Ayeyar Rice

Ayeyar Rice We promise to bring the best quality rice from different regions of Myanmar to your table and home!
ထူးကဲရသာမှန် ဧရာဆန်!

👉ဆန်ပိုး ဘာကြောင့်တက်သလဲနှင့် ကာကွယ်နိုင်မည့် နည်းလမ်းများ👉အိမ်ရှင်မတွေ ကြုံတွေ့ရလေ့ရှိတဲ့ စိတ်ရှုပ်စရာတစ်ခုကတော့ ဆန်ပို...
13/05/2024

👉ဆန်ပိုး ဘာကြောင့်တက်သလဲနှင့် ကာကွယ်နိုင်မည့် နည်းလမ်းများ

👉အိမ်ရှင်မတွေ ကြုံတွေ့ရလေ့ရှိတဲ့ စိတ်ရှုပ်စရာတစ်ခုကတော့ ဆန်ပိုးတက်တဲ့ ကိစ္စပါပဲ။ ထမင်းတခါချက်ဖို့အရေး ထမင်းချက်တဲ့နေရာ မရောက်လိုက်ဘဲ ဆန်ပိုးဖယ်နေရတာနဲ့တင် အချိန်ကုန်သွားတတ်တာမျိုးပေါ့။ ဒါကြောင့် ဒီနေ့တော့ ဆန်ပိုးနဲ့ပတ်သက်တဲ့ ဗဟုသုတရဖွယ် အကြောင်းအရာလေးတွေကို အိမ်ရှင်မတွေအတွက် အသုံးဝင်အောင် ပြောပြပေးလိုက်ပါတယ်နော်။

👉ဆန်ပိုးဘယ်ကစ …

ဆန်ရဲ့ သဘာဝအရ ကြာရှည်သိုလှောင်ထားရင် ပိုးတက်လေ့ရှိပါတယ်။ ကြိတ်သားပေါ်မှာလည်း မူတည်ပြီးတော့လည်း စက်ရုံကထွက်လာတဲ့ ကြိတ်သားကောင်းရင်ကောင်းသလို (၃) လအထိ အထားခံတာမျိုးလည်းရှိပါတယ်၊ ကြိတ်သား သိပ်မကောင်းတဲ့ဆန်မျိုးကျတော့ (၁) လလောက်အထိပဲ အထားခံတာမျိုးလည်း ရှိတတ်ပါတယ်။

ဆန်ပိုးတက်ပြီဆိုရင် ပထမအဆင့်မှာ ဆန်ပိုးအမတွေက ဆန်စေ့တွေကိုဖောက်ပြီး ဥ, ဥပါတယ်။ ဆန်ပိုးတစ်ကောင်ရဲ့ သက်တမ်းက ပျမ်းမျှ ၂၇ ရက္်မို့ ဆန်ပိုးအမတစ်ကောင်ဟာ သူ့သက်တမ်းအတွင်း အကြမ်းဖျဉ်းအားဖြင့် ဥပေါင်း ၃၀၀ ကျော် ဥပါတယ်။ ဥကတစ်ဆင့် ဆန်ပိုးတွေ ပေါက်ဖွားလာပါတယ်။

ဒုတိယအဆင့်မှာ ဆန်ပိုးအကောင်တွေ ပိုကြီးလာပြီး ပေါက်ပွားနှုန်းလည်း ပိုမြန်လာပါတယ်။ ဒီအဆင့်အထိ ဆန်ပိုးတွေကို ဖယ်ရှားပြီး ဆန်အကောင်းကို ပြန်ရွေးလို့ရနိုင်ပါသေးတယ်။

တတိယအဆင့်ရောက်သွားရင်တော့ ဆန်တွေက လက်နဲ့ဖျစ်လိုက်ရင်ကို ကြေမွသွားတာမျိုး၊ ဘယ်လိုမှကို ချက်လို့မရတော့တာမျိုး ဖြစ်သွားပြီး လွှင့်ပစ်လိုက်ရတော့တာပါပဲ။

