04/06/2026
✨ " Logo တခု က အမြင်လှရုံတင်မကပါပဲ .........
ဘယ်နေရာသုံးသုံး စိတ်ကြိုက် အသုံးပြုလို့ ရတဲ့
လိုဂို Quality မျိုးပဲ ဖြစ်ရပါမယ်"
ဒီတစ်ခေါက်မှာတော့ ကျွန်မတို့ Triangle ကနေ တာဝန်ယူ ပုံဖော်ပေးခဲ့တဲ့ NEOCITY ရဲ့ Logo & Brand Identity ဒီဇိုင်းလေးကို မျှဝေပေးချင်ပါတယ်ရှင်
အခုမြင်ရတဲ့ လိုဂိုကို ဒီဇိုင်းဆွဲတဲ့အခါ လုပ်ငန်းရှင် သဘောကျမယ့် Logo Concept, Visual အမြင်ပိုင်းကို အဓိကထားရုံတင်မကပါဘူး။
ဒီလိုဂိုကို ရေရှည်မှာ
👉 လုပ်ငန်း ဆိုင်းဘုတ်ကြီးကြီး လုပ်မလား၊
👉 Billboard ထောင်မလား၊
👉 အင်္ကျီမှာ တံဆိပ်ရိုက်မလား၊ ချည်ထိုးမလား၊
👉 ကုန်ပစ္စည်းဘူးခွံတွေပေါ်မှာ Offset ရိုက်မလား၊
👉 လိပ်စာကဒ် ၊ ဘောင်ချာ တွေအတွက် Printing လုပ်မလား၊
ဘယ်လိုနေရာမှာပဲသုံးသုံး ဝါးမသွားဘဲ ကြည်လင်ပြတ်သားနေဖို့ကိုပါ စဉ်းစားပြီး ဖန်တိီးပေးထားတာဖြစ်ပါတယ်။
ဒါ့အပြင် အခု Ai ခေတ် မှာ လိုချင်တဲ့ Content တွေ , Design တွေအတွက် Prompt ပေးတဲ့အခါ ကိုယ့် Logo ရဲ့ Brand Color , Brand Font တွေကို တိတိကျကျပေးနိုင်မယ်ဆိုရင် Ai Generated Design တွေကလဲ ကိုယ့် လုပ်ငန်း Brand Identity, Brand Image တွေက တပြေးညီ တသံတည်း ရရှိစေဖို့ ရည်ရွယ်ပါတယ်။
ဒါကြောင့် လုပ်ငန်းရှင်ဆီကို လိုဂိုအပ်နှံတဲ့အခါမှာ
✅ စိတ်ကြိုက် ပြန်ပြင်လို့ရတဲ့ Editable Layer File
✅ ပုံနှိပ်တိုက်တွေ စိတ်ကြိုက်သုံးလို့ရမယ့် Layer File
✅ ဘယ်စခရင်၊ ဘယ်ပုံနှိပ်စက်မှာပဲဖြစ်ဖြစ် အရောင်မလွဲစေမယ့် Brand Color Codes
✅ Brand ရဲ့ လေသံကို တစ်သမတ်တည်းဖြစ်စေမယ့် Font Names
ဒါတွေကို စနစ်တကျ Package အလိုက် တစ်ခါတည်း သေသေချာချာ ထည့်သွင်းပေးလိုက်ပါတယ်။
လိုဂိုဆိုတာ တစ်ခါအပ်ပြီးရင် လုပ်ငန်းသက်တမ်းတစ်လျှောက်လုံး သုံးသွားရမယ့် "လုပ်ငန်းရဲ့ ပိုင်ဆိုင်မှု တခု " မဟုတ်လားရှင်...
ဒီ အဖိုးတန် ပိုင်ဆိုင်မှု တခုကို အလွယ်ဖန်တီးယူတာမျိုး မဖြစ်အောင် နဲ့ ရေရှည်အတွက်ပါ ပြီးပြည့်စုံဖို့ အတွက် Professional Logo Concept တွေနဲ့အတူ Layer file တွေကို ရရှိပိုင်ဆိုင်ချင်တယ်ဆိုရင်
၆ နှစ်ကျော်သက်တမ်းအတွင်း လုပ်ငန်းရှင်ပေါင်း ၂,၀၀၀ ကျော်ကို အဖိုးတန်ပိုင်ဆိုင်မှု တွေ ဖန်တီးပေးခဲ့တဲ့ Triangle - Logo Creation ကို အခုပဲ ဆက်သွယ်လိုက်ပါရှင် 😉
ဆက်သွယ်ရန် -
ဖုန်း - 09 957 899 891
Viber - 09 957 899 891
Telegram -
Messenger - https://m.me/109673584060418