များကို အမြန်ဆုံးနဲ့ အကောင်းဆုံး ဖော်ဆောင်နိုင်ပါစေကြောင်း 𝐒𝐲𝐬𝐭𝐞𝐦𝐚𝐭𝐢𝐜 𝐃𝐢𝐠𝐢𝐭𝐚𝐥 𝐌𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠 မှ ဆုမွန်ကောင်း တောင်းအပ်ပါတယ်။




23/12/2025

Zero to Hero Marketing Tips (part - 2)

Address

MICT Park, Building 15, 4th Floor, Hlaing Township
Yangon
11051

Alerts

Be the first to know and let us send you an email when Systematic Digital Marketing posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Systematic Digital Marketing:

Share