👉ဆန်ပိုးမတက်အောင် …

ဆန်ကို ဆန်အိတ်ထဲမှာပဲ သိုလှောင်ထားမယ်ဆိုရင် ဆန်ပိုးမတက်ခင် အိတ်သားအရင်တက်လေ့ရှိပါတယ်။ အိတ်သားတက်တယ်ဆိုတာ ဆန်က မဖွေးတော့ဘဲ ညိုညစ်ညစ်ဖြစ်လာတာမျိုးပေါ့။ ဒါကြောင့် ဆန်ကို အိတ်အစား လေလုံတဲ့ ဆန်အိုး၊ ဆန်ပုံးတို့နဲ့ သိုလှောင်သင့်ပါတယ်။ ကြက်သွန်နီ၊ ငြုပ်သီးခြောက်၊ မီးသွေးတို့ကို ဆန်အိုးထဲရောထည့်ထားရင်လည်း ဆန်ပိုးတက်ခြင်းကို သက်သာစေနိုင်ပါတယ်။

👉ဆန်ပိုးဖယ်ရှားနည်း

ဆန်ပိုးမတက်အောင် နည်းမျိုးစုံနဲ့ ကာကွယ်နေတဲ့ကြားက ဆန်ပိုးတက်လာပြီဆိုရင်တော့ အောက်ပါ နည်း (၅) နည်းနဲ့လည်း ဖြေရှင်းနိုင်ပါသေးတယ်။

(၁) ဆန်ကိုနေပူပူထဲမှာ ၁၅ မိနစ်လောက် ပြထားလိုက်ပါ။ ပြီးရင် စကောဝိုင်းထဲထည့်ပြီး ဆန်ပြာလိုက်ရင် အလယ်မှာ ဆန်ပိုးတွေ စုလာပါလိမ့်မယ်။

(၂) ဆန်ထည့်ထားတဲ့ အိတ်၊ အိုး၊ ပုံးတို့ကို ဖွင့်ပြီးတော့ ဆန်ပေါ်မှာ အဝတ်စအဖြူလေး အုပ်ပေးထားလိုက်ပါ။ ခဏကြာရင် အဝတ်စပေါ်ကို ဆန်ပိုးတွေ တက်လာပါလိ့မ်မယ်။ အဝတ်ကို ရေမစိုအောင်တော့ သတိပြုဖို့လိုပါတယ်။

(၃) ဆန်ကို ရေခဲသေတ္တာထဲ သုံးရက်ထည့်ထားလိုက်မယ်ဆိုရင်လည်း ဆန်ပိုးတွေကို နှိမ်နင်းပြီးသား ဖြစ်ပါလိမ့်မယ်။

(၄) အကြာကြီး သိမ်းဆည်းမထားပါနဲ့။ ဆန်တွေကို နှစ်ရှည်လများစွာ သိမ်းဆည်းစားသုံးခြင်းကလည်း ပိုးထိုးတတ်ပါတယ်။

(၅) သစ်သားပုံးတွေထဲမှာ ဆန်များကို ထည့်သွင်း မသိုလှောင်ထားပါနဲ့။ သစ်သားပုံးတွေထဲမှာ ဆန်များ ထည့်သွင်းထားပါက ပိုးထိုးမြန်စေပါတယ်။ တကယ်လို့ ဆန်ထဲက ပိုးကောင်တွေကို ရှင်းထုတ်ချင်ပါက ဆန်ထဲသို့ ငြုပ်သီးအခြောက်တောင့်များ ထည့်သွင်းထားလိုက်ပါက ဆန်ပိုးများ ကင်းရှင်းသွားပါလိမ့်မည်။ တကယ်လို့ ရေရှည်သိမ်းဆည်းပြီးစားသုံးချင်ပါက ကရဝေးရွက် “Bay leaves” များကို ဆန်အတွင်းသို့ ရောနှော၍ထည့်ထားလိုက်ပါက ပိုးထိုးခြင်းရန်မှ ကင်းဝေးစေပါတယ်။

မူရင်းရေးသားသူကို လေးစားစွာဖြင့် Creditပေးပါတယ်

 # # နှစ်သစ်ဆုတောင်း 🙏🙏🙏နစ်သစ်မှအစပြု၍ မိတ်ကောင်း ဆွေကောင်းဆရာသမားကောင်းများနင့်ဆုံတွေ့နိုင်ကြပီးရောဂါကပ်ဆိုး ဘေးအန္တရာယ...
17/04/2024

# # နှစ်သစ်ဆုတောင်း 🙏🙏🙏

နစ်သစ်မှအစပြု၍ မိတ်ကောင်း ဆွေကောင်း
ဆရာသမားကောင်းများနင့်ဆုံတွေ့နိုင်ကြပီး
ရောဂါကပ်ဆိုး ဘေးအန္တရာယ်အပေါင်းမှသူငယ်ချင်းမိတ်ဆွေ ချစ်ခင်ရသူအပေါင်းခုနှစ်ရက်သားသမီးအားလုံး
ဆွေမျိုးအပေါင်းတို့လွတ်ကင်းနိုင်ကြပါစေ
စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့လည်း
ပြည့်စုံနိုင်၍ စီးပွားဥစ္စာဒီရေအလားတိုးတက်၍
မိသားစုတိုင်း သာယာပျော်ရွင်နိုင်ကြပါစေကြောင်း Ayeyar Rice မိသားစုမှ နှစ်သစ်ဆုမွန်ကောင်းတာင်းပေးလိုက်ပါတယ် 🙏🙏🙏

ဧပြီ (၁၃) မှ (၂၁) ရက်ထိ Ayeyar Rice ရုံးပိတ်ထားမည်ဖြစ်ပြီး ဧပြီလ (၂၂)ရက်နေ့မှ စတင်ပြီး Customer
Order များကို ပြန်လည်ပို့ဆောင်ပေးမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

👩‍🌾👩‍🌾👩‍🌾 တောင်သူလယ်သမားနေ့ 🌾🌾🌾ယနေ့ ၂၀၂၄ ခုနှစ်၊ မတ်လ (၂) ရက်နေ့တွင် ကျရောက်သော တောင်သူလယ်သမားနေ့ကို Ayeyar Rice မိသားစု...
02/03/2024

👩‍🌾👩‍🌾👩‍🌾 တောင်သူလယ်သမားနေ့ 🌾🌾🌾

ယနေ့ ၂၀၂၄ ခုနှစ်၊ မတ်လ (၂) ရက်နေ့တွင်
ကျရောက်သော တောင်သူလယ်သမားနေ့ကို
Ayeyar Rice မိသားစုမှ လေးစားစွာဖြင့်
ဂုဏ်ပြုကြိုဆိုလိုက်ပါတယ် 🌾🌾🌾

တောင်သူဦးကြီးများ စီးပွားလာဘ်လာဘများ ဒီရေအလားတိုးပွားပါစေကြောင်း Ayeyar Rice မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်🙏

'_Day
#တောင်သူလယ်သမားနေ့
Rice

💙🤍❤️ကရင်နှစ်သစ်ကူး ❤️🤍💙{ 11.1.2024 } ကြာသပတေးနေ့ကရင်သက္ကရာဇ် (၂၇၆၃)ခုနှစ်"'ကရင်နှစ်သစ်ကူး ''နေ့ကို ဂုဏ်ပြုကြိုဆိုပါသည်။ ...
11/01/2024

💙🤍❤️ကရင်နှစ်သစ်ကူး ❤️🤍💙
{ 11.1.2024 } ကြာသပတေးနေ့
ကရင်သက္ကရာဇ် (၂၇၆၃)ခုနှစ်

"'ကရင်နှစ်သစ်ကူး ''နေ့ကို ဂုဏ်ပြုကြိုဆိုပါသည်။

ကရင် တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ အပါအဝင် မြန်မာနိုင်ငံသားအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး ပျော်ရွှင်ဖွယ်နှစ်သစ် ဖြစ်ပါစေကြောင်း Ayeyar Rice မိသားစုမှ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်🙏🙏🙏

🌲တစ်နှစ်မှတစ်ခါကျရောက်တဲ့ Merry Christmas နေ့လေးမှာ 🌲မိတ်ဆွေ သူငယ်ချင်းများ အားလုံးလည်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာ...
25/12/2023

🌲တစ်နှစ်မှတစ်ခါကျရောက်တဲ့ Merry Christmas နေ့လေးမှာ

🌲မိတ်ဆွေ သူငယ်ချင်းများ အားလုံးလည်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနဲ့ ပြည့်စုံ၍ အကောင်းဆုံးခရစ္စမတ်အချိန်အခါကိုယ်စီ ပိုင်ဆိုင်ကြပါစေကြောင်း ... 👍

Ayeyar Rice မိသားစု❤️

မှ ဆုမွန်ကောင်းတောင်းအပ်ပါသည် 🎄

ဆန်ပိုး " အကြောင်း သိကောင်းစရာများနှင့် ဆန်ပိုးမကျရောက်အောင် သိုလှောင်ထိန်းသိမ်းနည်းများအား Ayeyar Riceမှ မျှဝေပေးလိုက်ပ...
19/12/2023

ဆန်ပိုး " အကြောင်း သိကောင်းစရာများနှင့် ဆန်ပိုးမကျရောက်အောင် သိုလှောင်ထိန်းသိမ်းနည်းများအား Ayeyar Riceမှ မျှဝေပေးလိုက်ပါတယ်ရှင့်

Rice weevil (Sitophilus Oryzae)
🔸ဆန်ပိုးကောင်များဟာဆိုရင် အရွယ်အစားအားဖြင့် သေးငယ်ပြီး အတောင်ပါတဲ့ အင်းဆက်ပိုးလေးများဖြစ်ပြီးလျှင် နီညိုရောင်မှ အမည်းရောင်ပြောင်းသွားလေ့ရှိပြီး နှာတံရှည်ရှည်ပါရှိသော ပိုးကောင်လေးများ ဖြစ်ပါတယ်။ ဆန်ပိုးကောင်၏ ပျမ်းမျှသက်တမ်းဟာ ၁ လမှ ၆ လလောက်အထိရှိတတ်ကြပါတယ်။ ဆန်ပိုး အမ တွေဟာဆိုရင် ပျမ်းမျှလျှင် အကောင်ရေ ဥပေါင်း ၃၀၀ ကျော်ထိကို ပေါက်ပွားနိုင်ကြပါတယ်။

🔸ဆန်ပိုးဟာ အသက်အန္တရာယ်ပေးနိုင်ခြင်းနှင့် လူကိုနာကျင်အောင် ကိုက်တတ်ခြင်းမျိုး မရှိကြပါဘူး။ သို့သော်လည်း ဆန်သိုလှောင်သောအခါမှာ ကျရောက်တာဖြစ်လို့ ဆန်ညစ်ညမ်းမှုကို ဖြစ်စေသလို အရည်အသွေးပိုင်းဆိုင်ရာမှာလည်း ထိခိုက်စေနိုင်ပြီး နောက်ဆုံးအဆင့်အနေဖြင့် ဆန်သားကြေမွသွားခြင်းမျိုးနှင့် အသုံးပြု၍ပင် မရတော့ခြင်းမျိုး ဖြစ်သွားနိုင်ပါတယ်။

🔸ဆန်ပိုးများကို ပြုပြင်ထုတ်ပိုးပြီးချိန်တွင်သာမက နောက်ဆုံး စားသုံးသူထံရောက်ရှိသွားသည့် အချိန်အထိ တွေ့ရတတ်ပါတယ်။ ဆန်သိုလှောင်တဲ့ကာလ ကြာရှည်ခြင်းနှင့် ဆန်သား၏အရည်အသွေးပေါ်မူတည်ပြီး ဆန်ပိုးကျရောက်မှု အခြေအနေလဲကွာခြားနိုင်ပါတယ်။
ဆန်သိုလှောင်ရာတွင် စိုထိုင်းဆမြင့်မားခြင်းဟာ ဆန်ပိုးပေါက်ပွားဖို့ အခြေအနေကို ဖြစ်ပေါ်စေတတ်ပါတယ်။ သို့ဖြစ်ပါ၍ အိမ်မှာ ဆန်ကို များများသိုလှောင်မည်ဆိုပါလျှင် သင့်တော်တဲ့ အစိုဓာတ်နှင့်သာ ထားရှိသင့်ပြီး အင်းဆက်ပိုးမွှား ကျရောက်မှုများအား ပုံမှန်စစ်ဆေးပေးရန် လိုအပ်ပါတယ်။ ဆန်ကို ဆန်အိတ်ထဲမှာပဲ သိုလှောင်ထားမည်ဆိုလျှင် ဆန်ပိုးမတက်ခင် အိတ်သားအရင်တက်လေ့ရှိပါတယ်။ အိတ်သားတတ်ခြင်းဆိုသည်မှာ ဆန်က မဖွေးတော့ပဲ ညိုညစ်ညစ်ဖြစ်လာခြင်းမျိုးကို ဆိုလိုခြင်းဖြစ်ပါတယ်။ ထို့ကြောင့် ဆန်ကို အိတ်အစား လေလုံသော ဆန်အိုး၊ ဆန်ပုံးတို့ဖြင့် သိုလှောင်သင့်ပါတယ်။
ထို့အပြင် ရိုးရာနည်းလမ်းများဖြင့်လည်း ဆန်ထည့်သည့် အိုး (သို့မဟုတ်) ပုံးထဲသို့
▪ ချင်းတက် ထည့်ခြင်း
▪ အောင်မဲညိုပန်း ထည့်ခြင်း
▪ မီးသွေး ထည့်ခြင်း
▪ ကရဝေးရွက် ထည့်ခြင်း
▪ ငရုတ်သီးခြောက် ထည့်ခြင်း
▪ ဩဇာရွက်ခြောက် ထည့်ခြင်း
▪ လောက်သေရွက် ထည့်ခြင်း
▪ ကြက်သွန်နီ ထည့်ခြင်း
▪ ကုက္ကိုရွက်ခြောက် ထည့်ခြင်း စသည့် လက်လှမ်းမှီသည့် နည်းလမ်းများကလည်း ဆန်ပိုးတက်ခြင်းကို သက်သာစေနိုင်ပါတယ်။
ထို့အပြင် ဆန်ပိုးမတက်အောင် နည်းမျိုးစုံဖြင့် ကာကွယ်နေတဲ့ကြားမှ ဆန်ပိုးတက်လာပြီဆိုလျှင်
ဆန်ကိုနေပူပူထဲမှာ ၁၅ မိနစ်လောက် ပြထားပြီး စကောဝိုင်းထဲသို့ထည့်ကာ ဆန်ပြာလိုက်လျှင် အလယ်တွင် ဆန်ပိုးတွေ စုလာပါလိမ့်မည်။
ဆန်ကို ရေခဲသေတ္တာထဲ သုံးရက်ထည့်ထားခြင်းဖြင့်လည်း ဆန်ပိုးများအား နှိမ်နင်းနိုင်ပြီး။
ဆန်ထည့်ထားသော အိတ်၊ အိုး၊ ပုံးတို့ကို ဖွင့်ပြီးလျှင် ဆန်ပေါ်တွင် အဝတ်စအဖြူလေး အုပ်ပေးထားလိုက်ပါ။ ခဏကြာလျှင် အဝတ်စပေါ်သို့ ဆန်ပိုးများ တက်လာပါလိ့မ်မည်။ အဝတ်အား ရေမစိုရန် သတိပြုဖို့ လိုအပ်ပါတယ်။

🌕တန်ဆောင်မုန်းလပြည့် (သာမညဖလ အခါတော်နေ့) ကို ကြိုဆိုရင်း🏮တန်ဆောင်တိုင်ကာလ အခါသမယဝယ် စိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်း...
27/11/2023

🌕တန်ဆောင်မုန်းလပြည့် (သာမညဖလ အခါတော်နေ့) ကို ကြိုဆိုရင်း

🏮တန်ဆောင်တိုင်ကာလ အခါသမယဝယ် စိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းများနှင့်ပြည့်စုံပြီး စီးပွါးလာဘ်လာဘများ အောင်မြင်တိုးတက်ကြပါစေကြောင်း

Ayeyar Rice မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည် 🙏🙏🙏

#တန်ဆောင်မုန်းလပြည့်
#တန်ဆောင်တိုင်

(29.10.2023)မှာ ကျရောက်တဲ့သီတင်းကျွတ် လပြည့်နေ့ မှာ 🙏🙏🙏မြန်မာပြည်သူပြည်သားများ အားလုံး ကိုယ်စိတ် နှစ်ပါး ကျန်းမာ ရွှင်လန...
29/10/2023

(29.10.2023)မှာ ကျရောက်တဲ့

သီတင်းကျွတ် လပြည့်နေ့ မှာ 🙏🙏🙏

မြန်မာပြည်သူပြည်သားများ အားလုံး ကိုယ်စိတ် နှစ်ပါး ကျန်းမာ ရွှင်လန်းကြပါစေကြောင်း Ayeyar Rice မိသားစုမှ ဆုမွန်ကောင်း တောင်းပေးလိုက်ပါသည် ရှင့် 🙏🙏🙏

" ဓမ္မစကြာနေ့ "🙏🙏🙏 ဝါဆိုလပြည့်နေ့ အခါသမယလေးမှာ၇ရက်သားသမီးအပေါင်းစိတ်အေးချမ်းသာဘေးရန်ကင်းကွာလိုရာဆန္ဒပြည့်ကြပါစေလို့ Ayey...
01/08/2023

" ဓမ္မစကြာနေ့ "

🙏🙏🙏 ဝါဆိုလပြည့်နေ့ အခါသမယလေးမှာ
၇ရက်သားသမီးအပေါင်း
စိတ်အေးချမ်းသာဘေးရန်ကင်းကွာ
လိုရာဆန္ဒပြည့်ကြပါစေလို့ Ayeyar Rice မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင့် 🙏🙏🙏

19/07/2023

" 19 July မမေ့နိုင် "
" အာ‌ဇာနည်နေ့ ဒို့မမေ့ "

ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံး‌လေပီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား ရိုသေလေးစားစွာ အလေးပြုပါသည်။
𝟏𝟗.𝟎𝟕.𝟐𝟎𝟐𝟑 ရက်နေ့တွင်ကျရောက်သော 7⃣6⃣ နှစ်မြောက် "အာဇာနည်နေ့" ကို Ayeyar Rice မိသားစုမှ ဂုဏ်ပြုအပ်ပါသည်။

17/05/2023

Ayeyar Rice ကို အစဉ်အမြဲအားပေးနေကြတဲ့ Customer များရှင့် Ayeyar Rice Hot - Line ဖုန်းဖြစ်သော 09-787 444 666 Sim Card မှာပြန်လည် ခေါ်ဆိုမှု့ရရှိပြီဖြစ်ပါကြောင်းအသိပေးအကြောင်းကြားအပ်ပါတယ်ရှင် 🙏

09/05/2023

Ayeyar Rice ကို အစဉ်အမြဲအားပေးနေကြတဲ့ Customer များရှင့် Ayeyar Rice Hot - Line ဖုန်းဖြစ်သော 09-787 444 666 သည် sim card ပျက်သွားသဖြင့် ရုတ်တရက်ဆက်သွယ်မရသေးပါသောကြောင့် Hot Line 09 44 7000 810 နှင့် 09 9696 58 424 သို့ဆက်သွယ်ပေးပါရန် ပန်ကြားအပ်ပါသည်ရှင့်

Address

Plot No. F(6/7/8/9) Anawrahta Industrial Zone
Yangon
11111

Opening Hours

Monday 09:00 - 17:30
Tuesday 09:00 - 17:30
Wednesday 09:00 - 17:30
Thursday 09:00 - 17:30
Friday 09:00 - 17:30
Saturday 09:00 - 17:30

Telephone

09787444666

Alerts

Be the first to know and let us send you an email when Ayeyar Rice posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Ayeyar Rice:

Share

Category